← Chapters

ဝိညာဉ်ဆေးပင် ပျိုးဥယျာဉ်အတွင်း ရိတ်သိမ်းမှု၊ ရတနာတိုက်ကိုတိုက်ခိုက်ခြင်း (၁)

Vol. 20 Ch. 382

ဝိညာဉ်ဆေးပင် ပျိုးဥယျာဉ်အတွင်း ရိတ်သိမ်းမှု၊ ရတနာတိုက်ကိုတိုက်ခိုက်ခြင်း (၁)

Vol. 20 Ch. 382

“ဒါကပုံရိပ်ယောင်လမြက်ပင်ပဲ”

အဆင့်မြင့် စတုတ္ထအဆင့် ဝိညာဉ်အပင်ဖြစ်သော - ပုံရိပ်ယောင်လမြက်ပင်။

ဤမြက်ပင်သည် လူတစ်ယောက်၏စိတ်ကို အေးဆေးတည်ငြိမ်စေနိုင်သည့် အကျိူးသက်ရောက်မှုရှိသည်။

အတွင်းစိတ်မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာသောအခါမျိုးတွင် ထိုအရာသည် အထူးအသုံးဝင်သည်။

ထို့ပြင် ဤဝိညာဉ်ဆေးပင်‌၌ နောက်ထပ်အကောင်းဆုံး ဝိသေသလက္ခဏာလည်းရှိသေးသည်။

၎င်းမှာ ထိုအရာကို ဆေးလုံးအဖြစ် အထူးသန့်စင်ပေးရန် မလိုအပ်ခြင်းဖြစ်သည်။

သုံးရန်လိုအပ်လာပါက ဒီတိုင်းပင်သုံးနိုင်သည်။

ထို့ပြင် ပျိုးဥယျာဉ်တွင် ဤပုံရိပ်ယောင်လမြက်ပင်အပြင် အခြားစတုတ္ထအဆင့် ဝိညာဉ်ဆေးပင်နှစ်မျိုးနှင့် တတိယအဆင့်ဝိညာဉ်ဆေးပင်တွေလည်းများစွာရှိသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ

ကျန်းချန်ရွှမ်နှင့် ကျန်မိန်းကလေးနှစ်ယောက်သည် ချက်ချင်းထိုနေရာမှဝိညာဉ်ဆေးပင်များကို ယူဆောင်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း!

သူတို့အပြင်ဘက်သို့ရောက်သည်နှင့် တာအိုဝါဒီကွမ်းရွှမ်နှင့် ရှန်ခန်းလုံတို့သည် သူတို့ရှေ့ရှိ ပျိုးဥယျာဉ်၏အကာအကွယ်ကို ချိုးဖျက်ရန် အကောင်းဆုံးကြိုးစားနေကြသေးသည်။

သူတို့သုံးယောက်သည် အချိန်မဖြုန်းခဲ့ပေ။

တတိယပျိုးဥယျာဉ်သို့ရောက်သောအခါ သူတို့သည်အကာအကွယ်ကို စတင်တိုက်ခိုက်ခဲ့ကြသည်။

ထိုကဲ့သို့ပင် သုံးရက်မှာလျင်မြန်စွာ ကုန်ဆုံးသွားသည်။

ပြီးခဲ့သည့်သုံးရက်တွင် ပျိုးဥယျာဉ်များသည် တစ်ခုပြီးတစ်ခုယူဆောင်ခံလိုက်ရသည်။

ကျန်းချန်ရွှမ်နှင့် တခြားနှစ်ယောက်လည်း ထိုပျိုးဥယျာဉ်များထံမှ များလှစွာသော ဝိညာဉ်ဆေးပင်များကို ရရှိခဲ့သည်။

သူတို့ထဲတွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးရှိသော တာအိုဝါဒီကွမ်းရွှမ်တောင် ရလဒ်နှင့်ပတ်သက်ပြီး ကျေနပ်နေသည်။

မည်သို့ပင်ဖြစ်စေ ပျိုးဥယျာဉ်တွေနည်းလာသည်နှင့်အမျှ ထိုအဖွဲ့သုံးခုကြားရှိလေထုမှာ တင်းမာလာသည်။

ပထမဆုံးမှာ တာအိုဝါဒီရွှမ်းကွမ်နှင့် ရှန်းကွမ်းယုံရှန်းတို့ဖြစ်သည်။

သူတို့သည် ကျန်းချန်ရွှမ်ကို စောင့်ကြည့်နေကြကာ ကျန်းချန်ရွှမ် သတိထားမိခဲ့သည်။

သူသည် ပြန်လည်နိုးကြားလာကာ အချိန်မရွေးလာနိုင်သည့် တိုက်ခိုက်မှုအတွက် သတိထားနေခဲ့သည်။

