← Chapters

နိုတစ် မြင့်မြတ်နယ်မြေ

Vol. 26 Ch. 386

နိုတစ် မြင့်မြတ်နယ်မြေ

Vol. 26 Ch. 386

မကြာခင်မှာပဲ ဆန်နီဟာ နောက်ဆုံး ချိန်းကြိုးပေါ်မှာလမ်းလျောက်နေခဲ့ပြီး နိုတစ် မြင့်မြတ်နယ်မြေ နဲ့ နီးကပ်လာခဲ့တယ်။

အဲ့အချိန်မှာတော့ ညဘက်ကို ရောက်နေခဲ့ပါပြီ။ကောင်းကင်ထက်မှာတော့..လခြမ်းရဲ့ အလင်းရောင်က ဆင်စွယ်ရောင် တာဝါ ရဲ့ နံရံပေါ်ကို ကျရောက် အလင်းပြန် နေခဲ့တယ်။မှောင်မိုက်နေတဲ့ ညဘက်အလင်းရောင် ပေါ်မှာတော့..မရေမတွက်နိုင်တဲ့ ကြယ်တွေက ထွန်းလင်းတောက်ပ နေခဲ့ပါတယ်။ဆန်နီ နေထိုင်ခဲ့တဲ့ မြို့ကြီးကလို အလင်းညစ်ညမ်းမူ တွေ မရှိတာကြောင့်..ကြယ်ပွင့်တွေက လှပစွာ တောက်ပနေခဲ့ကြတယ်။

မေ့ပျောက်ကုန်းမြေပေါ်မှာလည်း..ကြယ်တွေ တစ်စင်း မှ မရှိတာကြောင့်..ဒီမြင်ကွင်းက သူ့အတွက်တော့ အရမ်းကို ဆန်းသစ်နေပြီး အသက်ရူ မှားလောက်အောင် ဖြစ်စေပါတယ်။

အခုလို ညအချိန်မှာတော့..အထက်ကောင်းကင်ယံ နဲ့ အောက်ဘက် ကောင်းကင် ရဲ့ ကြားက နယ်နိမိတ်က မမြင်ရနိုင်လောက် အောင် ဖြစ်နေခဲ့တယ်။ကျွန်းစု တွေ ရဲ့ အောက်ဘက်က လေဟာနယ်ပြင်မှာလည်း သူ့ရဲ့ ကိုယ်ပိုင်ကြယ်ပွင့်တွေ ရှိနေခဲ့ပြီး..ဒီရီပိုင်းတွေမှာ အစစ်အမှန် ကောင်းကင်ကို အလင်းပြန်သလိူ ဖြစ်နေခဲ့ပါတယ်။သူတို့ကြားထဲက တစ်ခုတည်းသော..ကွာခြားချက်ကတော့..အောက်ဘက် ကောင်းကင်ယံမှာ..လ နဲ့ တိမ်တိုက်တွေ ကြားထဲကအဖြူရောင် တာဝါရဲ့ နူးညံ့တဲ့ ပုံရိပ်တို့ မရှိကြပါဘူး။

ဆန်နီ လမ်းလျောက်နေတဲ့ အချိန်မှာတော့..ချိန်း ကြိုးက လှုပ်ယမ်းနေခဲ့တယ်။သူက ခံတပ်နဲ့ နီးကပ်နေတဲ့ အချိန်မျိုးမှာ အရိပ်ခြေလှမ်းကို အသုံးမပြုချင်တာကြောင့်..ညဘက်ကောင်းကင်ယံ ရဲ့ လှပတဲ့ မြင်ကွင်း၊ သန့်ရှင်းသော လေ ကို ရူရှိုက်ရတဲ့ အရသာ နဲ့..အေးမြတဲ့ လေထုရဲ့ ပွေ့ဖက်ခံထားရမူကို ခံစားနေခဲ့ပါတယ်။ဒီတော့..သူက သူ့ ရဲ့ ပြန်လာတဲ့ နောက်ဆုံးခရီး ကို ခြေထောက်နဲ့ လမ်းလျောက်ဖို့သာ ရွေးချယ်လိုက်ပါတယ်။

