အပေါ် နဲ့ အောက်
Vol. 26 Ch. 380
ဆန်နီ အတော်ကြာအောင် လဲလျောင်းနေပြီးကာမှ အချက်အလက် ဇယားကို ထုတ်ဖော်ပြီး နံပါတ်တွေကို ကြည့်လိုက်တယ်။
အရိပ် အပိုင်းအစ : [ 197 / 2000 ]
သူ သက်ပြင်းချလိုက်တယ်။
စွမ်းအားနောက်ကို လိုက်ရတဲ့ အလုပ်က သူ ထင်ထားတာ ထက်တောင် ပိုပြီး ခက်ခဲနေခဲ့ပါတယ်။ဒါက ရိုးရှင်းတဲ့ အကြောင်းပြချက် တစ်ခု ကြောင့်ဖြစ်တယ်။သူ နိုးထသူ တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ..အိပ်မက်ဆိုးသတ္တဝါ တွေကို သတ်ဖြတ်တိုင်း အပိုင်းအစ အနည်းငယ်ကိုသာ ရရှိတော့တာပါ။
အရင်တုန်းက နိုးထမူအဆင့် မွန်းစတား ကို သတ်ဖြတ်လို့ အပိုင်းအစ နှစ်ခု ရတယ်ဆိုရင် အခုက တစ်ခုတည်း ရပါတော့တယ်။အရင်တုန်းက ဆိုရင် ကျရှုံးမူအဆင့် မွန်းစတား ကို သတ်ဖြတ်တိုင်း အပိုင်းအစ လေးခု ရ ရှိပေမယ့် အခုဆိုရင် နှစ်ခုတည်းသာ ရရှိပါတော့တယ်။ပိုဆိုးတာက..အသွင်းပြောင်း သားရဲတွေကို သတ်ပြီး သန်မာလာအောင် လုပ်မယ့် သူ့ရဲ့ မျှော်လင့်ချက်က ဖျက်ဆီးခံလိုက်ရတာပါ။သူ့ထက် အားနည်းတဲ့ သတ္တဝါတိုင်းကို သတ်ဖြတ်တိုင်း..သူ ဘာ အပိုင်းအစ ကိုမှ မရရှိပေ..။
ဒီတစ်ချက်ကတော့ တစ်ကယ်ကို စိတ်ပျက်စရာပါပဲ။ဘယ်သူက..အားနည်းတဲ့ သူတွေကို တိုက်ခိုက်ရတာကို မကြိုက်ပဲ နေမှာလဲ..။သူ့ဘဝက အမြဲတမ်းလိုလို
ခွန်အားတည်ဆောက်မူ ရဲ့ အောက်ဆုံးနေရာမှာ ရောက် ခဲ့ရတာကြောင့်..အပြောင်းအလဲ အနေနဲ့ သူ့ထက် အားနည်းတဲ့ အရာတွေကို အနိုင်ကျင့်ဖို့ အခွင့်အရေးကို လိုက်ရှာနေခဲ့တာပါ။သ်ို့ပေမယ့် ဒါက သူ့အတွက် အချိန်ဖြုန်းတီးမူ တစ်ခု အဖြစ်သာ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေါ့..ဆန်နီ ကိုယ်တိုင်ကလည်း အတော်လေးကို သန်မာလာခဲ့ပါပြီ။အထူးသဖြင့် သူတော်စင်ရဲ့ အကူအညီ နဲ့ဆိုရင် သူက ကျရှုံးမူအဆင့် သားရဲ နဲ့ မွန်းစတား တွေကိုတောင်မှ ကာကွယ်ထားနိုင်ပါတယ်။ဒီဟာက သူ နစ်ဖီ ထက် နောက်ကျ ကျန်မနေခဲ့တဲ့ တစ်ခုတည်းသော..အကြောင်းပြချက်ပါပဲ..။သူမက အိပ်မက်ကမ္ဘာရဲ့ တစ်နေရာရာမှာ ရှင်သန်နေဆဲဖြစ်ပြီး နေ့ရက်တိုင်းစီ မှာ သန်မာလာနေခဲ့ပါတယ်။
သူက ကွာဟမူကို မချေဖျက်နိုင်သေးပေမယ့် အနည်းဆုံးတော့..အစတင်တဲ့ အချိန်တုန်းကလောက်တော့ မဆိုးတော့ပါဘူး။
ပြောင်းလဲနေတဲ့ကြယ်ပွင့် အကြောင်း တွေးတော လိုက်ရင်း..ဆန်နီဟာ အဝေးကိုကြည့်လိုက်တယ်။ဝမ်းနည်းတဲ့ အမူအရာက သူ့ မျက်နှာထက်မှာ ပေါ်လာခဲ့ပါတယ်။
'...တစ်ခြား တစ်ခုခု အကြောင်း စဥ်းစားစမ်း..'
