← Chapters

အဖြူရောင် တောင်ပံ ရဲ့ ရွန်

Vol. 26 Ch. 381

အဖြူရောင် တောင်ပံ ရဲ့ ရွန်

Vol. 26 Ch. 381

ဂရက်ဖင် ဟာ သူ့ရဲ့ တောင်ပံများကို သိမ်းကာ အောက်ကို ဆင်းသက်လာခဲ့ပြီး..မြေပြင်နားကို ရောက်ခါနီးမှ အတောင်ပံ များကို ပြန်ဖြန့်ပြီး ဆင်းသက်လာခဲ့တယ်။ပြင်းထန်တဲ့ လေထုကနေ ဖြစ်တည်လာတဲ့ ဖုန်မှုန့်တွေက မျက်လုံးထဲကို ဝင်ရောက်မှာ စိုးရိမ်တာကြောင့် ဆန်နီ လက်နဲ့ ကာရံ ထားလိုက်ရပါတယ်။

' ...သန်မာတယ်..'

သန်မာလွန်းတဲ့ သားရဲဟာ နူးညံ့တဲ့ အလင်းရောင် နဲ့ တောက်ပလာပြီး အလင်းစက်များအဖြစ် ပြိုကွဲသွားခဲ့ကာ..စီးနင်းလာသူကို မြေကြီးပေါ်ကို ချောမွေ့စွာ ဆင်းသက်စေခဲ့ပါတယ်။သူက ဟန်ချက်ညီစွာ ဆင်းသက်လိုက်ပြီးနောက် ဆန်နီ ဘက်ကို လှည့်လိုက်တယ်။

သူ့ရှေ့မှာ ရှိနေတဲ့လူက အရပ်ရှည်ပြီး ကျယ်ပြန့်တဲ့ ပုခုံးတွေ ရှိပါတယ်။သူက ဘယ်သတ္တဝါရဲ့ ကြေးခွံကနေ ပြုလုပ်ထားမှန်း မသိနိုင်တဲ့ ပေါ့ပါးတဲ့အကာအကွယ်တစ်ခုကို ဝတ်ဆင်ထားခဲ့ပြီး..လည်ပင်းမှာ..အပြာရောင် လည်စီးကို လွတ်လပ်စွာ စည်းထားခဲ့တယ်။သူ့ရဲ့ ဆံပင်နဲ့ မုတ်ဆိတ်တို့က ဂျုံရိုး အရောင် အတိုင်း ရှိနေခဲ့ပါတယ်။

သူစိမ်းရဲ့ မျက်လုံးတွေက အပြာရောင် တောက်ပပြီး အန္တရာယ်များစွာ ဆွဲဆောင်နေခဲ့တယ်။

ဆန်နီ သူ့ရှေ့က လူက်ို ခနလောက် စိုက်ကြည့်နေပြီးမှလေးစားစွာ အရိုအသေပေးလိုက်ကာ..သူ့ မျက်နှာကို က ကိုင်းညွှတ်ထားခဲ့တယ်။

"မာစတာ ရွန် "

အမှန်တကယ်ပဲ , သူ့ရှေ့မှာ ရှိနေတဲ့လူက အဖြူရောင် တောင်ပံ ကလန် ရဲ့ တက်ရောက်သူ ရွန် အပြင် တစ်ခြား မဖြစ်နိုင်တော့ပါဘူး။ချိန်း ကျွန်းစု မှာရှိတဲ့ မာစတာ သုံးယောက်တည်းကမှ တစ်ယောက်ဖြစ်သူပါ။

ကောင်းပြီလေ..သုံးယောက်တည်း ဖြစ်နိုင်လောက်တယ်။

မေ့ပျောက်ကုန်းမြေ နဲ့ မတူညီတာက..အိပ်မက်ကမ္ဘာရဲ့ ဒီဒေသ မှာ ထွက်ပေါက်တွေ အများကြီးရှိပါတယ်။နှစ်ခုကို လူသားတွေက တွေ့ရှိ ၊ သိမ်းပိုက်ထားပြီး ခံတပ် တွေ အဖြစ် တည်ဆောက်ထားခဲ့ကြတယ်။

ဆန်နီ နဲ့ မာစတာ ရွန် အပြင် ..ချိန်း ကျွန်းစု မှာရှိနေတဲ့ ကျန်တဲ့ လူတွေဟာလည်း ဒီနှစ်ထဲက တစ်ခု ဖြစ်တဲ့

