← Chapters

အမျက်ထွက်ခြင်း

Vol. 20 Ch. 389

အမျက်ထွက်ခြင်း

Vol. 20 Ch. 389

ဤမိုးချုန်းသံပုတီးစေ့သည် တစ်ခါသုံး အဆင့် ၂ ဓမ္မအသုံး‌အဆောင်ပစ္စည်းဖြစ်သည်။ ၎င်းတွင် ယင်လျှပ်စီးပမဏများစွာပါဝင်သည်။

တစ်ခါထိမိလိုက်သညနှင့် ကနဦးအခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများသည် အပြင်းအထန်ဒဏ်ရာရရှိနိုင်ပြီး ဂရုမစိုက်ပါက သေဆုံးသည်အထိ ဖြစ်နိုင်သည်။

အဘိုးကြီးနှင့် မြေးမလေး၏ မျက်နှာအမူအယာများသည် သိသိသာသာပြောင်းလဲသွားသည်။

သူတို့နှစ်ယောက် ချက်ချင်းအော်လိုက်သည်။

“လူကြီးမင်း သတိထား”

ဘွန်း-

သူတို့စကားပြောပြီးသွားသည်နှင့် ပစ်ချလိုက်သော မိုးချုန်းသံပုတီးစေ့သည် ပေါက်ကွဲသွားသည်။

ပေါက်ကွဲ‌စေတတ်သော ယင်လျှပ်စီးကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကိုင်ဆောင်ထုပ်ယူထားလိုက်သည်။

အဘိုးကြီးနှင့် မြေးမလေးတို့၏ မျက်နှာအမူအယာမှာ ချက်ချင်းသွေးမရှိသကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

များစွာသောမိုးချုန်းသံပုတီးစေ့များဖြင့် ထိုးနှက်ခံရပြီးနောက် ကျနိးချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် အခြေခံတည်ဆောက်ခြင်းအဆင့်စီနီယာများဖြစ်ကြသော်လည်း သူတို့တွင်အဆုံးသတ်ကောင်းရှိမည်မဟုတ်ပေ။

ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့ လှောင်ပြောင်သရော်လိုက်ကြသည်။

“မင်းကဘယ်လိုတောင် ငါ့ကျန်းမျိုးနွယ်စုရဲ့ကိစ္စကို ဝင်ရောက်နှောင့်ယှက်ရဲတာလဲ။ ဒါကမင်း...”

မည်သို့ပင်ဖြစ်စေ သူတို့ပြော၍မပြီးသေးခင်ပင် သူတို့၏အမူအယာများခဲတောင့်သွားကာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားကြသည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မင်းဘယ်လိုလုပ်အကုန်လုံးအကောင်းအတိုင်းရှိနေရတာလဲ?”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဒဏ်ရာအနည်းငယ်တောင်မရဘဲ များပြားသောယင်လျှပ်စီးများထဲမှ ထွက်လာခဲ့သည်။

ဤမြင်ကွင်းသည် ကျန်းချန်ယို့၊ ကျန်းချန်ဟူ၊ အဘိုးကြီးနှင့် မြေးမလေးတို့ကိုပါ ချက်ချင်းအံ့အားသင့်သွားစေခဲ့သည်။

ဝှစ် ဝှစ် ဝှစ်--

တစ်ချိန်တည်း၌ပင် ကွာဝေးသောကောင်းကင်မှ များစွာသော အလင်းတန်းများပျံသန်းသွားသည်။

ထိုအလင်းတန်းများနီးကပ်လာသောအခါ ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့မှာ သူတို့မည်သူမှန်းသိကြသည့်အတွက် အံ့အားသင့်သွားခဲ့ကြသည်။

ထို့နောက် သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို မော်ကြွားစွာကြည့်လိုက်ကြသည်။

“ဒါငါတို့မျိုးနွယ်စုရဲ့ဘိုးဘေးတွေပဲ မင်းတို့တော့သွားပြီ ဟားဟားဟား”

