ညှ်ိုးနွမ်းနေသော ပန်းပွင့်များ
Vol. 26 Ch. 387
ဆန်နီဟာ ..အိပ်စက်တဲ့ ဖန်သားပြင် ထဲက သက်သောင့်သက်သာ ရှိတဲ့ နေရာမှာ မျက်လုံးတွေ ပွင့်လာခဲ့တယ်။အဖုံးက..ဘေးဘက်ကို ပွင့်သွားခဲ့ပြီဖြစ်ပြီး အခန်းထဲက အလင်းရောင် တွေက ပိုမိုတောက်ပလာခဲ့ပါတယ်။သူ့ရှေ့မှာရှိနေတဲ့ မြင်ကွင်းကျယ် နံရံ တွေက ဆေးရုံပန်းခြံ တွေထဲက တစ်ခုရဲ့ မြင်ကွင်းကို ပြသထားခဲ့ပါတယ်။
အရှေ့ဘက် မိုးကုတ်စက်ဝန်းက..ထွက်ပေါ်လာတဲ့ နေကြောင့် ခရမ်းရောင်သန်းနေပေမယ့်..ကမ္ဘာကြီးကတော့ အမှောင်ထုထဲမှာ ရှိနေဆဲပါပဲ။
'..လုပ်နိုင်ခဲ့ပြီ...'
သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ သေတ္တာထဲကနေ ထကာ..အေးစက်တဲ့ ကြမ်းပြင်ပေါ်ကို ခြေထောက်ချလိုက်တယ်။
အိပ်မက်ကမ္ဘာထဲကနေ ထွက်လာပြီးပြီးချင်း အခုလိုမျိုး ပထမဆုံးအကြိမ် ခံစားမူက သူ့အတွက်တော့ ထူးဆန်းနေဆဲပါပဲ။ဒါက..ဒါက..မွန်းစတား ပင်လယ်ပြင်ကြီးတွေ ၊ တယ်ရာတွေ ၊ ပူဆွေးမူတွေ နဲ့ နာကျင်မူတွေ တစ်ခုမှ မခံစားရပဲ အလွယ်တကူ လွတ်မြောက်လာတာကကို ထူးဆန်းနေခဲ့တာပါ။အရမ်း အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုက ဘယ်လိူလုပ် ရိုးရှငိးနေရတာလဲ..။
ဒါတောင်မှ ဒီလိုဖြစ်နေပါသေးတယ်။လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ အိပ်မက်ကမ္ဘာထဲကနေ သွားလိုက် လာလိုက် လုပ်နေတာက သူ့အတွက်..ပုံမှန်ဖြစ်နေခဲ့ပါပြီ။သူက တစ်ခြားနိုးထသူ တွေလောက်တော့ မကြာခန သွားလိုက် ပြန်လိုက် မလုပ်ပါဘူး။
ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး မျက်နှာရှုံ့မဲ့သွားကာ ၊ သူ့ ပုခုံးတွေကို နိုပ်ရင်း..အိပ်စက်ခြင်း ဖန်သေတ္တာကို နက်မှောင်စွာကြည့်လိုက်တယ်။
အခု သူက အိပ်စက်သူတစ်ယောက်ဖြစ်နေပြီ ဖြစ်တာကြောင့်..အကယ်ဒမီက သူ့ကို သီးသန့်အခန်းတစ်ခု ပေးထားပါတယ်။ဒီဘက်ရပ်ကွက်က..သူ အိပ်မက်ကမ္ဘာထဲကို ပထမဆုံးအကြိမ် မဝင်မှီမှာ ပြင်ဆင်မူတွေ လုပ်ရင်း နေခဲ့ရတဲ့ နေရာနဲ့ အတူတူပါပဲ။ကွဲပြားသွားတဲ့ အချက်ကတော့ တစ်ခုတည်းရှိပါတယ်။အဲတာကတော့ ဒီအခန်းထဲမှာ တရားထိုင်ဖို့အတွက် နေရာလွတ်တစ်ခု နဲ့..သီးခြား အိပ်စက်ခြင်း ဖန်သေတ္တာ ပါဝင်နေတာပါပဲ။