ဒီနေရာမှာ ကောင်းမွန်တဲ့ အချက်က တစ်ခုတည်းရှိပါတယ်။
ပြောင်းလဲမူအဆင့် သတ္တဝါ တွေကသူ့ကို အရိပ်အပိုင်းအစ တွေ မယူဆောင် ပေးန်ိုင်ဘူးဆ်ိုပေမယ့် သူတို့က မှတ်သားမူ တွေကိုတော့ ပေးနိုင်ပါတယ်။ပြီးတော့ ဒီ မှတ်သားမူ တွေက သူတော်စင် အတွက် တော့ အစားအသောက်ပါပဲ။
အခုဆိုရင် သူမရဲ့ ကိုယ်ပိုင် အချက်အလက်မှာ မြင်နေရပါပြီ။
အရိပ် အပိုင်းအစ : [ 157 / 200 ]
' မဆိုးဘူး..'
ကြီးမားတဲ့ သံကြိုးတွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်ပြီး ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် အသံက..သူ့အတွေးစ တွေကို ရပ်တန့်သွားစေခဲ့တယ်။ဆန်နီ လက်ရှိ ရောက်နေတဲ့ ကျွန်းက အထက်ကို တက်ရောက်တဲ့ အခြေအနေမှာ ရောက်နေတာကြောင့် သူဒီမှာ ရှိနေနိုင်တဲ့ အချိန်က သိပ်မကျန်တော့ပါဘူး။
ဆန်နီ သက်ပြင်းချကာ မတ်တတ်ထရပ်လိုက်ပြီး..လအမြုတေ ကို ထုတ်ကာ..သေဆုံးနေတဲ့ ဝံပုလွေ ဆီကို လျောက်သွားလိုက်တယ်။အရမ်း နောက်မကျခင်မှာ သူက ဝိဥာဥ် အမြုတေကို ထုတ်ယူရဦးမှာပါ။
ချိန်း ကျွန်းစု...ချိန်း ကျွန်းစု က တကယ်ကို ထူးဆန်းတဲ့ နေရာတစ်ခုပါပဲ..။
ဒီနေရာက လူသားတွေ သိမ်းပိုက်ထားတဲ့ နယ်နိမိတ်တွေ ရဲ့ မြောက်ဘက်စွန်းပိုင်းမှာ ရှိနေပြီး..ဟောလိုး တောင်တန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေခဲ့ပါတယ်။ဒါကလည်း ဆန်နီ ဒီနယ်မြေကို အမဲလ်ိုက် နယ်မြေ အဖြစ် ရွေးချယ်ရတဲ့ အကြောင်းပြချက် တွေထဲက တစ်ခုပါပဲ။
သို့ပေမယ့် ဒါက တစ်ခုတည်း မဟုတ်ပေ...