နိုတစ်မြင့်မြတ်နယ်မြေ ကပါ။ဒီ ခံတပ်ကိ အဖြူရောင် တောင်ပံ ကလန် က အုပ်ချုပ်ပြီး..၊ဗာလာ ကလန် ရဲ့ လက်အောက်က ကလန် တစ်ခု ဆိုရင်လည်း မမှားပေ..။

ဒုတိယ ခံတပ်ကတော့ အတော်လေးကိူ ဆန်းကျယ်ပါတယ်။ဒါက နယ်မြေရဲ့ အစွန်ဆုံးမှာ တည်ရှိပြီး..ဟောလိုး တောင်တန်းရဲ့ နယ်နိမိတ်နဲ့ ထိစပ်နေကာ..ဗာလာ ကလန် ကိုယ်တိုင်က ပိုင်ဆိုင်ထားပါတယ်။ဗာလာ ကလန်ကို တိုက်ရိုက် တာဝန်ထမ်းဆောင် တဲ့ လူတွေပဲ အဲဒီမှာ အခြေချနေထိုင်ကြတာကြောင့်..အဲဒီမှာ ဘာတွေဖြစ်နေလဲ..သန်မာတဲ့ နိုးထသူ တွေ ဘယ်လောက် များများ ရှိလဲ ဆိုတာကို ဆန်နီ မသိပါဘူး။

သို့ပေမယ့် သူ မာစတာ ရွန် အကြောင်းကိုတော့ အနည်းငယ် သိထားပါတယ်။

ဘာပဲဖြစိဖြစ် ဒီလူက..ချိန်း ကျွန်းစု မှာရှိတဲ့ တစ်ယောက်တည်းသော သူတော်စင်ကို လက်ထပ်ထားတဲ့ လူပါ။

..ရွန် ဟာ ဆန်နီ ကို အပေါ် ၊ အောက် သေချာကြည့်လိုက်ပြီးမှ ရင်းနှီးတဲ့ အပြုံးနဲ့ ပြုံးပြလိုက်တယ်။

"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကြလား.."

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..

"မသိပါဘူး မာစတာ ၊ ကျွန်တော်တို့ အရင်က မတွေ့ဖူးကြပါဘူး..။ကျွန်တော်က လွန်ခဲ့တဲ့ လအနည်းငယ် ကမှ နိုးထသူ တစ်ယောက် ဖြစ်လာခဲ့တာပါ။ဒီတော့..အာ..ကျွန်တော်က ချိန်း ကျွန်းစု မှာ လူသစ်ပါ"

မာစတာ ဟာ ခေါင်းညိမ့်လိုက်ပြီးနောက်..ဆန်နီ ကျွန်းရဲ့ အစွန်းကနေ အချိန်မှီ မပစ်ချလိုက်နိုင်ခဲ့တဲ့ ကျရှုံးမူ အဆင့် ဝံပုလွေ ရဲ့ အလောင်းကိူ ကြည့်လိုက်တယ်။ရွန် က သူ့ဘက်ပြန်လှည့်လာတဲ့ အချိန်မှာတော့..သူ့ကို ထိုးဖောက်မြင်နိုင်တဲ့ အပြာရောင် မျက်လုံးတွေနဲ့ အကဲခတ်သလို ကြည့်နေခဲ့တယ်။

"ဒီ သားရဲကို မင်း သတ်လိုက်တာလား.."

ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ ခေါင်းညိမ့်လိုက်တယ်။

"ဟုတ်ပါတယ်..ကျွန်တော်..ကောင်းပြီ..ကျွန်တော်က အတော်လေး ကံကောင်းသွားတာပါ..တစ်ခါတစ်ရံပေါ့.."

အရပ်ရှည်တဲ့ လူဟာ ခေါင်းခါယမ်းလိုက်တယ်။

"ဒါက ကျရှုံးမူအဆင့် သားရဲ ပဲ..အာ..။ဒါဆို မင်းက ဆန်းလပ်စ် ပဲ ဖြစ်ရမယ်..။မေ့ပျောက်ကုန်းမြေပေါ်က"

ဆန်နီ ပြုံးလိုက်တယ်။

'ချီးပဲ..သူက ငါ့နာမည်တောင် သိနေတာပဲ..'

