ငါ့ရဲ့ ရဲတိုက်
Vol. 26 Ch. 390
အိမ်ရဲ့ အတွင်းပိုင်း ပြင်ဆင်မူဟာ..ကောင်းမွန် ရိုးရှင်းပြီး..စတိုင်ကျကျ ၊ ကျယ်ဝန်းပြီး..နေရာလွတ်အနည်းငယ် ထည့်သွင်းထားတဲ့..ဒီဇိုင်း အတွေးအခေါ်တွေနဲ့ ဖန်တီးထားခဲ့တာပါ။
ပထမထပ်မှာ ဧည့်ခန်း ၊ ညစာစားခန်း ၊ မီးဖိုခန်း ၊ သိုလှောင်ခန်း ၊ ရေချိုးခန်းနဲ့..ဧည့်သည်အတွက် အိပ်ခန်းတစ်ခန်း ပါဝင်ပါတယ်။အရာအားလုံးက ပရိဘောဂ တွေနဲ့ လိုအပ်တာ အပြည့်အဝ ထည့်သွင်းပေးထားပြီး..စျေးကြီးတဲ့ အစားအသောက် မျိုးစုံ ပြည့်နှက်နေတဲ့ ရေခဲသေတ္တာတစ်လုံးတောင် ပါဝင်ပါတယ်။
လန်နာ့ဒ် ဟာ ပတ်ဝန်းကျင်ကို ဂုဏ်ယူမူတွေ အပြည့်နဲ့ ကြည့်နေခဲ့ပြီး..ဒီ သာမန် အိမ်လေးမှာ တပ်ဆင်ထားတဲ့ လျိုဝှက်လုံခြုံရေး အကြောင်းအရာတွေကို အကျယ်တဝန့် ရှင်းပြနေခဲ့ပါတယ်။ဘေးဘက် အကာတွေရဲ့ နောက်ဘက်မှာ ထူထဲတဲ့ အကာအကွယ် အပြားတွေ တပ်ဆင်ထားပြီး ၊ ကျယ်ပြန့်တဲ့ ပြတင်းပေါက်တွေမှာလည်း..အချိန်မရွေး ပိတ်ချနိုင်တဲ့ တိုက်တေနီယမ် အပိတ်တွေကို တပ်ဆင်ပေးထားခဲ့တယ်။လေနဲ့ ရေ အကာအကွယ်တွေက ပုံမှန် သဘာဝ ပတ်ဝန်းကျင် အညစ်အကြေးတွေကို ကာကွယ်ပေးနိုင်ယုံတင်မကပဲ..ဇီဝဗေဒဆိုင်ရာ ခြိမ်းခြောက်မူ တွေကိုပါ တားဆီးပေးနိုင်ပါတယ်။
ဒီလို ကျယ်ပြန့်တဲ့ လုံခြုံရေး အစီအမံတွေက အလွန်အကျွံဖြစ်နေတယ် လို့ ထင်နိုင်စရာ ရှိပေမယ့် အမှန်တကယ်တော့ သာမန် လူသားတွေတောင်မှ သူတို့ရဲ့ အိမ်တွေကို ခံတပ်ငယ်လေးတွေ အဖြစ်ပြောင်းလဲချင်နေကြတာပါ။နောက်ထပ် ဂိတ်ပေါက်က ဘယ်ချိန်ပွင့်မှာလဲ..သူတို့နဲ့ ဘယ်လောက် နီးကပ်နိုင်မလဲ ဆ်ိုတာကို ဘယ်သူမှ မသိနိုင်ပေ..။အိမ်ပိုင်ရှင်အများစုက ဒီအကာအကွယ်တွေကို ဘယ်တော့မှ အသုံးပြုကြမှာ မဟုတ်ပေမယ့်..ဒီလို အရာတွေ ရှိနေတာက နေထိုင်မူ အရည်အသွေးကို သိသိသာသာ မြင့်တက်စေပါတယ်။
လန်နာ့ဒ် က သူ့အေဂျင်စီ တပ်ဆင်ထားခဲ့တဲ့ လျှပ်စစ်ဆိုင်ရာ ပစ္စည်းတွေအကြောင်းကို အချိန်အတော်ကြာအောင် ထူးဆန်းစွာ ရှင်းပြခဲ့ပြီး..သူ့ အသံက စိတ်အားထက်သန်မူ တွေ ပြည့်နှက်နေခဲ့တယ်။ဒီလူကြည့်ရတာတော့ ဒီဇိုင်နာ မီးအိမ်တွေ ပေါ်မှာ စွဲလမ်းမူတစ်ချို့ ရှိနေတဲ့ပုံပါပဲ။ဆန်နီဟာ သူ အချိန်အများစုကို ဒီ မီးအိမ်တွေ တစ်ခုမှ အသုံးပြုဖြစ်မှာ မဟုတ်တာကို ပြောပြဖို့အတွက်တောင် စိတ်မပါခဲ့ပေ။ဘာပဲဖြစ်ဖြစ်သူက အမှောင်ထဲမှာလည်း ..အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။
