သံလက်ဝါး ကျွန်း
Vol. 26 Ch. 385
ဆန်နီ အနားယူနေတဲ့ ကျွန်းက အတော်လေး ထူးဆန်းပါတယ်။ဒါက အတော်လေးကို ကြီးမားပြီး နူးညံ့တဲ့ မျက်ခင်းတွေနဲ့ ဖုံးအုပ်ထားကာ ၊ ရှေးဟောသိး ကျောက်တုံးတွေက..မြေကြီးရဲ့ ဟိုနား ဒီနား မှာ ရှိနေခဲ့ကြတယ်။သူတို့အများစုက မသိနိုင်တဲ့ ကပ်ဆိုးတစ်ခုကြောင့် အစိတ်စိတ်အမွာမွာ ကွဲကြေ နေခဲ့ကြပါပြီ။မြေကြီးကိုယ်တိုင်ကလည်း ချိုင့်ဝှမ်းတွေ ၊ မညီညာမူ တွေနဲ့ ပြည့်နှက်နေခဲ့ပြီး..သတ္တဝါကြီးတွေရဲ့ တိုက်ပွဲကွင်းပြင်နဲ့တောင် အလားသဏ္ဍာန် တူနေခဲ့တယ်။
ဆန်နီ ဒီလိုမျိုး ဥပမာ ပေးရတာက..တိုက်ဆိုင်မူ တစ်ခုမဟုတ်ပါဘူး။ကျွန်းရဲ့ အဓိက အစိတ်အပိုင်းက..အလယ်ဗဟို တည့်တည့်မှာ တည်ရှိနေတဲ့..သံမဏိ လက်ကြီးပါ။ဒါကြောင့် ဒီကျွန်းကို စိတ်ကူးနဲ့ ပုံဖော်လို့ မရနိုင်တဲ့ သံလက်ဝါး ကျွန်း လို့လည်း ခေါ်ကြပါတယ်။
ဒီနေရာကို အိပ်မက်ဆိုးသတ္တဝါ တွေ တော်ရုံနဲ့ မလာကြတဲ့ အတွက် ခိုလှုံရာမှာ ရှိနေတဲ့ နိးထသူတွေဟာ ဒီနေရာကို သိထားကြပါတယ်။လူသား အများစူက ဒီကျွန်းကို သူတို့ရဲ့ နားနေရာ အဖြစ် အသုံးချကြတာ ချည်းပါပဲ။
သို့ပေမယ့်..ဒီနေ့မှာတော့..ဆန်နီက ဒီငြိမ်းချမ်းတဲ့ ကျွန်းလေးရဲ့တစ်ယောက် တည်းသော လည်ပတ်သူ တစ်ယောက် မဟုတ်ပေ..။
အတော်လေးကို ရုပ်ဆိုးပြီး ရွံ့စရာကောင်းတဲ့ သတ္တဝါတစ်ကောင်က..သံလက်ဝါးရဲ့ အရိပ်မှာ လဲလျောင်းနေခဲ့တယ်။သူ့ရဲ့ သွေးတွေကတော့..ကြီးမားတဲ့ ရေအိုင်ကြီး တစ်ခုလိူတောင် ဖြစ်နေခဲ့ပါပြီ။သူ့မှာ မြွေလိုမျိုး ခန္တာကိုယ် ၊ လူပုံစံ အားကောင်းတဲ့ လက်နှစ်ဖက် ၊ ရှည်လျားတဲ့ ဦးခေါင်းနဲ့..ချွန််ထက်တဲ့ နှုတ်သီး အပါအဝင်..သားရေပါး တောင်ပံ နှစ်ဖက်ပါ ရှိနေခဲ့တယ်။
အခြေအနေကိုကြည့်ရသလောက် ကတော့ ဒီသတ္တဝါက ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဒီကျွန်းပေါ်ကို ဆင်းသက်လာခဲ့တာ ဖြစ်ပြီး..လတ်တလော ဖိနိုပ်မူကြောင့် သေဆုံး သွားခဲ့ရပုံပါပဲ။သူ့ရဲ့ ခန္တာကိုယ်ကကြေမွပျက်ဆီးနေပြီး..ကြေးခွံတွေထဲကနေ အရိုးတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဆန်နီ ရဲ့ စိတ်ဝင်စားမူ တွေက အလိုလျောက်ဖြစ်ပေါ်လာခဲ့တယ်။ဘာလို့လဲဆိုတော့..ဒီလို အခမဲ့ ဝိဥာဥ် အမြုတေ ဆိုတာ နေ့တိုင်းရနိုင်တဲ့ အရာမဟုတ်ပါဘူး။ထပ်ပြောရရင်..အရိပ်ကလည်း..မြေပြင်ပေါ်ကသတ္တဝါကြီးရဲ့လက်ထဲမှာ တစ်ခုခု အရောင်လက်နေတာကို မြင်တွေ့နေရပါတယ်။
'ဟင်..'
ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ..ကျွန်းရဲ့ အလယ်ဗဟိုကို ဦးတည်သွားလိုက်တယ်။
မကြာခင်မှာပဲ သူက သံမဏိ လက်ဝါး ဆီကို ရောက်လာခဲပပြီး..အရိပ်ထဲကို ဝင်သွားကာ သူ့ရဲ့ ထိပ်ပိုင်းကနေ ပြန်ပေါ်လာခဲ့ပါတယ်။မြေပြင် ရဲ့ အထက်ဆယ်မီတာ လောက်မှာ မတ်တတ်ရပ်နေရင်း..အလောင်းကောင်ကို စိုက်ကြည့်ကာ..အရိပ် မတွေ့မြင်တဲ့ တစ်ခုခု ရှိနေသေးလား ဆိုတာ သေချာအောင် လုပ်နေခဲ့တယ်။
...အရာရာတိုင်းက ပုံမှန်ပါပဲ..။
ဆန်နီ အောက်ကို ခုန်ချလိုက်ပြီး..ဧရာမ မွန်းစတား ကြီးရဲ့ ဘေးနားက နူးညံ့တဲ့ မြက်ခင်းပြင်ပေါ်ကို ဆင်းသက်လိုက်ပါတယ်။ပတ်ပတ်လည်ကို လမ်းလျောက်ကြည့်လိုက်ပြီး..မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ သတ္တဝါကြီးရဲ့ လက်အနားကို ချည်းကပ်သွားခဲ့တယ်။သူ့ရဲ့ ရှည်လျားတဲ့ လက်ချောင်းငါးချောင်းမှာ ကြောက်မက်ဖွယ်ရာ လက်သည်းကြီးတွေ ရှိနေခဲ့ပါတယ်။
"အင်း..မင်းက တကယ်ကြောက်စရာ သတ္တဝါပဲ ဖြစ်ရမယ်..ဟုတ်တယ်မလား.."
ဒီသတ္တဝါကြီးကို ဘယ်သူက ဒီလိူ အခြေအနေ ရောက်အောင် လုပ်လိုက်တာလဲ ဆ်ိုတာကို သူ စဥ်းစားစရာ တောင် မလိုအပ်ပါဘူး။ချိန်း ကျွန်းစု ပေါ်မှာက အိပ်မက်ဆ်ိုးသတ္တဝါ တွေက အမြဲတမ်း အချင်းချင်း တိုက်ခိုက်နေကြတာပါ။အတောင်ပံ ပါတဲ့ သတ္တဝါတွေကို အောက်ဘက် အမှောင်ဘက်ခြမ်းမှာ ရှိတဲ့ သတ္တဝါတွေက မကြာခန တ်ိုက်ခိုက်ပြီး အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ကာ ၊ ဝါးမြို ကြပါတယ်။
ဒီလို အခြေအနေတွေကို ကြည့်ရင် ဒီအကောင်က ကံကောင်းတဲ့ တစ်ကောင်ပဲ ဖြစ်ပါလိမ့်မယ်။
ဆန်နီ ရှေ့ကို ကိုင်းလိုက်ပြီး သတ္တဝါရဲ့ လက်ထဲမှာ ရှိနေတဲ့ အရာကို ကောက်ယူပြီး သံသယဖြစ်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်။
"..ဒင်္ဂါးပြား တစ်ခု လား.."
