← Chapters

ဖိနိုပ်ခြင်း

Vol. 26 Ch. 382

ဖိနိုပ်ခြင်း

Vol. 26 Ch. 382

နူးညံ့တဲ့ မြက်ခင်းပေါ်မှာ လဲလျောင်းနေရင်း..ဆန်နီဟာ သူ့ရဲ့ ခန္တာကိုယ် ပိုပိုပြီး လေးလံလာတာကို ခံစားနေခဲ့ရတယ်..။ဒီကျွန်းက နေရောင်ခြည်တောက်ပ နေတဲ့ ကောင်းကင်ဆီကို တစ်မိနစ်စီ တိုင်းမှာ မြင့်တက်လာနေခဲ့ပြီး..အပေါ်က ကျလာတဲ့ ဖိအားကလည်း မခံမရပ်နိုင်ဖြစ်ပေါ်လာခဲ့ပါတယ်။

သူ့ရဲ့ မျက်နှာပြင်ကို အုပ်မိုးထားတဲ့ ရှေးဟောင်း သစ်တောကြီးဟာလည်း ကိုင်းညွှတ်လာခဲ့ပြီး..များပြားလှတဲ့ သစ်ရွက်တွေက မိုးရွာချသလို ကျဆင်းလာခဲ့တယ်။ကြီးမားတဲ့ သစ်ပင်ကြီးတွေရဲ့ အကိုင်းတွေဟာ ညွှတ်ကွေးကျလာခဲ့ပြီး..မြေကြီးပေါ်ကိုတောင် ထိလုနီးပါးဖြစ်နေခဲ့ပါပြီ။ကျယ်လောင်တဲ့ အသံတစ်ခု နဲ့အတူပဲ..အားနည်းတဲ့ အကိုင်းတွေက အောက်ဘက်ကို ကျိုးကျလာခဲ့ပြီး ချွန်ထက်တဲ့ အကိုင်းအခက် တွေက ပတ်ဝန်းကျင်ကို ထိမှန်သွားခဲ့တယ်။

ဆန်နီဟာ သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံး..ဖိအားအောက်မှာ ရုန်းကန်နေရတာကြောင့် မျက်နှာရှုံ့မဲ့နေခဲ့ပါတယ်။သူက ပြသနာ မရှိပဲ..အသက်ရူနိုင်..လှုပ်ရှားနိုင်နေတုနိးပါပဲ..။အနည်းဆုံးတော့..အခုချိန်မှာပါ..။မကြာခင်မှာပဲ..ကျွန်း ရဲ့ မြင့်တက်မူက ဘယ်လို လှုပ်ရှားမူ မျိုးမှ မဖြစ်နိင်လောက်တဲ့ အထိ လုံလောက်တဲ့ နေရာတစ်ခုကို ရောက်လာခဲ့တယ်။

..ပြီးတော့..တကယ်လို့ သူသာ ကံဆိုးမယ်ဆိုရင် ဒီအရာက ဆက်လက်မြင့်တက်နေဦးမှာ ဖြစ်ပြီး နောက်ဆုံးမှာ အသက်မရူနိုင်တော့တဲ့ အခြေအနေ တစ်ခုအထိပါ ရောက်ရှိလာဦးမှာပါ။သံကြိုးတွေရဲ့ အရှည်က အချိန်မှီ တင်းကြပ် လာဖို့ကိုပဲ မျှော်လင့်နေခဲ့တယ်။

ချိန်း ကျွန်းစုတွေရဲ့ အထက်မှာ ရှိတဲ့ ကောင်းကင်က လှပသလို ကြောက်ဖို့လည်း ကောင်းပါတယ်။သူတိူ့ရဲ့ ပွေ့ဖက်မူကို ဘယ်အရာကမှ တောင့်မခံနိုင်ကြပေ..။လူသားတွေပဲ ဖြစ်ဖြစ်..အိပ်မက်ဆိုး သတ္တဝါ ဖြစ်ဖြစ်..ဒါမှ မဟုတ် တစ်ခြား သတ္တဝါပဲ ဖြစ်ဖြစ်ပါ။

