တာအိုလမ်းစဉ်ကိုနားလည်ခြင်း၊ ရွှေအမြုတေဆဌမအဆင့် (၂)
Vol. 20 Ch. 386
“မင်းငါပြောတာကိုနားလည်လား?”
ဟူဖန်းခေါင်းညိတ်လိုက်သည်။
“ကျွန်တော်နားလည်ပါတယ်ဂိုဏ်းချုပ်”
ထို့နောက် သူတို့နှစ်ယောက်သည် တစ်စုံတစ်ခုကို ဆက်လက်ဆွေးနွေးနေလိုက်ကြသည်။
ထို့နောက် အကြီးအကဲဟူဖန်း နှုတ်ဆက်ခဲ့သည်။
တစ်နှစ်ကြာပြီးနောက်...
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကန်းနန်တိုက်ကို အောင်မြင်စွာပြန်လာခဲ့ကြသည်။
မင်ကျန်းဂိုဏ်းကို မျက်ခြေဖျက်ရန်အတွက် ထိုစုံတွဲသည် နေရောင်ကူးပြောင်းခြင်းအစီအရင်အသုံးမပြုဘဲ လမ်းကြောင်းအတိုင်းပျံသန်းလာခဲ့ကြသည်။
သူတို့သည် မိစ္ဆာသားရဲများနေသည့်နယ်မြေများကို ဖြတ်သန်းလာသည့်အခါတွင် ထိုစုံတွဲလည်း သတိလက်လွတ်တော့မနေရဲပေ။
အထူးသဖြင့် ပင်လယ်ချောက်ကမ်းပါးနေရာများတွင် သူတို့နှစ်ယောက်ပို၍သတိထားရသည်။
ကံကောင်းစွာပင် အချိန်များစွာ ကုန်လွန်ပြီးပြီဖြစ်၏။
မိစ္ဆာသားရဲများလည်း သူတို့နှစ်ယောက်နှင့် ကွမ်းရှင်းထင်အားအချိန်အတော်ကြာရှာဖွေမှုကို ရပ်တန့်လိုက်သည်။
မဟုတ်လျှင် သူတို့ပိုပြီးနှောင့်နှေးနေပေလိမ့်မည်။
ထိုအချိန်တွင်…
အချိန်အတော်ကြာပျံသန်းလာပြီးနောက် လင်မယားနှစ်ယောက်လည်း အေးဆေးစွာအနားယူချင်နေသည်။
သူတို့လျန်နိုင်ငံသို့ဝင်ရောက်သွားသောအခါ လင်မယားနှစ်ယောက်လည်း သူတို့၏အော်ရာများကိုဖုံးကွယ်လိုက်ပြီး သာမန်ချီသန့်စင်ခြင်းကျင့်ကြံသူများဖြစ်လာခဲ့ကြသည်။
သူတို့သည် သာမန်အဆင့်နိမ့်ဈေးများနှင့် မြို့များကို လျှောက်သွားခဲ့ကြသည်။
သူတို့အနားရှိလူအစုအဝေးများ၏ လှုပ်ရှားမှုများကိုကြည့်ကာ စိတ်အေးချမ်းသောအပြုံးတစ်ခု မရည်ရွယ်ဘဲ သူတို့၏မျက်နှာတွင်ပေါ်လာခဲ့သည်။
“ယောက်ျား ကျွန်မတို့ဒီလိုအေးအေးဆေးဆေးမရှိတာ ဘယ်လောက်ကြာပြီလဲ?”
ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏ပခုံးပေါ်တွင် မှီလိုက်ပြီး သူ့ကိုပြုံးပြလိုက်သည်။
ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ ပခုံးကိုပြန်ဖက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကိုယ်ဒီလိုအပန်းမဖြေရတာတောင် တကယ်တော်တော်ကြာပြီ”
သူတို့စကားပြောနေစဉ်တွင် သူတို့သည် မိန်းကလေးတစ်ယောက်၏ ခပ်ဆတ်ဆတ်အသံကို နားထဲတွင်ကြားလိုက်ရင်း ဆိုင်ခန်းငယ်တစ်ခုရှေ့မှ ဖြတ်လျှောက်လာခဲ့သည်။
“အစ်ကိုကြီး အစ်မကြီးတို့ ရှင်တို့ကျွန်မရဲ့ရတနာတွေကို တစ်ချက်လောက်မကြည့်ချင်ဘူလား။ သူတို့ကို ကျွန်မကိုယ်တိုင်လုပ်ထားတာ။ ရှင်တို့လိုချင်တယ်ဆိုရင် ကျွန်မရှင်တို့ကို ဈေးသက်သက်သာသာနဲ့ရောင်းပေးမယ်”
စကားပြောနေသည့်မိန်းကလေးမှာ ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်လောက်ဖြစ်သည်။
သူမ၏ကိုယ်ပေါ်တွင် ဓမ္မစွမ်းအား သို့မဟုတ် စစ်မှန်သောအစီအနှစ်စွမ်းအားတို့ မတည်မငြိမ်ဖြစ်ချင်းများမရှိပေ။ အသေအချာပင် သူမသည် သာမန်သေမျိုးတစ်ယောက်သာဖြစ်သည်။
ရှန်းရူယန်သည် ရုတ်တရက် ကျန်းချန်ရွှမ်၏ လက်မောင်းကို ဆွဲယူလိုက်ပြီး မိန်းကလေး၏ဆိုင်ခန်းဆီသို့ သွားလိုက်ကြသည်။
မိန်းကလေး၏မျက်လုံးများသည် သူတို့နှစ်ယောက်ကိုမြင်သောအခါ ဝင်းလက်သွားကြသည်။
သူမသည် သူမဆိုင်ခန်းထဲရှိ ပစ္စည်းများအကြောင်းကို ကျန်းချန်ရွှမ်နှငိ့ ရှန်းရူယန်တို့အား စိတ်ရှည်လက်ရှည် စတင်ရှင်းပြသည်။
ရှန်းရူယန်သည် မိန်းကလေး၏ဆိုင်မှ ခေါင်းညှပ်ကလစ်တစ်ခုနှင့် အမွှေးနံ့အိတ်တစ်ခုကို ရွေးလိုက်သည်။
“ကလေးမလေး ငါဒီပစ္စည်းနှစ်ခုလိုချင်တယ်။ ဘယ်လောက်ကျလဲ?”
မိန်းကလေးသည် သူမ၏လက်ချောင်းများဖြင့် ရေတွက်လိုက်ပြီး ရှန်းရူယန်ကို ပြုံးပြလိုက်သည်။
“အစ်မ ကျွန်မပုံမှန်ဆို ဒီပစ္စည်းနှစ်ခုကို ကြေးခုနစ်စနဲ့ရောင်းတာ။ ဒါပေမယ့် ကျွန်မအစ်မတို့ကို ဈေးသက်သက်သာသာနဲ့ရောင်းပေးမယ်လို့ ကတိပေးထားတယ်လေ။ ဒီတော့ ကျွန်မကို ကြေးငါးစပဲပေးပါ”
“ကြေးငါးစလား?”
ထိုအရာကိုကြားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့အားသင့်သွားကြသည်။
သူတို့ သေမျိုးလောက၏ငွေကြေးများကိုသုံးစွဲခဲ့သည်မှာ အတော်ကြာခဲ့ပြီ။
မည်သို့ပင်ဖြစ်စေ သူတို့သူမကို ဝိညာဉ်ကျောက်တုံးများပေးလိုက်လျှင် သူမကိုမကူညီနိုင်ရုံတင်မကဘဲ ဘေးဒုက္ခပဲဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သူတို့သိသည်။
ထို့ပြင် ဝိညာဉ်ကျောက်တုံးများကိုင်ဆောင်ထားသည့် ကလေးတစ်ယောက်၏အကျိုးဆက်ကို မည်သူမဆို သိကြသည်။
ကျန်းချန်ရွှမ်သည် ခေတ္တမျှထွက်သွားသည်။
သူပြန်လာသောအခါ သူ့လက်ထဲတွင် ငွေငါးစပါလာသည်။
ထို့နောက်သူသည် မိန်းကလေးကို ပြုံးလျက်ပေးလိုက်သည်။
“ဒီမှာ ကြေးငါးစ”
သူစကားပြောနေစဉ်တွင် သူသည် သာမန်ဟုထင်ရသော လုံခြုံရေးအဆောင်ကို ထုတ်လိုက်ပြီး မိန်းကလေးကို အပြုံးတစ်ခုဖြင့်ပေးလိုက်သည်။
“ဒါမင်းအတွက်ပဲ”
မိန်းကလေးသည် ကျန်းချန်ရွှမ်က သူမအား အပိုလက်ဆောင်တစ်ခုပေးမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထိုအရာကိုမြင်ပြီး သူမသည် ချက်ချင်းလက်ခါလိုက်သည်။
“မဟုတ်တာ အစ်ကိုကြီး။ ကျွန်မအစ်ကိုကြီးပစ္စည်းကို ဘာအကြောင်းအရင်းမှမရှိဘဲ မယူနိုင်ပါဘူး။ အစ်ကိုကြီး ဘာလို့ဆိုင်ထဲကတစ်ခုခုထပ်မရွေးတာလဲ?”
ကျန်းချန်ရွှမ်သည် ထိုမိန်းကလေး လုံခြုံရေးအဆောင်ကို သဘောကျကြောင်းပြောနိုင်သည်။
သူသည် ဒီတစ်ခါတော့ ဟိတ်ဟန်ဖြင့် ရပ်တန့်မနေတော့ဘဲ သူမစိတ်သက်သာရာရစေရန် သေးငယ်သောဆွဲသီးလေးတစ်ခုကို ယူလိုက်သည်။
“ကောင်းပြီလေ အဲ့ဒါဆို ငါဒါယူလိုက်မယ်”
“ကောင်းပါပြီ ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးနဲ့ အစ်မကြီး”
မိန်းကလေးသည် သူတို့အား ချိုသာစွာကျေးဇူးတင်စကားဆိုလိုက်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မိန်းကလေး၏ဆိုင်ထဲမှ ထွက်လာပြီးနောက် ကွဲပြားသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
သူတို့ဤကဲ့သို့ အေးချမ်းသည့်ဘဝမျိုးတွင်နေနိုင်လျှင် ဘယ်လောက်နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းလိုက်မလဲ?
ကံမကောင်းစွာပင် ထာဝရရှင်သန်ခြင်းကိုလိုချင်လျှင် သူတို့မလွဲဧကန် တိုက်ခိုက်ကာ သတ်ဖြတ်ကြရပေမည်။
တစ်စုံတစ်ခုက ရုတ်တရက် သူ့ကိုသဘောပေါက်သွားစေသည်။
ထာဝရရှင်သန်ခြင်း၏ရည်ရွယ်ချက်မှာ ဆန္ဒရှိသလောက် ဘဝကိုပျော်ပါးခြင်း မဟုတ်ဘူးလား?
တစ်ယောက်ယောက်က သတ်ဖြတ်ခြင်းမှာ မြှုပ်နှံထားပြီး ထာဝရရှင်သန်နိုင်အောင်ပဲ ကြိုးစားကျင့်ကြံနေမယ်ဆိုရင် သူတို့နှင့် ထိုခံစားချက်မရှိသောစက်ရုပ်သေးရုပ်များ၏ ကွာခြားချက်ကဘာလဲ?
သူတို့ထာဝရရှင်သန်နိုင်သွားပါဦးတော့ ဘာလုပ်တော့မှာလဲ?
ဘဝကိုပျော်ရွှင်စေမယ့်စွမ်းရည်မရှိဘဲနဲ့ အမတဖြစ်လာတာက ရူးမိုက်တာပဲမဟုတ်ဘူးလား?
