← Chapters

သတ်ဖြတ်ခြင်းနှင့် ရတနာများခိုးယူခြင်း(၂)

Vol. 20 Ch. 388

သတ်ဖြတ်ခြင်းနှင့် ရတနာများခိုးယူခြင်း(၂)

Vol. 20 Ch. 388

ကျန်းချန်ရွှမ်တစ်ယောက် အေးဆေးစွာ သတ်ဖြတ်လိုစိတ်အား ထုတ်ဖော်ပြလျက်ရှိသည်။

အသက်ခုနစ်ဆယ်ထဲတွင်ရောက်နေပြီဖြစ်သော ချီသန့်စင်ခြင်းသတ္တမအဆင့်ကျင့်ကြံသူသည် ၁၇ သို့မဟုတ် ၁၈အရွယ်ရှိသော သူ၏မြေးကို ကျန်းမျိုးနွယ်စုဖွင့်ထားသည့်ဆိုင်ထဲတွင် ပစ္စည်းရောင်းရန် ယခုလေးတင် ခေါ်လာခဲ့သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အဖို့ ၎င်းသည် အဆင့်နိမ့်ဒုတိယအဆင့်အမြုတေသာဖြစ်ကြောင်း ပြောပြရန်မှာ မခက်ခဲပေ။

မည်သို့ပင်ဖြစ်စေ လူအိုကြီးသည် ထိုပစ္စည်း၏တန်ဖိုးကို သေသေချာချာမသိပေ။

သူသည် ထိုပစ္စည်းက အနည်းငယ်ထူးခြားသည့်ပစ္စည်းဖြစ်ကြောင်းသာ ခံစားမိပုံပေါ်သည်။

မည်သို့ပင်ဖြစ်စေ လူအိုကြီးနှင့်သူ၏မြေးမလေးသည် ထိုပစ္စည်းကို ကျန်းမျိုးနွယ်စုဖွင့်ထားသည့်ဆိုင်တွင် ဈေးနည်းနည်းဖြင့်သာရောင်းပြီး ပြန်ထွက်သွားကြသည်။

ထိုဆိုင်ထဲတွင်အလုပ်လုပ်နေသည့် ချီသန့်စင်ခြင်းနဝမအဆင့်ကျင့်ကြံသူနှစ်ယောက်သည် သူတို့နောက်သို့ တိတ်တဆိတိ လိုက်သွားကြသည်။

ကျင့်ကြံခြင်းလောကတွင် မရေမတွက်နိုင်သော နှစ်များစွာနေလာကြသူများဖြစ်သည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့မည်သို့ဆက်လုပ်မည်ကို စဉ်းစားနေစရာမလိုဘဲ သိနေခဲ့ကြသည်။

ကျန်းမျိုးနွယ်ဝင်နှစ်ယောက်သည် လူအိုကြီးနေသည့်နေရာတွင် ပုံစံတူရတနာများထပ်ရှိနေသည်ဟု တွေးထင်ခဲ့သည်။

ထို့ကြောင့် သူတို့နောက်ကိုလိုက်သွားကာ ကြည့်ချင်ခဲ့ခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏နောက်ဆုံးပန်းတိုင်မှာ သတ်ဖြတ်ပြီး ခိုးယူလိုကြခြင်းဖြစ်သည်ဟု သံသယရှိခဲ့သည်။

ထိုအရာသည် ကျန်းချန်ရွှမ် အမုန်းဆုံးအရာပင်ဖြစ်သည်။

အထူးသဖြင့် သူ၏တာအိုလမ်းစဉ်ကိုနားလည်ပြီးနောက် ဤကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကို ပြန်လည်ပေးဆပ်သည့်အနေဖြင့် ကျင့်ကြံရေးလောက၏ ညွှန်ကြားလျက်အနည်းငယ်ကို ပြုပြင်မွမ်းမံမည်ဟု ဆုံးဖြတ်ချက်ချထားသည်။

ကျန်မျိုးနွယ်ဝင်နှစ်ယောက်သည် မေးခွန်းထုတ်စရာမလိုအောင်ပင် ဒုက္ခရောက်ပြီဖြစ်သည်။

ထိုအချိန်တွင်..

