မိစ္ဆာအင်းဆက်၊ ကောင်းကင်မီးတောက်၏ ကြီးမားသောခွန်အား(၂)
Vol. 20 Ch. 384
“လူတိုင်းနားထောင်ပေးပါ ကျွန်မလက်ထဲမှာရှိနေတာက ကောင်းကင်မီးတောက်ပဲ။ ဒါကိုအပြာရောင်ကြာပန်းမီးတောက်လို့ခေါ်တယ်။ ဒါက တာအိုရောင်းရင်းကျန်းရဲ့ ပတ္တမြားမီးတောက်ကိုတော့မယှဉ်နိုင်ပေမယ့်လည်း ဒါကစတုတ္ထအဆင့်ကို ရောက်ရှိပြီးပြီ”
လုရှန်းယွဲ့၏ပြောဆိုသံကိုကြားပြီးနောက် သူတို့အကုန်လုံးအားရကျေနပ်စွာ အံ့အားသင့်သွားကြသည်။
ယခုမူ သူတို့တွင် ကောင်းကင်မီးတောက်နှစ်ခုရှိနေပြီဖြစ်သည်။
ကိစ္မများသာ ရှောရှောရှူရှူဖြစ်မည်ဆိုပါက ဝိညာဉ်စားမိစ္ဆာအင်းဆက်များ၏ ကပ်ပါးပြုခြင်းကို ခံနေရသည့် လူသုံးယောက်နှင့် ရင်ဆိုင်ရန်မှာ ခက်ခဲမည်မဟုတ်တော့ပေ။
ထိုအခြေအနေတွင် သူတို့သည် အစီအစဉ်ကို အကြမ်းဖျင်းဆွေးနွေးလိုက်ကြသည်။
ထို့နောက် ကျန်းချန်ရွှမ်သည် ထပ်မံတိုက်ခိုက်ခဲ့သည်။
သူ၏လက်ထဲရှိ ပတ္တမြားမီးတောက်သည် မီးရောင်တောက်နေသောကြာပွတ်ရှည်အဖြစ်ပြောင်းသွားပြီး တာအိုဝါဒီရွှမ်းကွမ်နှင့် ကျန်နှစ်ယောက်ကို ရိုက်နှက်လိုက်သည်။
ချက်-
ရုတ်ရက်မီးလှိုင်းများလေထဲတွင် ဂယက်ထလာသည်။
တာအိုဝါဒီကွမ်းရွှမ်နှင့် ကျန်နှစ်ယောက်သည် အထိတ်တလန့်ဖြစ်ကာ ရှောင်ပြေးလိုက်ကြသည်။
သူတို့သုံးယောက်ဆုတ်ခွာနေဟန်ပြင်နေသော်လည်း လုရှန်းယွဲ့သည် သူတို့သုံးယောက်၏နောက်တွင် ရောက်နှင့်နေပြီးဖြစ်သည်။
ဘုန်း-
အပြာရောင်ကြာပန်းမီးတောက်သည် ကြိတ်ဆုံကျောက်ရွယ်အစားရှိသည့် ချပ်ပြားဝိုင်း သဏ္ဍာန်ပြောင်းသွားပြီး တာအိုဝါဒီရွှမ်းကွမ်နှင့် အခြားနှစ်ယောက်ဆီသို့ လှည်ထွက်သွားသည်။
တာအိုဝါဒီကွမ်းရွှမ်နှင့်အခြားနှစ်ယောက်သည် ကောင်းကင်မီးတောက်ရှိသည့်သူကို ကျန်းချန်ရွှမ်တစ်ယောက်သာထင်၍ ကျန်သည့်သူများကို မမျှော်လင့်ထားမိပေ။
မကြာမီပင် ရှောက်လျန်၏ခန္ဓာကိုယ်သည် အပြာရောင်ကြာမီးတောက်ဖြင့် ဖျက်စီးခံလိုက်ရသည်။
စိတ်မချမ်းမြေ့ဖွယ်အော်သံတစ်ထု လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။
ထိုအရာကိုမြင်ပြီး တာအိုဝါဒီကွှမ်းရွှမ်နှင့် ရှဲ့ဟယ်ချွမ်းတို့သည် တုံ့ဆိုင်းမနေတော့ပေ။
သူတို့၏ပုံရိပ်များ လှစ်ခနဲလှည့်ထွက်သွားပြီး စိတ်ပျက်စွာပင်ထွက်ပြေးသွားကြသည်။
မမျှော်လင့်ဘဲ ထိုအချိန်၌ ဆက်လက်၍လည်ကာတိုးဝှေ့ဝင်လာနေသော အနီရောင်နှင့်အဖြူရောင်မီးတောက်များသည် သူတို့၏အမြင်အာရုံတွင်ကြီးမားလာကာ လျင်မြန်စွာပင်ပေါင်းစပ်သွားသည်။
“မကောင်းတော့ဘူး!”
