← Chapters

ဝိညာဉ်ဆေးပင် ပျိုးဥယျာဉ်အတွင်း ရိတ်သိမ်းမှု၊ ရတနာတိုက်ကိုတိုက်ခိုက်ခြင်း (၁)

Vol. 20 Ch. 381

ဝိညာဉ်ဆေးပင် ပျိုးဥယျာဉ်အတွင်း ရိတ်သိမ်းမှု၊ ရတနာတိုက်ကိုတိုက်ခိုက်ခြင်း (၁)

Vol. 20 Ch. 381

ကျန်းချန်ရွှမ်ရှေ့တွင်ရှိနေသည်က အလွန်ကြီးမားသည့် စုဝေးခန်းမတစ်ခုပင်။

အံ့အားသင့်စွာပင် ခန်းမထဲတွင် မင်းလမ်းများ အပြည့်ဖြစ်နေသည်။

ထိုအရာကိုကြည့်ခြင်းဖြင့် ထိုမင်းလမ်းများသည် မတူညီသောနယ်မြေများသို့ ဦးတည်နေသည်။

ကျန်းချန်ရွှမ်သည် သူ့ကိုယ်ပေါ်မှ သံလိုက်အိမ်မြှောင်ကိုချက်ချင်းထုတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် ဘယ်ဘက်မင်းလမ်းပေါ်သို့ လျှောက်သွားခဲ့သည်။

ရွှီ!

သူမင်းလမ်းထဲကိုဝင်သွားသည်နှင့် အလွန်ထူထပ်သော ဝိညာဉ်ချီတစ်ခု သူ့ဆီအပြေးအလွှားလာနေသည်ကို ခံစားလိုက်ရသည်။

သန့်ရှင်းစင်ကြယ်မှုအရဆိုလျှင် ဝိညာဉ်ချီသည် မှော်ဝင်တိုင်တောင်ပေါ်က ဝိညာဉ်ချီထက်ပိုမိုသာလွန်သည်။

ဤဖြစ်စဉ်သည် သူ့ရှေ့၌ များစွာသောရတနာများရှိကြောင်း ကျန်းချန်ရွှမ်ကို သဘောပေါက်သွားစေသည်။

ထိုအကြောင်းကိုတွေးရင်း ကျန်းချန်ရွှမ်သည် သူ၏အဟုန်ကို မြှင့်တင်လိုက်သည်။

ခနကြာပြီးနောက် သူသည် သူ၏အမြင်အာရုံ လင်းလက်လာသည်ကို ခံစားလိုက်ရသည်။

သူ့ရှေ့တွင် ပေါ်ထွက်လာသည်မှာ ပျိုးဥယျာဉ်တစ်ခုဖြစ်သည်။

တစ်၊ နှစ်၊ သုံး၊ လေး...

ကျန်းချန်ရွှမ်သည် အနားပတ်လည်ကို ဖျက်ခနဲကြည့်လိုက်ပြီး ထိုနေရာတွင် များစွာသောပျိုးဥယျာဉ်များရှိကြောင်း သဘောပေါက်သွားသည်။

ပျိုးဥယျာဉ်ကို ကန့်သတ်ချက်များဖြင့် ကာကွယ်ထားသောကြောင့် အထဲမှအခြေအနေကို သေချာမမြင်နိုင်ဘဲဖြစ်နေသည်။

သူ့အနားရှိဝိညာဉ်ချီကို အာရုံစိုက်ကြည့်ပြီး ဆုံးဖြတ်လိုက်ခြင်းမှတစ်ဆင့် ပျိုးဥယျာဉ်ထဲရှိ ဝိညာဉ်ဆေးပင်များ၏ အရည်အသွေးသည် အရမ်းမဆိုးလှကြောင်း သိသွားသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းချန်ရွှမ်သည် သူ့အနားရှိ ပျိုးဥယျာဉ်၏ အကာအကွယ်များကို တိုက်ခိုက်လိုက်သည်။

ရွှမ်!

