သူ့ရဲ့ ကိုယ်ပိုင်လို့ ပြောလို့ရတဲ့ နေရာတစ်ခု
Vol. 26 Ch. 389
ဆန်နီဟာ အများပြည်သူသုံး ရထားတစ်စီးပေါ်မှာ အချိန်အတော်ကြာအောင်..စီးနင်းနေခဲ့ရတယ်။ကိုယ်ပိုင် သွားလာရေး ယဥ်တွေက ရှားပါးပြီး ၊ ဝယ်ယူဖို့အတွက် အစိုးရဲ့ အထူးလိုင်စင် လိုအပ်တာကြောင့်..မြို့ထဲက လူအများစုက တစ်နေရာကနေ တစ်နေရာကို သွားဖို့အတွက်..အများသုံး သယ်ယူပို့ဆောင်ရေး ယာဥ်တွေကိုသာ အသုံးပြုကြရပါတယ်။သံလိုက် ရထားများ ၊ ပုံမှန်အားဖြင့် ထရမ် လို့ ခေါ်တဲ့ ယာဥ်တွေက..စျေးအသက်သာဆုံးနဲ့ အသုံးပြုရ ပေါ်ပြူလာ အဖြစ်ဆုံးပါပဲ။
ဆန်နီ မြို့ပြင်မှာ နေထိုင်ခဲ့တဲ့ အချိန်တုနိးက..ဒီလို စီးနင်းတယ် ဆ်ိုတာက ဖြစ်တောင့်ဖြစ်ခဲပါ။သို့ပေမယ့် သူ စီးနင်းလိုက်ပါတဲ့ အချိန်ဆိုရင်လည်း လူတွေက သူ့ကို အာရုံစိုက်လေ့ မရှိပါဘူး။တစ်ခါတစ်လေဆိုရင် သူတို့ မြင်တဲ့ အချိန်မှာတောင် မမြင်ချင်ယောင် ဆောင်ထားတတ်ကြပါသေးတယ်။
သို့ပေမယ့် အခုတော့ အခြေအနေတွေက ပြောင်းလဲသွားတဲ့ ပုံပါပဲ။ဆန်နီက မျက်လုံးတွေကို မှိတ်ထားပြီး ရထားပေါ်မှာ အန္တရာယ် မရှိတာ သေချာလား ဆ်ိုတာကို အရိပ်တွေနဲ့ လျောက်ကြည့်နေခဲ့ပါတယ်။ဒီမှာ ဘာ အန္တရာယ်မှ မရှိပါဘူး။သို့ပေမယ့်..လူတွေက..အထူးသဖြင့် ငယ်ရွယ်တဲ့ အမျိုးသမီးတွေက..မကြာခန ဆိုသလို သူ့ကို သိချင်စိတ်ဖြစ်စွာ လှမ်းကြည့်နေခဲ့ကြပါတယ်။
'ဟင်...ဝိဥာဥ် မြွေကို မြင်နေရလို့လား..'
သို့ပေမယ့် မဟုတ်ပေ..။သူ့ရဲ့ အင်္ကျီလက်တွေက ရစ်ပတ်နေတဲ့ အရိပ်ကို သေချာဖုံးအုပ်ထားပါတယ်။
'ထူးဆန်းတယ်..။ဒါဆို အဝတ်အစားတွေကြောင့်ပဲ ဖြစ်ရမယ်...'
လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ ဆန်နီက အကယ်ဒမီရဲ့ အပြင်ကို မကြာခနဆိုသလို သွားလာတာမျိုး မလုပ်ခဲ့ပါဘူး။သို့ပေမယ့် ထွက်တဲ့အချိန်မှာလည်း..သိပ်မထင်ရှားပေမယ့်..စျေးကြီးပြီး လူအများဝတ်ကြတဲ့ အဝတ်အစားတွေကို ဝယ်ယူခဲ့ပါတယ်။ကိုင် ရဲ့ ဝေဖန်မူ အရတော့..ဒီအဝတ်အစားတွေက " မဆိုးပါဘူး ' ပြီးတော့..' စတိုင်ကျသားပဲ ' ဆိုတဲ့ မှတ်ချက်တွေကို ရထားခဲ့တယ်။အခြေခံအရဆိုရင်တော့ ဆန်နီက သက်သောင်သက်သာ ရှိတဲ့ အနက်ရောင် အဝတ်အစားတွေ အတွက်ပဲ သွားခဲ့တာပါ။
သူ သက်ပြင်းချလိုက်တယ်။
'လူတွေရဲ့ အပေါ်ယံ သဘောထားက ဘယ်လိုလဲ ဆိုတာကို ဒါက ပြသနေတာပဲ..။နည်းနည်းလောက် အဝတ်အစား ပြောင်းလဲလိုက်တာနဲ့..ရုတ်တရက် ငါက အာရုံစိုက်မူကို ခံနေရတယ်။မိန်းကလေး တွေက ဘာလို့..ဒီလောက် ပစ္စည်းဥစ္စာတွေကိုပဲ အာရုံ စိုက်ကြတာလဲ...'
...မျှမျှတတပြောရရင် ..ယောက်ျားလေးတွေ့လည်း သူ့ကို စိူက်ကြည့်နေကြတာပါပဲ။
ဆန်နီ မှတ်တိုင်ကို ရောက်တဲ့ အချိန်မှာတော့..အနည်းငယ် ပျာယာခတ်သွားခဲ့တယ်။ရထားပေါ်က လူအုပ်ကို နောက်မှာ ထားခဲ့လိုက်ပြီး..သူ သက်ပြင်းချကာ..သူ့လက်တွေကို အိတ်ကပ်ထဲထည့်ပြီး..ရင်းနှီးပြီးသား..ထရမ် ဘူတာရုံကနေ လျောက်ထွက်လာခဲ့လိုက်ပါတယ်။
သူ ရောက်ရှိလာတဲ့ နေရာက မြို့ရဲ့ အလယ်ဗဟို နဲ့ အတော်လေးကို နီးကပ်ပြီး..မြို့ပြင်မှာ နေထိုင်တဲ့လူတွေ စိတ်ကူးယဥ်နိုင်တဲ့ ပမာဏထက် အများကြီး ကွာခြားပါတယ်။ဒီနေရာက အေးချမ်း ၊ တိတ်ဆိတ်ပြီး စိမ်းဆိုနေခဲ့တယ်။
ဒီမှာ ရှိနေတဲ့ လေထုကလည်း အိပ်မက်ကမ္ဘာထဲကလိုမျိုး လတ်ဆတ်နေခဲ့ပါသေးတယ်။
ဒီ စီရင်စု မှာ နေတဲ့ အိမ်တွေကလည်း..ဆန်နီ အသားကျပြီးသား လူတွေ နေထိုင်တဲ့ အိမ်တွေနဲ့ လုံးဝကို တစ်ခြားစီပါပဲ။ထူးဆန်းစွာပဲ..အိမ်တွေက အရမ်းကို နိမ့်ကြပြီး..နှစ်လွှာ ၊ သုံးလွှာထက် မပိုတဲ့ အဆောက်အအုံတွေချည်းပါ။မြေကြီး ကိုယ်တိုင်က အမြင့် ၊ အနိမ့်တွေ ဖြစ်ပေါ်နေပြီး..လမ်းတစ်ခုချင်းစီတိုင်းကလညိး အတော်လေးကို ကျယ်ပြောပါတယ်။ဒီနေရာမှာတော့..နှင်းတွေကျဆင်းတာ မရှိတော့ပဲ..လှပတဲ့ မျက်ခင်းနဲ့ စိမ်းလန်းစိုပြေတဲ့ အပင်တွေကိုသာ တွေ့နေခဲ့ရတယ်။စီရင်စု တစ်ခုလုံးက..ဥယျာဥ်ကြီး တစ်ခုလိုပါပဲ။