ရုတ်တရက် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကွမ်းရှင်းထင်တို့သည် နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားခဲ့သည်။

အကြောင်းကတော့ ထိုအချိန်တွင် ရှန်ခန်းလုံဘက်မှ လုရှန်းယွဲ့သည် ရုတ်တရက် သူတို့သုံးယောက်ကို တစ်ချိန်တည်း၌ အသံထုတ်လွှင့်မှုတစ်ဆင့် ပို့လိုက်သောကြောင့်ဖြစ်သည်။

ပို့ဆောင်ချက်မှာ နှစ်ဖက်လုံးသည် တာအိုဝါဒီကွမ်းရွှမ်နှင့် သူ့လူများ၏ ခြိမ်းခြောက်မှုကို ခုခံနိုင်ရန် အင်အားချိတ်ဆက်နိုင်ဖို့ မျှော်လင့်ကြောင်းဖြစ်သည်။

ထို့ပြင် တာအိုဝါဒီရွှမ်းကွမ်သည် နဝမအဆင့်ရွှေအမြုတေဖြစ်သည်။

ပဍိပက္ခတစ်ခုဖြစ်ပွားလိုက်သည်နှင့် သူတို့ထဲကတစ်ယောက်မှ သူ့ပြိုင်ဘက်မဟုတ်တော့ပေ။

ထို့ကြောင့် အင်အားပူးပေါင်းခြင်းသည် နှစ်ဖက်လုံးအတွက် အမြော်အမြင်အရှိဆုံး ရွေးချယ်မှုဖြစ်သည်။

ဘုန်း!

ထိုအချိန်တွင် သူတို့ပျိုးဝိညာဉ်၏အခြားဦးတည်ရာမှ ပျံဝဲနေသောဝိညာဉ်အလင်းတစ်ခု ပေါက်ထွက်လာသည်။

လူတိုင်း၏အာရုံသည် ဝိညာဉ်အလင်း၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။

သူတို့၏ အမူအယာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

“ဖြစ်နိုင်တာက..?”

သူတို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ တန်ဖိုးအကြီးဆုံးရတနာသည် ဝိညာဉ်အလင်းထုတ်လွှတ်ရာနေရာမှလာသည်ဟု ယူဆလိုက်ကြသည်။

ဝှစ် ဝှစ် ဝှစ်--

လူတိုင်းသည် သိသာသောနားလည်မှုဖြင့် ဝိညာဉ်အလင်းလာရာဦးတည်ချက်သို့ ပျံသန်းသွားလိုက်ကြသည်။

သူတို့ရောက်ရှိချိန်တွင် သူတို့သည် အရင်တည်းက ပျိုးဥယျာဉ်ကိုတိုက်ခိုက်နေကြသည့် ရှောက်လျန်၊ ရှဲ့ဟယ်ချွမ်းနှင့် တာအိုဝါဒီချင်းတန်တို့ကို မြင်လိုက်ရသည်။

အကာအကွယ်သည် အားကောင်းပြီး အချိန်တိုအတွင်း မပျက်းစီးနိုင်သော်လည်း အထဲမှမြင်ကွင်းကိုတော့ ဖုံးကွယ်မထားပေ။

၎င်းမှာ ရတနာတိုက်ဖြစ်သည်။

ကျန်းချန်ရွှမ်နှင့်အခြားသူများသည် ချက်ချင်းပင် အပြင်ဘက်ကမ္ဘာတွင် တွေ့ရန်အလွန်ခက်ခဲသည့်ရတနာများ ရတနာတိုက်တွင် များစွာရှိနေသည်ကို မြင်လိုက်ရသည်။

၎င်းတို့ထဲတွင် စကြဝဠာကျောက်စိမ်းစစ်နှင့် သူအရေးကြီးလိုအပ်နေသည့် ကမ္ဘာ့ဆွဲငင်အားလည်းပါသည်။

ယခင်ကအရာသည် ယင်ယန်နတ်ဘုရားကျောက်စိမ်းကို သန့်စင်ရသည့် အရာများထဲမှ တစ်ခုဖြစ်သည်။

ပြောရရင်တော့ ၎င်းသည် သူ၏မူလဓမ္မရတနာ မြေနက်လှံကို အဆင့်မြှင့်နိုင်သည့် ရတနာတစ်ခုဖြစ်သည်။

ထို့ပြင် ထိုအရာများသည် ရတနာတိုက်ထဲမှ တန်ဖိုးအကြီးဆုံးရတနာမဟုတ်ပေ။

လူတိုင်း၏နှလုံးသားကို တုန်ခါစေသူမှာ ကလေးလက်သီးအရွယ်လောက်သာရှိသည့် အပြာရောင်သစ်သီးဖြစ်သည်။

ထိုအသီးသည် အခြေတည်ကျင့်စဉ်ဆေးလုံးကို သန့်စင်ပေးနိုင်မည့် အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်သော နာမည်ကျော် အခြေတည်ကျင့်စဉ်အသီးပဲဖြစ်ရမည်။

အခြေတည်ကျင့်စဉ်ဆေးလုံးဆိုသည်မှာ ကျင့်ကြံသူများသည် သူတို့၏အခြေတည်ဝိညာဉ်ကို သိပ်သည်းစေရာတွင် အသုံးပြုသည့် ဝိညာဉ်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။

ဘုန်း!