ချက်ချင်းပင် အားကောင်းသော တုန်ခါမှုတစ်ခုပေါက်ထွက်ခဲ့ပြီး ပျိုးဥယျာဉ်မျက်နှာပြင်ပေါ်တွင် တောက်ပနေသောအပျက်အစီးများ ပေါ်ထွက်လာသည်။

ကျန်းချန်ရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

သူသည် သူ့ရှေ့တွင်ရှိသည့် ပျိုးဥယျာဉ်၏အကာအကွယ်သည် အဆင့်မြင့်အဆင့် ၄ ကို ရောက်ပြီးဖြစ်ကြောင်း ပြောနိုင်သည်။

အတိတ်တုန်းကဆိုလျှင် သူ့အတွက် ဤအကာအကွယ်များကို ဖျက်ဆီးနိုင်ရန် ဆယ်ရက် သို့မဟုတ် လဝက်မျှပင် အချိန်ယူရလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အချိန်တွင်ကုန်လွန်သွားသောအခါ ဤအကာအကွယ်များ၏စွမ်းအင်သည် သိသိသာသာကျဆင်းလာပေမည်။

ထိုအခြေအနေအောက်တွင် များပြားသောအားအင်ဖြင့်ဖျက်ဆီးတော့မည့် ကျန်းချန်ရွှမ်အဖို့ ပို၍လွယ်ကူသွားသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဒါက အကြောင်းတစ်ခုဖြစ်သည်။

ကျန်းချန်ရွှမ်သည် ပျိူဥယျာဉ်ငယ်ကို တစ်နေကုန်ကြမ်းတမ်းစွာ တိုက်ခိုက်ပြီးနောက် ပျိုးဥယျာဉ်၏အကာအကွယ်သည် နည်းနည်းချင်းစီ ကြေမွကွဲထွက်သွားသည်။

ထိုအရာကိုမြင်ပြီး ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းမနေတော့ပေ။

အမြန်နှုန်းဖြင့် သူသည် ပျိုးဥယျာဉ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။

အကာအကွယ်၏ကန့်သတ်ချက်များကြောင့် ဥယျာဉ်ထဲရှိ ဝိညာဉ်ဆေးပင်များသည် ကောင်းစွာထိန်းသိမ်းထားပြီးဖြစ်သည်။

ကျန်းချန်ရွှမ်သည် အနားပတ်လည်ကို ဖျက်ခနဲကြည့်လိုက်ပြီး ပျော်ရွှင်သောအကြည့်တစ်ခု သူ၏မျက်နှာပေါ်တွင် ရောက်ရှိလာသည်။

သူ့အရှေ့တွင် ရှိနေသည်မှာ နဂါးနှင့်တူသည့် အစိမ်းရောင်ဝိညာဉ်အပင်ဖြစ်သည်။

၎င်းမှာ အဆင့်မြင့် စတုတ္ထအဆင့်ဝိညာဉ်ပင်ဖြစ်ပြီး နဂါးဗလာမြက်ပင်ဟုခေါ်သည်။

ထိုအရာသည် သာမန်ကျင့်ကြံသူများအတွက် အရမ်းအသုံးမဝင်ပေ။

မည်သို့ပင်ဖြစ်စေ ကိုယ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံသူများအတွက် အလွန်တန်ဖိုးရှိပြီး ရှာဖွေရခက်သောအရာဖြစ်သည်။

ထိုအရာဖြင့် ကျန်းချန်ရွှမ်သည် သူ၏ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကို အချိန်တိုအတွင်း အဆင့်မြှင့်နိုင်မည်ကို အလွန်ယုံကြည်ချက်ရှိသွားသည်။

ချက်ချင်းပင် ကျန်းချန်ရွှမ်သည် ကျောက်စိမ်းသေတ္တာကိုထုတ်လိုက်ပြီး နဂါးဗလာမြက်ပင်ကို ထိုထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။

ထို့နောက် ကျန်းချန်ရွှမ်သည် ပျိုးဥယျာဉ်ထဲမှ အခြားဝိညာဉ်ပင်များအကုန်လုံးကို ယူလာလိုက်သည်။

သူသည် အဆင့် ၄ ဝိညာဉ်အပင်နှစ်ပင်နှင့် အဆင့် ၃ ဝိညာဉ်အသီးနှင့်အပွင့်များကို ရရှိခဲ့သည်။

ထို့နောက် ကျန်းချန်ရွှမ်သည် မရပ်နားသေးဘဲ ဒုတိယပျိုးဥယျာဉ်အကာအကွယ်ကို နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်သည်။

ရွှမ်!