သိသာစွာပဲ..လူတိုင်းက ဒီနေရာမှာ နေထိုင်နိုင်ကြတာ မဟုတ်ပေ..။ဒီမှာနေထိုင်ကြတဲ့ လူတွေ အများစုက ချမ်းသာတဲ့လူတွေ ဒါမှမဟုတ်..အစိုးရအတွက် အလုပ်လုပ်ကြတဲ့ လူတွေပါ။သို့ပေမယ့် နိုင်ငံသားတွေ အနေနဲ့ကတော့ အဆင့်အမြင့်ဆုံး မဟုတ်ကြပါဘူး။မြို့ထဲမှာ ဒီထက်ပိုပြီး ..အဆင့်မြင့်တဲ့ စီရင်စု တွေ ရှိနေသေးပြီး..အဲဒီနေရာမှာ စစ်မှန်တဲ့ အထက်တန်းစားတွေ နဲ့ နိုးထသူ အများစုက နေထိုင်ကြတာပါ။
သို့ပေမယ့် ဒီနေရာကို ဆန်နီ သဘောကျတဲ့ အချက်တစ်ချက် ရှိပါတယ်။သူက တစ်နေ့လုံး ၊ နေ့ရက်တိုင်းနိုးထသူတွေ ကြားထဲမှာ နေထိုင်စရာ မလိုအပ်ပေ။ဒါမှမဟုတ် ဘယ်သူနဲ့မှ မနေချင်ပါဘူး။
လိပ်စာထဲကနေ နေရာထဲကို ရောက်ဖို့အတွက် သူက ဘူတာရုံကနေ ..၁၅ မိနစ် ဝန်းကျင်လောက် လမ်းလျောက်လိုက်ရပါတယ်။ဒါပေါ့..သူက အရိပ်တွေကနေ တဆင့် ခုန်ကူးပြီး သွားမယ် ဆိုရင် ခနလေးနဲ့ ရောက်သွားနိုင်ပေမယ့်..အိပ်မက်ကမ္ဘာ နဲ့ အကယ်ဒမီရဲ့ အပြင်ဘက်မှာ သူ့ရဲ့ စွမ်းရည်တွေကို အသုံးမပြုချင်ပါဘူး။ဒါက သူ့ကို လူသားတစ်ယောက်အဖြစ် ပိုပြီး ခံစားရစေပါတယ်။
နောက်ဆုံးမှာတော့ သူက သူ ပိုင်ဆိုင်တော့မယ့် အိမ်ရဲ့ ရှေ့ကို ရောက်လာခဲ့တယ်။သူ ဒါကို မိနစ် အနည်းငယ်လောက် စိုက်ကြည့်နေခဲ့ပါတယ်။
သူ့ရှေ့မှာ ရှိနေတဲ့ အိမ်က..နှစ်ထပ်မြင့်ပြီး..မီးခိုးရောင် နံရံတွေ နဲ့ အနည်းငယ် စောင်းနေတဲ့ ခေါင်းမိုး တွေ ပါရှိပါတယ်။ဒီနေရာမှာတော့..သစ်သား အိမ်ရှေ့ဆောင် တစ်ခု ၊ မြက်ခင်းပြင် တစ်ခု နဲ့ ကျယ်ဝန်းတဲ့ ဧည့်ခန်းကို မြင်ရအောင် ဖွင့်ထားတဲ့ ပြတင်းပေါက်ကြီး တစ်ခု ရှိနေခဲ့ပါတယ်။ဒီနေရာမှာတော့..PTV အတွက် ကားဂိုဒေါင် တစ်ခုနဲ့ အိမ်နီးချင်းတွေ နဲ့ ခွဲခြားပေးထားတဲ့ ခြံစည်းရိုးတစ်ခုပါ ရှိနေခဲ့ပါတယ်။
...ဒါက နတ်သမီး ပုံပြင်ထဲက အရာတစ်ခုလိုပါပဲ။
' အလွန်အကျွံ ပါပဲလား..'
"အဟမ်း ..နိုးထသူ ဆန်းလပ်စ်လား..။ဆျာ က.."