"..ဒီအိမ်က မြို့ရဲ့ လျှပ်စစ် လမ်းကြောင်းနဲ့ ချိတ်ဆက်ထားပေမယ့်..သိသာစွာပဲ အရေးပေါ်အခြေအနေ တွေ အတွက် ကိုယ်ပိုင်အရင်းအမြစ်လည်း ထားရှိပေးထားသေးတယ်လေ။ဒါပေါ့ စပဲလ် နည်းပညာပေါ့..။လျှပ်စစ်ယူနစ် တွေကို အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပြီး အချိန်အကြာကြီး အသုံးပြုနိုင်မှာပါ..."
စပဲလ် နည်းပညာ ဆိုတာက..ခေတ်မှီနည်းပညာ နဲ့ နိုးထသူ တွေရဲ့ စွမ်းအားကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ကိုယ်ပိုင်လည်ပတ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ကို သူက ပြောချင်တာပါ။ပါဝါယူနစ် တွေဆ်ိုတာက..ပြန်လည်အားသွင်းထားတာ ဒါမှမဟုတ် လျှပ်စစ်ကဏ္ဍစွမ်းရည် ရှိတဲ့ နိုးထသူက ဖန်တီးပေးတာမျိုး လိုအပ်ပါတယ်။ဒီလိုမျိုး ပစ္စည်းတွေက ကာစတန်မာတွေ အတွက် အတော်လေးကို စျေးနှုန်းမြင့်မား နိုင်ပေမယ့်..အမှန်တော့ မြို့ရဲ့ အဆောက်အအုံတွေရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းအများစုက စပဲလ် နည်းပညာ ပေါ်မှာ အခြေခံထားကြတာပါ။
ကမ္ဘာပေါ်က အရာရာတ်ိုင်းကို နိုးထသူတွေက ဖန်တီးထားကြတာ မဟုတ်ပေမယ့်..စက်မူဇုန်တွေ အားလုံးနီးပါးက သူတို့ရဲ့ ပါဝင်ပတ်သက်မူကို တစ်နည်းနည်းနဲ့ လိုအပ်ပါတယိ။မြို့ပြင်ရဲ့ မြေအောက်စက်ရုံမှာ ဆန်နီ ရဲ့ အမေအလုပ်လုပ်ခဲ့တဲ့ လေသန့်စစ်ထုတ်တဲ့ စစ်စတန် မှာတောင်..အိပ်မက်ဆိုး အခိုက်အတန့် သယ်ဆောင်သူ တစ်ဦး ဖန်တီးထားတဲ့ ဖိုက်ဘာ တွေပါဝင်ပါတယ်။
ဒါကြောင့်ပဲ ဘက်စုံသုံး ကဏ္ဍ စွမ်းရည် ရှိတဲ့ လူတွေက..တိုက်ခိုက်ရေးတွေမှာ အသုံးမဝင်ပဲ..လူမူဖွံ့ဖြိုးတိုးတက်ရေး အတွက် အရမ်းကို အဖိုးတန်နေကြတာပါ။
..ဆန်နီဟာ..ဧည့်ခန်းမှာတပ်ဆင်ထားတဲ့ ဖျော်ဖြေရေး စစ်စတန် နဲ့ ပတ်သက်ပြီး မေးခွန်းအနည်းငယ် မေးလိုက်ကာ..အဖြေတွေရတဲ့ အချိန်မှာတော့ ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပြီး..ဒုတိယ ထပ်ကိုကြည့်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို ပြသလိုက်ပါတယ်။