ဒီနယ်ပယ် တစ်ခုလုံးက လေပေါ်မှာ လွင့်မျောနေတဲ့ များပြားလှတဲ့ ကျွန်းတွေ ပါဝင်ပြီး..တစ်ခုနဲ့တစ်ခုကို ကြီးမားတဲ့ သံကြိုးကြီးတွေနဲ့ ဆက်သွယ်ပေးထားခဲ့ပါတယ်။ဒီနေရာတွေ အများစုက စူးစမ်းရှာဖွေ မူတွေ မလုပ်ရသေးပဲ...ဒီမှာနေထိုင်ကြတဲ့ နိုးထသူ အရေအတွက်ကလည်း သိပ်မများပါဘူး။အထူးသဖြင့် ဒီမှာက..မာစတာတွေ ၊ သူတော်စင် တွေ မရှိသလောက် နည်းပါးပါတယ်။အထူးသဖြင့် ဆက်ခံသူ ကလန်တွေနဲ့ ဆက်နွယ်နေတဲ့ သူတွေပါပဲ။
အဲဲဒီအစား ချိန်း ကျွန်းစု မှာ ရှိနေတာက..အိပ်မက်ဆိုးသတ္တဝါ မျိုးစုံဖြစ်ပြီး..အသွင်ပြောင်း အဆင့်ကနေ ၊ နိုးထမူ ၊ ကျရှုံးမူ နဲ့ ကြောက်မက်ဖွယ်ရာ ပျက်ပြားမူအဆင့် သတ္တဝါကြီးတွေ အထိ ရှိပါတယ်။ကျွန်းတစ်ခု စီတိုင်းမှာ ကြောက်မက်ဖွယ်ရာ တွေ ရှိနေပြီး ခြိမ်းခြောက်နိုင်စွမ်းကလည်း မတူညီကြပါဘူး။အများစုကတော့ သေစေနိုင်ကြတာချည်းပါပဲ။သာမန် နိုးထသူ တစ်ယောက် ကိုင်တွယ်နိုင်တာထက်ပ်ိုပြီး အန္တရာယ် များပါတယ်။
သို့ပေမယ့် ဆန်နီက သာမန် နိုးထသူ တစ်ယောက် မဟုတ်ပေ..။သူ့အတွက်တော့ ဒီနေရာက အကောင်းဆုံး အမဲလိုက်နယ်မြေဖြစ်ပြီး..အုပ်ချုပ်သူ ကို တာဝန်ထမ်းဆောင်နေတဲ့ လူတွေ အမြင်ပဲ သူ့ရဲ့ ဓားကို သွေးနိုင်တဲ့ အကောင်းဆုံးနေရာပါ။ဒါမှမဟုတ် အစတုန်းကတော့..သူက အဲလို တွေးခဲ့မိပါတယ်။အခုတော့ ဒီနေရာက ..ဘယ်သူ တစ်ခုတစ်ယောက်မှ မမြင်ပဲ သူ အသက်ထွက်သွားတဲ့ နေရာဖြစ်နေမလား ဆိုတာကို သူ သံသယ ဖြစ်နေမိပါပြီ။
မာစတာ ဂျက် ပြောသလိုပဲ ချိန်း ကျွန်းစု က တကယ်ကို ငရဲ နယ်မြေပါ။
ပြီးတော့ အိပ်မက်ဆိုး သတ္တဝါတွေကြောင့်သာ မဟုတ်ပါဘူး။
ဒါက အိပ်မက်ဆိုး သတ္တဝါတွေကြောင့်သာ မဟုတ်ပေ..။ဒီနေရာကိုယ်တိုင်က..လူတစ်ယောက် က်ို သတ်နိုင်စွမ်း ရှိပါတယ်။ဒါမှမဟုတ် သူ့ရဲ့ ကောင်းကင်က သတ်နိုင်ပါတယ်။
လွင့်မျောနေတဲ့ ကျွန်းရဲ့ အထက်မှာတော့ ၊ နေလုံး နဲ့အတူ ပုံမှန်မဟုတ်တဲ့ ကောငိးကင် ၊ လ နဲ့ ညအချိန် တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေ ရှိကြတယ်။
သို့ပေမယ့် ဒီထူးဆန်းနဲ့ ကုန်းမြေမှာ နောက်ထပ် ကောင်းကင်တစ်ခု ရှိနေပါသေးတယ်။အဲတာက ကျွန်းတွေ ရဲ့အောက်ဘက်မှာပါ။ဒါက အမြဲတမ်း မှောင် မိုက်နေပြီး..၊သူ့ရဲ့ ကျယ်ပြန်ပြီး မယုံနိုင်လောက်အောင် ဝေးကွာလှတဲ့ တစ်နေရာမှာ လောင်ကျွမ်းနေကြတဲ့ နူးညံ့တဲ့ အလင်းရောင်တွေကတော့ ကြယ်တွေဖြစ်ပုံရပါတယ်။
လူသားတွေ သိထားတဲ့ တစ်ခုတည်းသော အရာကတော့..အောက်ဘက်မှာ ရှိနေတဲ့ ကောင်းကင်က အဆုံးမရှိဘူးဆိုတာပါပဲ။ကျွန်းစု ပေါ်ကို ဆန်နီ ပထမဆုံး ရောက်လာတဲ့ နေ့တုန်းက..အောက်မှာ ဘာရှိလဲ ဆိုတဲ့ မေခွန်းကို မေးခဲ့ပါတယ်။သူ ပြန်ရရှိလိုက်တဲ့ အဖြေကတော့...ရိုးရိုးရှင်းရှင်း ပါပဲ။
"ဘာမှ မရှိဘူး.."