ကျန်းမျိုးနွယ်စုဈေး၏အပြင်ဘက်၌..

သူ၏မြေးမလေးနှင့် အမြန်ပြန်လာနေသည့် လူအိုကြီးသည် ရုတ်တရက်မူမမှန်သည့်တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

ထို့နောက် သူသည် အရှိန်တင်လိုက်သည်။

၎င်းသည် သူတို့၏နောက်ကိုလိုက်နေသည့် ကျန်းမျိုးနွယ်ဝင်နှစ်ယောက်ကို အကြံအိုက်သွားစေသည်။

ထိုလူနှစ်ယောက်သည် သူတို့ကို မြင်သွားလောက်ပြီဟု အလိုလိုသိလိုက်သည်။

ထို့ကြောင့် ထပ်၍ပုန်းမနေတော့ရန် ဆုံးဖြတ်လိုက်ကြသည်။

အလင်းကဲ့သို့လျှပ်တစ်ပျက်အမြန်နှုန်းဖြင့် သူတို့သည် လူအိုကြီးနှင့် သူ၏မြေးမလေးရှေ့သို့ ရောက်သွားကြပြီး သူတို့၏လမ်းကို ပိတ်ထားလိုက်ကြသည်။

ထိုအရာကိုမြင်ကာ လူအိုကြီးနှင့် သူ၏မြေးမလေးတို့ အံ့အားသင့်သွားခဲ့ကြသည်။

အထူးသဖြင့် လူအိုကြီးပင် ဖြစ်သည်။

သူသည် သူတို့နှစ်ယောက်ကို သတိထားမိသွားကာ သိသိသာသာ အမူအယာပြောင်းသွားသည်။

“မင်းတို့က ကျန်းရတနာစင်မြင့်ကပဲ”

ကျန်းရတနာစင်မြင့်သည် သူတို့ခုနသွားခဲ့သည့် ကျန်းမျိုးနွယ်စု၏ဆိုင်ဖြစ်သည် ။

သူတို့၏အထောက်အထားများကို သတိထားမိသွားပြီဖြစ်သည့်အတွက် ကျန်းမျိုးနွယ်ဝင်နှစ်ယောက်သည် ဖုံးကွယ်ထားစရာအကြောင်းမရှိတော့ပေ။

ကျန်းချန်ယို့ဆိုသူ လူငယ်ကပြောလိုက်သည်။

“ကျုပ်တို့က ကျန်းမျိုးနွယ်ကဆိုတာ ခင်ဗျားသိနေတဲ့အတွက် ခုခံတာ ဒါမှမဟုတ် ထွက်ပြေးတာမျိုးလုပ်လည်း အလကားပဲဆိုတာ ခင်ဗျားသိမှာပေါ့။ ခင်ဗျားအတွက် ဘာကကောင်းမယ်ဆိုတာသိရင် ခင်ဗျားမှာရှိတဲ့ ရတနာတွေအကုန်ထုတ်ခဲ့။ ဒီလိုဆိုရင် ခင်ဗျားကိုလွှတ်ပေးဖို့ ကျုပ်တို့စဉ်းစားပေးမယ်”

ကျန်းချန်ယို့၏စကားများကိုကြားပြီးနောက် လူအိုကြီးသည် သူလိမ်နေမှန်းသိလိုက်သည်။

သတင်းပေါက်ကြားသွားပြီး ကျန်းမျိုးနွယ်စု၏ ဂုဏ်သိက္ခာကိုထိခိုက်စေခြင်းမှ သူ့ကိုယ်သူကာကွယ်ရန် ထိုလူငယ်သည် သူ့အား ဒီနေ့သေချာပေါက် အသက်ရှင်လျက်ထားမည်မဟုတ်ပေ။

ဖြစ်လာမည့်အရာကိုတွေးဆပြီး သူသည် ဆိုးဆိုးရွားရွားနောင်တရသွားသည်။

သူစောစောသိခဲ့မည်ဆိုပါက သူ၏မြေးမကို ကျန်းမျိုးနွယ်စုဖွင့်ထားသည့်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့မည်မဟုတ်ပေ။