ကောင်းပြီလေ...အဲဒီတစ်ခူကလွဲလို့ပေါ့..။

သူ့အကြည့်ကို ရွေ့လျားပြီး တည့်တည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..ဆန်နီဟာ..တိမ်တိုက်တွေနဲ့ ဖုံးအုပ်နေတဲ့ ဆင်စွယ်ရောင် မျှော်စင် တစ်ခုက ကောင်းကင်ပေါ်အထိ မြင့်တက်နေတာကို မြင်လိုက်ရတယ်။

ဆင်စွယ်ရောင် မျှော်စင်က ကြောက်မက်ဖွယ် ကောင်းကင်ရဲ့ သေလောက်တဲ့ ဖိအားကို ခံနိုင်ရည်ရှိတဲ့ တစ်ခုတည်းသော..အရာ ဖြစ်နေတဲ့ ပုံပါပဲ။ဒီအရာက ကျောက်တုံးလည်း မဟုတ် ၊ သစ်သားလည်း မဟုတ်ပဲ..အပြစ်ကင်းစင်လွန်းတဲ့ အဖြူရောင် အရာတစ်ခုနဲ့ တည်ဆောက်ထားတဲ့ စေတီ တစ်ဆူနဲ့ တူနေခဲ့ပါတယ်။သူရှိနေတဲ့ ကျွန်းက အတော်လေးကို သေးငယ်ပြီး တာဝါရဲ့ အောက်ခြေထက် အနည်းငယ်သာ ပိုပြီး ကျယ်ဝန်းကာ..စကျင်ကျောက် အပိုင်းအစ တွေနဲ့ ဝန်းရံထားခဲ့တယ်။

သံကြိုးခုနှစ်ခုက ကျွန်းရဲ့ မြေဆီလွှာထဲကနေ ချိတ်ဆွဲထားပြီး..ကျွန်းလှုပ်ရှားတိုင်း သူတို့ပါလှုပ်ယမ်း နေခဲ့ကြပါတယ်။

ဆင်စွယ်ရောင် တာဝါကို နေ့ဘက်အချိန်ဆိုရင် နေရောင်ခြည်ဖြာထွက်ကာ ၊ ညဘက် အချိန်ဆိုရင် လရဲ့ အလင်းရောင်ကို အလင်းပြန်ဖြာထွက်ပြီး ကောင်းကင်ထက်မှာ မြင်တွေ့ကြရပါတယ်။ဒီထူးဆန်းတဲ့ အဆောက်အဦးကြီးက ဘာလဲ ၊ ဘာလို့အပေါ်ကို မြင့်တက်လာတဲ့ အရာတိုင်းကို ဖျက်ဆီးနေတဲ့ ဖိအားက သူ့ကို မသက်ရောက်နိင်တာလဲ ဆ်ိုတာကို ဘယ်သူမှ မသိကြပါဘူး။ဒါက ဘယ်သူကမှ သူ့ရဲ့ အနားအထိရောက်အောင် အပေါ်ကို မြင့်တက်ပြီး မသွားနိုင်ကြလို့ပါ။

လူအများစုကတော့ ဒါကို ပုံရိပ်ယောင်လို့ ယုံကြည်ထားကြပါတယ်။

' ခရက် '

ဆန်နီ ကံဆိုးပြီး ပိတ်မိနေတဲ့ ကျွန်းက နောက်ဆုံးမှာတော့ သူ မြင့်တက်နိုင်တဲ့ အမြင့်ဆုံး အကန့်အသတ်ကို ရောက်ရှိသွားပြီး..သူ့ကို ဆက်သွယ်ထားတဲ့ သံကြိုးတွေက တင်းသွားကာ..ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားခဲ့တယ်။ဒီအမြင့်မှာ ရှိနေတဲ့ မိအားက ညဥ်းပန်းနိုပ်စက်မူ တစ်ခုလိုဖြစ်နေပေမယ့်လည်း..သေစေနိုင်လောက်အောင်တော့ မဟုတ်ပါဘူး။