အောက်ဘက်ကို ဆင်းခြင်းက..ချက်ချင်း အန္တရာယ် မဖြစ်စေနိုင်ပေမယ့် အောက်ဘက်မှာက ဘာမှ မရှိပါဘူး..။တစ်ခါက ရူးမိုက်တဲ့လူတစ်ယောက်က..ကျွန်းတွေရဲ့ အောက်ဘက်မှာ ကျတ်စားတဲ့ အိပ်မက်ဆိုး သတ္တဝါတွေကို တိုက်ခိုက်ပြီး..တစ်ပတ်လောက်ကြာအောင် အောက်ဘက်ကို ပျံသန်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူ ပြန်လှည့်လာခဲ့ရတယ်။ဘာလို့လဲဆ်ိုတော့.အောက်ဘက်မှာ အဆုံးမရှိတဲ့..အမှောင်ထုကြီးသာ ရှိနေခဲ့ပြီး၊ သူ့ရဲ့ စိတ်ကလည်း ပေါက်ကွဲထွက်တော့မယ့် အရိပ်အယောင်တွေ ပြသလာခဲ့ပါတယ်။အောက်ကို ဆင်းနေတုန်း သူ အသုံးပြုတဲ့ ပျံသန်းနိုင်တဲ့ ထပ်တူညီမူတောငိ ရူးသွပ်လုနီးပါး ပါပဲ။
သို့ပေမယ့် ဘာမှမရှိထဲ အမှောင်ထုအပြင် ..အောက်ဘက်ကောင်းကင်က ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ် မရှိပေ..။
..သို့ပေမယ့် ချိန်း ကျွန်းစုတွေရဲ့ အပေါ်ကို ပျံသန်းတာက အရမ်းကို အန္တရာယ် များပါတယ်။သူတို့ ပိုမြင့်မြင့် ပျံသန်းသွားလေ ၊ သူတို့ရဲ့အလေးချိန်က ပိုမြင့်မားလာလေဖြစ်တာကြောင့်..နောက်ဆုံးမှာ သူတို့က ပြန်ပြုတ်ကျတာ ဒါမှမဟုတ် ..ဒီတိုင်း ပေါက်ကွဲထွက်သွားတာ တွေ ဖြစ်နိုင်ပါတယ်။ယ
ဒါကြောင်ပဲ ချိန်းကျွန်းစု မှာ နေတဲ့ လူသားတွေက သံကြိုးတွေရဲ့ ရိုက်ခတ်သံကို အာရုံစိုက်ပြီး နားထောင်ကြရတာပါ။ကျွန်းတစ်ခုချင်းစီတိုင်းက တက်ရောက်မူ နဲ့ ဆင်းသက်မူ စက်ဝန်းမှာ လှည့်ပတ်နေကြတာဖြစ်ပြီး သူတို့က အရမ်းအမြင့်ကို ရောက်သွားတဲ့ အချိန်မှာ မျက်နှာပြင်ပေါ်က ဖိအားက သိပ်သည်းလာပြီး..လှုပ်ရှားလို့မရ ၊ အသက်ရူလို့ မရတဲ့ အခြေအနေ အထိ ဖြစ်လာနိုင်ပါတယ်။
ဒီတော့ ဆန်နီက..အထက်ကို တက်နေတဲ့ ကျွန်းပေါ်ကနေ အချိန်မှီ ဆင်းသက်မှ ဖြစ်မှာပါ။
သူ နဲ့ သူတော်စင် သတ်ခဲ့တဲ့ ဝံပုလွေ အလောင်းတွေ ရဲ့ ဝိဥာဥ် အမြုတေ တွေကို ထုတ်ယူပြီး အချိန်ဖြုန်းနေတာမျိုးကို သူ အမှန်တကယ်ပဲ မလုပ်သင့်ပါဘူး..
