တာအိုလမ်းစဉ်ကိုနားလည်ခြင်း၊ ရွှေအမြုတေဆဌမအဆင့်
Vol. 20 Ch. 385
ခနကြာပြီးနောက်…
လူတိုင်းသည် ကျောက်စိမ်းပြားများကို စစ်ဆေးရန် ယူဆောင်ပြီးကြပြီးဖြစ်သည်။
ထိုအချိန်တွင် သူတို့၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
အကြောင်းကတော့ ဤကျောက်စိမ်းပြားများသည် အမွေအနှစ် အမျိုးအစားအကုန်လုံးကို မှတ်တမ်းယူထားသောကြောင့် ဖြစ်သည်။
ကျင့်ကြံခြင်းနည်းလမ်းများမှသည် မျိုးစုံသောမန္တန်ဂါထာများ၊ အဂွိရတ်၊ လက်နက်များပြုပြင်ချင်း၊ အစီအရင်များနှင့် နတ်စွမ်းအင်တို့ပါ အကုန်ရှိနေပေသည်။
ထို့ပြင် ၎င်းတို့၏ အဆင့်များသည် ပထမအဆင့်မှ စတုတ္ထအဆင့်ထိ စဉ်ထားသည်။
ကျောက်စိမ်းပြားများထဲတွင် ပဉ္စမအဆင့်အမွေအနှစ် သုံးခုလည်းရှိသေးသည်။
သူတို့သည် မူလမြေဓာတ်ဝိညာဉ်နည်းစနစ် ဟုခေါ်သည့် ကျင့်ကြံခြင်းနည်းလမ်း၊ မြေဦးဆောင်မှုဟုခေါ်သည့် ပဉ္စမအဆင့်မန္တန်နှင့် စိတ်ဝိညာဉ်ကူးခြင်းဆေးလုံးဟုခေါ်သည့် ပဉ္စမအဆင့်ဆေးလုံးအညွန်းပင်ဖြစ်သည်။
ထပ်ပေါင်းအနေဖြင့် ကျန်းချန်ရွှမ်နှင့်အခြားသူများသည် ဤကျောက်စိမ်းပြားများမှတစ်ဆင့် အမှန်တရားအချို့ကို သင်ယူခဲ့ကြရသည်။
၎င်းသည် သူတို့အရှေ့တွင်တွေ့ခဲ့သည့် မိစ္ဆာစားအင်းဆက်သည် ပဉ္စမအဆင့်သို့ရောက်ရှိပြီးဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်နှင့် ညီမျှကြောင်းအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ သူကိုယ်တိုင်နှင့် ဤမိစ္ဆာအင်းဆက်ကို ဤနေရာတွင်ချိပ်ပိတ်ထားခဲ့သည့် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ပိုင်ရှင် မြေနဂါးစံသခင်ကြီးဖြစ်သည်။
သူဤအရာကိုပြုလုပ်ခဲ့ရသည့်အကြောင်းမှာ သူသည် ပဉ္စမအဆင့်ဝိညာဉ်စားမိစ္ဆာအင်းဆက်၏ ကပ်ပါးပြုစားသုံးခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
သူသည် သာမန်အားဖြင့် ပဉ္စမအဆင့်မိစ္ဆာအင်းဆက်ကို ဖျက်စီးနိုင်ခဲ့မည်ဟု တွေးထင်ခဲ့သည်။
မမျှော်လင့်စွာပင် အင်းဆက်သည် အမည်မသိနည်းလမ်းအချို့ကိုသုံး၍ အသက်ရှင်ခဲ့သည်။
၎င်း၏အဆင့်မှာ ပဉ္စမအဆင့်မှ စတုတ္ထအဆင့် သို့ကျဆင်းသွားသည်။
မည်သို့ပင်ဖြစ်စေ အကယ်၍ ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ကောင်းကင်မီးတောက်များကို ၎င်းအားတိုက်ခိုက်ရန်အသုံးမပြုခဲ့ပါက ရရှိသောအချိန်ဖြင့် ထိုအင်းဆက်သည် ပဉ္စမအဆင့်သို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။
