← Chapters

မိစ္ဆာအင်းဆက်၊ ကောင်းကင်မီးတောက်၏ ကြီးမားသောခွန်အား

Vol. 20 Ch. 383

မိစ္ဆာအင်းဆက်၊ ကောင်းကင်မီးတောက်၏ ကြီးမားသောခွန်အား

Vol. 20 Ch. 383

“ဒါက..?”

လုရှန်းယွဲ့နှင့် အခြားသူများဘာမှမတုံ့ပြန်နိုင်ကြသေးခင် ယခုလေးတင်အော်ဟစ်နေသည့် တာအိုဝါဒီကျမ်းရွှမ်သည် သူ၏နဖူးအလယ်တွင် အနီရောင်မျက်လုံးတစ်လုံးကိုပေါ်ပေါက်စေခဲ့သည်။

ထိုမျက်လုံးသည် လူတိုင်း၏အာရုံကိုဖမ်းစားလိုက်သည်။

လုရှန်းယွဲ့နှင့် ရှန်ခန်းလုံတို့၏ အမူအယာသည် သိသိသာသာပြောင်းလဲသွားပြီး သူတို့၏ကိုယ်ပေါ်တွင် ကြက်သီးမွေးညင်းများထလာသည်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် တာအိုဝါဒီကွမ်းရွှမ်ကိုယ်ပေါ်မှ အနီရောင်အမွေးအမျှင်များမှာ ပိုမိုများလာခဲ့လေသည်။

တစ်ခြားတစ်ဖက်တွင်လည်း တာအိုဝါဒီချင်းထန်၊ ရှောက်လျန်နှင့် ရှဲ့ဟယ်ချွမ်းတို့သည် သိပ်သည်းသော အနီရောင်အမွေးအမျှင်များပေါက်လာခဲ့သည်။

ထို့နောက် လေအဝှေ့တစ်ချက်ကို ခံစားလိုက်မိသည်နှင့်အတူ တာအိုဝါဒီရွှမ်းကွမ်အနီးရှိ ရှန်းကွမ်းယုံရှန်းသည် တုံ့ပြန်ချိန်တောင်မရလိုက်ပေ။

သူ၏ဝမ်းဗိုက်သည် အနက်ရောင်လက်သည်းရှည်များသို့ပြောင်းနေသော တာအိုဝါဒီကွမ်းရွှမ်၏ ထိုးဖောက်ခြင်းကိုခံလိုက်ရသည်။

ခနအကြာချက်ချင်းပင် လုံးဝန်းသောရွှေအမြုတေတစ်ခု ရှန်းကွမ်းယုံရှန်း၏ ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရသည်။

“အား!”

ရှန်းကွမ်းယုံရှန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ထို့နောက် သူ့ခန္ဓာကိုယ်သည် သိသိသာသာရှုံ့တွလာသည်။

ခနချင်းပင် ရွှေအမြုတေဆဌမအဆင့် ကျင့်ကြံသူတစ်ယောက်သည် အရေခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုမြင်ကွင်းကိုမြင်ပြီး လူတိုင်း၏ ဦးရေပြားတို့ထုံကျဉ်လာကာ အထိတ်တလန့်ဖြစ်သွားခဲ့ကြသည်။

“ဒါကဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာအင်းဆက်ပဲ!”

ရုတ်တရက် ရှန်းရူယန်သည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

သူမသည်ထပ်၍

“ဒီမိစ္ဆာအင်းဆက်က အထူးပိုင်နက်နယ်မြေကပဲ။ အဲ့ဒါကကျင့်ကြံသူတွေရဲ့ မူလဝိညာဉ်တွေကို အဓိကစားသောက်ပြီးတော့ ကပ်ပါးကောင်တစ်ကောင်လို စွမ်းရည်မျိုးရှိတယ်။ အဲ့ဒါက ရုပ်ဖျက်တာနဲ့ ပုံစံပြောင်းတာမှာ ပိုလို့တောင်သာသေးတယ်။ သူတို့သတိမထားဘူးဆိုလို့ရှိရင် အတုအယောင်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူရဲ့ မူလဝိညာဉ်တောင် ဝါးမျိုဖျက်ဆီးခံရနိုင်တယ်”

“ဘာရယ်?”

