← Chapters

သွေးကြောင်စွာ စူးစမ်းရှာဖွေသူ

Vol. 26 Ch. 383

သွေးကြောင်စွာ စူးစမ်းရှာဖွေသူ

Vol. 26 Ch. 383

ဆန်နီဟာ ဝမ်းဗိုက်ကို ဖြည်းဖြည်းချင်း ကြွပြီးကာမှ ဒူးထောက် ထထိုင်လ်ိုက်တယ်။သူက အမောတကော အသက်ရူနေရပြီး..သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက အသားကြိတ်စက်ထဲက ထွက်လာသလို ခံစားနေခဲ့ရပါတယ်။တစ်ဖက်မှာတော့..မာစတာ ရွန် ရဲ့ ပုံစံက ဘာအနှောက်အယှက်မှ မဖြစ်လုနီးပါး ပါပဲ..။

စီးနင်းသူက မတ်တတ်ရပ်နေပြီဖြစ်ပြီး..အပြာရောင်မာဖလာက်ို သူ့ရဲ့ လည်ပင်းမှာ ပတ်ဖို့ကြိုးစားကာ သက်သောင့်သက်သာ ဖြစ်တဲ့ အမူအရာ ရှိနေခဲ့တယ်။

သူတို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သစ်တောက လည်း လူသားတစ်ယောက်လို သက်ပြင်းချလုနီးပါး ပါပဲ။ရှေးဟောင်း သစ်ပင်ကြီး တွေဟာ အသံတွေ မြည်လာခဲ့ကြပြီး..သူတို့ရဲ့ အကိုင်းအခက် တွေကို နေလုံးဖက်ဆီကို ပြန်ပို့လိုက်ကြတယ်။ကျိုးပဲ့ ပျက်ဆီးနေတဲ့ အကိုင်းတွေကတော့ မြေကြီးပေါ်မှာ ကျန်နေရစ်ခဲ့ပါတယ်။

ဆန်နီဟာ လူကြီးကို အနည်းငယ် မနာလ်ိုဖြစ်ကာ ကြည့်လိုက်ပြီး..သူ့ရဲ့ ပင်ပန်းနွမ်းနယ်မူတွေကို မောင်းထုတ်ဖို့ ကြိုးစားလိုက်တယ်။မိနစ်အနည်းငယ်လောက် အနားယူရင်း ၊ အဆုံးမရှိစမ်းချောင်း က ရေကို လောဘတကြီး သောက်သုံးပြီး နောက်မှာတော့..သူက ပြန်လည်ပြီး ဖြတ်လတ်တက်ကြွ လာခဲ့တယ်။အရပ်ရှည်တဲ့လူကို ကြည့်ပြီး သူ မေးလိုက်ပါတယ်။

"ဆရာက ဂရက်ဖင် ပေါ်ကနေ ဘယ်လိုလုပ်ပြီး ပျံသန်းနိုင်ရတာလဲ..။ကျွန်တော် ဆ်ိုလိုတာက..အပြစ်ပြုတာ မဟုတ်ပါဘူး..ဒါပေမယ့် ဒါက ရူးသွပ်နေတဲ့ လူတွေပဲ ဒီလို လုပ်ကြလိမ့်မယ်.."

ရွန် က ရယ်မောလိုက်ပြီး..

"ငါက တကယ့်အခြေအနေကို မရောက်မချင်း အရမ်း အမြင့်ကြီး မပျံသန်းဘူး။ပုံမှန်အားဖြင့် မင်းက ဖိအားအများကြီးမရှိပဲ ဆင်းသက်နေတဲ့ ကျွန်းတွေ ပေါ်ကနေ ပျံသန်းလိူ့ရတယ်လေ..။အချိန်ကြာလာတာနဲ့ မင်းရဲ့ ခန္တာကိုယ်က ဘယ်လောက် ခံနိုင်ရည် ရှိတယ် ၊ ဘယ်လောက် ကြာကြာခံနိုင်တယ် ဆိုတာတွေကို ခံစားမိလာနိုင်လိမ့်မယ်.."

