ကျွန်းများကို လှည့်လည်သွားလာခြင်း
Vol. 26 Ch. 384
အဆုံးမရှိတဲ့ အပြာရောင် ကောင်းကင်ထဲမှာ..လေတိုက်သံတွေက နားထဲကို ဝင်လာရင်း ပျံသန်းနေတုန်းမှာပဲ ၊ ဆန်နီ ဟာ သူ့ရဲ့ လက်တွေကို ဘေးကို ဆန့်တန်းရင်း..အနက်ရောင် တောင်ပံကို ထုတ်ဖော်လိုက်တယ်။မှတ်သားမူက သူ့နောက်ဘက်မှာ ဖြစ်တည်လာတဲ့ အချိန်မှာတော့..သူက အလေးချိန်ကို ရွေ့လျားပြီး..လေရဲ့ ခုခံမူကို တွန်းအားအဖြစ် အသုံးချကာ..ဘယ်ဘက်ကို လှည့်နိုင်ခဲ့တယ်..။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့..သူက ဝတ်ရုံ ရဲ့ တိုးမြင့်မူကို အသုံးပြုပြီး..သူ့ရဲ့ ကျဆင်းမူကို နှေးကွေးစေကာ..အောက်ဘက်ကို ကျနေတဲ့ အရှိန်ကို ရှေ့ကို တွန်းအားအဖြစ် အသုံးချလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ..ဆန်နီက..ကောင်းကင်ကို ထိန်းချုပ်တဲ့ အရာကို ကျွမ်းကျင်နေခဲ့ပါပြီ။
လေထဲမှာ ချောမွေ့စွာ လှည့်ပတ်ပျံသန်းရင်း ၊ သူက သစ်တော ကျွန်းကြီးကို ဆက်သွယ်ထားတဲ့ သံကြိုးတွေထဲက တစ်ခုဆီကို ချည်းကပ်သွားခဲ့တယ်။အပေါ်မှာ မိနစ်အနည်းငယ်လောက် ပျံသန်းပြီးနောက်မှာတော့ သူက သံကြိုးရဲ့ အပေါ်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။
ကြီးမားတဲ့ သံကြိုးကြီးက သူ့ရဲ့ ခြေထောက်အောက်မှာ လှုပ်ယမ်းနေခဲ့တယ်။သူ့ရဲ့ နောက်ဘက်တစ်နေရာရာမှာတော့..ဒါက ကျွန်းရဲ့ မြေဆီလွာနဲ့ ချိတ်ဆက်ထားခဲ့ပါတယ်။သူ့ရဲ့ ရှေ့မှာတော့..ကျယ်ပြန့်ပြီး ဘာမှမရှိတဲ့ ကောင်းကင်တွေသာ ရှိနေခဲ့တာပါ။အောက်ဘက် ကောင်းကင်ရဲ့ နယ်စပ်မှာတော့ အခုအချိန်က
ညနေဆည်းဆာ အချိန်အခါပါပဲ။ဒီသံကြိုးက အကွာအဝေး တစ်ခုအထိ ဆန့်တန်း နေခဲ့ပြီး..မီတာ ရာချီအကွာမှာတော့..အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်။