...တစ်ခါတစ်လေမှာ..ငရဲ ကတောင် လှပနေခဲ့တာပဲ။

မိနစ် အနည်းငယ်ကြာပြီးနောက်မှာတော့ ၊ ဆန်နီဟာ ရေစီးဆင်း သံ တွေကိုကြားလိုက်ရတာကြောင့် ခံတပ်ဆီကို ရောက်နေပြီ ဆိုတာကို တွေ့လိူက်ရပါတယ်။

ချိန်း ကျွန်းစု ပေါ်က နိုးထသူတွေ အားလုံးရဲ့ အိမ်အဖြစ်ရှိနေတဲ့ ခံတပ်က..သေးငယ်တဲ့ ကျွန်းလေး ပေါ်မှာ ရှိနေခဲ့တာပါ။သို့ပေမယ့် ဒီကျွန်းလေးက..အတော်လေး..တည်ငြိမ်မူရှိပါတယ်။ဒီကျွန်းက တစ်ခြားကျွန်းတွေလို မြင့်တက်ခြင်း ၊ ကျဆင်းခြင်း မရှိပဲ..အမြင့်တစ်နေရာတည်းမှာပဲ ရှိနေတာကြောင့်..ဖိနိုပ်တဲ့ အားတစ်ရပ်ကို မခံစားကြရပေ။

အဲဒီမှာတော့ မျက်ခင်းပြင်ကြီးတစ်ခု ရှိနေခဲ့ပြီး သူ့ရဲ့အလယ်မှာတော့..ကြီးမားတဲ့ ကျောက်တိုင်ကြီးတွေက ပြီးပြည့်စုံတဲ့ စက်ဝန်းပုံစံ ရှိနေခဲ့ပါတယ်။ဒီကြီးမားတဲ့ အဝိုင်းကြီးက..ခံတပ်ရဲ့ အပြင်ဘက် နံရံ အဖြစ် ..ဖွဲ့စည်းထားခဲ့ပြီး..သေးငယ်တဲ့ စက်ဝန်းတွေကတော့ အတွင်းဘက် နံရံတွေ အဖြစ်ရှိနေခဲ့တယ်။

စက်ဝိုင်းအတွင်းမှာတော့ အေးချမ်းတဲ့ ပန်းခြံတစ်ခုရှိပြီး၊ အလယ်ဗဟို မှာ သန့်ရှင့်တဲ့ ရေတွေပါဝင်တဲ့ ရေကန် တစ်ခု ရှိနေခဲ့ပါတယ်။ကျောက်ခင်းလမ်းကြောင်းတစ်ခုက ရေကန်ရဲ့အလယ်မှာရှိတဲ့ ကျွန်းငယ်လေးဆီသို့ ဦးတည်ထားခဲ့တယ်။အဲဒီနေရာမှာတော့ ရှေးဟောင်းသစ်ပင်ကြီးရဲ့ အရိပ်အောက်မှာအဖြူရောင် စကျင်ကျောက်တွေနဲ့ ထွင်းထုထားတဲ့ ယဇ်ပုလ္လင်တစ်ခု ရှိနေခဲ့ပါတယ်။

ယဇ်ပလ္လင် မှာတော့ ထူးခြားတဲ့ အချက်သုံးချက် ရှိနေခဲ့တယ်..။

ပထမတစ်ချက်ကတော့..ပလ္လင်ရဲ့ မျက်နှာပြင်ပေါ်မှာ တင်ထားတဲ့. အိုဆီဒီယန် ဓားတစ်ချောင်းပါ။ဓားရဲ့ ပုံစံက ဘာမှသိပ်ပြီး ထူးခြားတဲ့ ပုံမရပေမယ့်..သူတောင်စင် အပါအဝင် ..ဘယ်သူကမှ ယဇ်ပလ္လင် ပေါ်ကနေ တစ် စင်တီမီတာလောက် ကြွလာအောင် မ , မ နိုင်ကြပါဘူး။