ဝှီ--
ထိုအချိန်တွင် ရှန်းရူယန်နှင့် စကားပြောနေသော ကျန်းချန်ရွှမ်သည် ရုတ်တရက် တာအိုသဘောတရားများကို ဖြည်းညင်းစွာထုတ်လွှတ်လိုက်သည်။
ထိုအချိန်တွင် သူသည် စည်ကားရှုပ်ထွေးနေသောဈေးများနှင့် ကောင်းစွာရောနှောသွားပုံပေါ်သည်။
နတ်အာရုံ သို့မဟုတ် သာမန်မျက်လုံးနဲ့ပဲဖြစ်စေ သူ့ကို သာမန်သေမျိုးနှင့် မည်သူမျှမခွဲခြားနိုင်ပေ။
ရှန်းရူယန်သည် ပထမတော့အံ့အားသင့်သွားခဲ့သည်။
ထို့နောက် သူမသည် ကျန်းချန်ရွှမ်ကို သဘောကျလေးစားခြင်းများဖြင့် ကြည့်လိုက်သည်။
အတိတ်ကာလတုန်းကမှတ်ဉာဏ်များအရ ကျန်းချန်ရွှမ်သည် ဒီအချိန်တွင် တာအိုသဘောတရားနားလည်မှုအခြေအနေကို ရောက်ရှိသွားခြင်းမှန်းမှန်းသိလိုက်သည်။
ထို့ပြင် တာအိုသဘောတရားနားလည်မှုသည် သာမန်အရာတစ်ခုမျှမဟုတ်ပေ။
၎င်းသည် စံသခင်ကြီးရွှမ်းယန် အရင်ကပြောခဲ့သည့် တာအိုသဘောတရားနားလည်မှုပင်ဖြစ်သည်။
ထိုအရာသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများတွင် ဖြစ်ပွားခဲသည်။
လူတော်တော်များများသည် သူတို့၏သက်တမ်းအဆုံးသို့ရောက်ရှိနေရင်တောင် တာအိုသည် မည်သည့်အရာမှန်းမသိပေ သို့မဟုတ် နားမလည်ကြပေ။
ကျန်းချန်ရွှမ်သည် ဒီတစ်ခေါက်တွင် တာအိုကို သေချာနားလည်သဘောပေါက်သွားပါက သူ၏အနာငတ်ကျင့်စဉ်အတွက် ထူးခြားသော အရေးပါမှုတစ်ခုဖြစ်ပေလိမ့်မည်။
“တော်တယ် ယောက်ျား”
ရှန်းရူယန် ဝမ်းသာကျေနပ်နေခဲ့သည်။
ရှန်းရူယန် ရှေ့သို့ဆက်လျှောက်သွားကာ ကျန်းချန်ရွှမ်နောက်မှ လိုက်ပါလာခဲ့သည်။
သူ့ကိုအနှောင့်အယှက်ဖြစ်စေမည့် အခြားအရာများကို ကာကွယ်ရန် ညွှန်ကြားချက်အရ သူမသည် ဓမ္မစွမ်းအင်အဟန့်အတားကို ကျန်းချန်ရွှမ်၏ ပတ်လည်တွင် ချထားခဲ့သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကုန်လွန်သွားခဲ့သည်။
လဝက်၊ တစ်လ၊ သုံးလ...
သုံးလအတွင်း ရှန်းရူယန်သည် ကျန်းချန်ရွှမ်နှင့်အတူ အဆင့်နိမ့်ကျင့်စဉ်မြို့များ၊ အဆင့်နိမ့်ဈေးများနှင့် များစွာသော မသေမျိုးမြို့များကို ဖြတ်သန်းလိုက်ပါခဲ့သည်။
အချို့သောအခြေအနေများတွင် ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏အော်ရာမှာ ပို၍ပို၍ သိမ်မွေ့နူးညံ့လာကာ ထူးခြားဆန်းကြယ်လာသည်ကို အသေအချာ ခံစားမိလိုက်သည်။
ထိုအရာသည် ထူးခြားသောတစ်စုံတစ်ခုမှာ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နေခြင်းဖြစ်သည်။
၎င်းသည်...
ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာအခွင့်အရးဖြစ်သည်။
ရှန်းရူယန် အံ့အားသင့်သွားခဲ့သည်။
ထို့နောက် အံ့အားသင့်မှုကို ပျော်ရွှင်မှုက အစားထိုးသွားသည်။
အဘယ်ကြောင့်ဆိုသော် ထိုကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာအခွင့်အရေးဟုခေါ်သည့်အရာကို ဘယ်သူမှသူမထက်ပို၍ မသိနိုင်သောကြောင့်ဖြစ်သည်။
ရိုးရှင်းသောစကားရပ်ဖြင့်ဖော်ပြရလျှင် ကောင်းကင်နှင့်မြေကြီး၏စိတ်ဝိညာဉ်အခွင့်အရေးဆိုသည်မှာ ဤကမ္ဘာမြေကြီး၏ စိတ်စွမ်းအားမှပေးသော လက်ဆောင်တစ်ခုဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်အခွင့်အရေးကိုရရှိထားသူများသည် ဤကမ္ဘာမြေကြီး၏ စိတ်စွမ်းအားမှ အသိအမှတ်ပြုခြင်းကို ခံထားရသူများဖြစ်သည်။
၎င်းသည် ကျန်းချန်ရွှမ်၏တာအိုနားလည်မှုမှာ ယခုတစ်ခါတွင် အလွန်အောင်မြင်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ပြင် သူ့သဘောပေါက်နားလည်နိုင်စွမ်း၏ရလဒ်သည် ဤကမ္ဘာမြေကြီးနှင့် တွဲဖက်သုံးနိုင်ပေသည်။
သို့မဟုတ် ၎င်းသည် မဟာတာအို၏အနှစ်သာရနှင့် အံဝင်ခွင်ကျဖြစ်နေပြီဖြစ်သည်။
ထိုသို့ဖြစ်ရသည့်အကြောင်းမှာ တာအိုနားလည်နိုင်မှု၏ရလဒ်များသည် ဤလောကကြီးကို အကျိုးပြု၍သော်လည်းကောင်း သို့မဟုတ် မဟာတာအိုတောင် သင်၏စွမ်းရည်များကိုမြှင့်တင်ရန်နှင့် သင်၏အခြေခံကိုတည်ငြိမ်စေရန် ဝိညာဉ်အခွင့်အရေးပေးဖို့အတွက် ၎င်း၏ရင်းမြစ်များကို အသုံးပြုရန် တုံ့ဆိုင်းမနေသောကြောင့်ဖြစ်သည်။
စတုတ္ထအဆင့်ရွှေအမြုတေ၏အထွတ်အထိပ်၊ ပဉ္စမအဆင့်ရွှေအမြုတေ၊ ပဉ္စမအဆင့်ရွှေအမြုတေ၏ အထွတ်အထိပ်၊ ဆဌမအဆင့်ရွှေအမြုတေ၊ ဆဌမအဆင့်ရွှေအမြုတေ၏အထွတ်အထိပ်....
ဆဌမအဆင့် ရွှေအမြုတေနယ်ပယ်၏ အထွတ်အထိပ်ကိုရောက်ပြီးနောက် ကျန်းချန်ရွှမ်၏ကျင့်စဉ်တိုးတက်မှုသည် ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။
ထို့ပြင် သူ့ကျင့်စဉ်၏အခြေခံသည် မတည်မငြိမ်ဖြစ်သည့် မည်သည့်လက္ခဏာမှမပြပေ။
၎င်းအစားထိုအရာသည် အလွန်တရာသည် သိပ်သည်းလို့နေသည်။
ဒင်--
ထိုအချိန်တွင် စနစ်အသိပေးစာတစ်ခု၏အသံကို ကျန်းချန်ရွှမ်ကြားလိုက်ရသည်။
***