သူသည် သာမန်အားဖြင့် ရွှေအမြုတေမျိုးနွယ်စုနှင့် အရောင်းအဝယ်လုပ်ခြင်းသည် အတော်အတန်ဘေးကင်းမည်ဟု တွေးထင်ခဲ့သည်။

‌မမျှော်လင့်စွာပင် ကျန်းမျိုးနွယ်စုမှာလည်း အခြားသူများနှင့် အတူတူပင်ဖြစ်သည်။

“ငါတို့မှာရှိတဲ့ပစ္စည်းတွေကိုထုတ်ပေးမယ်ဆိုရင် မင်းငါတို့ကိုလွှတ်ပေးမှာသေချာလား?”

သူသည် ၎င်းမှာအလားအလာမရှိမှန်းသိသော်လည်း ကြိုးစားကြည့်ချင်သေးသည်။

အနည်းဆုံးတော့ သူအချိန်ဆွဲထားနိုင်သည်။

အကြောင်းကတော့ သူသည် သူ၏မြေးမကို တိတ်တဆိတ်တီးတိုးပြောခဲ့ပြီးဖြစ်သည်။

ခနအကြာတွင် သူသည် သူတို့နှစ်‌ယောက်ကို အတတ်နိုင်ဆုံးအချိန်ဆွဲထားပြီး သူမအတွက် ထွက်ပြေးရန်အခွင့်အရေးရအောင်ပြုလုပ်ပေးမည်။

သူ၏ဘေးရှိ မိန်းကလေး၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သည်။

အရင်က သူမသည်လည်း သူမ၏အဘိုးလိုပင် ကျန်းမျိုးနွယ်စုကဲ့သို့ ရွှေအမြုတေမျိုးနွယ်စုသည် ယုံကြည်ရလောက်သည်ဟု တွေးထင်ခဲ့သည်။

အဆုံးတွင် သူတို့သည် အလွန်နုံအခဲ့သည်သို့သာ ပြောင်းလဲသွားသည်။

အဘိုးကြီးနှင့်မြေးမလေးသည် တိတ်တဆိတ်ဆက်သွယ်နေကြစဉ် ကျန်းချန်ယို့၏ဘေးရှိ ကျန်းချန်ဟူသည် ရက်စက်ကြမ်းကြုတ်သောအမူအယာများ ပေါ်ပေါက်လာသည်။

သူသည် အေးစက်စွာပြောလိုက်သည်။

“အစ်ကိုကြီး ငါတို့သူတို့ဆီမှာ အကြောင်းမဲ့ဘာလို့အချိန်ကုန်ခံနေမှာလဲ? သူတို့ကိုသတ်လိုက််မယ်ဆိုရင် သူတို့လက်ထဲမှာရှိတာတွေက ငါတို့ဆီအလိုလိုရောက်လာမှာပဲ”

ထိုအရာကိုကြားပြီး အဘိုးကြီးနှင့် မြေးမလေးတို့၏မျက်နှာအမူအယာသည် ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။

မြေးမလေးသည် ဒေါသကြီးစွာအော်လိုက်သည်။

“ဂုဏ်သရေရှိတဲ့ ရွှေအမြုတေမျိုးနွယ်စုတစ်ခုက တခြားမျိုးနွယ်စုတွေလိုပဲ ဒီလောက် စက်ဆုပ်စရာကောင်းမယ်လို့ မထင်ခဲ့မိဘူး။ မကြာခင်မှာပဲ ရှင်တို့ကျန်းမျိုးနွယ်စု၏ ယုတ်မာတဲ့လုပ်ရပ်တွေကို လောကကြီးသိသွားလိမ့်မယ်။ အဲ့အချိန်ကျရင် ရှင်တို့လူတိုင်းရဲ့ ပြစ်တင်ဝေဖန်ခြင်းကို ခံရလိမ့်မယ်”