တာအိုဝါဒီကွမ်းရွှမ်နှင့် ရှဲ့ဟယ်ချွမ်းတို့သည် မကောင်းသောခံစားချက်တစ်ခုခံစားလိုက်ရသည်။
သူတို့ထွက်ပြေးလွတ်မြောက်ချင်သော်လည်း ကံမကောင်းစွာပင် မီးတောက်များ၏အရှိန်သည် အလွန်မြန်နေသည်။
ဂျိန်း ဂျိန်း ဂျိန်း!
ရတနာတိုက်တစ်ခုလုံးကိုပင် လှုပ်ရမ်းသွားစေသည့် ကြီးမားသောပေါက်ကွဲခြင်းတစ်ခု ဖြစ်ပွားခဲ့သည်။
တောက်လောင်နေသောမီးတောက်များသည် ချက်ချင်းပင် တာအိုဝါဒီကွမ်းရွှမ်နှင့် ရှဲ့ဟယ်ချွမ်းတို့အား ဝါးမျိုသွားပြီး စက္ကန့်ပိုင်းအတွင်းတွင် သူတို့အား ပြာမှုန်များအဖြစ်ပြောင်းလဲပေးလိုက်သည်။
ကွမ်းရှင်းထင်၊ လုရှန်းယွဲ့နှင့် ရှန်ခန်းလုံတို့၏ အမူအယာများသည် ကြောက်မက်ဖွယ်ကောင်းသောပြောင်းလဲမှုကို မြင်လိုက်ရသောအခါ အနည်းငယ်ပြောင်းလဲသွားသည်။
အထူးသဖြင့် ရှန်ခန်းလုံပင်ဖြစ်သည်။
နောက်ဆုံးဆင့် ရွှေအမြုတေကျင့်ကြံသူအနေနှင့် သူသည် ဤအရာကို သေသေချာချာပင်အာရုံခံစားမိလိုက်သည်။
ကျန်းချန်ရွှမ်တွင်ရှိသည့် နတ်စွမ်းအင်သည် သူ၏ဘဝကို ခြိမ်းခြောက်ဖို့ပင် လုံလောက်နေပြီ။
သူတိုက်ခိုက်ခံလိုက်ရသည်နှင့် တာအိုဝါဒီကွမ်းရွှမ်နှင့် ရှဲ့ဟယ်ချွမ်းတို့ကဲ့သို့ပင် ပြာမှုန်များအဖြစ် ပြောင်းလဲသွားနိုင်သည်။
ကျွိ--
ထိုအချိန်တွင် လောင်မြိုက်နေသောမီးတောက်များကြား၌ ထိပ်ဘက်တွင် မျက်လုံးတစ်လုံးတည်းသာပါရှိသည့် အနီရောင်မိစ္ဆာသည် ရုတ်တရက် စိတ်မချမ်းမြေ့ဖွယ်အခြေအနေဖြင့် လူးလွန့်သွားသည်။
၎င်းသည် အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်ပြည်များဖြင့် မီးလာင်ကျွမ်းနေပြီး အသေချာပင် ဒဏ်ရာရထားသည်။
ထိုအရာသည် သုတ်သုတ်ပြာပြာပြေးတော့မည်အပြုတွင် မီးတောက်များဖြင့် ပြုလုပ်ထားသည့် တစ်ခုမှာအပြာရောင်ဖြစ်၍ နောက်တစ်ခုမှာအဖြူရောင်ရှိသော ကြီးမားသည့်ကွန်ရက်နှစ်ခုသည် ၎င်းကိုဖုံးအုပ်လိုက်ကြပြီး နေရာတစ်ခုတွင် ပိတ်ကာလိုက်ကြသည်။
ရှဲ--
ရုတ်တရက် မိစ္ဆာကြီး၏ခန္ဓာကိုယ်မှ မီးတောက်များပေါ်ထွက်လာပြီး စူးစူးဝါးဝါးအော်ငိုသံတစ်ခုကိုဖြစ်စေခဲ့သည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ချက်ချင်းစောင့်ကြည့်နေခဲ့ကြသည်။
လုရှန်းယွဲ့ကပြောလိုက်သည်။