ပြသနာကတော့..ဒီ သေတ္တာက အဆင့်မြင့်နည်းပညာတွေနဲ့ ပြုလုပ်ထားတာ မဟုတ်ပဲ ၊ အိပ်စက်သူတွေ အသုံးပြုဖို့ အတွက် ထုတ်လုပ်ထားပုံရပါတယ်။အများစု နေထိုင်ကြသလိုပဲ နိုးထသူ တစ်ယောက်က အိပ်မက်ကမ္ဘာထဲမှာ အချိန် ၈ နာရီ ကနေ ၁၂ နာရီလောက်အထိ နေထိုင်မယ် ဆိုရင်ဒါက အဆင်ပြေနိုင်ပေမယ့်..ဆန်နီ ကတော့ အချိန်တွေ ပိုပြီး လိုအပ်ပါတယ်။
ဥပမာ အနေနဲ့ သူ့ရဲ့ လတ်တလော ခရီးထွက်မူ ဆိုရင် သုံးရက် လုံးလုံး ကြာမြင့်ပါတယ်။ဘာပဲဖြစိဖြစ် သူက နောက်ကျ မကျန်ခဲ့အောင် ကြိုးစားအားထုတ်ဖို့လိုအပ်နေခဲ့တာပါ။ရလာဒိ အနေနဲ့ သူ့ရဲ့ ကြွက်သားတွေက နာကျင်ပြီး လေးလံနေခဲ့ပါတယ်။
သူ့ရဲ့ ခန္တာကိုယ်ထဲမှာ အဆီအနှစ် တွေကို လှည့်ပတ်လိုက်ပြီး အိပ်စက်မူ အကြွငိးအကျန် တွေကို မောင်းထုတ်လိုက်တယ်။ဆန်နီ ရေချိုးခန်းထဲကို သွားပြီး ရေချိုးလိုက်ပါတယ်။ရေတွေက သူ့ရဲ့ အရည်ပြားကို ထိတွေ့ပြီး ရစ်ပတ်နေတဲ့ အနက်ရောင်မြွေကို ဖြတ်သန်းကာ အောက်ကို ပြုတ်ကျသွားတဲ့ အချိန်မှာတော့ သူ သက်ပြင်းချလိုက်ပြီး မျကိလုံးတွေကို ခနလောက် မှိတ်ထားလိုက်ပါတယ်။
အနည်းဆုံးတော့ သူ့ စိတ်တွေ လတ်ဆတ်နေတာ ခံစားရပါတယ်။အိပ်မက်ကမ္ဘာထဲကို အလည်အပတ်သွားရတာက ကောင်းကောင်း အိပ်စက်အနားယူရတာ နဲ့ မတူညီပါဘူး။သို့ပေမယ့် နည်းနည်းတော့ ဆင်တူပါတယ်။စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွယ်နယ်မူတွေ နည်းနည်းချင်းစီ ဖြစ်ပေါ်လာနိုင်ပေမယ့်..ဒါကို တရားထိုင်ခြင်း ဒါမှမဟုတ် အိပ်မက်ကမ္ဘာထဲမှာ အိပ်စက်ခြင်း နဲ့ အလွယ်တကူ ဖယ်ရှားလို့ရပါတယ်။နိုးထသူ အများစုကတော့ ဒီလို သိပ်မလုပ်ကြပါဘူး။ဒါက အိပ်မက်ကမ္ဘာထဲမှာ အမှန်တကယ် လုံခြုံတဲ့ နေရာမျိုး ဆိုတာ မရှိလို့ပါ။
အချိန်တစ်ချို့ကြာအောင် ရေချိုးပြီးတဲ့ နောက်မှာတော့ ဆန်နီဟာ နောက်ဆုံးမှာ အပြည့်အဝ နိုးထသွားခဲ့ပြီး.ခွန်အားတွေ ပြည့်ဝ သွားခဲ့တယ်။သူ အဝတ်အစားလဲ ၊ စားပွဲပေါ်မှာ ထိုင်လိုက်ပြီး နောက် အလျင်အမြန်ပဲ လတ်တလော စူးစမ်းရှာဖွေမူအတွက် အစီရင်ခံစာ တစ်စောင်ကို ချရေးလိုက်ပါတယ်။ယင်းနောက် သူ ဆက်သွယ်ရေး စက်ကို ကောက်ယူပြီး စစ်ဆေးလိုက်တယ်။