အမှန်တကယ်ပဲ သူ ကိုင်ထားတဲ့ အရာက လေးလံတဲ့ ဒင်္ဂါးပြား တစ်ခုပါ။ဒါက အဓိပ္ပါယ် လုံးဝ မရှိပေ..။
အိပ်မက်ဆိုး သတ္တဝါ တွေက ကုန်သွယ်ရေး တွေကိုနားမလည်သလို ၊ လူသားတွေကလည်း..ဒင်္ဂါးပြားတွေကို မသုံးကြတော့ပေ..။တကယ်လို့ သူတို့က ရောင်းဝယ်ဖို့ လိုအပ်လာကြရင်..သင့်တော်တဲ့ ပစ္စည်းနဲ့ လဲလှယ်ကြသလို ၊ ခရက်ဒက် အမှတ်တွေကို လည်း အသုံးပြုကြပါတယ်။ဒါပေါ့ ခရက်ဒက် အမှတ်တွေက အိပ်မက်ကမ္ဘာထဲမှာ မတည်ရှိပေမယ့် နှစ်ယောက်စလုံး အပြင်ကမ္ဘာကို ရောက်တဲ့ အချိန်ကြရင် ဒီပြောင်းလဲမူကို အတည်ပြုပေးလိူ့ ရပါတယ်။
ဒီတော့ ရွှေဒင်္ဂါး ပြားက ဘယ်ကနေ ရောက်လာတာလဲ...။
ဆန်နီဟာ ရွှေဒင်္ဂါးပြားကို အတော်ကြာအောင် ကြည့်နေပြီးကာမှ တစ်ဖက်ကို လှည့်လိုက်တယ်။တစ်ဖက်မှာတော့ ရှေးဟောငိး သင်္ဘောတစ်စီး နဲ့ ကြီးမားတဲ့ ရွက်တိုင်တစ်ခုရှိကာ..သူ့ပတ်ဝန်းကျင်မှာ သစ်ပင်တစ်ပင် ရှိနေခဲ့ပါတယ်။တစ်ဖက်မှာတော့ လှပတဲ့ လူသား မျက်နှာတစ်ခုက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။သူ့ နှုတ်ခမ်းပေါ်မှာတော့ လွတ်လပ်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်။
ဒီလူသားက..မြင့်မားတဲ့ မေးရိုး ၊ ရှည်လျားတဲ့ ဆံပင်နဲ့ ချောမွေ့တဲ့ မျက်နှာသွင်ပြင်တွေ ရှိနေခဲ့တယ်။ဒီလူသားက ယောက်ကျိားလေး လား မိန်းကလေး လားဆိုတာကို ဆန်နီ မပြောနိုင်ပဲ..ဒီတိုင်း ဆွဲဆောင်မူ ရှိတယ် ဆိုတာကိုသာ ပြောနိုင်ပါတယ်။သူတို့ရဲ့ နှာဖူးမှာတော့ လခြမ်းပုံစံ ရှိနေခဲ့တယ်..ပြီးတော့..ကောင်းပြီလေ , အဲတာ ပဲပေါ့...။
ဆန်နီဟာ ဒင်္ဂါးပြားကို အတော်ကြာအောင်ကြည့်နေပြီး နောက်မှာ အတွေးတစ်ခု ပေါ်လာခဲ့တယ်။
'ဒီအရာက ကျိန်စာသင့်နေတာဖြစ်ရမယ်..ဟုတ်တယ်မလား..'