ဒုတိယ ထူးခြားတဲ့ အချက်ကတော့..ယဇ်ပလ္လင် ကိုယ်တိုင်က ထွက်ပေါက် တစ်ခု ဖြစ်နေတာပါပဲ။တစ်စုံတစ်ယောက်က ပုလ္လင်ကို ရိုးရှင်းစွာ ထိတွေ့လိုက်တာနဲ့ အစစ်အမှန် ကမ္ဘာကို ပြန်ရောက်သွားနိုင်ပါတယ်။ပလ္လင်နဲ့ ချိတ်ဆက်ထားတဲ့ နိုးထသူ တွေဟာ အစစ်အမှန် ကမ္ဘာမှာ အိပ်ပျော်သွားတာနဲ့ ယဇ်ပုလ္လင်ရဲ့ ဘေးနားမှာ ပြန်လည် ပေါ်ထွက်လာပါလိမ့်မယ်။

တတိယ ထူးခြားတဲ့ အချက်ကတော့ ဒီ ယဇ်ပလ္လင်ကနေ အဆက်မပြတ် စီးဆင်းနေတဲ့ ရေတွေ ထွက်ပေါ်နေပြီး..ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရေကန်ထဲကို စီးဝင်သွားတာပါပဲ။ဒီရေတွေက ဘယ်ကနေ ရောက်လာတာလဲ ဒါမှမဟုတ် ယဇ်ပုလ္လင်က ဘာလို့ ဒီရေတွေကိုထုတ်ပေးနေကြတာလည်း ဆ်ိုတာကို ဘယ်သူမှ မသိကြပေ..။သို့ပေမယ့် ဒီရေတွေက အေးမြ ၊ ချိုအေး ပြီး သောက်ဖို့အတွက် လုံခြုံပါတယ်။

ရေကန် ကနေ စမ်းချောင်းခုနှစ်ခု အဖြစ် ခွဲထွက်သွားပြီး ကျွန်းရဲ့ အစွန်းနားအထိ စီးဆင်းသွားကာ..နောက်ဆုံးမှာ အောက်ကို ကျဆင်းသွားပြီး ရေမှုန်လေးတွေ အဖြစ် ပြောင်းလဲပျောက်ကွယ်သွားခဲ့ပါတယ်။တောက်ပတဲ့ နေ့တွေမှာဆိုရင်တော့..ခံတပ်တစ်ခုလုံးကို သက်တံ များနဲ့ ဝန်းရံထားတာကို တွေ့ရတယ်။

ဆန်နီ ခံတပ်နားကို ကပ်လာတုန်း ကြားရတဲ့ အသံတွေက ဒီရေတံခွန်တွေကနေ စီးကျနေတဲ့ ရေ သံတွေပါ။

အနက်ရောင်တောင်ပံ ကို အသုံးပြုပြီး အပေါ်ကို အနည်းငယ် ခုန်တက်လိုက်ကာ..ကျွန်းရဲ့ နူးညံ့တဲ့ မျက်ခင်းပြင်ပေါ်မှာ ဆင်းသက်လိုက်ပါတယ်။ယင်းနောက် အနားမှာ ရှိနေတဲ့ ကျောက်တိုင် ဆီကို လျောက်သွားကာ..ချိတ်ဆွဲထားတဲ့ ကြေးခေါင်းလောင်း ကို တီးလိုက်တယ်။ဒါကတော့ သူက လူသားတစ်ယောက် ဖြစ်ပြီး..တိုက်ခိုက်ရမယ့် အိပ်မက်ဆိုး သတ္တဝါ မဟုတ်ဘူး ဆိုတာကို အချက်ပေးလိုက်တာပါ။

မကြာခင်မှာပဲ..အမှောင်ထုထဲကနေ ဝစီသံ တစ်ချက်ထွက်လာခဲ့တာကြောင့်..ဆန်နီဟာ..ကျောက်တိုင်တွေဆီကို ဦးတည်ထားတဲ့ လမ်းကြောင်း ပေါ်ကို တက်သွားခဲ့ပါတယ်။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့..သူက ကြီးမားတဲ့ ကျောက်တုံးကြီး နှစ်ခုကြားထဲကို လျောက် ဝင်သွားပြီး..နိုတစ် မြင့်မြတ်နယ်မြေ ထဲကို ဝင်သွားခဲ့တယ်။

