သတ်ဖြတ်ခြင်းနှင့် ရတနာများခိုးယူခြင်း
Vol. 20 Ch. 387
[တာအိုလမ်းစဉ်နားလည်မှုကို ပြီးမြောက်အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် Host။
စောင့်ရှောက်ခြင်းဆေးလုံးတစ်လုံး လက်ခံရရှိပါသည်]
[စောင့်ရှောက်ခြင်းဆေးလုံး: ထိုအရာကိုစားသုံးပြီးနောက်တွင် သင်သည် သင်၏ကံကောင်းမှုကို အချိန်တစ်ခုထိ ကြီးမားစွာမြှင့်တင်ထားနိုင်သည်။ ထိုအရာသည် ကံဆိုးခြင်းကို ကံကောင်းခြင်းသို့ ပြောင်းလဲနိုင်သည်။ အန္တရာယ်ရှိမှုကို လုံခြုံမှုသို့ ပြောင်းလဲနိုင်သည်။ ထို့ပြင် သင်၏ ဆုတောင်းများကိုပါ ပြည့်စေနိုင်သည်]
ထိုအရာကိုလက်ခံရရှိပြီး အပြောင်းအလဲတွင် နှစ်မြုပ်ထားသော ကျန်းချန်ရွှမ်သည် စနစ်၏ ရုတ်တရက် အကြောင်းကြားမှုကို ဂရုမစိုက်ခဲ့ပေ။
နားလည်နိုင်မှုအခြေအနေမှ သူ၏အာရုံကိုဆွဲထုတ်ပြီး သိပ်မကြာခင်အချိန်တွင် စနစ်၏ဆုလာဒ်ကို သူသေချာတစ်ချက်ကြည့်လိုက်သည်။
သူသည် စနစ်ကသူ့ကိုစောင့်ရှောက်ခြင်းဆေးလုံးကဲ့သို့ ပစ္စည်းမျိုးဖြင့် ဆုချီးမြှင့်မည်ဟု တကယ်မမျှော်လင့်ခဲ့ပေ။
ကံကောင်းခြင်းသည် တွေ့နိုင်ခဲပြီး ခြေရာကောက်မရသော်လည်း တည်တော့တည်ရှိနေပေသည်။
ကံကောင်းမှုကဲ့သို့အရာမျိုးရှိသည်ဟု မည်သည့်ကျင့်ကြံသူမှ အခိုင်အမာဆိုမထားပေ။
လုံလောက်သည့်ကံကောင်းမှုနှင့်လူများအတွက် သူတို့၏ပင်ကိုယ်စွမ်းရည်၊ အခြေခံနှင့် နားလည်နိုင်စွမ်းတို့တောင်ကောင်းမနေဘူးဆိုရင်တောင် သူတို့တွင် အလားအလာကောင်းသောအနာဂါတ်ရှိသည်။
တစ်နည်းအားဖြင့်ဆိုလျှင်လည်း သင်၏ပင်ကိုယ်စွမ်းရည်မှာထူးခြားသော်လည်း လုံလောက်သောအခွင့်အရေးများမရှိပါက ကျင့်ကြံခြင်းလမ်းစဉ်သည် ကြာကြာခရီးပေါက်နိုင်မည်မဟုတ်ပေ။
ထိုအရာသည် ကျင့်ကြံသူတစ်ယောက်အတွက် ကံကောင်းခြင်း၏ အရေးပါမှုပင်ဖြစ်သည်။
၎င်း၏အကျိုးသက်ရောက်မှုသည် ယာယီပင်ဖြစ်သော်လည်း တန်ဖိုးမှာ အတိုင်းမသိပင်ဖြစ်သည်။
အထူးသဖြင့် အကျပ်အတည်းနှင့် ပတ်သက်သော အချိန်များပင်ဖြစ်သည်။
“ယောက်ျား ဂုဏ်ပြုပါတယ်”
ထို့အချိန်တွင် သူ၏ဘေးရှိ ရှန်းရူယန်သည် ကျန်းချန်ရွှမ်မှာ သူ၏တတ်သိနားလည်မှုအခြေအနေမှ နောက်ဆုံးတွင် နိုးထလာပြီဖြစ်ကြောင်း သတိပြုမိသွားသည်။
ကျန်းချန်ရွှမ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
သူသည် ရှန်းရူယန်ကိုခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