...သို့ပေမယ့် ဒါက ကျိန်စာသင့်နေပုံ မရပါဘူး။
ဆန်နီက ဒီလိုအရာတွေနဲ့ ပတ်သက်လာရင်တော့ အလိုလို သိစိတ်တစ်ချို့ရှိပါတယ်။သူက ဝီဗာ ရဲ့ တားမြစ် အမွေကို ဆက်ခံထားတဲ့ အမြင်အာရုံလည်းရှိနေတဲ့ လူတစ်ယောက်ပါ။
ဒင်္ဂါးရဲ့ မျက်နှာပြင်အောက်ကို ကြည့်လိုက်တဲ့ အချိန်မှာ ..ဆန်းကျယ်တဲ့ မှော်စွမ်းအင်လှိုင်း တွေ ဒါမှမဟုတ်..အနည်းဆုံးတော့ တစ်ခုခု ထူးခြားတာကို တွေ့ရမယ် လို့ ဆန်နီ မျှော်လင့်ထားခဲ့ပေမယ့်..ဘာမှရှိမနေခဲ့ပါဘူး။
ကြည့်ရသလောက်တော့..ဒင်္ဂါးပြားက..ဒီတိုင်း သာမန် ဒင်္ဂါးပြားပါ။
တစ်ခုတည်းသော ထူးဆန်းတဲ့အရာက ထိလိုက်လို့ရှိရင်..အနည်းငယ် နွေးထွေးနေပုံ ရတာပါပဲ။
"ဟင်.."
တကယ်လို့ သူသာ အိပ်မက်ကမ္ဘာထဲက ဒင်္ဂါးပြားကို ယူလာရင် ဆရာ ဂျူလီယက်ကတော့ အတော်ပျော်ရွှင်နေတော့မှာပါ။ဒီလို ယဥ်ကျေးမူဆိုင်ရာ ပစ္စည်းတွေက အတော်လေး ရှားပါးလှပါတယ်။ဒါက ဆန်နီအတွက် အမှတ်တွေကို ရနိုင်မှာမဟုတ်ပေမယ့်..အဖိုးအိုက တော့ ပျော်ရွှင်နေမှာ အသေအချာပါပဲ။
ဆန်နီ ပုခုံးတွန့်လိုက်ပြီး ဒင်္ဂါးပြားကို သူ့ အိတ်ထဲကိုထည့်လိုက်ကာ သေနေတဲ့ မွန်းစတား ဘက်ကို လှည့်လိုက်တယ်။
"အမြုတေ ဘယ်နှစ်ခုလောက် မင်း ဝှက်ထားလဲဆိုတာကို ကြည့်ကြတာပေါ့..။ရုပ်ဆိုးတဲ့ ပုတ်သင်ညို "
သူ လအမြုတေကို ထုတ်ယူလိုက်ပြီး အရိပ်နှစ်ခုနဲ့ အားဖြည့်လိုက်ကာ..မာကျောတဲ့ အိပ်မက်ဆိုး သားရဲကို စတင် လှီးဖြတ်လိုက်တယ်။အတော်ကြာပြီးနောက်မှာတော့ ကံတရားက သူ့ဘက်မှာ ရှိနေခဲ့ပါတယ်။သူက အလျငိအမြန်ဆိုသလိုပဲ..ဝိဥာဥ် အမြုနေ နှစ်ခုကို ရရှိလိုက်တယ်။တကယ်တော့..သူ့ရဲ့ အလောင်းထဲမှာ တတိယ အမြုတေ တစ်ခု ရှိနေသေးတာကို ဆန်နီ သေချာသိနေခဲ့ပါတယ်။
" နတ်မိစ္ဆာ တစ်ကောင်ပေါ့..ဟင်.."