နိုတစ် ဘယ်သူလဲ ဆိုတာကို..ဘယ်သူမှ အမှန်တကယ် မသိကြပေ။ဒီနေရာကို ဘာလို့ အဲလို ခေါ်တာလဲ ဆ်ိုတာကိုလည်း..မသိပါဘူး။ဒီနာမည်က သက်ရှိ သတ္တဝါ တစ်ယောက်နဲ့ ဆက်နွယ်နေတာလည်း ဖြစ်နိုင်ပါတယ်။အခိုက်အတန့်က ဒီနေရာကို အဲလိုခေါ်နေလို့ ..လူသားတွေလည်း ဒီလို လိုက်ခေါ်ခဲ့ကြတာပါ။

ကျောက်တိုင်ကြီး နှစ်ခုရဲ့ အကြားမှာရှိတဲ့ နေရာကိုတော့..နိုးထသူ တွေအတွက်..ချိန်းကျွန်းစုကို စွန့်စားခန်း ထွက်တဲ့ အချိန်မှာ အနားယူရာ နေရာတွေ အဖြစ် ဖန်တီးထားခဲ့ပါတယ်။အဖြူရောင် တောင်ပံ ကလန်က ဒီကျောက်တုံးတွေ ကြားထဲမှာ နေထိုင်စရာ နေရာကို ဖန်တီးပြီး..ဒီနေရာကို ရောက်လာကြတဲ့ သူတွေ ဒါမှမဟုတ်..အခိုက်အတန့်က စေလွတ်လိုက်တဲ့ လူတွေအတွက် ပိုမိုကောင်းမွန်တဲ့..နေထိုင်မူ ပတ်ဝန်းကျင် ဖြစ်စေဖို့ အတွက်..အသုံးဝင်တဲ့ ဘက်စုံသုံး ကဏ္ဍ စွမ်းရည် ရှိသူတွေကို စုဆောင်းထားခဲ့ပါတယ်။

လတ်တလောမှာတော့..ခံတပ်မှာ နိုးထသူပေါင်း နှစ်ရာခန့် ရှိနေပြီး..ဒီနေရာကို ပုံမှန်လည်ပတ်နိုင်ဖို့ နဲ့ ဘေးကင်းလုံခြုံဖို့ အတွက် ..လုံလောက်မူ ရှိပါတယ်။

ဒီလ်ို ညနက် အချိန်မှာဆိုရင် လူအများစုက..အိပ်စက်တာ ၊ အနားယူတာ ဒါမှမဟုတ် အစစ်အမှန် ကမ္ဘာကို ပြန်တာတွေကို လုပ်ပြီးကြလောက်ပါပြီ။ဒါကြောင့် ဆန်နီ သူ နေထိုင်ရာအခန်းကို သွားနေတဲ့ အချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ခဲ့ပေ။

ဒီမှာရှိနေတဲ့ တစ်ခြားသူတွေလိုပဲ..သူက ဒီနယ်မြေကိုရွေးချယ်အပြီးမှာ သေးငယ်တဲ့ အခန်းတစ်ခန်းကို ရရှိထားပါတယ်။ဒါက ဝင်ပေါက် နှစ်ပေါက် ထဲက တစ်ပေါက် အနားမှာ ရှိနေတာကြောင့် သူ အကြာကြီး လမ်းလျောက်ဖို့ မလိူအပ်ခဲ့ပေ။

အခန်းထဲကို ရောက်တာနဲ့ ဆန်နီဟာ သူ့ရဲ့ အိတ်ကို ချွတ်ပြီး..သူ့ ယူလာတဲ့ ပစ္စည်းတွေဖြစ်တဲ့ - ဝိဥာဥ် အမြုတေ တွေ ၊ ထူးဆန်းတဲ့ ပုံစံနဲ့ သစ်သီးအချို့ ၊ နဲ့ ရွှေဒင်္ဂါး တို့ကို အိပ်ယာနားကို သေတ္တာထဲကို ထည့်လိုက်ပါတယ်။ယင်းနောက် သူ့ရဲ့ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်ကို ပစ်လိုက်ကာ..အနည်းငယ်တွေဝေပြီး ထွက်ခွာသွားခဲ့တယ်။