ဖုန်းခေါ်ဆိုမူ မရှိပဲ ၊ အယ်ဖီဆီကနေ သူမအရသာရှိတဲ့ အစားအသောက်တွေ စားနေတဲ့ ဓာတ်ပုံတွေနဲ့
မက်ဆေ့အချို့ ၊ သဘာဝတရားကို မေးခွန်းထုတ်ထားတဲ့..ဟာသအချို့ နဲ့ ဘတ်ရှင် မှာ နေရတဲ့ အတွေ့အကြုံတွေကို ပြောပြထားတဲ့ ကိုင် ဆီက မက်ဆေ့ အနည်းငယ် ရှိနေခဲ့ပါတယ်။
ဆန်နီ ခနလောက် စောင့်နေပြီးကာမှ သက်ပြင်းချပြီး ဆက်သွယ်ရေးစက်ကို အောက်ကို ချလိုက်တယ်။
"မနက်စာ စားဖို့ အချိန်ကျပြီ "
သာမန်လူတစ်ယောက်လို ဖြစ်အောင် သူ့ရဲ့ အရိပ်တစ်ခုကို ခန္တာကိုယ်မှာ ရစ်ပတ်ထားစေပြီးနောကိ ၊ ဆန်နီဟာ အခန်းထဲကနေ ထွက်လာခဲ့တယ်။
ကဖေးဆိုင်ကို သွားတဲ့ လမ်းမှာတော့ သူက တစ်ခြားနိုးထသူ တစ်ချို့နဲ့ တွေ့ခဲ့ရပါတယ်။သို့ပေမယ့် ဘယ်သူကမှ သူ့ကို သိပ်ပြီး အာရုံမစိုက်ကြပေ။ဒီလတွေထဲမှာ အစစ်အမှန် နာမည်ကို ရထားကြတဲ့ ကတ်စီ ၊ ကိုင် နဲ့ အယ်ဖီ တို့ကပဲ မီဒီယာ ထက်မှာ နာမည်ကြီးနေခဲ့တာပါ။သို့ပေမယ့် ကံကောင်းစွာပဲ သူက အစိုးရရဲ့ ဝါဒဖြန့်ချီရေး တွေမှာ ပိုစတာ ကောင်လေး မဖြစ်ခဲ့ပါဘူး။ရလာဒ်အနေနဲ့ သာမန် တစိမ်းတွေက သူဘယ်သူလဲ ဆိုတာကို မသိကြပေ။
ကဖေးဆိုင်ထဲကို ဝင်လိုက်တဲ့ အချိန်မှာတော့..သူက လင်ဗန်း နဲ့ အစားအသောက်အပြည့်ယူလိုက်ပြီး..စားပွဲခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ကာ စကားပြောစက်ကို ဘေးနားမှာ ချထားလိုက်တယ်။
အခုချိန်မှာ ဖုန်းခေါ်ဆိုမူက အချိန်မရွေးဝင်လာနိုင်ပါတယ်။
သူက အရသာရှိတဲ့ မနက်စာကို တိတ်ဆိတ် ငြိမ်သက်စွာ စားသောက်နေရင်း..စကားပြောစက်ကို မကြာခနဆိုသလို ကြည့်နေခဲ့တယ်။ဘယ်သူမှ သူ့ကို စိတ်အနှောက်အယှက် မဖြစ်စေသလို ၊ စိုးရိမ်စရာ အန္တရာယ်လည်း မရှိပါဘူး။
သူ့ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
"အာ..ဘဝက တကယ်ကောင်းတာပဲ.."
နောက်ဆုံးတော့ ဆက်သွယ်ရေးစက် မြည်လာခဲ့ပါတယ်။
ဆန်နီ ဖုန်းကို ဖြေလိုက်ပြီး.တစ်ဖက်ကနေ ထွက်ပေါ်လာတဲ့ လေးစားတဲ့ အသံကို နားထောင်နေခဲ့ပါတယ်။
"အားလုံး အဆင်သင့်ဖြစ်ပြီလား..။အံ့ဩစရာပဲ ။ဒီတော့..ဘယ်အချိန်လောက် ကျွန်တော် ..အိုး..တကယ်လား..။ကောင်းပြီလေ..ကောင်းတယ်။ဒါဆို ကျွန်တော် နေ့လည်လောက် လာခဲ့မယ်..။ကောင်းပါပြီ..။ဒါဆို နောက်မှ တွေ့ကြမယ်.."