ဒီတစ်ကြိမ်တွင် မည်သူမှ နောက်ပြန်မလှည့်ကြတော့ဘဲ သူတို့၏အားအကောင်းဆုံးရတနာများနှင့် နတ်စွမ်းအင်ကို အသုံးပြုကာ အကာအကွယ်ကို တိုက်ခိုက်မှုစတင်ရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဖြင့် အကာအကွယ်ပေါ်ရှိ ဝိညာဉ်အလင်းမှာ တိုက်ခိုက်လိုက်ချိန်တိုင်း တောက်ပလာခဲ့သော်လည်း မှေးမှိန်ကာ အားနည်းလာသည့် လက္ခဏာတော့မပြပေ။

တစ်လကြာပြီးသည့်နောက်တွင်မှ အလင်းသည် ဖြည်းဖြည်းချင်း စမှိန်လာခဲ့သည်။

အခုချိန်မှစပြီး တိုက်ခိုက်မှုများ၏ အကြိမ်ရေနှင့် ပြင်းထန်ခြင်းကို လျှော့ချသွားမည်။

ကျန်းချန်ရွှမ်နှင့် အခြားသူများကို အရင်က အသံထုတ်လွှင့်မှုပို့ထားသည့် လုရှန်းယွဲ့သည် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်ချက်ကို ရပ်ဆိုင်းလိုက်သည်။

ထိုသို့ဖြင့် နောက်ထပ်သုံးရက်ကုန်ဆုံးသွားသည်။

ရတနာတိုက်၏အကာအကွယ်သည် ပျက်စီးလုနီးနီးဖြစ်နေသည်ကိုမြင်ပြီးနောက် လေထုထဲမှ ဖိအားသည် အထွတ်အထိပ်သို့ ရောက်သွားတော့သည်။

လူတိုင်းသည် အချင်းချင်း ဆန့်ကျင်စောင့်ကြပ်ရင်း ရတနာတိုက်ထဲမှ အရာများကို ကြည့်နေကြသည်။

နောက်ဆုံးတွင်

နောက်ထပ်နေ့တစ်ဝက်ကုန်လွန်သွားပြန်သည်။

ကျယ်လောင်သော မြည်သံကြီးဖြင့် အကာအကွယ်သည် အစိတ်စိတ်အမြွှာအမြွှာကွဲသွားကာ သိပ်သည်းသောဝိညာဉ်အလင်းများ လျှံထွက်လာပြီး အကုန်လုံး၏အမြင်အာရုံကို ဖုံးလွှမ်းသွားခဲ့သည်။

လူအချို့သည် သူတို့၏လောဘကြီးမှုကို မထိန်းထားနိုင်ခဲ့ပေ။

ထိုနေရာတွင် အာမေဍိတ်အသံများဖြင့် တစ်သီတစ်တန်းကြီးဖြစ်သွားခဲ့သည်။

တစ်ချိန်တည်း၌ပင် လူတိုင်းရတနာတိုက်ထဲသို့ အပြေးအလွှားသွားလိုက်ကြသည်။

တာအိုဝါဒီကွမ်းရွှမ်၏ ပထမဆုံးပန်းတိုင်မှာ အခြေတည်ကျင့်စဉ်သစ်သီးဖြစ်သည်။

ကျန်းချန်ရွှမ်အတွက်မူ သူသည် စကြဝဠာစစ်မှန်သောကျောက်စိမ်း နှင့် မြေလေး’ကို ချိန်ရွယ်နေသည်။

သူ့ကိုမည်သူမျှမကျော်နိုင်မှန်းသေချာစေရန် သူ၏ပျံသန်းခြင်းဓမ္မရတနာ၊ သိမ်းငှက်သွေးအတောင်ပံများကို သူ၏အရှိန်ကိုမြှင့်တင်ရန်အတွက်သုံးလိုက်သည်။

သူသည်လေထဲတွင် အနီရောင်အတန်းသဖွယ် ပြောင်းလဲသွားသည်။

ချက်ချင်းပင်သူသည် စကြဝဠာစစ်မှန်သောကျောက်စိမ်း နှင့် ဗဟိုမြေလေး’တို့၏ရှေ့ကို ရောက်ရှိခဲ့သည်။