ဒုတိယထပ်မှာတော့ အဓိက အိပ်ခန်းတစ်ခု ၊ အိပ်ခန်းငယ် နှစ်ခု ရှိပြီး တစ်ခုချင်းစီမှာ ကိုယ်ပိုင် ရေချိုးခန်းအိမ်သာ များပါဝင်ကာ..အလင်းရောင်တောက်ပ တဲ့ အိမ်တွငိး ရုံးခန်းတစ်ခုလည်း ပါဝင်ပါသေးတယ်။ဒါ့အပြင် အမိုးအောက် ထပ်ခိုး ပေါ်က သိုလှောင်နေရာကို သွားရမယ့် တံခါးတစ်ခုလည်း ရှိနေခဲ့တယ်။လန်နာ့ဒ် က ပရိဘောဂ အကြောငိး အနည်းငယ်ရှင်းပြပြီး..အကြောင်းပြချက်တစ်ချို့ကြောင့် အဓိက အိပ်ခန်း က ဘယ်လောက် အသံလုံ လည်း ဆ်ိုတာကို အကြိမ်ကြိမ် ရှင်းပြနေခဲ့ပါတယ်။
ဆန်နီ မျက်မှောင်ကျုတ်ပြီး..သူ့ကို ထူးဆန်းစွာကြည့်လိုက်တယ်။
'ငါ ဆိုလိုတာက..အေးချမ်း ၊ တိတ်ဆိတ်ပြီး အိပ်ရတာက ကောငိးတယ်လေ။ဒါပေမဲ့ ငါက အစစ်အမှန် ကမ္ဘာမှာ အိပ်လို့ မရတာကို သူသိထားတယ် မဟုတ်ဘူးလား..။ဘယ်လို ထူးဆန်းတဲ့ လူလဲ...'
နောက်ဆုံးမှာတော့ သူတို့က မြေအောက် နက်ရှိုင်းတဲ့ နေရာမှာ ရှိနေပြီး ၊ အိမ်ရဲ့ အခိုင်မာဆုံး နဲ့ ကာကွယိမူအပြည့်ဆုံးနေရာဖြစ်တဲ့ မြေအောက်ခန်းဆီကို ဆင်းသက်လာခဲ့ကြပါတယိ။အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် ဒီမြေအောက်ခန်းက..သာမန်အညိုရောင် အိမ်လေးရဲ့ ပင်မ နှလုံးသား ပါပဲ။
မြေအောက်ခန်း တစ်ခုလုံးက ကျယ်ပြန့်တဲ့ နေရာလွတ် တစ်ခုဖြစ်ပြီး ..နံရံတွေ ၊ ကြမ်းပြင် တွေနဲ့ မျက်နှာကျတ် တွေကို ကြီးမားတဲ့ အကာအကွယ်သတ္တုစပ် အပြားကြီးတွေနဲ့ ဖန်တီး ထားခဲ့ပါတယ်။ဒီလို ဆောက်လုပ်ထားခြင်းအားဖြင့်..နိုးထသူတွေက
သူတို့ရဲ့ ကိုယ်ပိုင်အိမ် ဒါမှမဟုတ် ပတ်ဝန်းကျင် အိမ်ကို ဖျကိဆီးမိမှာကို စိတ်ပူနေစရာ မလိုပဲ..စိတ်တိုင်းကျ လေ့ကျင့်လို့ ရပါပြီ။
ဒီနေရာမှာ ရှိနေတဲ့ အစိတ်အပိုင်းတိုင်းက..သူနဲ့ သူတော်စင်တို့ လေ့ကျင့်တိုက်ခိုက်တဲ့ ဒဏ်ကို ခံနိုငိရည် ရှိအောင် သေချာလုပ်ဖို့ ဆန်နီက ပိုက်ဆံပိုပြီး ပေးထားခဲ့ပါတယ်။အရင်တိုက်ခိုက်မူတွေ တုန်းက သူပိုင်ဆိုင်တဲ့ လှပတဲ့ အရာဝတ္တုတွေ ဆုံးရှုံးခဲ့ရတာကို အခုထိ သတိရပြီး ပူဆွေးနေတုန်းပါပဲ။ဒါက သူ့ရဲ့ အကြိုက်ဆုံး စားပွဲ ဒါမှမဟုတ် သူ့ရဲ့ သက်သောင့်သက်သာ ရှိတဲ့ ထိုင်ခုံ ..ဒါမှမဟုတ် သူ အလေးထားရတဲ့အရာတွေ...