သူက သူ့ရဲ့ ကျယ်ပြန့်တဲ့ ပခုံးတွေကို နိပ်နယ်ရင်း..ဂုဏ်ယူတဲ့ လေသံနဲ့ ထပ်ပြီး ​ပြောလိုက်တယ်။

"ဒါ့အပြင် ငါက မာစတာ တစ်ယောက်လေ..။ငါက နိုးထသူ တွေ ထက်ပိုပြီး ခံနိူင်ရည်အား ရှိတယ်။ဒါပေမဲ့ မင်းလည်း အတော်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။အရိုးသားဆုံးပြောရရင်..ငါက မင်းရဲ့ သွေးတွေထွက်နေတဲ့ ခန္တာကိုယ်ကို အမြန်ဆုံး အရှိန်နဲ့ ပြန်သယ်သွားရပြီး..ထွက်ပေါက်ထဲကို ပစ်ထည့်ရမယ်လ်ို့ ထင်ထားခဲ့တာ..။ကြည့်ရတာတော့ မေ့ပျောက်ကုန်းမြေပေါ်က မင်းတို့ တွေ အကြောင်းက်ို ပြောနေကြတာတွေက အမှန်တွေလို့ ငါထင်တာပဲ..."

ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီး သိချင်စွာ မေးလိုက်တယ်။

"...သူတို့က ဘာပြောလ်ို့လဲ..."

လူအိုကြီးဟာ ပြုံးလိုက်ပြီး..

"သံမဏ်လ်ို မာကျောတယ်..။နာကျင်မူ နဲ့ ကြောက်ရွံ့မူ ကိ ဂရုမစိုက်ကြဘူး..။တကယ် လန့်စရာပဲ..။ထိပ်လန့်ဖွယ်ရာ ကလေးတွေ...ဒါက ငါပြန်ကြားခဲ့ရတဲ့ အ ရာတွေပဲ..."

ဆန်နီ ခနလောက် တွေဝေနေပြီးကာမှ ပြောလိုက်တယ်။

"နာကျင်မူ နဲ့ ကြောက်လန့်မူ မရှိတာလား..။ဘယ်လို အဓိပ္ပါယ် မရှိတာ မျိုးလဲ..။ကျွန်တော်ကတော့..သွေးကြောင်ပြီး နေရတာ မျိုးကို ဂုဏ်ယူမိတယ်..။တစ်စုံတစ်ယောက်က အဲလို နေသင့်တယ်လေ..။သွေးကြောင်တယ် ဆ်ိုတာက ဘာများ မှားနေလို့လဲ..။ကြောက်လန့်မူ ဆိုတာက လူတွေကို အသက်ရှင်လျက် ထားပေးပြီး..၊ အဲ့အချိန်မှာ ရဲရင့်တဲ့ လူတွေက အသတ်ခံရတယ်လေ..။နာကျင်မူ အတွက်ကတော့..ဟင့်အင်..ကျေးဇူးပါပဲ..။ကျွန်တော်က..အရိုက်နှက်ခံရတာ ၊ လောင်ကျွမ်းခံရတာ ၊ ရေနစ်တာ ၊ ဖြတ်တောက်ခံရတာ ၊ ဓားနဲ့ထိုးခံရတာ ၊ အကိုက်ခံရတာ ၊ ဝါးခံရတာ ၊ ဝမ်းဗိုက်ကို ထိုးခွဲခံရတာတွေကတင် ဘဝပေါင်းများစွာ အတွက် လုံလောက်မူ ရှိနေပြီးပြီလေ..."

မာစတာ ရွန် သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေတာကြောင့်ဘ..ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..

"အာ..ဘာဖြစ်လို့လဲ..."

အရပ်ရှည်တဲ့ လူဟာ ခေါင်းခါယမ်းလိုက်ပြီးနောက် သူ့ရဲ့ မေးစေ့ကို ပွတ်ကာ သိချင်နေတဲ့ လေသံနဲ့m.

"မဟုတ်ဘူး..ဘာမှမဟုတ်ဘူး။ဒါက ဒီတိုင်း..တကယ်လိူ့ ဒါသာ အမှန်ဆိုရင် ၊ ဆန်းလပ်စ် ..မင်းက ချိန်း ကျွန်းစု မှာ ဘာလာလုပ်နေတာလဲ..။မင်းက ဘတ်ရှင် လိုနေရာမျိုးမှာ လုံလုံခြုံခြုံ သွားနေသင့်တာ မဟုတ်ဘူးလား.."

ဆန်နီ ရှက်ရွံ့စွာ အကြည့်လွဲလိုက်ပြီး ချောင်းဆိုးလိုက်တယ်။

"ဒါက..အာ...တကယ်တော့ ဒီအတွက် အကြောင်းပြချက် အနည်းငယ် ရှိတယ်လေ..။အကြီးမားဆုံး အချက်ကတော့...

သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အသံကို နိမ့်ကာ.လေးလေးနက်နက် ပြောလိုက်တယ်။

"...ဆရာ ဒါကို ယုံမှာတော့ မဟုတ်ဘူး။ဒါပေမဲ့ အစိုးရက ကျွန်တော် အိပ်မက်ကမ္ဘာထဲက အချက်အလက်တွေကို ရေးသားခဲ့တာကြောင့် ပိုက်ဆံပေးခဲ့တယ်လေ..။ပြီးတော့..ချိန်း ကျွန်းစူ က ..အတော်လေးကို စူးစမ်းရှာဖွေမူ မရှိသေးတော့..ဒီပတ်ဝန်းကျင်ကို ရှာဖွေပြီး တစ်ခုနှစ်ခု ရေးမှတ်ဖို့အတွက် သူတိူ့က ပိုက်ဆံပမာဏ အများအပြာပေး ခဲ့ကြတယ်။နည်းလမ်းတကျ ပြောရရင်တော့ ကျွန်တော်က သုတေသီ တစ်ယောက်ပဲ...ယုံတာ မယုံတာကတော့ တစ်ပိုင်းပေါ့..."

အံ့ဩသင့်နေတဲ့ အမူအရာနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ မာစတာ ရွန်ကို ကြည့်ပြီး သူ ပြုံးလ်ိုက်တယ််။အတော်ကြာပြီးနောက်မှ..အသက်ကြီးတဲ့လူက ပြောလာခဲ့တယ်။

"မင်းက ထူးဆန်းတဲ့ ကောင်လေးပဲ..။အဲတာကို သိရဲ့လား.."

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

"ဟင်...အဲတာကို လူတိုင်း သိကြတယ်လို့ ထင်တာပဲ။ဘာပဲဖြစ်ဖြစ်..ကျွန်တော် အခုပြောခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပြပါနဲ့..။ကျွန်တော် ယှဥ်ပြိုင်မူတွေကို မလိုချင်ဘူး.."

အရပ်ရှည်တဲ့ လူကြီးဟာ မျက်တောင် အနည်းငယ်လိုင်ပြီး ပြုံးလိုက်ကာ..

"ပြသနာ မရှိဘူး..။ငါ မင်းကို ခိုလှုံတဲ့ နေရာကို ပြန်ခေါ်သွားဖို့ လိုအပ်သေးလား..။ဒါမှမဟုတ်..မင်းဟာမင်း ပြန် မှာလား.."

ဆန်နီ ခနလောက် တွေးပြီး ပြောလိုက်တယ်။

"ကျွန်တော် အဆင်ပြေပါတယ်။ဘာပဲဖြစ်ဖြစ် သိပ်ပြီး မဝေးဘူးလေ..။တကယ်လို့ ကျွန်တော်သာ မြန်မြန် သွားမယ် ဆိုရင်..မနက်မရောက်ခင် ပြန်လာနိုင်ပြီး အစစ်အမှန် ကမ္ဘာဆီကို တန်းပြန်သွားလို့ ရတယ်လေ..။တကယ်တော့ ကျွန်တော် အဲ့မှာ စီးပွားရေး လုပ်စရာ ရှိသေးတယ်.."

မာစတာ ရွန် ခေါင်းညိမ့်လိုက်ပြီး ဆန်နီ ရဲ့ ပုခုံးကို ပုတ်လိုက်တယ်။

"ကောင်းပြီလေ ဒါဆိုလည်း..ငါသွားတော့မယ်။မင်းကို တွေ့ရတာ ဝမ်းသာတယ် ဆန်းလပ်စ်။အနာဂတ်မှာ တစ်ခုခု လိုအပ်တာ ရှိရင်..ခိုလှုံရာမှာ ငါ့ကို လာရှာဖို့ မတွေဝေနဲ့..."

ဒီလို ပြောပြီးတာနဲ့ သူက သူ့ရဲ့ ထပ်တူညီမူကို ထုတ်လိုက်တယ်။အဖြူရောင် အလင်းစက် ပင်လယ်ကြီးက လေထုထဲမှာ ထွက်ပေါ်လာခဲ့ပြီး..ဖြည်းညှင်းစွာပဲ..သန်မာတဲ့ ဂရက်ဖင် တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။လေသားရဲ က ဆန်နီရဲ့ အထက်မှာ..ခြင်္သေ့ နဲ့ သိမ်းငှက် ရောစပ်ထားတဲ့ ကြီးမားတဲ့ သတ္တဝါကြီးလို အုပ်မိုးထားပြီး..စစ်မှန်တဲ့ အိပ်မက်ဆိုး တစ်ခုလို ဖြစ်နေခဲ့တယ်။ဖြည်းညှင်းစွာပဲ ဒါက ခေါင်းကို ငုံ့လာခဲ့ပြီး လှပတဲ့မျက်လုံးနှစ်လုံးနဲ့ သူ့ကို ကြည့်နေခဲ့ပါတယ်။

