အမျက်ထွက်ခြင်း(၂)
Vol. 20 Ch. 390
“မင်းအပါအဝင် အသိစိတ်စမ်းသပ်ခြင်းစင်မြင့်မှာ လူတိုင်းအစစ်ဆေးခံရမယ်။ မှတ်ထားနော် လူတိုင်း”
ကျန်းချန်ရွှမ်၏ ဂုဏ်သိက္ခာကြီးမားသည့်အကြည့်တစ်စုံက သူတို့သုံးယောက်ကို ဦးတည်နေခဲ့သည်။
စကားပြောနေစဉ်တွင် သူသည် သူ၏ရွှေအမြုတေအော်ရာကို ပြန်လည်မရုပ်သိမ်းဘဲ ထုတ်လွှင့်ထားသည်။
“ဒီလိုအရာတွေပြုလုပ်ထားပြီး သူများတွေရဲ့ရတနာတွေလုယူဖို့လူသတ်တဲ့သူတွေ ဘယ်သူပဲဖြစ်ဖြစ် လူသိရှင်ကြားကွပ်မျက်ခံရမယ်”
ကျန်းချန်ရွှမ်၏ အောက်ဆုံးစည်းကို အမှန်တကယ်ထိမိသွားပြီဖြစ်ကြောင်း ဤသတ်ဖြတ်လိုသောစကားလုံးများက ကျန်းရန်ယီနှင့် အခြားနှစ်ယောက်ကို သဘောပေါက်စေခဲ့သည်။
အထူးသဖြင့် သူတို့သည် ကျန်းချန်ရွှမ်နှင့်အကြည့်ချင်းဆုံလိုက်သည့်အခါ သူတို့၏နှလုံးထဲတွင် သတိပေးခေါင်းလောင်းသံများမြည်လာခဲ့သည်။
သူတို့သည် ထိုကိစ္စနှင့် ပတ်သက်ပြီး ကျန်းချန်ရွှမ် အလေးအနက်ထားနေကြောင်း သိခဲ့ကြသည်။
“ပြီးတော့...”
ကျန်းချန်ရွှမ်သည် အသံကိုနှိမ့်ကာ ထပ်၍ပြောလိုက်သည်။
“ဒီနေ့ကစပြီး မင်းတို့ရဲ့အဘွားလေးရှန်းရူယန်က တရားဥပဒေစိုးမိုးရေးခန်းမရဲ့ အကြီးအကဲဖြစ်လာလိမ့်မယ်။ တစ်ယောက်ယောက်က စည်းကမ်းတွေကို ဆန့်ကျင်ဖောက်ဖျက်မယ်ဆိုရင် သူတို့ရွှေအမြုတေအဆင့်ဓားရဲ့အောက်မှာ အသက်ရှင်နိုင်ပါ့မလားလို့ ကိုယ့်ကိုကိုယ်မေးသင့်တယ်”
“ဟုတ်ကဲ့”
ကျန်းရန်ယီနှင့် အခြားနှစ်ယောက်သည် ချက်ချင်းခေါင်းညိတ်လိုက်ပြီး အမိန့်ကိုလက်ခံလိုက်သည်။
“ဒါနဲ့...”
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် အဘိုးကြီးနဲ့မြေးမလေးကို လှည့်ကြည့်လိုက်သည်။
အဘိုးကြီးနှင့် မြေးမလေးသည် ဤကဲ့သို့ ရုတ်တရက် အခြေအနေပြောင်းလဲမှုအတွက် မတုံ့ပြန်နိုင်ခဲ့ကြသေးပေ။
ကျန်းချန်ရွှမ်သည် ဖြည်းညင်းစွာ အသံပြုလိုက်သည်။
“ခုနကဖြစ်သွားတာနဲ့ပတ်သက်ပြီး ကျုပ်တကယ်တောင်းပန်ပါတယ်။ ဒီအခြေအနေနဲ့ဆို ကျုပ်နဲ့ကျုပ်အမျိုးသမီးရဲ့အထောက်အထားကို ဦးလေးတို့သိထားပြီးဖြစ်မှာပါ။ စိတ်မပူပါနဲ့ ဒီနေ့ကစပြီး ဘယ်သူမှဦးလေးတို့ကို ဒုက္ခမပေးနိုင်တော့ပါဘူး။ တောင်းပန်တဲ့အနေနဲ့ ကျုပ်ရွေးချယ်စရာနှစ်ခုပေးပါ့မယ်။ ကျုပ်ဦးလေးတို့ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံတဲ့အခါမှာ အကူအညီပေးမယ့် လုံလောက်တဲ့ပစ္စည်းတွေကို အလျော်ပေးနိုင်ပါတယ်”
“အခြေခံ...တည်ဆောက်ခြင်းအဆင့်?”