သူတို့၏ရယ်သံများကိုတွေ့မြင်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မည်သို့မျှမပြောခဲ့ပေ။

တစ်ဖက်တွင်လည်း အဘိုးကြီးနှင့်မြေးမလေးတို့သည် စိတ်တထင့်ထင့်ဖြစ်ကာ ကြောက်ရွံ့နေခဲ့ကြသည်။

သူတို့သည် ကျန်းချန်ရွှမ်ကိုကြည့်လိုက်ပြီး တစ်စုံတစ်ခုပြောချင်နေခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့မပြောရသေးခင်ပင် အလင်းတန်းများသည် သူတို့၏ရှေ့သို့ ကျဆင်းလာနေပြီဖြစ်သည်။

ထိုအလင်းတန်းများသည် မျိုးနွယ်စုခေါင်းဆောင်ကျန်းရန်ယီ၊ အကြီးအကဲချုပ်ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ကိုဖြစ်လေသည်။

“ဘိုးဘေးတို့ကို နှုတ်ခွန်းဆက်သပါတယ်”

ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့သည် သူတို့သုံးယောက်ဆီကိုသွားတာ တလေးတစားဦးညွှတ်လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ကျန်းရန်တောက်၊ ကျန်းရန်ယီနှင့် လျူလင်းလုံတို့သည် သူတို့ကို မသိကျိုးကျွံပြုလိုက်ကြသည်။

ထိုအစား သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဘက်သို့လှည့်ကာ ဦးညွှတ်လိုက်ကြသည်။

“နှုတ်ခွန်းဆက်သပါတယ် အဘိုးလေးနဲ့ အဘွားလေး။”

“နှုတ်ခွန်းဆက်သပါတယ် အစ်ကိုကျန်းနဲ့ အစ်မရှန်း”

“ဘာရယ်?”

ကျန်းချန်ယို့၊ ကျန်းချန်ဟူ၊ အဘိုးကြီးနှင့် မြေးမလေးတို့သည် အလွန်အမင်းအံ့အားသင့်ကာ ဆွံ့အသွားကြသည်။

ထို့နောက် ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့သည် တစ်စုံတစ်ခုကိုတွေးမိသွားဟန်တူသည်။ သူတို့၏မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။ သူတို့အောက်ရှိ ခြေထောက်များပင် ထိန်းချုပ်၍မရအောင် တုန်ရီနေသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့သုံးယောက်၏နှုတ်ခွန်းဆက်ခြင်းကို ခွန်းတုံ့မပြန်ခဲ့ပေ။

သူတို့သည် သူတို့သုံးယောက်ကို အေးဆေးစွာကြည့်လိုက်သည်။

၎င်းသည် ကျန်းချန်ရွှမ်ဖြည်းညင်းစွာစကားပြောရင်း သူတို့ဇောချွေးမပြန်လာခင်အထိသာဖြစ်သည်။

“ငါကျန်းမျိုးနွယ်စုရဲ့ ကိစ္စတွေအကုန်လုံးကို မင်းဆီကိုအပ်ခဲ့တာ။ ဒါမင်းမျိုးနွယ်စုကို ဘယ်လိုစီမံခန့်ခွဲနေတယ်ဆိုတာလား?”

သူစကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏ရုပ်ဖျက်မှုကိုဖယ်ရှားပြီး မူလအသွင်သို့‌ပြန်လည်ပြောင်းလဲပြီးဖြစ်သည်။

ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့သည် အသူတရာချောက်ထဲသို့ ပြုတ်ကျသွားသည့်အတိုင်း ခံစားနေရသည်။

သူတို့၏စိတ်ထဲတွင် စာတစ်ကြောင်းသာရှိသည်။

ငါတို့အဆုံးသတ်ပြီ!