ပုံမှန်အားဖြင့်..မီးဖိုချောင် ဒါမှမဟုတ် ပန်းခြံမှာ ရှိတဲ့ ယာယီ စျေး ကိုသွားပြီး..မှတ်သားမူတွေ ၊ ခရက်ဒက် အမှတ်တွေ အလဲအလှယ်လုပ်တာ ၊ တစ်ခြားနိုးထသူတွေနဲ့ စကားပြောပြီး နောက်ဆုံးရသတင်းတွေကို နားထောင်တာ ၊ ပြီးတော့ ကျွန်းစူ တွေရဲ့ အရေးကြီးတဲ့ အချက်လက်တွေကို နားထောင်တာတွေကို လုပ်လေ့ရှိပါတယ်။ဒါမှမဟုတ် ရိုးရှင်းစွာ အနားယူတာ မျိုးပါ..။သို့ပေမယ့် ဒီနေ့မှာတော့..သူက အစစ်အမှန် ကမ္ဘာကို အမြန် ပြန်ချင်နေခဲ့တယ်။

ပန်းခြံထဲကို ရောက်တဲ့ အချိန်မှာတော့ ဆန်နီဟာ သန့်ရှင်းတဲ့ ရေကန် နားကို ကပ်သွားပြီး..ယဇ်ပလ္လင် ကျွန်းဆီကို ဦးတည်ထားတဲ့ လမ်းကို ခြေချလိုက်တယ်။

မကြာခင်မှာပဲ..သူက အသံမြည်နေတဲ့ သစ်ရွက်တွေနဲ့ စီးဆင်းနေတဲ့ ရေတွေ ရဲ့ ဝန်းရံခြင်းကို ခံထားရတဲ့..အဖြူရောင် ယဇ်ပလ္လင်ရဲ့ ရှေ့မှာ ရပ်နေခဲ့ပါတယ်။အပေါ်မှာ ရှိနေတဲ့ မီးတောင်ကျောက် ဓားကို တစ်ချက်ကြည့်လိုက်ပြီး ဆန်နီ မ ကြည့်ချင်စိတ်ကို မနည်းထိန်းထားရတယ်။အရင်တုန်းကလည်း သူ အကြိမ်ပေါင်းများစွာ မကြည့်ပြီးပြီ ဖြစ်ပေမယ့်..ဘာရလာဒ်မှ ထူးမလာ ခဲ့ပါဘူး။

'...တစ်နေ့တော့ ဖြစ်နိူင် မှာပါ...'

သက်ပြင်းတစ်ချက်ချလိုက်ပြီး ၊ သူ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ကာ..ယဇ်ပလ္လင်ကို လက်နဲ့ ထိတွေ့လိုက်တယ်။

မာဗယ်ကျောက်က အတော်လေး ထိတွေ့လို့ ကောင်းပါတယ်..။

ခနအကြာမှာတော့ ..ညအချိန် ရဲ့ အမှောင်ထုဟာ တဖျတ်ဖျတ် တောက်ပလာတဲ့ အပြာရောင် အလင်းရောင်အောက်မှာ ခနလောက် လင်းထိန်သွားခဲ့တယ်။အလင်းပျောက်ကွယ် သွားတဲ့ အချိန်မှာတော့ ရှေးဟောင်း သစ်ပင်ကြီးရဲ့ အကိုင်းအခတ်တွေ အောက်မှာ..ဘယ်သူမှ ရပ်မနေတော့ပါဘူး။

ဆန်နီက အိပ်မက်ကမ္ဘာထဲကနေ ထွက်ခွာပြီး အစစ်အမှန် ကမ္ဘာဆီကို ပြန်သွား ခဲ့ပါပြီ။

All Chapters