သူသည် လက်များကိုမြှောက်ကာယူလိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲသို့ ရတနာနှစ်ခုကို ဆွဲထည့်လိုက်သည်။

သူစုဆောင်းရမိသည့် အရာများက အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ဤခရီးစဉ်၏အရေးကြီးဆုံးပန်းတိုင်မှာ ပြီးမြောက်သွားပြီ။

အနားပတ်လည်ကိုကြည့်လိုက်ပြီး ကျန်းချန်ရွှမ်သည် ရှန်းရူယန်နှင့် ကွမ်းရှင်းထင်လည်း ရတနာနှစ်ခုကိုစုဆောင်းရရှိလိုက်ကြောင်း သဘောပေါက်သွားသည်။

သူရှိထားသည့်ဟာနှင့် အတွဲတွေပင်ဖြစ်သည်။

သူတို့သုံးယောက်သည် ဤနေရာတွင် ကြီးမားသည့်အောင်မြင်မှုရခဲ့သည်ဆိုလျှင် ချဲ့ကားပြော‌ဆိုနေခြင်းမဟုတ်ပေ။

သူတို့သည် ဆုတ်ခွာရန်စဉ်းစားနေကြစဉ် အခြေတည်ကျင့်စဉ်ဆေးလုံးထံသို့ ဦးတည်သွားခဲ့သည့် တာအိုဝါဒီကွမ်းရွှမ်သည် ရုတ်တရက် အော်ဟစ်လိုက်လေသည်။

အံ့အားသင့်သွားကြပြီး လူတိုင်းသည် အခြေတည်ကျင့်စဉ်ဆေးလုံးထားသည့်နေရာကို ကြည့်လိုက်ကြရာ တာအိုဝါဒီကွမ်းရွှမ်သည် မြေပြင်ပေါ်သို့လဲကျနေပြီဖြစ်သည်။

သူသည် သူ့ဦးခေါင်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားလိုက်ပြီး သူ့မျက်နှာသည် အလွန်ထူးဆန်းသည့်နာကျင်မှုကြောင့် ထင်ယောင်ထင်မှားဖြစ်နေဟန်တူသည်။

အထူးသဖြင့် သေးမျှင်သော အနီရောင်အမွှေးများသည် သူ့အရေပြားပေါ်တွင် ပေါက်ရောက်နေသည်။

သူ့လက်ပေါ်ရှိ လက်သည်းများသည် သိသာထင်ရှားသော အရှိန်ဖြင့် ရုတ်တရက်ကြီးမားကျယ်ပြန့်လာသည်။

သူသည် သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာကုတ်ဖဲ့လိုက်ပြီး ထိုခနတွင်ပင် သူ့ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းသွားသည်။

ဤထူးဆန်းသောမြင်ကွင်းသည် လူတိုင်းကို အရိုးထဲထိအေးစိမ့်သွားစေခဲ့သည်။

ဘာတွေဖြစ်နေကြတာလဲ?

အဘယ်ကြောင့် ရွှေအမြုတေနဝမအဆင့်ကျင့်ကြံသူတစ်ယောက်က ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ?

ဤအတွေးသည် လူတိုင်းစိတ်ထဲသို့ ရောက်ရှိလာသည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် လုရှန်းယွဲ့သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။

သူမ၏အကြည့်သည် ရုတ်တရက် တာအိုဝါဒီချင်းထန်၊ ရှောက်လျန်နှင့် ရှဲ့ဟယ်ချွမ်းတို့ဆီ ပြောင်းသွားပြီးနောက် အော်ပြောလိုက်သည်။

“တာအိုရောင်းရင်းချင်ထန်း၊ တာအိုရောင်းရင်းရှဲ့ ရှင်တို့...?”

သူမစကားပြော၍မပြီးသေးခင်ပင် သူတို့သုံးယောက်၏ နဖူးများသည် ရုတ်တရက် ထူးဆန်းစွာ လူးလွန့်နေသည်။

ချက်ချင်းပင် အသားများကွဲထွက်သွားသည့်အသံများ ပေါ်ထွက်လာခဲ့သည်။

သူတို့နဖူး၏ အလယ်တည့်တည့်တွင် နီရဲသောမျက်လုံးတစ်ခု ရောက်ရှိလာခဲ့သည်။

၎င်း၏အမြီးသည် အမှန်စင်စစ် ကျောရိုးမဲ့ခန္ဓာသဖွယ် အပေါ်နှင့်အောက် အဆက်မပြတ်လှုပ်ရှားနေခဲ့သည်။

ထိုအချိန်တွင် သူတို့သုံးယောက်ထံမှ မလိုမုန်းထားသည့်တ‌စ္ဆေများမှ အန္တရာယ်ပြုတော့မည့်ရယ်သံမျိုးထွက်ပေါ်လာသည်။

***

All Chapters