ထိုအရာသည် ဤနေရာမှ လွတ်မြောက်သွားသည်နှင့် သေချာပေါက်အကြီးအကျယ် လက်စားပြန်ချေပေလိမ့်မည်။
လက်ရှိတွင်တော့…
သူတို့အားလုံး ဤကျောက်စိမ်းပြားများ၏ ပုံတူများကို တံဆိပ်ယူပြီးပြီဖြစ်ကာ မြေနဂါးစံသခင်ကြီး၏ အရိုးစုကို လှည့်ကြည့်လိုက်ကြသည်။
ကျန်းချန်ရွှမ်က ပြောလိုက်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက စံသခင်ကြီးကျန်ရှိခဲ့တဲ့ အမွေအနှစ်တွေပဲ။ ငါတို့အခွင့်ရှိမယ်ဆိုရင် သူရဲ့မျိုးဆက်တွေကို အနာဂတ်ကာလမှာတွေ့နိုင်တယ်။ ငါတို့ သူတို့ကို ငါတို့ရဲ့စွမ်းရည်တွေနဲ့ အကောင်းဆုံးကူညီပေးရမယ်”
သူသည် ၎င်းမှာ ဖြစ်နိင်ချေအလွန်နည်းပါး၍ မဖြစ်နိုင်သလောက်ပင်ရှိမှန်းသိသော်လည်း ထိုသို့ပြောလိုက်ပါသည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် လူတိုင်းခေါင်းအနည်းငယ်ညိတ်လိုက်ကြသည်။
ထို့နောက် သူတို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေကိုရှင်းလင်းရန် ကူညီခဲ့ကြပြီး မြေနဂါးစံသခင်ကြီးကို တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်လိုက်ကြသည်။
အပျက်အစီးနယ်မြေပွင့်သွားသည်နှင့် သူတို့အုပ်စုသည် ထိုနေရာတွင် ဆက်မနေကြတော့ပေ။
သူတို့အပြင်ဘက်သို့ရောက်သည့်အခါတွင် ရှန်ခန်းလုံနှင့် လုရှန်းယွဲ့သည် ကျန်းချန်ရွှမ်နှင့်အခြားသူများကို နှုတ်ဆက်စကားဆိုခဲ့ကြသည်။
သူတို့ထွက်သွားပြီးနောက် ကွမ်းရှင်းထင်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကိုကြည့်ကာ ပြုံးလိုက်သည်။
“တာအိုမိတ်ဆွေတို့ အခြားကိစ္စမရှိတော့ဘူးဆိုရင် ဒီနေရာမှာပဲ လမ်းခွဲကြပါစို့”
သူမစကားပြောနေစဉ်တွင် သူမ၏ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို သူတို့နှစ်ယောက်အား ပေးခဲ့သည်။
“အနာဂတ်မှာ အခွင့်အရေးများရှိခဲ့မယ်ဆိုရင် ရှင်တို့နှစ်ယောက် ကျယ်ပြောခြင်းမြစ်မှာရှိတဲ့ ဝိညာဉ်ကျွန်းကိုလာရောက်လည်ပတ်နိုင်ပါတယ်”
“ကျယ်ပြောခြင်းမြစ်ရဲ့ဝိညာဉ်ကျွန်း?”
ထိုနာမည်ကိုကြားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကွမ်းရှင်းထင်ပြောနေသည့် ကျယ်ပြောခြင်းမြစ်၏ဝိညာဉ်ကျွန်းဆိုသည်မှာ မြောက်ဘက်နယ်စပ်ရှိနိုဗာရေပြင်၏ ဝိညာဉ်ကျွန်းတစ်ခုဖြစ်သည်။
၎င်း၏ပိုင်ရှင် ကျယ်ပြောခြင်းမြစ်စံသခင်ကြီးသည် အမှန်စင်စစ် အခြေတည်ဝိညာဉ်ကျင့်ကြံသူဖြစ်သည်။
လင်မယားနှစ်ယောက်သည် ကွမ်းရှင်းထင်၏နောက်ခံကို ဤကဲ့သို့မမျှော်လင့်ထားကြပေ။
ထို့ကြောင့် မင်ကျန်းဂိုဏ်းအကြောင်းကို သူပြောနေသည့်အချိန်တွင် မည်သည့်ကြောက်ရွံ့မှုမျိူးမှ မပြသည်မှာ အံ့ဩစရာမရှိပေ။