“မင်းက သေခြင်းတရားကို ဖိတ်ခေါ်နေတာပဲ”

မြေးမလေး၏ စကားလုံးများသည် ကျန်းချန်ဟူနှင့် ကျန်းချန်ယို့တို့ကို စလှုပ်ရှားစေခဲ့လေသည်။ သူတို့နှစ်ယောက်လုံး အချိန်ဖြုန်းကာ နှောင့်ယှက်မခံတော့ပေ။

သူတို့သည် လက်များကိုမြှောက်လိုက်ကာ အဆင့်မြင့် အဆင့် ၁ ဓားပျံနှစ်ချောင်းကို ထုတ်ယူလိုက်သည်။

တစ်ယောက်က ဘယ်ဘက်တွင်နေရာယူကာ တစ်ယောက်က ညာဘက်တွင်နေရာယူပြီး အဘိုးကြီးနှင့် မြေးမလေးတို့အား ခုတ်ပိုင်းလိုက်ကြသည်။

အဘိုးကြီးနှင့် မြေးမလေးတို့သည် ဤကျန်းမျိုးနွယ်ဝင်နှစ်ယောက်၏ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ?

ချက်ချင်းပင် သူတို့သည် ‌သေခြင်းတရားအငွေ့အသက်တို့ နီးကပ်လာသည်ကို ခံစားလိုက်ရကာ သူတို့၏မျက်နှာပေါ်တွင် စိတ်ပျက်ခြင်းအကြည့်များ ဖြစ်ပေါ်နေသည်။

သို့သော်လည်း ထိုအချိန်မှာပင် သူတို့ရှေ့သို့ လူနှစ်ယောက်ရောက်ရှိလာလေသည်။

ထိုသူတို့မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဖြစ်သည်။

ဒင်ခနဲအသံနှစ်သံနှင့်အတူ ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့ဆင့်ခေါ်ထားသည့် ဓားပျံများသည် ပြန်လည်ရုတ်သိမ်းခံလိုက်ရသည်။

သူတို့နှစ်ယောက်လုံး အံ့အားသင့်သွားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ကြည့်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ သွင်ပြင်လက္ခဏာကွာခြားချက်များကို ခွဲခြားသိမြင်စေပြီးဖြစ်သော်လည်း လူငယ်နှစ်ယောက်သည် ထိုသူတို့မှာ သူတို့၏ဘိုးဘေးများဖြစ်ကြသည်ကို သဘောမပေါက်ကြသေးပေ။

ကျန်းချန်ဟူသည် အေးစက်စွာပြောလိုက်သည်။

“မင်းတို့ကဘယ်သူတွေလဲ? ငါတို့ဘယ်သူမှန်းရောသိလား?”

ဘယ်လိုပဲဖြစ်ဖြစ် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့ကို မသိကျိုးကျွံပြုလိုက်ပြီး အဘိုးကြီးနှင့်မြေးမလေးဘက်သို့ လှည့်ကြည့်လိုက်သည်။

ကျန်းချန်ရွှမ်ကပြောလိုက်သည်။

“ဦးလေးတို့ အဆင်ပြေရဲ့လား? ကျွန်တော်တို့ကို ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ်ပြောပြပါ့လား?”

အဘိုးကြီးနှင့် မြေးမလေးသည် သူတို့သေမင်းနှုတ်ခမ်းဝမှ ကယ်တင်ခံရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ သူတို့သည် ကျေးဇူးတင်မှုများပြည့်နှက်နေသည်။

မြေးမလေးကပြောလိုက်သည်။

“ကျေးဇူးပါ စီနီယာအစ်ကိုအစ်မတို့ .ဒီကျန်းရတနာစင်မြင့်ကလူတွေက အရမ်းကို...”

သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ်ကျကျ ပြောပြခဲ့သည်။

သူမ၏စကားများကိုကြားပြီးနောက် ကျန်းချန်ရွှမ်သည် ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့ဘက်သို့လှည့်ကာ ခံစားမှုကင်းစွာ သာမန်မျှပြောလိုက်သည်။

“မင်းတို့မှာ ပြောစရာရှိသေးလား?”