ရှန်းရူယန်၏စကားများကိုကြားပြီး လုရှန်းယွဲ့နှင့် ရှန်ခန်းလုံတို့ အံ့အားသင့်သွားကြသည်။

ဤအင်းဆက်သည် အတုအယောင်အခြေတည်ဝိညာဉ်ကိုတောင် ခြိမ်းခြောက်နိုင်သည်။

ဒါကသူတို့ပိုပြီး အန္တရာယ်ကြီးသွားတာမဟုတ်ဘူးလား?

ဤအတွေးသည် သူတို့စိတ်ထဲသို့ဖျက်ကနဲဝင်ရောက်သွားပြီး ကပ်ပါးစုပ်ယူခြင်းခံထားရသည့် တာအိုဝါဒီကွမ်းရွှမ်နှင့် အခြားသူများသည် သူတို့ငါးယောက်ဆီသို့ ချက်ချင်းပျံသန်းသွားလိုက်ကြသည်။

သူတို့နဖူးပေါ်ရှိမျက်လုံးသည် အနီရောင်အလင်းများစွာဖြင့် တောက်ပလို့နေသည်။

ချက်ချင်းပင် အနီရောင်အလင်း၏ စိုက်ကြည့်မှုကိုခံလိုက်ရသည့် ရှန်ခန်းလုံနှင့် လုရှန်းယွဲ့တို့၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများပေါ်ပေါက်လာသည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူတို့သည် လှုပ်ရှား၍မရတော့ကြောင်း သဘောပေါက်သွားကြ၍ဖြစ်သည်။

သူတို့၏အတွေးများပင် နှေးကွေးလို့လာသည်။

ရှန်းကွမ်းယုံရှန်းလွယ်လွယ်နှင့် အသတ်ခံလိုက်ရသည်မှာ အံ့ဩစရာမရှိတော့ပေ။

စိတ်ပျက်ခြင်းများသည် သူတို့နှစ်ယောက်အပေါ်လွှမ်းမိုးသွားပြီးနောက် ကောင်းကင်မှလျှပ်စီးတစ်ခု ရုတ်တရက်ပစ်ချလိုက်သည်။

ဂျိန်း!

ရှန်ခန်းလုံနှင့် ခုရှန်းယွဲ့တို့ကို ချဉ်းကပ်နေသည့် တာအိုဝါဒီကွမ်းရွှမ်နှင့် ကျန်သုံးယောက်သည် ချက်ချင်းပင်တောက်ပသော လျှပ်စီးစက်ကွင်းများဖြင့် ဖုံးအုပ်ခံလိုက်ရသည်။

“အား!”

သူတို့လေးယောက် ဒေါသအမျက်ထလျက် ဟိန်းဟောက်လိုက်ကြသည်။

သူတို့ခန္ဓာကိုယ်အနားရှိ ဝင်းလက်နေသော အနီရောင်အလင်းတန်းသည် လျှပ်စီးစက်ကွင်းများကို လွင့်ပြယ်စေနေသည်။

“သူတို့ကို ဘယ်သူ့မှထပ်သတ်ခွင့်ပေးလို့မဖြစ်တော့ဘူး”

ထိုအချိန်တွင် ရှန်းရူယန်၏အသံကို ကျန်းချန်ရွှမ်နှင့် ကွမ်းရှင်းထင်တို့၏နားထဲတွင် ကြားလိုက်ရသည်။

“အဲ့ဒီမျိုးခြားအင်းဆက်တွေက ကျင့်ကြံသူတစ်ယောက်ကိုသတ်လိုက်တဲ့အချိန်တိုင်း အသတ်ခံရသူ၏ စွမ်းအားတွေအကုန်လုံးကိုသူတို့စုပ်ယူလိုက်တယ်။ ရှန်ခန်းလုံနဲ့ လုရှန်းယွဲ့ သူတို့လက်ထဲမှာ သေသွားမယ်ဆိုလို့ရှိရင် ငါတို့အတွက် အခြေအနေကိုပိုဆိုးစေလိမ့်မယ်”

ထို့နောက် ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို ကြည့်ကာပြောလိုက်သည်။

“ယောက်ျား ရှင့်ရဲ့ပတ္တမြားမီးတောက်ကိုသုံးလိုက်။ ဒီမျိုးခြားအင်းဆက်တွေက ဓား၊ လှံ၊ ရေနဲ့ လျှပ်စီးတွေကိုမကြောက်ဘူး။ ဒါပေမယ့် သူတို့က ကောင်းကင်မီးတောက်ကိုတော့ ကြောက်တယ်။ ကောင်းကင်မီးတောက်ကို သူတို့နဲ့ရင်ဆိုင်ဖို့သုံးတာက တစ်ဝက်လောက် အားစိုက်ထုတ်ရုံနဲ့ နှစ်ဆလောက် အကျိုးသက်ရောက်မှုရှိတယ်။”