ထိုစကားများကိုကြားပြီးနောက် အဘိုးကြီးနှင့် မြေးမလေးသည် သူတို့၏မျက်နှာပေါ်တွင်ရေးထားသောစိတ်လှုပ်ရှားမှုများနှင့်အတူ နောက်ဆုံးတွင် အာရုံတွေဆီပြန်ရောက်လာသည်။
သူတို့လို လေလွင့်ကျင့်ကြံသူများအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခြင်းသည် သူတို့တောင်းဆိုနိုင်သည့် အရာပင်ဖြစ်သည်။
အခုသူတို့ရှေ့တွင် အခွင့်အရေးရှိနေပြီဖြစ်သည်။
သူတို့ဘယ်လိုလုပ် စိတ်အေးအေးနေနိုင်ပါ့မလဲ?
ထိုသို့ဖြစ်နေရင်တောင်မှ သူတို့၏မျက်နှာပေါ်တွင် ထိုသို့ အမူအယာမျိုးမပြကြပေ။
ထိုအစား သူတို့ကျန်းချန်ရွှမ်ဆက်၍ပြောသည်ကို တိတ်ဆိတ်စွာစောင့်နေကြသည်။
သူသည် သူတို့နှစ်ယောက်အား ရွေးချယ်စရာနှစ်ခုပေးမည်ဟုပြောခဲ့သည်။
ကျန်းချန်ရွှမ်ကဆက်၍ပြောလိုက်သည်။
“ဒုတိယတစ်ခုက ကျုပ်တို့ ကျန်းမျိူးနွယ်စုထဲ ဝင်ဖို့ပါပဲ။ ပြီးတော့ဒီလူသုံးယောက်ကို ဦးလေးတို့ရဲ့ဆရာအဖြစ်မှတ်ယူပြီး သူတို့ရဲ့ကိုယ်ပိုင်တပည့်တွေဖြစ်လာနိုင်ပါတယ်”
သူစကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်သည် ကျန်းရန်ယီနှင့် အခြားနှစ်ယောက်ကို အဘိုးကြီးနှင့်သူ၏မြေးမလေးတို့အား မိတ်ဆက်ပေးလိုက်သည်။
အဘိုးကြီးနှင် မြေးမလေးသည် ဤကဲ့သို့ ကောင်းမွန်သည့်အရာမျိုး သူတို့ထံတွင်ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ကြပေ။
သူတို့ရှေ့ရှိ လူသုံးယောက်သည် ကျီဖုအဆင့်ကျင့်ကြံသူများဖြစ်သည်။
အတိတ်ကာလတွင် ဤအဆင့်ရှိသောလူများကိုမြင်တွေ့ဖို့ပင် သူတို့အတွက်မဖြစ်နိုင်ပေ။
အခုသူတို့တွင် သူတို့ထဲကတစ်ယောက်၏တပည့်ဖြစ်လာနိုင်သည့် အခွင့်အရေးရှိနေပြီ။
၎င်းသည် သူတို့အတိတ်တွင် မတောင်းဆိုနိုင်ခဲ့သည့် ကြီးမားသော ကောင်းချီးပေးခြင်းတစ်ခုပင်ဖြစ်သည်။
၎င်းနှင့်နှိုင်းယှဉ်ကြည့်လိုက်ပါက သူတို့အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံရန်လိုအပ်သည့် ပစ္စည်းများသည် ဘာမှမဟုတ်တော့ပေ။
ထိုအချိန်တွင် သူတို့သည် အရမ်းတုံ့ဆိုင်းမနေတော့ပေ။
သူတို့သည် ချက်ချင်းခေါင်းငုံ့ကာ ကျန်းချန်ရွှမ်ကို ပြောလိုက်ကြသည်။
“လူကြီးမင်း ကျွန်တော်တို့ကျန်းမျိုးနွယ်စုထဲဝင်ပါ့မယ်”
“ကောင်းပြီ”
ကျန်းချန်ရွှမ်အနည်းငယ်ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆို မင်းတို့ဆရာဖြစ်ဖို့ တစ်ယောက်ရွေးလိုက်။ စကားမစပ် မင်းတို့နာမည်တွေကဘာတွေလဲ?”
အဘိုးကြီးနှင့် မြေးမလေးသည် ချက်ချင်း သူတို့နာမည်တွေကို တင်ပြလိုက်သည်။
အဘိုးကြီး၏နာမည်မှာ စန်းတုန်းရှန်ဖြစ်၍ ချီသန့်စင်ခြင်း၏ သတ္တမအဆင့်တွင်ရှိသည်။ သူ၏မြေးမလေးမှာ စန်းရှုဝမ်ဟုခေါ်ပြီး ချီသန့်စင်ခြင်းစတုတ္ထအဆင့်တွင်ရှိသည်။
သူမသည် အရမ်းတုံ့ဆိုင်းမနေဘဲ လျုလျင်းလုံကိုသူမ၏ဆရာအဖြစ် လျင်မြန်စွာရွေးချယ်လိုက်သည်။
လျူလျင်းလုံသည် ကျန်းချန်ရွှမ်၏ စီစဉ်မှုကို ကန့်ကွက်ခြင်းမပြုပေ။
သူမသည် တပည့်အသစ်တစ်ယောက်အား ချက်ချင်းလက်ခံလိုက်ပြီး ရတနာအချို့ပေးလိုက်သည်။
တစ်ပတ်ကြာပြီးနောက်…
မှော်ဝင်တိုင်တောင်..