“ကိုယ့်ကို ဒီအချိန်အတွင်းမှာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူသည် သူတာအိုကိုနားလည်ရန်လုပ်ဆောင်နေသည့် အချိန်တွင် ရှန်းရူယန်သည် ထိုနေရာတွင် သူ့ကိုမစောင့်ရှောက်ပေးခဲ့ဘူးဆိုပါက သူအဆက်ပြတ်သွားမည်ဖြစ်ကြောင်း ကောင်းစွာသိသည်။
သဘာဝအားဖြင့်တော့ တာအိုကိုနားလည်နိုင်မည့်ကိစ္စတစ်ခုလုံးသည် အလွန်ချောမွေ့မနေနိုင်ပေ။
ထိုကဲ့သို့ဖြစ်ခဲ့မည်ဆိုလျှင် ဝမ်းနည်းဖွယ်ရာပင်ဖြစ်ပြီး သူလည်း သူ၏ ပြောင်မြောက်သောအကျိုးဆက်ကို ဆုံးရှုံးရမည်ဖြစ်သည်။
ကျင့်စဉ်တိုးတက်မှုနှင့် စနစ်၏ဆုလာဒ်သည် အပြင်ဘက်မှသာ သတိပြုမိနိုင်သောအရာများဖြစ်ကြောင်း တစ်ယောက်ကတော့သိရမည်။
စုပ်ယူခြင်းနှင့် သဘောပေါက်နားလည်ခြင်းကဲ့သို့ သူအချိန်ယူရသည့်အရာများ သူ့အထဲတွင် များစွာရှိနေသည်။
ထိုကဲ့သို့အချိန်မျိုးတွင် သူသည်သေချာပေါက်ခွန်အားဖြင့် ကျော်လွှားရသည်။
ထိုအချိန်တွင်
လင်မယားနှစ်ယောက်သည် သူတို့၏ အတွေ့အကြုံများနှင့် ဤအချိန်ကာလအတွင်း ခံစားချက်များကို ပြောဆိုရင်း စကားပြောနေခဲ့ကြသည်။
အမှတ်တမဲ့ပင် သူတို့သည် ကျန်းမျိုးနွယ်စုလက်အောက်မှ ဈေးတစ်ခုကို ရှောက်ရှိခဲ့ကြသည်။
အဆင့်နိမ့်ကျင့်ကြံသူများသွားလာနေကြသည်ကိုကြည့်ရင်း လင်မယားနှစ်ယောက် စိတ်က်သာရာရခဲ့ကြသည်။
ဒီနှစ်ပေါင်းများစွာအပြီးတွင် ကျန်းမျိုးနွယ်စု၏တိုးတက်မှုသည် ပို၍ပို၍ ကောင်းမွန်လာသည်ကိုတွေ့ရသည်။
မည်သို့ပင်ဖြစ်စေ ဤစိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုသည် သိပ်ကြာကြာမခံခဲ့ပေ။
မကြာမီပင် သူတို့နှစ်ယောက်သည် သူတို့၏မျိုးနွယ်ဝင်ပြသခဲ့သည့် မောက်မာသောအမူအယာကြောင့် စိတ်ပျက်ခဲ့ကြရသည်။
ဖြန့်ကျက်ထားသည့် ကျန်းမျိုးနွယ်ဝင်အများစုသည် သူတို့၏ဆိုင်ကို ပစ္စည်းဝယ်ရန်လာကြသည့် ကျင့်ကြံသူတိုင်းကို နှိမ့်ချသောသဘောထားများသာ အမှန်ပြသလေ့ရှိသည်။
ကျန်းမျိုးနွယ်စုနှင့်အဆင့်တူ ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့မှကျင့်ကြံသူများကို မျက်နှာချင်းဆိုင်တွေ့ဆုံရချိန်တွင်သာ သူတို့တွင်ရှိသင့်သော စိတ်အားထက်သန်မှုများကို ပြသလေ့ရှိသည်။
သူတို့သည် အခြားကျင့်ကြံသူများက ဆက်ဆံမှုတွင် သိသာသောကွာခြားချက်များကို သတိမမူနိုင်ကြဘူးလို့ တကယ်ထင်နေကြတာလား?
