← Chapters

အမျက်ထွက်ခြင်း(၂)

Vol. 20 Ch. 391

အမျက်ထွက်ခြင်း(၂)

Vol. 20 Ch. 391

“သတ်ဖြတ်တာတွေ ခိုးဆိုးလုယက်တာတွေတွေ့လို့ရှိရင် ဘယ်သူပဲဖြစ်နေပါစေ အဆုံးသတ်အတူတူပဲလို့လူတိုင်းကိုပြောလိုက်”

ဤအကြောင်းအရာက ကျန်းချန်ရွှမ်သည် မျက်နှာလိုက်ခြင်းမရှိဘဲ မည်သူ့ကိုမျှညှာတာမှုမရှိကြောင်းကိုပြောပြနေပေသည်။

ယခုလိုလုပ်ခြင်းအားဖြင့် သူသည် ‌မကောင်းသောရည်ရွယ်ချက်ရှိသူများကိုဟန့်တားနိုင်ပြီး ထိုကဲ့သို့အပြုအမူမျိုးကိုလုံးဝလက်မခံသည့် သူ၏ခိုင်မာသောဆုံးဖြတ်ချက်ကိုလည်း ဖော်ပြရာရောက်သည်။

ကျန်းရန်ယီနှင့်အခြားသူများသည် ဤကိစ္စ၏ပြင်းထန်မှုကို သိရှိခံစားမိခဲ့ကြသည်။

သူတို့အကုန်လုံးထွက်သွားပြီးနောက် ရှန်းရူယန်သည် သူတို့‌၏နောက်ကျောများကိုငေးကြည့်ရင်း ကျန်းချန်ရွှမ်ဘက်ကိုလှည့်လိုက်သည်။

“ဒီတစ်ခါတော့ သူတို့ကိုအရမ်းကြောက်ရွံ့သွားစေမယ်ထင်တယ်”

“ဟမ်း”

ရှန်းရူယန်၏စကားကိုကြားပြီးနောက် ကျန်းချန်ရွှမ်သည် တစ်ချက်ထေ့ငေါ့လိုက်သည်။

“ဒီလိုခပ်ကြမ်းကြမ်း တုံ့ပြန်မှုမျိုး မလုပ်ရင် သူတို့မသင်ယူနိုင်ဘူး။ သူတို့က သူတို့ရဲ့နောက်မှာရွှေအမြုတေရှိနေတဲ့အတွက် လုပ်ချင်တာလုပ်လို့ရတယ် လို့ထင်နေတဲ့ အသိဉာဏ်ကင်းမဲ့တဲ့လူတစ်စုပဲ။

သူတို့လုပ်နေတာတွေက ကျန်းမိသားစုကို ဖျက်ဆီးနေတာနဲ့ အတူတူပဲဆိုတာကိုကော သိကြရဲ့လား။ ယုတ်မာတဲ့လူတစ်စုကြောင့် အဆုံးသတ်သွားရတဲ့ တစ်ချိန်ကထင်ရှားကျော်ကြားခဲ့တဲ့ မိသားစုတွေနဲ့ ဂိုဏ်းတွေဘယ်နှခုတောင်ရှိနေပြီလဲ။

အစတုန်းက ငါစက်သားရဲတွေရဲ့အမွေအနှစ်တွေကိုသူတို့ဆီပေးချင်ခဲ့တာ။ ဒါကိုကြည့်လိုက်တာနဲ့ မိသားစုတစ်ခု အလျင်အမြန်ပဲတိုးတက်သွားတာ ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာသိနိုင်တယ်။

ဒီကိစ္စကို အချိန်တစ်ခုထိ ဒီတိုင်းပဲထားလိုက်ကြရအောင်”

ရှန်းရူယန်သည် ဤကိစ္စကို သဘောတူခေါင်းညိတ်လိုက်သည်။

“ရှင်ပြောတာတွေကို နောက်မှပြောပြပေးရမလား”

ကျန်းချန်ရွမ်သည် ခေတ္တမျှတွေးကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းတာပေါ့ ဒီလိုလုပ်လိုက်ရင် သူတို့ကိုယ့်ဟာကို စဉ်းစားဖော်ထုတ်နိုင်ကြလိမ့်မယ်”

အခြားတစ်ဖက်တွင်..

ကျန်းရန်တောက်သည် သူ့အကြီးဆုံးအစ်ကို ကျန်းရန်ယီနှင့် တခြားလူများနှင့် လမ်းခွဲပြီးနောက် သူ့သားဖြစ်သူ ကျန်းယွင်ချန်း၏ဂူဆီသို့ သွားခဲ့လေသည်။

ထိုအချိန်တွင် ကျန်းယွင်ချန်း၏ကျင့်ကြံဆင့်သည် အခြေခံတည်ဆောက်ခြင်း အဌမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူသည် လူအများအမြင်တွင် အတွင်းအပြင်တည်ငြိမ်သည့် လူငယ်တစ်ဦးသဖွယ်ဖြစ်နေခဲ့သည်။

ထိုအချိန်မှာပဲ သူ့အဖေလာနေသည်ကိုမြင်လိုက်ရ၍ ကျန်းယွင်ချန်း အမြန်ထသွားလိုက်လေသည်။

“အဖေ!”