ရွှမ်းမင်တောင်ထွတ်တွင်..
ကျန်းရန်ယီ၊ ကျန်းရန်ချောင်၊ ကျန်းရန်တောက်နှင့် လျူလျင်းလုံတို့ထံမှ တင်ပြချက်များကိုနားထောင်ပြီးသည်နှင့် ကျန်းချန်ရွှမ်၏ မျက်နှာအမူအယာမှာ မှောင်မိုက်သွားခဲ့သည်။
တင်ပြချက်ပါအကြောင်းအရာများသည် ကျန်းမျိူနွယ်စုနောက်လိုက်များ၏ စုံစမ်းစစ်ဆေးချက်များပင်ဖြစ်သည်။
ရလဒ်များသည် ကျန်းချန်ရွှမ်ကို အမျက်ခြောင်းခြောင်းထွက်စေခဲ့သည်။
အခြေအနေက သူမျှော်မှန်းထားသည်ထက်တောင် ပိုဆိုးနေသည်။
လူများကိုသတ်ဖြတ်ကာ ရတနာများလုယူခဲ့သည့် ကျန်းမျိုးနွယ်စု၏နောက်လိုက်အရေအတွက်မှာ ၂၀ကျော်သည်။
အံ့ဩစရာကောင်းသည်မှာ ကျန်းရန်ယီနှင့် အခြားသူများနှင့် ဆက်နွယ်နေသည့် အခြေခံတည်ဆောက်ခြင်းအဆင့်အကြီးအကဲနှစ်ယောက်လည်း ထိုယုတ်မာမှုတွင် ပါဝင်နေခြင်းဖြစ်သည်။
“ကောင်းတယ် အရမ်းကောင်းတယ်”
ကျန်းချန်ရွှမ်သည် ဒေါသထွက်လျက်ရယ်လိုက်သည်။
ကျန်းချန်ရွှမ်၏ အေးစက်နေသော မျက်လုံးများသည် ထိုနေရာတွင်ရှိနေသော လူလေးယောက်အပေါ်ဝေ့ဝိုက်သွားပြီး ကျန်းရန်ယီနှင့် အခြားညီအစ်ကိုနှစ်ယောက်ရှေ့တွင် ပြင်လိုက်သည်။
သူသည် အေးစက်စွာပြောလိုက်သည်။
“ငါမင်းတို့ကို ဒီလူတွေကို ဘယ်လိုကိုင်တွယ်ရမှန်း သင်ပေးစရာမလိုလောက်တော့ပါဘူး။ ဟုတ်တယ်မလား?”
ကျန်းရန်ယီနှင့် ကျန်နှစ်ယောက်သည် အနည်းငယ်ထိတ်လန့်သွားကြသည်။
ကျန်းချန်ရွှမ်၏စကားများကိုကြားသောအခါ သူတို့သည် ချက်ချင်းခေါင်းညိတ်ကာ ပြန်ဖြေလိုက်ကြသည်။
“အဘိုးလေး ကျွန်တော်တို့ဘာလုပ်ရမယ်မှန်းသိပါတယ်”
“ကောင်းပြီ မင်းတို့သိတယ်ဆိုရင်လည်း စည်းမျဉ်းတွေအတိုင်းလုပ်လိုက်။ ငါ့ကိုထပ်ပြီး စိတ်မပျက်စေနဲ့”
ကျန်းချန်ရွှန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက် သူသည်တစ်စုံတစ်ခုကိုတွေးမိသွားဟန်တူပြီး ထပ်ပေါင်းပြောလိုက်သည်။
“စကားမစပ် အဲ့ဒီအသတ်ခံလိုက်ရတဲ့ အပြစ်မရှိတဲ့ကျင့်ကြံသူတွေမှာ မိသားစုတွေရှိတယ်ဆိုလို့ရှိရင် သူတို့ကိုအလျော်ပေးဖို့အမှတ်ရဦး။ အဲ့ဒီလူဖျင်းတွေကိုသတ်ပြီးရင် သူတို့ရဲ့ခေါင်းတွေကို မှော်ဝင်တိုင်တောင်ရဲ့အပြင်ဘက်မှာ ချိတ်ဆွဲထားလိုက်”
***