အဲ့အချိန်မှာပဲ သူ့ရဲ့ ကံကောင်းမူတွေ ပြီးဆုံးသွားခဲ့တာပါ။နတ်မိစ္ဆာရဲ့ ခန္တာကိုယ်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားခဲ့တာကြောင့်..သူ တတိယ အမြုတေကို ယူဖို့ကြိုးစားလိုက်တဲ့ အချိန်မှာ.သူ့ရဲ့ ဝမ်းဗိုက် ပွင့်ထွက်သွားပြီး အတွင်း ကလီစာတွေ အားလုံး မြေကြီးပေါ်ကို ပျံ့ကြဲသွားခဲ့တယ်။
"အား..ချီးပဲ..."
ဆန်နီဟာ ဒီလို ရွံ့ရှာဖို့ကောင်းတဲ့ ချွဲပျစ်ပျစ် အရည်တွေနဲ့ စိုရွဲသွားမှာကို အတော်လေး စက်ဆုပ်တာကြောင့်..မသိစိတ်အရ မီတာအနည်းငယ် အကွာကို အရိပ်ကတဆင့် ရောက်သွားခဲ့ပါတယ်။
ယင်းနောက် သူ စိတ်ဝင်စားတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်။
ရွံ့စရာ ၊ ပျစ်ချွဲနေတဲ့ အရည်တွေ ကြားထဲမှာတော့ ဒင်္ဂါးပြား သုံးပြား ထပ်ရှိနေခဲ့တယ်။အလားတူစွာပဲ သစ်သားသေတ္တာ နဲ့ တူညီတဲ့ အပိုင်းအစတစ်ခုက စိုရွဲနေတဲ့ မြက်တွေပေါ်မှာ ရှိနေခဲ့ပါတယ်။
'ဒီငနဲ က ..ရတနာ သေတ္တာကို ဝါးမြိုဖို့ ကြိုးစားခဲ့တာလား...'
ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး ရွံ့စရာ အရှုပ်အထွေးတွေကို ကွေ့ပတ်သွားလိုက်ကာ..တတိယမြောက် အမြုတေကို ထုတ်ယူလိုက်တယ်။
ရွှေဒင်္ဂါးတွေက သူ့အတွက် အသုံးမဝင်တဲ့အပြင် ၊ သူ့မှာလည်းတစ်ခု ရှိနေပြီးပြီ ဖြစ်တာကြောင့်..ကျန်တဲ့အရာတွေကို ယူဖို့ သူ စိတ်မဝင်စားတော့ပါဘူး။
'မလိုတော့ဘူး..ကျေးဇူးပဲ...'
အဲ့အချိန်မှာတော့..သူ့ရဲ့ အရိပ်အဆီအနှစ်တွေက ခံတပ်ကို ပြန်ဖို့အတွက် လုံလောက်အောက် ပြန်ပြည့်နေခဲ့ပါပြီ။ဒီတော့ သူက ဒီကျွန်းမှာ ဆက်နေစရာ အကြောင်းတရား ထပ်ပြီး မရှိတော့ပေ။
သံမဏ်ိ လက်ဝါးကို နောက်ဆုံးတစ်ကြိမ် တစ်ချက်ကြည်လိုက်ပြီး..၊ သီအိုရီအရ ဒီလောက်ကြီးမားတဲ့ အရာကြီးက ဘယ်လို ထိခိုက်မူက ခန္တာကိုယ်ကနေ ကွဲထွက်စေခဲ့တာလဲ ဆိုတာ စဥ်းစားရင်း ကျွန်းရဲ့ အစွန်းဖက်ကို လျောက်လာခဲ့ပါတယ်။
နေက ကျဆင်းနေပြီဖြစ်တာကြောင့်..သူက ခံတပ်ကိုပြန်ပြီး မနက်ခင်း မရောင်ခင် ထွက်ပေါက်ကို အသုံးပြုဖို့အတွက် ဆိုရင်..အချိန်သိပ် မကျန်တော့ပေ။