ဒါပေါ့..အနီးအနားမှာ ပါကင်ထိုးထားတဲ့ PTV ကားပေါ်ကနေ ဆင်းလာတဲ့ လူတစ်ယောက်က သူ့အနားကို ကပ်လာတယ် ဆိုတာကို ဆန်နီ သိပါတယ်။သို့ပေမယ့် သူ့မြင်နေရတဲ့ မြင်ကွင်းရဲ့ ခံစားချက်က ကြီးမားတာကြောငိ့ ဒီအရာကို မတုန့်ပြန်ခဲ့တာပါ။
သူ တစ်ဖက်ကို လှည့်ပြီး သူ့ကို ခေါ်တဲ့လူကို ကြည့်လိုက်တယ်။
သူက အထူးချုပ်လုပ်ထားတဲ့ စျေးကြီးတဲ့ ဝတ်စုံနဲ့ ရှေးဟောင်း ဇိမ်ခံနာရီ တစ်လုံးကို ဝတ်ဆင်ထားတဲ့ အရပ်ပုပု ဝဝဖြိုးဖြိုး လူတစ်ယောက်ပါ။သူ့ရဲ့ အသွင်အပြင်နဲ့ မတူစွာပဲ ဒီလူမှာ..ယုံကြည်မူရှိကာ ၊ ကျွမ်းကျင်လိမ္မာ တဲ့ အပြုံးတစ်ခုကို မျက်နှာပေါ် ချိတ်ဆွဲထားခဲ့ပါတယ်။
ဆန်နီ သူ့ကို သံသယဖြစ်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..
"လန်နာ့ဒ် ..ဟုတ်တယ်မလား.."
ဆန်နီ ရဲ့ အိမ်အသစ်အတွက် အေဂျင်စီ ကိုယ်စား တာဝန်ယူထားရတဲ့ လူဟာ စိတ်အားထက်သန်စွာခေါင်းညိမ့်လိုက်တယ်။
"ကျွန်တော်ပါ။အာ..ဆရာ ကျွန်တော့်နာမည်ကို မှတ်မိတာ တကယ်ကို ဂုဏ်ယူစရာပါပဲ.."
ဒီလို ပြောပြီးတာနဲ့ သူက အိမ်ကို ညွှန်ပြပြီး ပြုံးလိုက်တယ်။
"ဘယ်လိုထင်လဲ ဆရာ.."
ဆန်နီ တွေဝေနေပြီးကာမှ ..ဂရုမစိုက်တဲ့ ဟန်ဆောင်ကာ ပုခုံးတွန့်ပြလိုက်တယ်။
"ဒါက အဆင်ပြေပါတယ်။အဲလို ထင်တာပဲ.."
လန်နာ့ဒ်ဟာ ခနလောက် တွေဝေနေပြီးကာမှ သူ့အပြုံးက ပိုမို အသက်ဝင်လာခဲ့တယ်။
"ဒါပေါ့..ဆရာလို့ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်က ဒီထက်ပိုကောင်းတဲ့ ဇိမ်ခံအဆောက်အဦးတွေနဲ့မှ သင့်တော်မှာပါ။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မူကို ဆရာ စိတ်မပျက်စေရဘူးလို့ ကျွန်တော် အာမခံပေးနိင်တယ်။ဒီအိမ်က ဆရာ နေထိုင်နေကြ အိမ်လောက်တောင် အဆင့်တန်း မမြင့်နိုင်ပေမယ့်..ကျွန်တော်တို့က ဆရာ ရဲ့ အသေးစိတ်ညွှန်ကြားချက်တွေ အတိုင်း သေချာလုပ်ထားခဲ့တယ်။ဒါပေမဲ့ အမှန်အတိုင်းဝန်ခံရရင် ..ဆရာရွေးချယ်တဲ့ နေရာက ကျွန်တော်တို့အတွက်တော့ တကယ်ကို စိန်ခေါ်မူတစ်ခုပဲ။အထူးသဖြင့် ပြင်ဆင်ထားမူ တွေကို ..သီးသန့် ထားဖို့ လိုအပ်တဲ့ အရာတွေကိုပဲ.."