“တာအိုရောင်းရင်းရှန်း ဒါကဝိညာဉ်စားမိစ္ဆာရဲ့အဓိကခန္ဓာကိုယ်မဟုတ်လား? အင်းဆက်ကနေ အခြေတည်ကျင့်ကြံခြင်းသစ်သီးပုံစံပြောင်းလဲပြီးတော့ ကျွန်မတို့ကိုအရူးလုပ်လိုက်နိုင်ရုံတင်မကဘဲ တာအိုဝါဒီကွမ်းရွှမ်ကိုပါ အောင်မြင်စွာ ကပ်ပါးပြုစုပ်ယူလိုက်နိုင်သေးတယ်”
“အမှန်ပဲ”
ရှန်းရူယန်ခေါင်းညိတ်လိုက်သည်။
“ဒါကဝိညာဉ်စားမိစ္ဆာအင်းဆက်ရဲ့ တကယ့်ခန္ဓာကိုယ်ပဲ။ ငါ ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ဒီလိုမျိုးခြားမိစ္ဆာအင်းဆက်တွေဘာလို့ရှိနေမှန်းမသိဘူး”
သူမ၏ စကားများကိုကြားပြီးနောက် လူတိုင်း၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သောအကြည့်တစ်ခု ပေါ်ပေါက်သွားသည်။
ရှေးဟောင်းအပျက်အစီးနယ်မြေမပိတ်မီ လဝက်ခန့် အချိန်ရသေးသည်။
အလားသဏ္ဍာန်တူမိစ္ဆာအင်းဆက်များ ထပ်မရှိနိုင်တော့ကြောင်း မည်သူမျှအာမခံချက်မပေးနိုင်ပေ။
နောက်တစ်ခုထပ်ပေါ်ပေါက်လာပြီး သူတို့ကိုနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ပါက သူတို့ထဲကတစ်ယောက်မျှ အသက်ရှင်လျက်ပြန်မထွက်သွားရနိုင်ချေရှိသည်။
နောက်ဆုံးအနေဖြင့် အကြီးမားဆုံးခြိမ်းခြောက်မှုမှာ ဤမိစ္ဆာအင်းဆက်၏ ကိုယ်ပိုင်သန်မာမှုမဟုတ်ဘဲ ၎င်း၏ဖုံးကွယ်ခြင်းနှင့် အသွင်ပြောင်းခြင်းစွမ်းရည်ပင်ဖြစ်သည်။
နဝမအဆင့် ရွှေအမြုတေကျင့်ကြံသူ တာအိုဝါဒီကွမ်းရွှမ်ပင်လျှင် ၎င်း၏ဟန်ဆောင်ဖုံးကွယ်မှုကို မမြင်နိုင်ခဲ့ပေ။
သူတို့လည်း တာအိုဝါဒီကွမ်းရွှမ်ကဲ့သို့ အဆုံးသတ်မသွားဘူးဟု မည်သူမျှအာမခံမပေးနိုင်ပေ။
အဆုံးတွင် ကွမ်းရှင်းထင်၊ လုရှန်းယွဲ့နှင့် ရှန်ခန်းလုံတို့ပင် သေချာယုံကြည်ချက်မရှိကြပေ။
“တစ်နေရာရာကိုသွားရအောင်”
ထိုအချိန်တွင် ကျန်းချန်ရွှမ် အကြံပြု ပြောဆိုလိုက်သည်။
ထိုအခြေအနေတွင်ဤနေရာတွင်ဆက်နေရန် အကြောင်းမရှိတော့ပေ။
အချိန်များအလဟဿဖြစ်သွားသည်မှလွဲ၍ သူတို့ မည်သည့်အရာကိုမျှမရရှိခဲ့လိုက်ပေ။
ထို့ပြင် လုံခြုံမှုလည်းမရှိတော့ပေ။
ရှန်းရူယန်နှင့် ကွမ်းရှင်းထင်သည် မည်သို့မျှကန့်ကွက်စရာမရှိပေ။