“ငါအမှတ်မမှားဘူးဆိုရင် ငါမင်းကိုအရင်တုန်းက မျိုးဆက်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အကျင့်စရိုက်က အရေးအကြီးဆုံးဆိုတာသေချာပြောခဲ့တယ်”

ကျန်းချန်ရွှမ်ထပ်၍ ပြောလိုက်သည်။

“အခုကျတော့ဘယ်လိုလဲ? ဒီလူနှစ်ယောက်ကိုကြည့်ဦး”

ကျန်းချန်ရွှမ်သည် ကျန်းချန်ယို့နှင့် ကျန်းချန်ဟူတို့အား ညွှန်ပြလိုက်သည်။

ညီအစ်ကိုနှစ်ယောက်သည် အလွန်ပင်ကြောက်ရွံ့နေကာ ချက်ချင်းပင် မြေကြီးပေါ်ဒူးထောက်ထားလိုက်ကြသည်။

“ကျန်းမျိုးနွယ်စုရဲ့ မျိုးဆက်တွေဆိုတဲ့အချက်ကို မှီခိုနေပြီးတော့ အားနည်းသူတွေကိုအနိုင်ကျင့်ပြီး သတ်ဖို့တောင်လုပ်လိုက်သေးတယ်။ သူတို့မှာအုပ်ချုပ်မယ့်သူမရှိဘူး။ ငါမင်းကိုမေးမယ် သူတို့လိုလူတွေမလုပ်မယ့်အရာဆိုတာမျိုးကောရှိလား?”

ဤစကားလုံးများသည် ကျန်းရန်ယီနှင့် အခြားနှစ်ယောက်ကို အပြစ်ရှိစိတ်ဖြင့် ခေါင်းငိုက်စိုက်စေခဲ့ကျသည်။

သူတို့သည် ကျန်းချန်ရွှမ်ဤမျှလောက် အမျက်ထွက်နေသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်သည် အမှန်တကယ်ပင် အလွန်အမင်းဒေါသထွက်နေခြင်းဖြစ်သည်။

ဤဖြစ်ရပ်သည် နှစ်ပေါင်းများစွာအတွင်း ကျန်းမျိုးနွယ်စု၏တိုးတက်မှုတွင် ကြီးမားသော ပြဿနာတစ်ရပ်ရှိနေကြောင်း သက်သေပြရန်လုံလောက်သည်။

ဤကဲ့သို့ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ကျန်းမျိုးနွယ်စု၏မျိုးဆက်များသည် ပို၍ကောက်ကျစ်စဉ်းလဲလာပြီး မသမာသောအရာများကိုပို၍ပြုလုပ်လာကြလိမ့်မည်။

သူတို့သည် နောက်ဆုံးတွင် အပြစ်မပြုလုပ်သင့်သည့်လူအပေါ်တွင် အပြစ်ပြုလုပ်ရင်း အဆုံးသတ်သွားနိုင်သည်။

ထိုအချိန်တွင် ကျန်ုးမျိုးနွယ်စု၏ဘိုးဘေး သူသည် တာဝန်ခံရတော့မည်ဖြစ်သည်။

ဤကိစ္စသည် သူ၏တာအိုလမ်းစဉ်နှင့်လည်း သက်ဆိုင်နေပြီး အမှုမဲ့အမှတ်မဲ့နေလို့ရသည့်ကိစ္စမျိုးမဟုတ်ဟု ပြောလျှင်လည်း ချဲ့ကားပြောဆိုခြင်းဟုတ်မနေပေ။

ထို့ကြောင့် နောက်တွင်သူ၏အေးစက်သောအသံထွက်ရှိလာခဲ့သည်။

“စုံစမ်း‌စစ်ဆေးကြ။ ဒီနှစ်တွေအတွင်းမှာ ကျန်းမျိုးနွယ်စုက ဘယ်သူတွေ ဒီလိုစက်ဆုပ်ဖွယ်ကိစ္စတွေပြုလုပ်ပြီးပြီလဲဆိုတာရှာကြ”

***

All Chapters