“အင်း”

ကျန်းရန်တောက်သည် သူ့အား ခေါင်းညိတ်ပြလိုက်သည်။

သူတို့ထိုင်လိုက်ချိန်တွင် ကျန်းရန်တောက်သည် သူ့ကို “ယွင်ချန်း မင်းမှန်ခဲ့တယ်။ ငါတို့ဒီကိစ္စကို ပေါ့ပျက်ပျက်လုပ်နေလို့မရတော့ဘူး”ဟု ခံစားချက်များစွာဖြင့် ပြောလိုက်သည်။

ဖခင်၏စကားများကိုကြားလိုက်ပြီးနောက် ကျန်းယွင်ချန်းသည် ချက်ချင်းပင် သူ့ဖခင်ကိုကြည့်လိုက်သည်။

ကျန်းရန်တောက်သည် ခေါင်းငြိတ်ပြလိုက်သည်။

“မင်းမျှော်လင့်ထားခဲ့သလိုပဲ မင်းဘိုးဘေးက အဲ့ဒီလူတွေလုပ်ခဲ့တာကို အမျက်ထောင်း‌ထောင်းထွက်နေတယ်..”

စကားပြောနေရင်းနှင့်ပင် ရွှမ်းမင်တောင်ထွတ်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာတို့ကို သူ၏သားအား အကျဉ်းချုပ်ပြောပြနေပေသည်။ ထိုအကြောင်းအရာတို့ကိုကြားပြီးနောက် ကျန်းယွင်ချန်း၏အမူအရာသည် အံ့ဩတုန်လှုပ်ဖွယ်ဖြစ်သွားခဲ့သည်။

ခဏကြာပြီးနောက်…

သူ့အဖေကို “လူတွေအများကြီး ကျွန်တော်တို့ကိုရှာဖို့လာကြလိမ့်မယ်လို့ခန့်မှန်းမိတယ်။ အထူးသဖြင့် ရန်ဟိုင်နဲ့ဦးလေးရန်ရှင်းတို့ရော။ သူတို့ရဲ့သားက အခြေတည်အဆင့်ကို ရောက်ဖို့‌‌တောင်မလွယ်ကူခဲ့တာ မိသားစုရဲ့ခေါင်းဆောင်ဖြစ်လာဖို့က ပိုလို့တောင်မလွယ်ကူခဲ့ဘူး။ ဒါကြောင့်သူတိုရဲ့သားကို ဘယ်လိုအန္တရာယ်မှမဖြစ်စေချင်တာက သဘာဝကျတယ်။

သူတို့ကိုအဆုံးထိတွန်းအားပေးနေမယ်ဆိုရင် သူတို့ကယုတ္တိမရှိတာတစ်ခုခုလုပ်လာနိုင်တယ်။ အဖေ ဒီကိစ္စကိုသေချာသတိထားရမယ်”

“သူတို့လုပ်ရဲလား?”

သူ့သား၏စကားများကိုကြားပြီးနောက် ကျန်းရန်တောက်၏မျက်နှာသည် မယုံကြည်နိုင်မှုများ ဒေါသများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဒီနှစ်တွေအတွင်းတွင် သူ၏သားကြီးပြင်းပြောင်းလဲလာပုံကို မြင်ခဲ့ရသည်။

သူ့သား၏ အကြောင်းအရာအချို့အပေါ် ဆုံးဖြတ်သုံးသပ်ချက်တို့သည် အမြဲမှန်လုနီးနီးပင်ဖြစ်နေသည်။

သူပြောသည့်အတိုင်းသာဆိုလျှင် ထိုသူတို့သည် သေချာပေါက်.....

“သူတို့မလုပ်ရဲစရာအကြောင်းမရှိဘူး”

ကျန်းယွင်ချန်းသည် အေးဆေးစွာပင် ပြောလိုက်သည်။

“အဖေတစ်ယောက်အနေနဲ့ သူ့သားလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဘာမှမသိထားဘူးဆိုတာကို ကျွန်တော်မယုံဘူး။

သူတို့သားအဖမ်းခံရမှာကိုသိသိကြီးနဲ့အဖေသာဆိုရင်ရော သူတို့ဘာလုပ်မယ်လို့ထင်လဲ”

ကျန်းရန်တောက်၏အမူအရာ ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

အဆုံးတွင် သူသက်ပြင်းချရုံသာတတ်နိုင်ခဲ့သည်။

“ကြည့်ရတာတော့ ကျန်းမိသားစုမှာ ပြောင်းလဲမှုတစ်ခုဖြစ်လာတော့မယ်ထင်တယ်”

“ယွင်ချန်း ငါဒီကိစ္စကို မင်းဦးလေးတွေနဲ့အခြားသူတွေကို သွားတွေ့ပြီးတော့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ တိုင်ပင်ထားလိုက်မယ်”

သူစကားပြောပြီးသွားသည်နှင့် ကျန်းရန်တောက်သည် ကြာကြာဆက်မနေတော့ဘဲ ကျန်းရန်ယီနှင့် အခြားသူများရှိရာ ဗိမာန်ဂူဘက်သို့ ထွက်လာခဲ့သည်။

***

All Chapters