အနက်ရောင်တောင်ပံ..က ကြည်လင်တဲ့ ဝတ်ရုံ အဖြစ် ပြန်လည် ပြောင်းလဲသွားတဲ့ အချိန်မှာတော့ ဆန်နီ သက်ပြင်းချပြီး လျောက်သွားလိုက်တယ်။သံကြိုး တစ်ချောင်းချင်းစီတိုင်းက..လမ်းမတစ်ခုစာလောက်ကို ကျယ်ပြောတာကြောင့်..ပြုတ်ကျဖို့အတွက်တော့ သူ စိတ်ပူစရာ မလိုပါဘူး။အစိတ်အပိုင်း နှစ်ခု ရဲ့ ဆက်ထားတဲ့ နေရာကို ရောက်လာတဲ့ အချိန်မှာတော့..ဆန်နီဟာ အောက်ကို ခုန်ချတာ ဒါမှမဟုတ် တွယ်တက်တာကို လုပ်လို့ ရပါတယ်။
အောက်ဘက်ရှိ အဆုံးမရှိတဲ့ ချောက်နက်ကြီး နဲ့ အပေါ်မှာ ရှိနေတဲ့ ကြယ်ပြန့်တဲ့ ကောင်းကင်ကြီး နှစ်ခု ကြားထဲက သံကြိုးပေါ်မှာ လျောက်လှမ်းရင်း ၊ မကြာခင်မှာပဲ သူက နေရာင်ကို နောက်မှာ ထားခဲ့ကာ အမှောင်ထုထဲကို တိုးဝင်သွားခဲ့ပါတယ်။ဒီနေရာမှာတော့..လေတိုက်ခတ်တာ ၊ အသံထွက်တာ တွေ ရှိမနေခဲ့ပဲ..တိတ်ဆိတ်မူ တစ်ခုတည်းသာ ရှိနေခဲ့တယ်။သံကြိုးတွေက ..လှုပ်ယမ်းနေတာကြောင့်သာ မဟုတ်ရင် ဆန်နီက ..သူ ကမ္ဘာအသစ် တစ်ခု ထဲကို ဝင်ရောက်လာတယ်လို့ တောင် ခံစားမိမှာပါ။
အောက်ဘက် တစ်နေရာမှာတော့..တောက်ပတဲ့ တစ္ဆေမီး တွေက လောင်ကျွမ်းနေကြပြီး..ကြယ်ပွင့်လေးတွေ အဖြစ် ဟန်ဆောင်နေခဲ့ကြတယ်။
ဘယ်သူမှ သူ့ကို ကြည့်မနေတာကို သေချာအောင် လုပ်လိုက်ပြီးနောက်မှာတော့..ဆန်နီ ခနလောက် တွေဝေလိုက်ပြီး သံကြိုးရဲ့ မျက်နှာပြင်ထဲကို တိုးဝင်သွားခဲ့တယ်။သူ့ရဲ့ ခန္တာကိုယ်..က အရိပ်တစ်ခု အဖြစ်ပြောင်းလဲသွားပြီး ..သံကြိုးမှာရှိနေတဲ့ အရိပ်နဲ့ ပေါင်းစပ်သွားခဲ့ပါတယ်။
အောက်ဘက်ကောင်းကင် ရဲ့ ဒီနေရာမှာတော့..ဘာပဲဖြစ်ဖြစ် သူက သူ့ရဲ့ သဘာဝ ဖြစ်တည်မူ မှာ ရှိနေရတာပါ။
ဆန်နီဟာ..ဘာမှမရှိတဲ့ အမှောင်ထုထဲမှာ ခရီးသွားလာခြင်း မပြုနိုင်ပေမယ့်..ချိန်းကြိုးတွေကတော့ မထိုးဖောက်နိုင်လောက်တဲ့ အရိပ်တွေ ရှိနေကြပါတယ်။သူ့မှာ အဆီအနှစ်တွေ ရှိနေသမျှ သူက ဒီအရိပ်ပင်လယ်ထဲမှာ ကူးခတ်သွားလာနိုင်ပြီး..ချိန်း ကျွန်းစုရဲ့ အမှောင်ဘက်ခြမ်းမှာ ရှိနေတဲ့..ဆိုးဝါးတဲ့ သတ္တဝါတွေရဲ့ ရန်ကနေလည်း ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
မြန်ဆန်တဲ့ အလျင်နှုန်းနဲ့ ရှေ့ကို တက်သွားပြီး ဆန်နီဟာ ..သံကြိုးမျက်နှာပြင် ပေါ်ကနေ တဆင့် တစ္ဆေတစ်ကောက်လို သွားလာနေခဲ့တယ်။သူက သစ်တော ကျွန်းကို အနောက်မှာ ထားခဲ့ပြီး..သံကြိုးတွေကနေတဆင့် ပိုမိုလျင်မြန်စွာ သွားလာနေခဲ့ပါတယ်။