သူ့ အရိုးတွေက..ဒီပြင်းထန်တဲ့ ဖိအားအောက်မှာ ကွဲကြေမသွားခဲ့ပေ။အတော်လေးကြိုးစား အားထုတ်နေရတယ် ဆိုရင်တောင်မှ..သူက အသက်ရူနေနိုင်တုန်းပါပဲ။

ဆန်နီက သူ့ရဲ့ ဒုတိယမြောက် အရိပ်က်ို ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်လိုက်ရင်..ပိုပြီး သက်သောင့်သက်သာ ရှိသွားနိုင်မှာဖြစ်ပေမယ့်..မာစတာရွန် ရဲ့ ရှေ့မှာ အရမ်းသန်မာနေတဲ့ ပုံစံမျိုးကို မပြချင်ပါဘူး။

နတ်ဆိုး အကြောင်းကို ပြောရရင်...

အဲ့အချိန်မှာပဲ သန်မာတဲ့ စီးနင်းသူဟာ..စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။သူ့အသံက..အနည်းငယ် တင်းကြပ်နေခဲ့ပြီး..

"ဟေး..ဆန်းလပ်စ်။ မင်း အသက်ရူရတာ အဆင်ပြေရဲ့လား.."

ဆန်နီ အံကိုကြိတ်ထားပြီး..စကားပြောဖို့ ရုန်းကန်နေရတယ်..။အဆုံးမှာတော့..သူ ပြန်တုန့်ပြန်နိုင်တာကသူ အဆင်ပြေတယ်ဆိုတဲ့ အတည်ပြုမူတစ်ခုပါပဲ။

"ကောင်းတယ် ကောင်းတယ်။တကယ်တော့ ဒီဖိအားက အရမ်းကြီး ဆိုးဝါးသေးတာ မဟုတ်ဘူး။တကယ်လို့ ငါတို့သာ နောက်ထပ် မီတာ ၁၀၀ လောက် အထက်ကို ဆက်ပြီး တက်မယ်ဆိုရင်..ငါတောင်မှ အခြေအနေ အတော်ဆိုးသွားလိမ့်မယ်"

'...သိရတာ ကောင်းတယ်..'

အဲ့အချိန်မှာတော့..ဆန်နီက သူတို့ ဒီတိုင်း ဂရက်ဖင် ပေါ်ကို တက်ပြီး အောက်ဘက် ကောင်းကင်ဆီကို မခုန်ချခဲ့ကြတာကို နောင်တရနေခဲ့ပါပြီ။

ချိန်း ကျွန်းစုက အတော်လေး အန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်ပြီး..ဒီမှာနေတဲ့ အိပ်မက်ဆိုးသတ္တဝါတွေကလည်း ယုံကြည်ဖို့ ခက်ခဲလောက်အောင် ကြောက်ဖို့ ကောင်းကာ ၊ သန်မာကြပါတယ်။

သို့ပေမယ့်..ကျွန်းတွေရဲ့ အောက်ဘက်မှာ ရှင်သန်ကြတဲ့ သတ္တဝါတွေကတော့ ပိုပြီးတောင် ဆိုးဝါးပါသေးတယ်။ဆန်နီ သူတို့ကို အကြိမ်အနည်းငယ် လောက် မြင်ဖူးပြီး..ဒီ ထိပ်လန့်မူတွေရဲ့ မှတ်ဥာဏ် အနည်းငယ်ကတင် သူ့ကို ကျောချမ်းစေဖို့ အတွက် လုံလောက်ပါတယ်။

ဒါတောင်မှ..သူတို့ သွားမယ့် လမ်းကြောင်းမှာ ဒီ သတ္တဝါ တွေနဲ့ တိုက်ခိုက်ဖို့ လိုအပ်ရင် တိုက်ခိုက်ဦးမှာပါ...