ဆန်နီ စိူးရိမ်သွားခဲ့ပြီး..နောက်ကို ခြေလှမ်း အနည်းငယ် ထုတ်ကာ..အရိပ်တွေထဲကို..အချိန်မရွေး ပျောက်ကွယ်သွားနိုင်ဖို့ ပြင်ဆင်နေခဲ့တယ်။

မာစတာ ရွန်က သူ့ကို ရုတ်တရက် တိုက်ခိုက်မယ်လို့ မထင်ပေမယ့်လည်း..သေဆုံးခြင်းထက် ၊ သတိထားခြင်းက ပိုပြီး ကောင်းမွန်ပါတယ်။

အရပ်ရှည်တဲ့လူဟာ အကာအကွယ် ချပ်ဝတ်အင်္ကျီကို ပြန်ဝတ်ဆင်လိုက်ပြီး..ဂရက်ဖင် ရဲ့ကျောပေါ်ကို အလွယ်တကူ ခုန်တက်လိုက်ကာ..ဆန်နီကို လက်သီးဆုပ်ပြပြီး နှုတ်ဆက်ကြောင်းပြလိုက်တယ်။ခနအကြာမှာတော့ ထပ်တူညီမူက တောင်ပံတွေကို ခတ်ပြီး..မြေကြီးကို ရိုက်ခတ်ကာ..နေရာအနှံ့ကို ဘေတွေ တိုးဝင်သွားစေခဲ့ပါတယ်။

ဆန်နီ ခြေထောက်တွေ မြဲမြံအောင် ရုန်းကန်နေခဲ့ရပြီး နောက်မှာတော့..အဝေးကို ပျံသန်းထွက်ခွာသွားတဲ့ ဂရက်ဖင် ကို ကြည့်လိုက်တယ်။ဖြည်းညှင်းစွာပဲ..ရင်းနှီးတဲ့ အမူအရာက သူ့မျက်နှာပေါ်မှာ ပျောက်ကွယ်သွားခဲ့ပါပြီ။

"ကောင်းပြီလေ..ခင်ဗျားက ဘာသိလို့လဲ.."

ကျော်ကြားတဲ့ မာစတာက..အတော်လေးကို ဖော်ရွေတဲ့လူတစ်ယောက်ပါ။သို့ပေမယ့် သူက မွေးဖွားလာကတည်းက ..ဆက်ခံသူ တစ်ယောက်ဖြစ်လာခဲ့တာ မဟုတ်ပဲ..အိပ်ထောင်ပြုပြီး ဆက်ခံသူ ဖြစ်လာခဲ့ပါတယ်။ဆန်နီဟာ သူ့ကို အထင်သေးမူ တွေ နဲ့ ဆက်ဆံမယ်..ဒါမှမဟုတ် အကောင်းဆုံးအနေနဲ့..ဟန်ဆောင်ယဥ်ကျေးမူတွေနဲ့ ဆက်ဆံမယ်လိူ့ မျှော်လင့်ထားခဲ့တာပါ။

သေချာတွေးကြည့်လိုက်တော့..ချိန်း ကျွန်းစုကို အုပ်ချုပ်တဲ့ သူတော်စင်ကလည်း အတော်လေးကို ရိုးသားတဲ့ လူတစ်ယောက်ပါပဲ။ပထမဆုံးနေ့မှာ သူမက သူ့ကို ခိုလှုံရာ ခံတပ် ဆီကို ခေါ်လာပေးပြီးတဲ့ နောက်မှာ ဆန်နီက သူမနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေး အများကြီး မရှိခဲ့ပေ..။

သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျွန်းရဲ့ အစွန်းမှာ ရှိနေတဲ့..ဝံပုလွေ အလောင်းဆီကို လျောက်သွားလိုက်ကာ..အောက်ကို တွန်းချလိုက်တယ်။

သားရဲ အလောင်းက..အောက်ကိုပြုတ်ကျသွားပြီး..မကြာခင်မှာပဲ..အောက်ဘက် ကောင်းကင်ရဲ့ အမှောင်ထုထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့ပါတယ်။

ကျွန်းအောက်ဘက်နေ ဒီအရာကို စားသုံးဖို့ ဘယ်အရာမှ ပေါ်မလာခဲ့ဘူးဆိုတာ သေချာတဲ့ အချိန်ကျမှ ဆန်နီ ဟာ အစွန်းနားမှာ မိနစ်အနည်းငယ်လောက် တွေဝေပြီး သက်ပြင်းချလိုက်တယ်။

ပြီးတာနဲ့ သူ ကိုယ်တိုင်လည်း..အဆုံးမရှိတဲ့ ချောက်နက် ထဲကို ခုန်ချလိုက်ပါတယ်။

All Chapters