အခြားတစ်ဖက်တွင် ရှန်ခန်းလုံနှင့် လုရှန်းယွဲ့တို့သည် တုံ့ဆိုင်းနေခဲ့ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတွင် သူတို့နှစ်ယောက်လည်း ကျန်းချန်ရွှမ်၏အကြံပြုချက်ကို ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ရက်အနည်းငယ်ကြာပြီးနောက်…
သူတို့အဖွဲ့သည် တိတ်ဆိတ်သော အခန်းတစ်ခန်းထဲသို့ ရောက်လာခဲ့ကြသည်။
သူတို့တိတ်ဆိတ်နေသော အခန်းထဲသို့ ဝင်သွားလိုက်သည်နှင့် ကျန်းချန်ရွှမ်နှင့် အခြားလူများ၏ ဦးရေပြားတို့ ထုံကျင်သွားခဲ့ကြသည်။။
တိတ်ဆိတ်သောအခန်း၏အလယ်တွင် လူတစ်ယောက်တည့်မတ်စွာထိုင်နေလေသည်။
အတိအကျပြောရရင် ၎င်းမှာ အရိုးခြောက်တစ်ခုဖြစ်သည်။
အရိုးခြောက်သည် လူတစ်ယောက်၏ တစ်ရပ်စာရှိသည်။
သူ၏ခြေရင်းတွင် များပြားသော ကျောက်စိမ်းပြားမျာရှိသည်။
ထို့ပြင် ထိုအခန်းထဲတွင် အခြားဘာမှမရှိပေ။
ကျန်းချန်ရွှမ်နှင့်အခြားသူများ၏အကြည့်များသည် ကျောက်စိမ်းပြားများပေါ်သို့ ရောက်ရှိသွားသည်။
ထိုအချိန်တွင် ရှန်းရူယန်ကပြောလိုက်သည်။
“လူတိုင်းပဲ ကျွန်မမမှားဘူးဆိုလို့ရှိရင် ဒီဟာက ရှေးဟောင်းအပျက်အဆီးနယ်မြေရဲ့ပိုင်ရှင်နေထိုင်ခဲ့တဲ့နေရာပဲဖြစ်လိမ့်မယ်။ ဒီအရိုးစုတွေက သေလွန်သွားပြီဖြစ်တဲ့ ပိုင်ရှင်ရဲ့ အရိုးစုတွေပဲဖြစ်လိမ့်မယ်”
ရှန်းရူယန်၏ ခန့်မှန်းချက်ကို လူတိုင်း သဘောတူလိုက်ကြသည်။
ထိုအချိန်တွင် ရှန်းရူယန်သည် ဆကိ၍ပြောလိုက်သည်။
“ရှင်တို့စိတ်မခုဘူးဆိုရင် ကျွန်မတို့ရှေ့မှာရှိနေတဲ့ ကျောက်စိမ်းပြားတွေကို တံဆိပ်ထွင်းပုံတူပွားလိုက်ရင်ကော ဘယ်လိုလဲ”
လုရှန်းယွဲ့သည် ပထမဆုံး ထောက်ခံသည့်သူဖြစ်သည်။
“တာအိုရောင်းရင်းရှန်းရဲ့တင်ပြချက်ကို ကျွန်မသဘောတူတယ်။ ပြီးတော့ ကျွန်မဒီနေ့ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောကြဖို့လည်း အကြံပြုချင်တယ်။ နောက်ဆုံးအနေနဲ့ တာအိုဝါဒီကွမ်းရွှမ်နဲ့ ရှောက်လျန်တို့က မင်ကျန်းဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်အကြီးအကဲတွေဖြစ်ကြတယ်။ သူတို့တွေ ဝိညာဉ်စားမိစ္ဆာအင်းဆက်ရဲ့လက်ထဲမှာ သေသွားခဲ့ကြပေမယ့် ကျွန်မတို့ အဲ့ဒီလိုပြောရင်လည်း ဘယ်သူမှယုံမယ်မထင်ဘူး။ အဲ့ဒီအစား သူတို့က ကျွန်မတို့ဒီနေရာမှာရရှိထားတဲ့ရတနာတွေကို ထိန်းသိမ်းဖို့ တောင်းဆိုကြလိမ့်မယ်”