“အဓိပ္ပာယ်မရှိတာ!”

မည်သို့ပင်ဖြစ်စေ ညီအစ်ကိုနှစ်ယောက်ထံမှ ကျန်းချန်ရွှမ်ရလိုက်သည်မှာ အေးစက်စက် အော်ဟစ်ပြောဆိုမှုများပင်ဖြစ်သည်။

“ငါတို့က ဘာလို့ လေလွင့်ကျင့်ကြံသူတွေဆီကဟာကို တပ်မက်ရမှာလဲ?”

သူစကားပြောနေစဉ်တွင် ကျန်းချန်ယို့သည် ကျန်းချန်ရွှမ်အားကြည့်လိုက်သည်။

“ကောင်လေး ငါမင်းကို ငါ့ကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ဖို့အကြံပေးမယ်။ မဟုတ်ရင် မင်း မင်းမိသားစုဆီကို ဘေးဒုက္ခတွေယူဆောင်သွားမိလိမ့်မယ်”

“ဘာလို့လဲ? မင်းကငါ့မိသားစုကို ဖျက်စီးမလို့လား?”

ကျန်းချန်ရွှမ်၏လေသံမှာ ရုတ်တရက်အေးဆေးသွားသည်။

မည်သို့ပင်ဖြစ်စေ သူ့ကိုကျွမ်းဝင်နေသော ရှန်းရူယန်သည် ၎င်းမှာ အမျက်ထွက်မည့်အဆင့်သို့ရောက်နေသည့် လက္ခဏာဖြစ်ကြောင်း သိနေသည်။

“ငါတို့ဖျက်စီးရင်ရော?”

ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့သည် ကျန်းချန်ရွှမ်၏ဒေါသကို သတိမပြုမိကြပေ။ သူတို့အာရုံရမိသော်လည်း ဂရုစိုက်မနေခြင်းဖြစ်လေသည်။

ကျန်းချန်ယို့သည် ဆက်၍ပြောလိုက်သည်။

“ငါမင်းကိုအကြံလေးတစ်ခုပေးမယ်။ ကျန်းမျိုးနွယ်စုကို ဆန့်ကျင်တာက မင်းအတွက်အကျိုးရှိမှာမဟုတ်ဘူး။ မင်းအတွက် ဘာကပိုကောင်းမှန်းသိရင် မြန်မြန်ထွက်သွားလိုက်။ မဟုတ်ရင် မင်းထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့မရဘဲဖြစ်သွားမယ်”

“အဲ့ဒီလိုလား?”

ကျန်းချန်ရွှမ်က ရယ်လိုက်သည်။

“အဲ့ဒါဆိုငါက ရည်ရွယ်ချက်မပြောင်းဘဲ ဝင်ရောက်စွက်ဖက်နေမယ်ဆိုရင်ရော။ အခုကျန်းမျိုးနွယ်စုက လူတွေအကုန်လုံးကစိတ်ကြီးဝင်ကုန်ကြပြီလား? မင်းကကျန်းမျိုးနွယ်စုကဖြစ်တာနဲ့ပဲ တခြားသူတွေ မင်းကို ဘာမှမလုပ်ရဲတော့ဘူးလို့ထင်နေတာလား?”

သူစကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်သည် သူ့လက်ကိုမြှောက်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းမျိုးနွယ်စုဝင်နှစ်ယောက်သည် ခပ်မြန်မြန်ပင်တုံ့ပြန်လိုက်သည်။

ကျန်းချန်ဟူက အော်ဟစ်လိုက်သည်။

“မင်းလုပ်ရဲလား?”

ထိုသို့ဖြင့် ညီအစ်ကိုနှစ်ယောက်သည် ခရမ်းရောင်နှင့် အနက်ရောင်ရှိသော မျက်နှာပြင်ပေါ်တွင် လျှပ်စီးလက္ခဏာများဖြစ်စေသည့် မိုးချုန်းသံပုတီးစေ့အချို့ကို ပစ်လိုက်သည်။

***

All Chapters