ဒါပေမဲ့
သူ့ရဲ့ မျက်လုံးတွေက လောဘတွေနဲ့ တောက်ပနေခဲ့တယ်။
ဝိဥာဥ် အမြုတေ တွေဆိုတာက ပိုက်ဆံတွေပါ။တကယ်လို့ ဆန်နီ သဘောကျတဲ့ အရာတစ်ခုခု ရှိနေတယ် ဆိုရင် အဲတာက..ပိုက်ဆံ ရှာရတာကိုပါပဲ..။ဘယ်လောက် ပမာဏ ကမှ လုံလောက်တယ် ဆ်ိုတာ မရှိပါဘူး။
သူ့လို တစ်ကိုယ်တော် နိုးထသူ တစ်ယောက်က ကုန်ကျစားရိတ် တွေ အရမ်းကို များပြားပါတယ်။
'ကောင်းပြီ..ဒါက ကောင်းပြီ..။ငါ ဒီနေရာကနေ အချိန်မှီ ထွက်သွားမယ်..'
သူ အလျင်အမြန်ပဲ သေဆုံးနေတဲ့ သားရဲတွေကို ဖြတ်တောက်ပြီး သူတို့ ကိုယ်ထဲက ဝိဥာဥ် အမြုတေကို ထုတ်ယူလိုက်တယ်။ဆန်နီဟာ လှပတဲ့အမြုတေ တွေကို သူ့ရဲ့ အိတ်ထဲမှာ ဖုံးကွယ်လိုက်ပြီး..ခနလောက်တွေဝေနေခဲ့ပြီးမှ..သူ့ရဲ့ အဆီအနှစ်တွေကို စီးဆင်းစေပြီး ပထမဆုံး အလောင်းကို ကျွန်းရဲ့ အစွန်းကနေ ပစ်ချလိုက်တယ်။
သူက ဒီနေရာကို ပြန်လာဖို့ စီစဥ်ထားခဲ့တာကြောင့်..အသားတွေ အများကြီး ကို မြေကြီးပေါ်ထားခဲ့တာက..နောက်တစ်ကြိမ် ပြန်လာတဲ့ အခါမှာ ပြသနာ ဖြစ်စေနိုင်ပါတယ်။
.
...ဆန်နီဟာ နောက်ဆုံးအလောင်းတစ်ခုကို ..လွင့်ပစ်ဖို့ ကျန်တော့တဲ့ အချိန်မှာပဲ..ကောင်းကင်ပေါ်ကနေ အရိပ်တစ်ခု ဆင်းသက်လာတာကို သတိထားမ်ိလိုက်တယ်။
သူတော်စင်ကို အရိပ်ထဲမှာ ပုန်းနေဖို့ အမိန့်ပေးလိုက်ပြီး..သူ က သန်းခေါင်ယံ အမြုတေကို ထုတ်ယူလ်ိုက်ကာ..သတိနဲ့ ကြည့်နေလိုက်ပါတယ်။
'...ဘယ်လ်ို ငရဲ လဲ...'
နေရောင် ရဲ့ အလင်းတန်းတွေ ကြားထဲမှာတော့..ကြီးကျယ်ခမ်းနားတဲ့..ဂရက်ဖင် တစ်ကောင်ဟာ ကျွန်းဆီကို အလျင်အမြန် ချည်းကပ် လာခဲ့ပါတယ်။အစကတော့ ..ဆန်နီဟာ ဒီအကောင်ကို အိပ်မက်ဆိုး သတ္တဝါ လို့ ထင်လိုက်ပေမယ့်..မွန်းစတားရဲ့ ကျောကုန်းပေါ်က လူသား ပုံရိပ်ကို သတိထားမ်ိလိုက်တယ်။
စီးနင်းလာတဲ့ လူသားကို ကြည့်ခြင်းအားဖြင့် ကြီးကျယ် ခမ်းနားတဲ့ ဂရက်ဖင် က ထပ်တူညီမူ တစ်ခုလို့ ဆိုလိုတာပါ။
ဆန်နီ ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ပါပြီ။
ချိန်း ကျွန်းစုမှာ ဒီလို ထပ်တူညီမူ မျိုးကို ပိုင်ဆိုင်ထားတဲ့ လူက အနည်းငယ်လောက်ပဲ ရှိတာပါ။ပြီးတော့ ဒီထဲမှာမှ....
မကြိုဆိုပဲ ရောက်လာတဲ့ ဧည့်သည်က ဘယ်သူလဲ ဆိုတာက သူ ကောင်းကောင်း သိနေတာ သေချာသလောက်ပါပဲ။
[ ဂရက်ဖင် = သိမ်းငှက်ဦးခေါင်း ၊ ခြင်္သေ့ကိုယ် နှင့် တောင်ပံပါသည့် ဂရိ ဒဏ္ဍာရီလာ သားရဲတစ်မျိုး ]