အကာအကွယ်သည် ဆက်၍တုန်ခါလှုပ်ရမ်းနေသည်။

ကျန်းချန်ရွှမ်ကြောင့် အကာအကွယ်ကျိုးပျက်တော့မည့်အချိန်တွင် များလှစွာသော အလင်းတန်းများ ဝိညာဉ်ပျိူးဥယျာဉ်၏အခြားတစ်ဖက်မှ ဖြတ်ကျော်ပျံသန်းလာသည်။

ထိုအရာကိုကြည့်ကာ ကျန်းချန်ရွှမ်သည် ပထမတော့ သာယာကြည်နူးနေပြီး ထို့နောက် သူ၏အမူအယာမှာတောင့်ခံသွားခဲ့သည်။

အကြောင်းမှာ ရှန်းရူယန်နှင့်ကွမ်းရှင်းထင်တို့အပြင် ရှန်ခန်းလုံ၊ လုရွှမ်းယွဲ့၊ တာအိုဝါဒီကွမ်းရွှမ်နှင့် ရှန်းကွမ်းယုံရှန်းတို့လည်း လာနေကြသောကြောင့်ဖြစ်သည်။

သူတို့နီးကပ်လာသည်နှင့် အဖွဲ့သုံးခုသည် သူတို့ရှေ့မှမြင်ကွင်းကို အသေအချာမြင်လိုက်ရသည်။

အကုန်လုံး အလွန်ပျော်ရွှင်သွားကြသည်။

သို့သော်လည်း မကြာမီပင် သူတို့ရှေ့တွင် အရင်ရောက်နေဟန်တူသည့် ကျန်းချန်ရွှမ်ကို သတိပြုမိသွားကြသည်။

ကံကောင်းစွာပင် ကျန်းချန်ရွှမ်သည် ပျိုးဥယျာဉ်တစ်ခုကိုသာ ယူရသေးသည်။

တာအိုဝါဒီကွမ်းရွှမ်၊ ရှန်ခန်းလုံနှင့် အခြားသူများသည် ကျန်းချန်ရွှမ်ကို ခက်ခဲအောင်ပြုလုပ်ရန် အစီအစဉ်မရှိကြပေ။

ထိုအချိန်တွင် လူတိုင်း၏အာရုံစိုက်မှုသည် အခြားပျိုးဥယျာဉ်များပေါ်တွင် ကျရောက်နေသည်။

မကြာမီပင် တာအိုဝါဒီကွမ်းရွှမ်နှင့် ရှန်ခန်းလုံတို့သည် ပျိုးဥယျာဉ်တစ်ခုကိုရှာတွေ့သွားကြပြီး ဆက်စပ်နေသည့်အကာအကွယ်ကို စတင်တိုက်ခိုက်လိုက်သည်။

ထိုအချိန်အတောအတွင်း ရှန်းရူယန်နှင့် ကွမ်းရှင်းထင်တို့သည် ကျန်းချန်ရွှမ်ဘက်သို့ အလျင်အမြန်ရောက်လာကြပြီး သူ့ရှေ့တွင်ရှိနေသည့် ပျိုးဥယျာဉ်၏ အကာအကွယ်ကိုဖျက်ဆီးရန် သူ့ကိုကူညီခဲ့ကြသည်။

သူတို့၏ပါဝင်ဆောင်ရွက်မှုဖြင့် ကွဲထွက်ကာနီးဖြစ်နေသည့် အကာအကွယ်သည် အလျင်အမြန်ပင် အလင်းစက်များအဖြစ် ပြိုကွဲသွားပြီး လွင့်စင်ပပျောက်သွားခဲ့သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့ဝင်ရောက်သွားခဲ့ကြသည်။

ထိုဉယျာဉ်ထဲတွင် ငွေရောင်အစက်အမှုန်များရှိသည့် လခြမ်းသဏ္ဍာန်ဝိညာဉ်ပင်ပင် ပတ်လည်ဝိုင်းနေလေကာ

ကွမ်းရှင်းထင်တစ်ယောက် အံ့ဩလွန်းလို့ အာမေဍိတ်သံသာပြုလိုက်တော့သည်….

***

All Chapters