မြေအောက်ခန်းကို..အိမ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ ပြင်ပ ကမ္ဘာကနေ သီးခြားခွဲထုတ်ထားပြီး ကြီးမား ခိုင်ခံတဲ့ သတ္တုစပ်သေတ္တာ ကြီး အဖြစ် ပြောင်းလဲထားခဲ့ပါတယိ။ဒီလောက်ထိ လုံခြုံရေး အဆင့်မြင့်တင်ပြီး လုံဆောင်ထားရတဲ့ အကြောင်းပြချက်ကတော့..သူ့ရဲ့ အဆုံးမရှိနေတဲ့ အခန်းငယ် မှာ ရှိနေခဲ့ပါတယ်။
ဒါကတော့..ခေတ်အမှီဆုံး ၊ လှပပြီး ၊ မယုံနိုင်စရာ ကောင်းလောက်အောငိ စျေးကြီးတဲ့ အိပ်စက်ခြင်း သေတ္တာ တစ်ခုပါပဲ။ငွေနဲ့ ဝယ်ယူနိုင်တဲ့ အရာတွေထဲမှာ အကောင်းဆုံးတစ်ခုပါ။ဆန်နီ သူ့ဆီကို လျောက်သွားလိုက်ပြီး ညှင်သာစွာ တောက်ပနေတဲ့ ဇိမ်ခံ အိပ်ယာကို အတော်ကြာအောင် စိုက်ကြည့်ကာ ပြုံးလိုက်တယ်။
'ကြွက်သားတွေ ထပ်ပြီး မနာကျင်ရတော့ဘူး..'
ပိတ်ထားတဲ့ အချိန်မှာဆိုရင် ဖန်သေတ္တာက သံမဏိကျောက်တိုင်ကြီး တစ်ခုလိုပါပဲ။အဆင့်မြင့် နည်းပညာသုံး ခေါင်းတလား တွေထဲမှာ ဒီတစ်ခုကတော့ အတော်လေးကို လှပပါတယ်။ဒါကို ခေါင်းတလားလို့တောင် ဆန်နီ မခေါ်နိုင်ခဲ့ပေ..။ဒါက ဒါက စစ်မှန်တဲ့ ကျောက်တလား တစ်ခုလိုပါပဲ။
သူ့ရဲ့ အကူအညီနဲ့ ဆိုရင် ဆန်နီဟာ ခန္တာကိုယ်ထိခိုက်နာကျင်မူ မရှိပဲ..အိပ်မက်ကမ္ဘာထဲမှာ တစ်လလောက် နေလို့တောင် ရနေလောက်ပါပြီ။ဒါပေါ့ သူက ဒီလိုမျိုးအခိုက်အတန့် ထဲမှာ အချိန်အကြာကြီး နေဖို့ ရည်ရွယ်တာမျိုး မဟုတ်ပေမယ့်..နောင်တရခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီး ကောင်းမွန်ပါတယ်။
လန်နာ့ဒ် က ရယ်မောလိုက်ပြီး
"ကျွန်တော် လိမ်မပြောချင်ဘူး..ဒီလို ပတ်ဝန်းကျင်ကို ရောက်လာတဲ့အချိန်တိုငိး..နည်းနည်းတော့ ကြောက်ရွံ့မိသလို ခံစားရတယ်..။ဆရာ ဒရယ်ကူလာ တွေ အကြောင်းကြားဖူးလား..."