အဲတာကမှ ..ဒီ ဆိုးဝါးတဲ့ နိုပ်စက်မူထက် ပိုကောင်းမွန်တာ သေချာပါဦးမယ်..။

'အား...'

သို့ပေမယ့်..အခုချိန်မှာတော့ သူ အံကိုကြိတ်ပြီး တောင့်ခံထားတဲ့ အပြင် တစ်ခြား လုပ်နိုင်တဲ့အရာ ဘာမှ မရှိတော့ပေ..။တစ်မိနစ်ပြီး တစ်မိနစ် ၊ တစ်နာရီ ပြီး တစ်နာရီ..။ကျယ်ပြန့်တဲ့ ကောင်းကင်ကြီးကနေ ထွက်ပေါ်လာတဲ့ ဖိအားက အရမ်းကို ဆိုးဝါးလွန်းတာကြောင့် ဆန်နီဟာ သင့်တင့်လျောက်ပတ်အောင်တောင် တွေးတောနိုင်စွမ်း မရှိပါဘူး။သူ လုပ်နိုင်တာက အကုန်က..ဝေဒနာကို တိတ်တဆိတ် ခံစားပြီး..ဆင်စွယ်ရောင် တာဝါကြီးကို ကြည့်နေဖို့ပါပဲ။

တစ်ဖက်မှာ တော့ သူ့အရိပ်က သာသာယာယာပဲ ရှိနေခဲ့တယ်..။မာစတာရွန် သတိပြုမိမှာစိူးရိမ်တာကြောင့် သူက မလှုပိရှားပေမယ့်..ဒါက သူ့ကို ကျေနပ်အားရစွာ စိုက်ကြည့်နေတာကို ဆန်နီ ခံစားမိပါတယ်။

' ခွေးသား..ငါ မင်းကို သာမန်ကျောက်တုံးနဲ့ ရစ်ပတ်ပြီး နှစ်ဆယ့်လေးနာရီ လုံး အော်ခိုင်းထားမယ်။အဲ့အချိန်ကျ ဘယ်သူမှ အောင်ပွဲခံနိုင်မလဲ ဆိုတာကို ကြည့်ကြတာပေါ့...'

အရိပ်ဟာ ခနလောက် တွေဝေသွားခဲ့ပြီး ..ရှက်ရွံ့စွာပဲ တစ်ခြားတစ်ခုခုကို စိတ်ဝင်စားဟန်ဆောင်လိူက်ကာ အကြည့်ကို လွှဲသွားခဲ့တယ်။

'ဟုတ်တယ်..အဲလိုနေ...'

တောထဲက တစ်နေရာရာမှာတော့ နောက်ထပ်သစ်ပင်ကြီး တစ်ပင်က ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့တယ်။ဆန်နီ ခေါင်းကို လှည့်ပြီး ကြည့်ဖို့ လုပ်လိုက်ပေမယ့် ဒါက အတော်လေးကိုကြိုးစားရပါတယ်။ဘာပဲဖြစ်ဖြစ် ဒီလို အကူညီမဲ့နေတဲ့ အခြေအနေမှာတော့ သူက အိပ်မက်ဆိုး သတ္တဝါတွေ တိုက်ခိုက်လာမှာကိုစိတ်ပူစရာ မလိုပါဘူး။သူတို့က ..လတ်တလောမှာ ဆန်နီလိုပဲ တူညီတဲ့ ဖိအားကို ရင်ဆိုင်နေကြရပြီး..ခိုအောင်းတဲ့ နေရာတွေမှာ ပုန်းအောင်းနေကြရပါတယ်။