သူမသည် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့လည်းကြာကြာဆက်မနေတော့ဘဲ ပျောက်ကွယ်သွားကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့သည် ရတနာအသင်္ချေအမတမြို့တော်သို့ ပြန်မသွားခဲ့ကြပေ။
ထိုအစား သူတို့သည် ကန်းနန်တိုက်ကြီးသို့ တည့်တည့်ဦးတည်ခဲ့ကြသည်။
ဘာတွေပဲဖြစ်ဖြစ် မင်ကျန်းဂိုဏ်း၏ တာအိုဝါဒီကွမ်းရွှမ်နှင့် ရှောက်လျန်တို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေတွင် သေဆုံးခဲ့ပြီဖြစ်သည်။
သူတို့၏ အကြီးအကဲနှစ်ယောက်သေဆုံးသွားသည်ကို ရှာတွေ့သွားကြလျှင် မင်ကျန်းဂိုဏ်းသည် အသေအချာပင် အလေးအနက်ထားဆောင်ရွက်ကြတော့မည်။
ရှောက်လျန်နှင့် အဆက်အသွယ်ရှိသူများသည် အလွန်အမင်းသံသယထားခံရလိမ့်မည်။
ထိုအချိန်တွင် သူတို့သည် ရတနာအသင်္ချေအမတမြို့တော်ကို ပြန်သွားဖို့ရွေးချယ်လိုက်လျှင် သူတို့ ပြန်မလာကောင်းမလာနိုင်ဘဲ ဖြစ်သွားလိမ့်မည်။
၎င်းကိစ္စကြောင့်ပင် ဖြစ်သည်။
ထိုအချိန်တွင် မင်ကျန်းဂိုဏ်း၌…
လက်ရှိမင်ကျန်းဂိုဏ်းခေါင်းဆောင်တာအိုဝါဒီတင်းရှန်သည် ကျင့်ကြံသူလက်အောက်ငယ်သားများကို မျက်မှောက်ကြုတ်ကာကြည့်လိုက်သည်။
“ဘာလို့လဲ? ဘာသတင်းမှမရသေးဘူးလား? ကန်းနန်တိုက်ကလာတဲ့စုံတွဲကရော? သူတို့အကြောင်းရော ဘာသတင်းမှမရဘူးလား?”
ရွှေအမြုတေဒုတိယအဆင့်ကျင့်ကြံသူ၊ အရပ်ရှည်၍ပိန်းပါးသောအမျိုးသားက ပြန်ဖြေလိုက်သည်။
“ဘာသတင်းမှမကြားသေးပါဘူး ဂိုဏ်းခေါင်းဆောင်။ ကန်းန်တိုက်ကလာတဲ့ ရွှေအမြုတေအဆင့်စုံတွဲအတွက်က ကျွန်တော်တို့သူတို့ကို သတင်းအစအမကောက်မရတော့ပါဘူး။ ပြီးတော့...”
ထိုအချိန်တွင် အရပ်ရှည်၍ပိန်ပါးသောအမျိုးသားက တုံ့ဆိုင်းသွားခဲ့သည်။
သူ၏မူမမှန်ခြင်းကိုကြည့်၍ တာအိုဝါဒီတင်းရှန်က မျက်ခုံးများပင့်ကာ ပြောလိုက်သည်။
“ညီငယ်လေးဟူဖန်း မင်းမှာပြောစရာတစ်ခုခုရှိတယ်ဆိုရင်ပြောလိုက် ဖုံးကွယ်နေဖို့မလိုဘူး”
ဟူဖန်းခေါင်းညိတ်လိုက်သည်။ “ကျွန်တော်ကြားတာတော့ ရွှေအမြုတေအဆင့်စုံတွဲက စံသခင်ကြီးရွှမ်းယန်ရဲ့ ကိုယ်ပိုင်လမ်းညွှန်မှုကို ရထားတယ်လို့ပြောတယ်”
“မင်းဘာပြောလိုက်တယ်”
ဟူဖန်း၏စကားများကိုကြားပြီးနောက် တင်းရှန်၏အမူအယာ သိသိသာသာပြောင်းလဲသွားခဲ့သည်။
ထို့နောက် သူသည် သက်ပြင်းရှည်ကြီးတစ်ခုချလိုက်သည်။
“ဒီလိုဆိုရင် သူတို့ကိုမြင်မြင်ထင်ထင်စုံစမ်းနေတာကိုရပ်လိုက်ပြီးတော့ စံသခင်ကြီးရွှမ်းယန် ရှာမတွေ့သွားအောင်သေချာလုပ်လိုက်”
***