နောက်ထပ် ကျွန်းကို ရောက်ဖို့ မိနစ်အနည်းငယ်လောက် ရောက်သွားတဲ့ အချိန်မှာတော့..သူက အရိပ်တွေထဲက လွတ်မြောက်ပြီး နေရောက်ခြည်ကို ပြန်လည် ထိတွေ့လာခဲ့ကာ..မတ်တတ်ထရပ်လိုက်တယ်။အနက်ရောင် တောင်ပံက လှုပ်ခတ်လာပြီး သူ့ကို လျင်မြန်အောင် ကူညီပေးနေခဲ့ပါတယ်။
ဆန်နီဟာ လွင့်မျှောနေတဲ့ ကျွန်းတစ်ခု ရဲ့ အထက်ကို ပျံသန်းသွားခဲ့ပြီး သူ့ရဲ့ မျက်နှာပေါ်ကို ချောချောမွေ့မွေ့ပဲ ဆင်းသက်နိုင်ခဲ့တယ်။
ဒီတစ်ခုက သူ ဝံပုလွေ အုပ်ကို တိုက်ခိုက်ခဲ့တဲ့ ကျွန်းနဲ့ကွဲပြားပါတယ်။သစ်တော သစ်ပင်တွေ ရှိရမယ့်အစား ကျွန်းတစ်ခုလုံးက..ချွန်ထက်တဲ့ ကျောက်တုံးတွေ ရှိနေခဲ့ပြီး..သူ့ရဲ့ အလယ်မှာ အထီးကျန်နေတဲ့ ရှေးဟောင်း အပျက်အဆီး တစ်ခု ကြီးမားစွာ နေခဲ့ပါတယ်။ဆန်နီက ဒီအရာကြီးကို ရှာဖွေပြီးသွားပြီ ဖြစ်တာကြောင့် နောက်တစ်ခါ ရှာဖွေဖို့အတွက်..စိတ်ဝင်စားမူ မရှိတော့ပါဘူး။
အရိပ်တစ်ခုက နေ တစ်ခု ခုန်ကူးသွားလာရင်း ၊ ကျွန်းပေါ်က အိပ်မက်ဆိုး သတ္တဝါတွေ ရှိတဲ့ နေရာကို ရှောင်ရှားကာ..ကျွန်းရဲ့ တစ်ဖက် အစွန်းနားကို ရောက်လာခဲ့တယ်။
ပုံမှန်အရဆိုရင်တော့ ..ခိုလှုံရာ နေရာကို ရောက်ဖို့အတွက် သူ ဒီကနေ နောက်ထပ် ကျွန်းနှစ်ခုကို ကျော်ဖြတ်ဖို့ပဲ လိုအပ်တာပါ။သို့ပေမယ့် ကျွန်းနှစ်ခုထဲက တစ်ခုက..သေစေနိုင်ပြီး ၊ အတော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့..ပျက်ပြားခြင်းအဆင့် မွန်းစတား ရဲ့ နေထိုင်ရာ အိမ် ဖြစ်နေခဲ့ပါတယ်။ဒီတော့ သူက ကြီးကြီးမားမား ကို ကွေ့ပတ်သွားရပါလိမ့်မယ်။
ဆန်နီ နေကို တစ်ချက်ကြည့်လိုက်ပြီး အစွန်းကနေ နောက်တစ်ကြိမ် ခုန်ချလိုက်တယ်။
ဒီလိုနဲ့ပဲ သူက နာရီအနည်းငယ် အတွင်းမှာတင် တစ်ကျွန်းပြီး တစ်ကျွန်း သွားလာနေခဲ့ပါတယ်။ဖြစ်နိင်တဲ့ အချိန်ဆတွမှာ ဆန်နီဟာ အရိပ်တစ်ခု အဖြစ်ပြောင်းလဲပြီး..သံကြိုးတွေကနေ တဆင့် အလျင်အမြန်ကူးခတ်သွားလာပြီး ၊ အလင်းထဲကို ပြန်ရောက်လာပြီဆိုရင် ကျွန်းတွေ ဆီကို လမ်းလျောက်ပြီး ဖြတ်သန်းပါတယ်။