ကျန်းမျိုးနွယ်စု၏ဆိုင်မှရောင်းချသည့် ပစ္စည်းများဖြစ်သော အပြင်ဘက်မ္ဘာတွင် ရှာမတွေ့နိုင်လောက်သည့် တစ်ခါတစ်ရံသာ ထုတ်လုပ်တတ်သော ရတနာများ၏အရည်အသွေးသည် အခြားဆိုင်များထက် သိသိသာသာမြင့်မားနေသည်ဟူသည့် အချက်ကြောင့်သာမဟုတ်လျှင် စီးပွားရေးမှာ အကြိမ်ရေ အနည်းငယ်လောက်တော့ကျဆင်းသွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ ထိုသို့ဆိုရင်တောင် ကျန်းမျိုးနွယ်စုဆိုင်၏စီးပွားရေးသည် သိသိသာသာနှင့် မသိမသာ ကြိမ်ဖန်များစွာကြုံခဲ့ပြီးဖြစ်သည်။
ဂုဏ်တင်းအရ မမျှတစွာဆက်ဆံခံရသည့် ကျင့်ကြံသူများသည် သေချာပေါက် ပြစ်တင်ဝေဖန်ကြလိမ့်မည်။
ဤအရာသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အပါအဝင် ကျန်းမျိုးနွယ်စုတစ်ခုလုံးအတွက် ကြီးမားသောသက်ရောက်မှုတစ်ခုဖြစ်ပေလိမ့်မည်။
အထူးသဖြင့် အကျိုးအမြတ်များသတ်မှတ်ရာတွင်ဖြစ်သည်။
ထို့ပြင် သူသည် ကျန်းမျိုးနွယ်စု၏ အမှန်စင်စစ်တာဝန်ခံတစ်ယောက်ဖြစ်သည်။
ကျန်းမိသားစု၏အကျိုးအမြတ်များနှင့် ဂုဏ်သတင်းများသို့ သက်ရောက်မှုရှိခဲ့မည်ဆိုပါက ကျန်းချန်ရွှမ်၏အကျိုးအမြတ်များအပေါ် သက်ရောက်မှုရှိပြီး သူ၏အကျိုးများပျက်စီးခြင်းနှင့် ညီမျှလိမ့်မည်။
သူအဲ့ဒါကို ဘယ်လိုလုပ်ခွင့်ပြုနိုင်ပါ့မလဲ?
“ကြည့်ရတာ ကျန်းမျိုးနွယ်စုက နှစ်ပေါင်းများစွာအကြာမှာ လျင်လျင်မြန်မြန်ပဲတိုးတက်လာပြီးတော့ လုံလောက်တဲ့အခြေခံတွေမစုဆောင်းမိဘူးနဲ့တူတယ်”
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကိုကြည့်ကာ အသံကိုနိမ့်လျက်ပြောလိုက်သည်။
“ကျန်းမျိုးနွယ်စုရဲ့ အလုံးစုံသောအဆင့်အတန်းက အရင်ကနဲ့ယှဉ်ကြည့်ရင် အခြားအဆင့်တစ်ခုကိုရောက်နေပြီ။ ဒါပေမယ့် ငါတို့လူတွေလိုက်လျောညီထွေဖြစ်အောင်လုပ်ရဦးမယ်။ ဒီလိုသာဆက်သွားနေမယ်ဆိုရင် ကိုယ်အထိန်းအကွပ်မဲ့သွားမှာ စိုးရိမ်တယ်”
ထိုအခြေအနေတွင် ကျန်းချန်ရွှမ်၏ မျက်လုံးများမှာ အေးစက်နေပြီဖြစ်သည်။
“သူတို့ ဒီနေ့ဒီလိုပြုမူနေတာကိုမြင်လိုက်ရတော့ ကိုယ့်မှာ သူတို့မကောင်းတာတစ်ခုခု တိတ်တဆိတ်ပြုလုပ်ခဲ့တယ်လို့ သံသယထားဖို့ အကြောင်းပြချက်ရှိသွားပြီ။ မင်းနဲ့ကိုယ် မမြင်ချင်ခဲ့တဲ့အရာတစ်ခုခု ဖြစ်ပြီးသွားလောက်ပြီ”
ရှန်းရူယန်၏ပုံစံမှာလည်း တည်ငြိမ်သွားခဲ့သည်။
သူမသည် သူမယောက်ျားပြောသည်များမှာ မှန်နိုင်ဖွယ်ရှိကြောင်း သိနေသည်။
ရုတ်တရက် သူတို့နှစ်ယောက် ဈေးအပြင်ကို ထွက်ကြည့်ခဲ့သည်။
ရှန်းရူယန်၏အကြည့်မှာ အလွန်ပင်မှောင်မိုက်သွားခဲ့သည်။
***