ဤကဲ့သို့အရာမျိုးသည် ဖြစ်နေကျပင်ဖြစ်သည်။
ထို့နောက် တာအိုဝါဒီကွမ်းရွှမ်နှင့် ရှောက်လျန်တို့၏ အမူအကျင့်များအရ မင်ကျန်းဂိုဏ်းသည် ဘယ်လိုနေရာမျိုးဖြစ်ကြောင်း ပြောရန်မှာခက်ခဲလှသည်။
“အဲ့ဒီလိုသာဆိုရင် လုံခြုံသွားအောင် ကျွန်မတို့တ ွေသွေးကျမ်းကျိန်သဘောတူညီချက်တစ်ခုလုပ်သင့်တယ်လို့ အကြံပြုချင်တယ်”
ထိုအချိန်တွင် ကွမ်းရှင်းထင်သည် သူမ၏ကိုယ်ပေါ်မှ သွေးကျမ်းကျန်စာချုပ်အလွတ်တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုအရာကိုမြင်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အနည်းငယ်တော့ ထူးဆန်းသည်ဟုခံစားလိုက်ရသည်။
ကွမ်းရှင်းထင်က သူမရဲ့ကိုယ်ပေါ်မှာ ဘာလို့ဒါမျိုးတွေအများကြီးရှိနေပုံ ပေါ်နေတာလဲ?
သွေးကျမ်းချိန်စာချုပ်သည် တန်ဖိုးနည်းသည့် အရာတစ်ခုမဟုတ်မှန်းသိကြသည်။
ကွမ်းရှင်းထင်၏ စကားလုံးများအောက်တွင် လုရှန်းယွဲ့နှင့် ရှန်ခန်းလုံတို့လည်း ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့သည် လျင်မြန်စွာ သဘောတူခေါင်းညိတ်လိုက်ကြသည်။
“ကိစ္စမရှိပါဘူး”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း အကြံပြုချက်နှင့် ပတ်သက်၍ ပြဿနာမရှိပေ။
မကြာမီပင် သူတို့သည် သွေးကျမ်းကျိန်စာချုပ်ကို လက်မှတ်ထိုးလိုက်ကြသည်။
ထို့နောက် သူတို့သည် မြေပြင်ပေါ်ရှိ ကျောက်စိမ်းပြားများကို ကြည့်လိုက်သည်။
“ငါလုပ်လိုက်မယ်”
ကျန်းချန်ရွမ်သည် သု့လက်ကို အနည်းငယ်မြှောက်လိုက်သည်။
၎င်းသည် လှုပ်လှုပ်ရွရွဖြစ်လာသည်။
ကျောက်စိမ်းပြားများသည် မမြင်ရသည့်အားတစ်ခုမှ ချက်ချင်းယူဆောင်ခံလိုက်ရပြီး သူ့ဆီသို့လျင်မြန်စွာပင် ဆွဲယူခံလိုက်ရသည်။
ထို့နောက် သူ၏မျက်လုံးထဲတွင် အလင်းနှစ်ခု အရောင်တောက်လာသည်။
သူသည် ကျောက်စိမ်းတစ်ခုကိုယူလိုက်ပြီး သူ၏နဖူးပေါ်တွင် ထားလိုက်သည်။
ထိုအရာကိုမြင်၍ ရှန်းရူယန်လည်း ကျောက်စိမ်းတစ်ခုကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။
ကျန်သုံးယောက်လည်း ကျောက်စိမ်းပြားများ ဘာမှမဖြစ်ကြောင်း သံသယများကင်းရှင်းသွားပြီး စစ်ဆေးရန် တစ်ခုစီယူလိုက်ကြသည်။
***