ကျွန်းတစ်ခုချင်းစီတိုင်းက တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။တစ်ချို့က ပျက်ဆီးပြီး လူသူကင်းမဲ့နေကာ၊ တစ်ချို့က မြစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေ နေခဲ့ပါတယ်။တစ်ခုက လှပတဲ့ အဖြူရောင် ပန်းပွင့်လေးတွေနဲ့ ပြည့်နှက်နေတယ် ဆိုရင် တစ်ခြားတစ်ခုက ရှင်းလင်းပြီး တည်ငြိမ်တဲ့ နေကန်တစ်ခု ဖုံးကွယ်ထားခဲ့ပါတယ်။အချို့ကို ပြာတွေ ၊ မီးတောက်တွေနဲ့ ဖုံးအုပ်ထားပြီး..တစ်ချို့ကို ရှေးဟောင်း နေထိုင်သူတွေ ချန်ထားရစ် ခဲ့တဲ့ အပျက်အစီး တွေနဲ့ ဖုံးအုပ်ထားခဲ့ပါတယ်။
သူတို့ အားလုံးမှာ တူညီတဲ့ အရာကို တစ်ခုပြောပါဆိုရင်တော့...အဲတာက သူ့နည်းလမ်းနဲ့သူ အန္တရာယ် များကြတာပါပဲ။
ပျက်ဆီးနေတဲ့ ကျွန်းတွေက..ကြီးမားတဲ့ ပုရွတ်ဆိတ်ကြီးတွေရဲ့ အိမ်တွေပါ။မြက်တွေ ဖုံးအုပ်ထားတဲ့ သတ္တဝါကြီးရဲ့ ပါးစပ်တွေက..အောက်ဘက်မှာ သူတို့ရဲ့ သားကောင် ရောက်လာမှာကို ပုန်းကွယ်ပြီး စောင့်ဆိုင်းနေခဲ့ကြတယ်။အပင်တွေက သတိမထားမိပဲ အနားကို ကပ်သွားရင် သေစေနိုင်တဲ့ လူသားစား ပင်တွေဖြစ်နေနိုင်ပါတယ်။လှပတဲ့ ပန်းပင်လေးတွေက တစ်ခါတစ်လေမှာ လူသားတွေကို ဘယ်တော့မှ ပြန်လည် မနိုးထလာအောင် အိပ်စက်စေနိုင်တဲ့ အရာလေးတွေပါပဲ။တည်ငြိမ်တဲ့ ရေကန်ကလည်း..ဆန်နီတောင် ရေစပ်နားကို မကပ်ရဲလောက်တဲ့ သတ္တဝါကြီးရဲ့ အိမ်ဖြစ်နေခဲ့ပါတယ်။
ပြီးတော့ ဒီအရာတွေက ချိန်း ကျွန်းစု ရဲ့ အန္တရာယ် အနည်းဆုံး နေရာတွေပါပဲ။သူတို့က ခံတပ်နဲ့ အရမ်းနီးကပ်နေတာကြောင့်..သေချာစူးစမ်းရှာဖွေထားပြီး..ခံတပ်ကို ခြိမ်းခြောက်နိုင်လောက်အောင် အန္တရာယ် ရှိတဲ့ အရာတိုင်းကို သူတော်စင် တီရစ် ကိုယ်တိုင် ဖျက်ဆီးထားပြီးပါပြီ။ဆန်နီလည်း ဒီကျွန်းတွေကို ရောက်ဖူးပြီးသား ဖြစ်တာကြောင့်..လမ်းတွေကို ကောင်းကောင်း သိပါတယ်။