ဒီ ငရဲလို ဖိအား အောက်မှာ ဘဟ်သူက တိုက်ခိုက်နိုင်ဦးမှာလဲ...။

ဆနိနီကတော့ သူ့ရင်ဘတ်ပေါ်မှာ တောင်ကြီးတစ်တောင် ရောက်နေသလို ခံစားနေခဲ့ရတယ်။အသက်တစ်ခါရူဆိုငိးမှာ ပြင်းပြင်းထန်ထန် အားစိုက်ထုတ်နေရပါတယ်။သူ့ ခန္တာကိုယ်တစ်ခုလုံးက ကိုက်ခဲနေခဲ့ပြီးသူ့ အမြင်အာရုံတွေ ဝေဝါးနေခဲ့တယ်။ပင်ပန်းနွမ်းနယ်စွာပဲ..သူ မျက်လုံးတွေကို ပိတ်ကာ..အရိပ် အဆီအနှစ်တွေကို..ဝိဥာဥ်မြွေကနေတဆင့် လည်ပတ်ခိုင်းလိုက်ပြီး..တဖြည်းဖြည်း အက်ကွဲလာတဲ့ ခန္တာကိုယ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့တယ်။

'ချီးပဲ..နိုးထဖို့အတွက် အတော်လေးကို နောက်ကျနေတော့မယ်...။သူတို့က ဘယ်တော့ဖုန်းခေါ်မှာလဲ..မနက်ရောက်မှလား..။ဒီလို အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမူကို...ငါ လွဲချော်သွားတော့မယ..'

သူ အရမ်းကို နာကျင်လာတဲ့ အချိန်မှာတော့..ကောင်းချီပေးထားတဲ့ သံကြိုးတွေရဲ့ မြည်သံက သူ့ နားထဲကို ရောက်လာခဲ့ပါတယ်။

'အိုး..ကျေးဇူးပါ..ဘူရားသခင်တို့..'

လေးနာရီလောက်ကြာပြီးနောက်မှာတော့ , ကျွန်းက နောက်ဆုံးမှာ ရွေးလျားလာခဲ့ပြီး အောက်ကို ပြန်ဆင်းသက်တဲ့ အခြေအနေကို ရောက်သွားခဲ့တယ်။နည်းနည်းချင်းစီ ဆိုသလိုပဲ ..ဖိနိပ်နေတဲ့ အားက စတင် အားနည်းလာခဲ့ပါတယ်။

သူ့ဘေးနားက မာစတာရွန်ကတော့ စိတ်သက်သာရစွာ သက်ပြင်းချလိုက်တယ်။

"အဆိုးဆုံး အပိုင်းကတော့ ပြီးသွားပြီ..။နည်းနည်းလောက် ပိုစောင့်နေလိုက်ဦးကောင်လေး..။ရောက်ခါနီးနေပြီ..."

ဆန်နီဟာ..လူကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။လူတွေက သူ့ကို ကောင်လေးလို့ ခေါ်ရင် သူ မုန်းတီးလေ့ ရှိပေမယ့်..အဲလိုစိတ် က မဖြစ်ပေါ်တော့ပါဘူး..။အနည်းဆုံးတော့ အရင်ကလောက် မဆိုးတော့ပေ..။သူက ဒီတိုင်း အနည်းငယ် လွမ်းဆွတ်မူကိုသာ ခံစားရပါတယ်။

သူက ကလေးတစ်ယောက်လို မခံစားရတော့ပေ။အချိန်အကြာကြီး မဟုတ်ပေမယ့်..မေ့ပျောက်ကုန်းမြေကနေ ပြန်လာကတည်းက ..မခံစားရတော့တာပါ။

မိနစ် တစ်ဒါဇင်ခန့်လောက် ကြာအောင် ညှင်းပန်းနိပ်စက် ခံ ပြီး နောက်မှာတော့..

သူတို့ လှုပ်ရှားဖို့ ၊ ဖြည်းညှင်းစွာ မတ်တတ်ထရပ်ဖို့လုံလောက်တဲ့ အထိ ကျွန်းက အောက်ကို ကျဆင်းလာခဲ့ပါတယ်။

ဖိအားက ပျောက်ကွယ်သွားခဲ့ပါပြီ။

All Chapters