သူက ဒီလူအို နဲ့ ဘာ ဆန့်ကျင်မူ မျိုးမှာ မရှိပေမယ်ပ မသိအသာ နဲ့ နိမ့်ချ နေရတာကို ပို သဘောကျပါတယ်။အထူးသဖြင့်..ဆက်ခံသူ တွေနဲ့ ဆက်ဆံ တဲ့ အချိန်မျိုးမှာပါ။

"ဟုတ်ပါတယ်..။အဲတာ ကျွန်တော်ပါ "

ရုတ်တရက် အရာရာတိုင်းက အဓိပ္ပါယ် ရှိသွားသလိုပဲ မာစတာ ရွန်က ခေါင်းညိမ့်လိုက်တယ်။

"အပေါ်တက်နေတဲ့ ကျွန်း ပေါ်မှာ ရှိနေတာက အန္တရာယ်များတယ် ဆိုတာကို မင်း သိထားလောက်မှာပါ..ဟုတ်တယ်မလား..။ဘာလို့ မင်း ဒီမှာ ရှိနေသေးတာလဲ..."

ဆန်နီ ခနလောက် တွေဝေပြီးကာမှ ပုခုံးတွန့်လိုက်တယ်။

"ကျွန်တော် ထွက်သွားဖို့ လုပ်နေတဲ့ အချိန်မှာပဲ..ဆျာက အချိန်ကိုက် ရောက်လာခဲ့တာပါ ခင်ဗျာ.."

အရပ်ရှည်တဲ့ လူဟာ သက်ပြင်းချလိုက်တယ်။

"ဟုတ်တယ်..ငါလည်း အဲလို မြင်လိုက်တာပဲ..။မင်းရဲ့ ကံကောင်းမူ တွေအားလုံးကို ဒီသားရဲ အပေါ်မှာ သုံးလိုက်မိတဲ့ ပုံပဲ..။ဒီကျွန်းနဲ့ ဆက်စပ်နေတဲ့ ကျန်တဲ့ ကျွန်းသုံးခုက လည်း အပေါ်ကို မြင့်တက်နေတယ်လေ။မင်း အချိန်မှီ ထွက်သွားရင်တာင် လွတ်မြောက်နိုင်ဦးမှာ မဟုတ်ဘူး.."

ဆန်နီ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးကာမှ သုန်မုန်တဲ့ အမူအရာတစ်ခု မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။

' ချီးပဲ...'

"အာ...ဆရာ ရဲ့ လှပတဲ့ ဂရက်ဖင် ကရော ..။သေချာတာကတော့..ဒါက ကျွန်တော်တို့ နှစ်ယောက်စလုံးကို လုံလုံခြုံခြုံ ခေါ်သွားပေးနိုင်တယ်မလား.."

ရွန် ပြုံးလိုက်ပြီး..

"သူက အတော်လေး လှပတယ် မလား...ဟုတ်တယ်နော်..။ကောင်းပြီ..ဒါက အ​ရေးမကြီးဘူး..။သီအိုရီ အရဆိုရင် ငါတို့က ကျွန်းအောက်ကို ခုန်ဆင်းပြီး အောက်ဘက် ကောင်းကင်ကို ဖြတ်သန်း လွတ်မြောက်လို့ ရတယ်..။ဒါပေမဲ့ ငါ ပြောတာကိုယုံ..ကျွန်းစုတွေ အောက်မှာ ရှိနေတဲ့ အရာတွေကို မင်း ရင်ဆိုင်တွေ့ချင်မှာ မဟုတ်ဘူး..။ငါတောင်မှ အဲဒီအရာတွေကို ရှောင် ချင်တယ်.."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်။

"ဒါဆို ကျွန်တော်တို့က ဘာလုပ်ကြမလဲ.."

အရပ်ရှည်တဲ့ လူဟာ ရယ်မောလိုက်ပြီး..

"မင်းကတော့ ပထမဆုံး ဖိနိုပ်ခံရမူကို အတွေ့အကြုံ ရတော့မယ် ထင်တယ် ဆန်းလပ်စ် ။အရမ်းတော့ စိတ်မပူနဲ့..။ဒီ ကျွန်းကို ဆက်သွယ်ထားတဲ့ ချိန်းကြိုးတွေက တိုတော့..အရမ်းအမြင့်ကြီးကို တက်သွားမှာ မဟုတ်ဘူး။ကောင်းပြီလေ..အဲလို ထင်ရတာပဲ..။ပြီးတော့ မင်းသာ ကျော်ဖြတ်နိုင်ခဲ့ရင် ငါက မင်းကို ခံတပ် ဆီကို ပြန်ခေါ်သွားပေးမယ်။ဒါပေါ့ ငါတို့ အသက်ရှင် ကျန်ရစ် မယ်ဆိုရင်ပေါ့..."