တစ်ခုချင်းဆီတိုက်က အပေါ်မြင့်တက်လိုက်..အောက်ကို နိမ့်ကျလိုက် ဖြစ်နေခဲ့တာပါ။အောက်ကို ဆင်းနေတဲ့ ကျွန်းတွေကို ဖြတ်သန်းရတာက လွယ်ကူပြီး..အပေါ်ကို တက်နေတဲ့ ကျွန်းတွေကိုဖြတ်သန်းတဲ့ အချိန်မှာ ဖိနိုပ်မူ အားရဲ့ အစောပိုင်းအဆင့်တွေကို ခံစားရတာကြောင့် ကြိုးစားပြီး လမ်းလျောက်ရပါတယ်။တကယ်လို့ သူ သွားချင်တဲ့ ကျွန်းက အရမ်း မြင့်မားနေတယ်ဆိုရင် သူက တစ်ခြား လမ်းကြောင်းကို ပြန်ရှာဖွေရပါတယ်။
အတော်ကြာပြီးနောက်မှာတော့..သူ့ရဲ့ အရိပ်အဆီအနှစ် တွေက အန္တရာယ်များလောက် အောင် လျော့နည်းလာခဲ့တယ်။သူ ရပ်နားဖို့ လိုအပ်လာပြီဆိုတာကို သိနေတာကြောင့်..ဆန်နီဟာ လုံခြုံတဲ့ ကျွန်းကို ရွေးချယ်ပြီး ဦးတည်လိုက်ပါတယ်။
မျက်နှာပြင်ပေါ်ကို ဆင်းသက်လိုက်ပြီးနောက်..ဆန်နီဟာ အနက်ရောင် တောင်ပံကို ပင်ပန်းစွာ ဖယ်ရှားရင်းပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
လက်ရှိ သူ ရပ်နေတဲ့ ကျွန်းက ခံတပ်နဲ့ အတော်လေးကို နီးကပ်တာကြောင့် ပုံမှန်အားဖြင့် အိပ်မက်ဆိုး သတ္တဝါတွေ မရှိကြပါဘူး။သို့ပေမယ့်..သေချာအောင်စစ်ဆေးတာက ဥာဏ် အမျှော်အမြင် ရှိရာ ကျပါတယ်။
သူ့ရဲ့ အရိပ်တွေကို မတူညီတဲ့ နေရာတွေကို လွှတ်လိုက်ပြီး..အန္တရာယ်ကို စူးစမ်းလေ့လာခိုင်းလိုက်တယ်။ဆန်နီကတော့ မြေကြီးပေါ်မှာ ထိုင်ပြီး အဆုံးမရှိတဲ့ စမ်းချောင်းကို ထုတ်ယူလိုက်ပါတယ်။သူ့ရဲ့ ဆာလောင်မူကို ငြိမ်းသတ်ပြီး နောက်မှာတော့..သူက တပ္ပလင်ခွေ ထိုင်လိုက်ပြီး..လက်တွေကို ဒူးပေါ်ကို တင်ထားကာ ..မျက်လုံးတွေကို မှိတ်ရင်း ..ဝိဥာဥ်မြွေရဲ့ ရစ်ပတ်မူကို အာရုံစိုက်ထားခဲ့တယ်။
သူ့ရဲ့ စိတ် တစ်ပိုင်း က အရိပ်တွေကနေ တဆင့် ပတ်ဝန်းကျင်ကို ရှာဖွေနေပြီး ၊ နောက်ထပ် တစ်ဝက်ကတော့..အရိပ်အဆီအနှစ်တွေ လှည့်ပတ်တာကို အာရုံစိုက်နေခဲ့ပါတယ်။သူ အတော်ကြာအောင် တရားထိုင်ပြီး နောက်မှာတော့..ရုတ်တရက် မျက်လုံးတွေ ပွင့်လာခဲ့တယ်။
အရိပ်တွေထဲက တစ်ကောင်က စိတ်ဝင်စားစရာ တစ်ခုခုကို သတ်ိထားမိခဲ့တာပါ။