ဆန်နီကတော့ မပြောင်းလဲတဲ့ မျက်နှာအမူအရာနဲ့ လန်နာဒ့် က ဘာတွေ ပြောနေတာလဲ ၊ သူက ဆန်နီကို ဘယ်သူလို့ ထင်နေတာလဲ ဆ်ိုတာကို နားလည်ဖို့ ကြိုးစားနေခဲ့ပါတယ်။အရိုးသားဆုံးပြောရရင် သူ အိမ်ဝယ်ဖို့ ဆုံးဖြတ်ခဲ့တုန်းက ၊ သူက ဒီတိုင်း မာစတာ ဂျက်ကို ဖုန်းဆက်ခဲ့ပြီး..ဘယ်လိုနေရာမျိုးမှာ အိမ်တစ်လုံး လိုချင်တယ် ဆိုတာနဲ့..အထဲမှာ ဘယ်လိုအရာတွေ ထည့်ပေးဖို့ မျှော်လင့်တယ် ဆိုတဲ့အရာတစ်ချို့ကိုပဲ ပြောခဲ့တာပါ။သူမက သူ့ကို ဘယ်လိုတွေ လုပ်သင့်တယ်လို့ အကြံပေးမယ့်အစား ၊ အရာရာတိုင်းကို ဖုန်းဆက်ပြီး ကိုယ်တိုင်ပဲ စီစဥ်သွားခဲ့ပါတယ်။
ပြီးတော့ အခု သူ ဒီကို ရောက်နေပါပြီ။
အဲ့အချိန်မှာတော့ လန်နာဒ် ဟာ သူ့ကိုကြည့်ပြီး အနည်းငယ် သိချင်သွားကာ ၊ ခနလောက် တွေဝေနေပြီးကာမှ သိချင်စိတ်ကို မထိန်းနိုငိပဲ မေးလိုကိတယ်။
"စကားမစပ်..ဒီမေးခွန်းလေး မေးလို့ စိတ်မရှိဘူးဆိုရင် ဆရာ..။ဆရာရဲ့ အရင်နေရာက အိမ် နဲ့ ဒီ လှပတဲ့အိမ်ကို နှိုင်းယှဥ်ကြည့်ပေးနိုင်မလား..။ဒါပေါ့ ကျွန်တော်က စစ်မှန်တဲ့ ပရော်ဖက်ရှင်နယ် ရူ့ထောင့် ကနေပြီး စိတ်ဝင်စားမိတာပါ။ဖောက်သည် ဆီကနေ အကြံဥာဏ်ပေးတယ်လို့ သဘောထားပေးပေါ့.."
ဆန်နီဟာ..မီးခိုးရောင် အိမ်ကိုကြည့်လိုက်ပြီး ခနလောက် စဥ်းစားလိုက်ကာ..ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။
"ကောင်းပြီလေ..ကျုပ်ရဲ့ အရင်နေရာက ဒီအိမ်ထက် အဆတစ်ရာလောက် ပိုကြီးတယ် ၊ အများစုကို သဘာဝ ကျောက်တုံးနဲ့ မာဗယ်ကျောက်တွေကနေ ဖန်တီးထားတာ ၊ ရှေးဟောင်း သစ်သား ပရိဘောဂ တွေ နဲ့ အထူးလျိုဝှက်ထားတဲ့ မြေအောက်ခန်း တွေလည်း ပါဝင်တယ်..။အိုး..ပြီးတော့..အဲဲဒီနေရာက လုံခြုံရေးကို ကျရှုံးမူအဆင့် နတ်ဆိုးတစ်ကောင်က စောင့်ကြပ်ပေးထားတာပဲ.."
လန်နာ့ဒ်က တူညီတဲ့ အပြုံးလေးနဲ့ပဲ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပါတယ်။
သို့ပေမယ့် သူ့ မျက်နှာကတော့ ဖြည်းညှင်းစွာပဲ မီးခိုးရောင် ပြောင်းသွားခဲ့တယ်။
အတော်ကြာပြီးကာမှ သူ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး..အားပါးတရ ပြောလိုက်ပါတယ်။
"အံ့ဩစရာပဲ...ဒါက အံ့ဩစရာပဲ..အဟမ်း။ကျွန်တော်တို့ အထဲကို တစ်ချက် ကြည့်လိုက်ကြမလား.."