ဆန်နီ သူ့ကိုကြည့်ပြီး ပုခုံးတွန့်လိုက်တယ်။
"မကြားဖူးဘူး..။အဲတာက ဘာလဲ..."
အရပ်ပုတဲ့လူဟာ ကြက်သီးမွှေးညှင်းထသွားခဲ့ပြီး..
"ကျေးဇူးတင်စရာကောင်းတာက ဒါက ဒဏ္ဍာရီ တစ်ခုပဲလေ..။ဒရယ်ကူလာ ဆိုတာက လူသားတွေရဲ့ သွေးကို စုပ်ယူပြီး ၊ မြေအောက် ခေါင်းတလားတွေထဲမှာ အိပ်တဲ့ မိစ္ဆာ တွေလေ...။ဒါကြောင့်..."
ဆန်နီ ပြုံးလိုက်ပြီး..
"အိုး..သွေးစုပ်ကောင်မျိုးလား..။အင်း..ကျုပ် တစ်ကောင် ၊ နှစ်ကောင် လောက် တွေ့ဖူးတယ်..."
လန်နာ့ဒ် ဟာ ဖြူဖျော့သွားခဲ့ပြီး အချိန်အတော်ကြာပြီးကာမှ..အထစ်ထစ် အငေါ့ငေါ့ ပြောလာခဲ့တယိ။
"တေ..တွေ..တွေ့ဖူးတာလား.."
ဆန်နီ သူ့ကို သိပ်အာရုံမစိုက်တော့ပဲ ပထမတစ်ခု ဘေးနားမှာ ရှိနေတဲ့ ဒုတိယ ဖန်သေတ္တာကို ကြည့်လိုက်ပါတယ်။
ဒီအရာက အိပ်စက်ခြင်း သေတ္တာနဲ့ ဆင်တူပြီး ..မှားယွင်းနိုင်ပေမယ့်လည်း..အိပ်စက်ခြင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး..။ကောင်းပြီလေ..နည်းပညာ အရပေါ့...။
ဒီအရာက ..အိပ်ယာတစ်ခု နဲ့ လေးလံတဲ့ အဖုံးတစ်ခုပါဝင်ပေမယ့်...ဆန်နီရဲ့ ကျောက်တလား အသစ်နဲ့ မတူတဲ့အချက်က ၊ ဒီတစ်ခုက လူသားခန္တာကိုယ် တစ်ခုအချိန်အကြာကြီး နေထိုင်နိုင်ဖို့ ဒီဇိုင်းဆွဲထားတာ မဟုတ်ပေ..။တကယ်တော့ အဖုံးရဲ့ အတွင်းပိုင်းမှာလည်း လူတွေကို အချိန်အကြာကြီး မသုံးစွဲဖို့အတွက် အကြံပေးထားတဲ့ အညွှန်း စာသား နဲ့ တာဝန်ယူမူရှိစွာ ပြုမူဖို့ တိုက်တွန်းထားတဲ့ တံဆိပ်ကို ထည့်သွင်းပေးထားခဲ့ပါတယ်။
ဒါက အကောင်းဆုံးရရှိ နိုင်တဲ့ အိပ်မက်ပုံရိပ်ယောင် ခေါင်းတလား တစ်ခုပါ။ဒီအရာက တစ်စုံတစ်ယောက်ကို နည်းပညာ နဲ့ မှော်စွမ်းအင် ကြားထဲမှာ တည်ရှိနေတဲ့ အဆင့်မြင့် စင်စစ်နီးပါး ဖန်တီးခြင်း ထဲကို ဝင်ရောက် နိုင်စေပါတယ်။
....ဆန်နီ မှာ ဒီအရာအတွက် ကြီးမားတဲ့ အကြံအစည်တွေ ရှိနေခဲ့ပါတယ်။