'ကောင်းသားပဲ '

တကယ်တော့ ဒီဟာက ဆန်နီရဲ့ ပထမဆုံး အတွေ့အကြုံ မဟုတ်ပါဘူး။ပြီးတော့ ဒါကြောင့်ပဲ သူက ဒီ အတွေ့အကြုံကို ထပ်ပြီး မခံစားချင်တော့တာပါ။

သို့ပေမယ့် ကြည့်ရတာတော့ ရွေးချယ်စရာ မရှိတော့တဲ့ ပုံပါပဲ။

သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး တစ်ချိန်လုံး ပုန်းကွယ်နေခဲ့တဲ့ သူတော်စင်ကို ရုတ်သိမ်းလိုက်ကာ..သူ့ရဲ့ အိတ်ကို ချွတ်လိုက်တယ်။ယင်းနောက် ဆန်နီဟာ နူးညံ့ပုံရတဲ့ မြက်ခင်းပြင်တစ်ခုကို တွေ့ပြီး မြေကြီးပေါ်ထားလိုက်ပါတယ်။မာ၀တာ ရွန်က သူ့ရဲ့ ချပ်ဝတ် အကာအကွယ်ကို ရုပ်သိမ်းလိုက်ပြီး..လည်စည်းကို ချွတ်ကာ ခါးမှာ ချည်ထားလိုက်တယ်။

လူသားတစ်ယောက်ရဲ့ ခန္တာကိုယ်ပေါ်မှာ အလေးချိန်နည်းနေလေလေ..ဖိအားဒဏ်ကို ခံနိုင်ရည်ရှိဖို့ လွယ်ကူလေလေ ပါပဲ။သို့ပေမယ့် ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က..နူးညံ့တဲ့ပိုးချည်သား နဲ့ပြုလုပ်ထားတာကြောင့် ဆန်နီ ထားထားလိုက်တယ်။သူက ဝိဥာဥ်မြွေ ကိုလည်း ဖော်ထုတ်တာတွေ ရုပ်သိမ်းတာတွေ မလုပ်ချင်ပါဘူး။

ကြီးမားတဲ့ သံကြိုးကြီးတွေက အသံတွေမြည်လာပြီး ၊ မိုးခြိမ်းသံတွေလို ထွက်ပေါ်လာတာနဲ့အမျှ ကျွန်းကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။သူတိူ့နှစ်ယောက်စလုံးကတော့ မြေကြီးပေါ်မှာ လှဲပြီး ဖိအားအတွက် အသင့်ပြင်ထားခဲ့ကြပါပြီ။

မာစတာ ရွန်ဟာ ဆန်နီရဲ့ သေးသွယ်တဲ့ ခန္တာကိုယ်ကို စိုက်ကြည့်ပြီး သူ့ရဲ့ သန်မာတဲ့ ကြွက်သားတွေကို ပြန်ကြည့်လိုက်ကာ မနာလိုစွာ သက်ပြင်းချလိုက်တယ်။

ချိန်း ကျွန်းစု တွေက..အိပ်မက်ကမ္ဘာထဲမှာတောင် ရှားပါးတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပြီး..သေးငယ်ပြီး ပေါ့ပါးခြင်းက အားသာချက်ဖြစ်စေပါတယ်။

"...တကယ်လို့ မင်း သတိလစ်တော့မယ်လို့ ခံစားရရင် မင်းရဲ့ ခေါင်းကို ဘေးကို လှည့်လိုက်။မင်းရဲ့ တံတွေးတွေ အံဖတ်တွေ နဲ့တော့ အသက်ရူကြပ်တာမျိုး ဖြစ်ချင်မှာမဟုတ်ဘူး ဟုတ်တယ်မလား..။အာ..အခုလ်ို ကြမ်းတမ်းတဲ့ စကားတွေပြောရလို့ စိတ်မကောင်းပါဘူး ကောင်လေး.."

ဆန်နီ မျက်နှာရှုံ့မဲ့သွားပြီး လူအိုကြီးကို ဖိနိပ်ခံရတဲ့ အသံနဲ့ ကျေးဇူးတင်ကြောငိး ပြောလိုက်တယ်။

မမြင်ရတဲ့ အားတစ်ရပ်က သူ့ကို မြေပြင်ပေါ်ကို ဖိတွန်း ထားတာကို သူ စတင် ခံစားနေခဲ့ရပါပြီ။

'ဒါ..ဒါက သောက်ကျိုးနဲ တော့မယ်..'

သူ့ အတွေးတွေကို ပြန်ဖြေလိုက်တဲ့ အလား..မမြင်ရတဲ့ ဖိအား ဟာ ရုတ်တရက် သန်မာလာခဲ့ပြီး..ကြီးမားတဲ့ တူကြီးတစ်လက်လို သူ့ကို ဖိလာခဲ့ပါတယ်။

All Chapters