ဖုန်းပြောပြီး နောက်မှာတော့ သူက ဆက်သွယ်ရေးစက်ကို အောက်ချလိုက်ပြီး အဝေးကို စိုက်ကြည့်နေကာ ထူးဆန်းတဲ့ မျက်နှာအမူအရာ ဖြစ်နေခဲ့ပါတယ်။
မေ့ပျောက်ကုန်းမြေအကြောငိး ရေးထားတဲ့ အစီရင်ခံစာကနေ ပံ့ပိုးမူ အမှတ်တွေကို ရပြီး ၊ ချိန်းကျွန်းစုပေါ်က တစ်ခြားနိုးထသူတွေကို ဝိဥာဥ် အမြုတေ တွေ ရောင်းချ ပိုက်ဆံရှာပြီး နောက်မှာတော့..ဆန်နီဟာ..သူ့ဘဝမှာ ဘယ်တုန်းကမှ စိတ်ကူးမယဥ်ခဲ့ဖူးတဲ့ အရာတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
..သူက အိမ်တစ်လုံး ဝယ်ခဲ့တာပါ။
သန့်ရှင်းတဲ့ လေ ၊ မြက်ခင်းစိမ်းတွေ ရှိနေတဲ့ မြို့လယ်စီရင်စု ထဲက ကောင်းမွန်ပြီး လှပတဲ့ အိမ်တစ်လုံး။
ပြီးတော့ အခုချိန် ၊ ရက်သတ္တပတ်တွေ ကြာအောင် စောင့်ဆိုင်းပြီး နောက်မှာ..သူ ရွေ့ပြောင်းဖို့အတွက် အရာရာတိုင်းက အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
သူ့ရဲ့ အရိပ်ကို ငုံ့ကြည့်လိုက်ပြီး..ခနလောက်တွေဝေနေပြီးကာမှ ဆန်နီ ပြုံးလိုက်တယ်။
"..ငါတို့ လုပ်နိုင်ခဲ့ပြီ ထင်တယ် ကောင်လေး..။ငါတို့ တကယ်..တကယ်ကို လုပ်နိုင်ခဲ့ပြီ..."
***
သူ့အိမ်ကို အလှဆင်မူတွေ နဲ့ လိုအပ်တဲ့ အချက်အလက်တွေ အတွက် သက်ဆိုင်တဲ့ လူနဲ့ သူက နေ့လည်ဘက်မှာ တွေ့ဆုံကြမှာပါ။ဒါကြောင့် ဆန်နီအတွက် နာရီ အနည်းငယ်လောက် အချိန်ရပါသေးတယ်။
သူ ပန်းခြံတွေထဲကို ခနလောက် လျောက်သွားနေခဲ့တယ်။အခုက နွေဦးရာသီကို ရောက်လာပြီ ဆိုတော့ လေထုက နွေးထွေးပြီး ကြည်နူးဖို့ ကောင်းပါတယ်။အရည်ပျော်ပြီး ကျဆင်းနေတဲ့ နှင်းစက်လေးတွေက မနက်ခင်းရဲ့ တိတ်ဆိတ်မူကို နှောက်ယှက်ကာ ဆန်နီကိုတော့ သက်သောင့်သက်သာ ဖြစ်နေစေခဲ့တယ်။အရိပ်တောင် မှ ဒီလို တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ကိုသဘောကျနေတဲ့ ပုံပါပဲ။
နောက်ဆုံးတော့..သူက အကယ်ဒမီရဲ့ ဆိုင်ငယ်လေးတွေ ဆီကို အလည်သွားခဲ့ပြီး..ခရက်ဒက် အမှတ်အနည်းငယ်ကို အသုံးပြုကာ လတ်ဆတ်တဲ့ ပန်းစည်းတစ်ခုကို ဝယ်ယူခဲ့တယ်။
ယင်းနောက်..ဆန်နီဟာ သူ့ကိုယ်သူ ဆေးရုံအဆောက်အဦးရဲ့ ရှေ့မှာ ရပ်နေတာ တွေ့လိုက်ရပါတယ်။
သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး..ခေါင်းကို ငုံ့ကာ..အလိုလျောက် တံခါးဆီကို လျောက်ဝင်သွားခဲ့ပါတယ်။
အောက်ဆုံးထပ်တွေထဲက တစ်ခုကို သွားတဲ့ ဓာတ်လှေကားကို အသုံးပြုပြီး..လုံခြုံရေး အချို့ကို ဖြတ်သန်းကာ..အမှတ်အသား မပြုလုပ်ထားတဲ့ အဖြူရောင် တံခါးဆီကို ချည်းကပ်လာခဲ့တယ်။
အတွင်းထဲမှာတော့ အေးစက်ပြီး မှောင်မိုက်နေခဲ့ပါတယ်။
ညိုးနွမ်းနေတဲ့ ပန်းပွင့်တွေကို လတ်ဆတ်တဲ့ ပန်းစည်းနဲ့ အစားထိုးပြီးနောက်မှာတော့..သူ ခနလောက်တွေဝေပြီး အိပ်စက်ခြင်း သေတ္တာရဲ့ ဘေးနားက ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။
အတွင်းထဲမှာတော့..ငွေရောင်ဆံပင်နဲ့ ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်က အိပ်မက်မက်နေခဲ့တယ်။သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာကတော့..မလှုပ်ရှားခဲ့ပါဘူး။
"..ဟေး..နစ်..။နေကောင်းရဲ့လား..."