ကျန်းချန်ရွှမ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ့ကိုယ်ထည်သည် မြင်ကွင်းထဲမှ ပျောက်သွားသည်။

သူသည် တာအိုဝါဒီချင်းထန်၏နောက်တွင် နောင်တစ်ကြိမ်ထပ်ရောက်လာသည်။

ကရက်--

လေထဲတွင် မီးတောက်များနှင့်ဖွဲ့စည်းထားသည့် ဓားရှည်တစ်ခုသည် တာအိုဝါဒီကွမ်းရွှမ်၏ ခေါင်းကို ခုတ်ချလိုက်သည်။

ဓားသွားမျက်နှာပြင်ပေါ်ရှိ မီးတောက်များသည် အဖြူရောင်ဖြစ်သည်။

အလယ်ဗဟိုသာလျှင် လောင်မြိုက်နေသောအနီရောင်များဖြင့် တလိပ်လိပ်တက်နေသည်...

ပင်ကိုထူးဆန်း၍ မျက်နှာပေါ်တွင် ကောက်ကျစ်သောအပြုံးနှင့် တာအိုဝါဒီချင်ထန်းသည် ကျန်းချန်ရွှမ် ခုတ်ဖြတ်ချလိုက်သည့် မီးတောက်ဓားကိုမြင်သောအခါ ထူးခြား၍ ကြောက်စရာကောင်းသောအမူအယာကို ထုတ်ဖော်ပြသလိုက်သည်။

သူသည် ကျန်းချန်ရွှမ်၏ထုတ်ခိုက်မှုကို ရှောင်တမ်းရန် ကြိုးပမ်းအားထုတ်ခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် သွေးလင်းယုန်တောင်ပံတပ်ဆင်ထားသည့် လက်ရှိကျန်းချန်ရွှမ်ထပ် ဘယ်လိုလုပ်ပိုမြန်နိုင်မှာတဲ့လဲ။

သွေးလင်းယုန်တောင်ပံများသည် ရုတ်တရက် တဖျပ်ဖျပ်ခံလိုက်သည်။

လေထုထဲတွင် ရှည်လျားသောအူသံကြီးထွက်ပေါ်လာသည်နှင့် ပတ္တမြားမီးတောက်ဖြင့်ပြုလုပ်ထားသည့် မီးတောက်ဓားသည် တာအိုဝါဒီကွမ်းရွှမ်ကို ခုတ်ဖြတ်လိုက်သည်။

“အ အ...အား...!”

တာအိုဝါဒီချင်းထန်သည် သနားစရာကောင်းသော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်သည် မီးရှို့ခံလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းပင် ထိုအရာသည် ပြာတစ်ဆုပ်အဖြစ်ပြောင်းသွားပြီး မြေပြင်ပေါ်သို့ လွင့်စင်သွားခဲ့သည်။

တာအိုဝါဒီကွမ်းရွှမ်နှင့် အခြားနှစ်ယောက်သည် ကျန်းချန်ရွှမ်ကို အနည်းငယ် ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

တစ်ချိန်တည်း၌ပင် တာအိုဝါဒီကွမ်းရွှမ်နှင့် အခြားသူများ၏ဟန့်တားခြင်းကို ခံထားရသည့် ရှန်ခန်းလုံနှင့် လုရှန်းယွဲ့တို့သည်လည်း လွတ်မြောက်အောင်လုပ်နိုင်ခဲ့ကြလေသည်။

ဘာမှမပြောနေဘဲ သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ဘက်သို့ အပြေးအလွှားသွားလိုက်ကြသည်။

ထိုအချိန်တွင် သူတို့သည်တစ်လှေတည်းစီးနေကြသူများဖြစ်သည်။

ရှန်းရူယန်သည် သူတို့ကို ဤအင်းဆက်များ၏ အားနည်းချက်များကို အမြန်‌ပြောပြနေသည်။

ထိုအကြောင်းကိုကြားပြီး လုရှန်းယွဲ့၏မျက်လုံးများ ချက်ချင်း ဝင်းလက်သွားသည်။

သူမသည်လည်း လူတိုင်းထံသို့ ‌အသံပို့လွှတ်ရင်း မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးလိုက်လေသည်…

***

All Chapters