← Chapters

အနှစ်သုံးဆယ်ကြာပြီးနောက်

Vol. 20 Ch. 392

အနှစ်သုံးဆယ်ကြာပြီးနောက်

Vol. 20 Ch. 392

ရက်အနည်းငယ်ကြာပြီးနောက်..

မှော်ဝင်တိုင်တောင်၏ အပြင်ဘက်တွင် ကျန်းမိသားစု၏ တပည့်ခေါင်းဆောင် ဆယ်ယောက်ထက်မနည်းကို ချိတ်ဆွဲထားခဲ့လေသည်။

ဤအဖြစ်အပျက်သည် ကျန်းမိသားစုတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ အင်အားစုများကိုပါ နိုးကြားစေခဲ့သည်။

ဤကဲ့သို့ဖြစ်လာမည်ဟု မည်သူမျှမမျှော်လင့်ခဲ့ကြပေ။

အထူးသဖြင့် တစ်ဒါဇင်မကသော ဦးခေါင်းတွေထဲတွင် ကျန်းမိသားစု၏ အဓိကတပည့်များစွာနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ နှစ်ယောက် သုံးယောက်၏ ခေါင်းများပင်လျှင် ပါသေးသည်။

သူတို့အလွန်ပင် အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။

ဤကိစ္စသည် ကျန်းမိသားစုလက်အောက်သို့ မကောင်းသောအကြံအစည်နှင့်ဝင်လာကြသည့် ကျင့်ကြံသူများနှင့် နောက်လိုက်များကို အောင်မြင်စွာဟန့်တားနိုင်ခဲ့သည်။

ဘိုးဘေးရှန်းယွမ်လုံ၏ ဦးဆောင်မှုဖြင့် ရှန်းမိသားစုသည်လည်း သူတို့တပည့်များထဲမှ လူလိမ်လူညစ်များကို ရှင်းလင်းဖယ်ရှားခဲ့လေသည်။

ကံကောင်းစွာနှင့်ပင် ရှန်းမိသားစု၏ စည်းကမ်းသတ်မှတ်ချက်များသည် နဂိုမူလကပင် တင်းကြပ်ထားသည်။

သူတို့သည် မကောင်းသောအမှုများကျူးလွန်ထားသည့် တပည့်များကိုတွေ့ရှိခဲ့သော်လည်း ထိုအချိန်တွင် သတ်ဖြတ်ခြင်းနှင့် ခိုးဆိုးလုယက်ခြင်းကဲ့သို့အရာမျိုးတော့ မရှိခဲ့ပေ။

ထိုအချင်းအရာသည် ရှန်းယွမ်လုံ၊ ရှန်းတောက်မင်နှင့် ...နှင့် ရှန်းမိသားစု၏ အခြားသော ကျီဖုအဆင့်ကျင့်ကြံသူများကို စိတ်သက်သာရာရသွားစေခဲ့သည်။

တစ်ချိန်တည်း၌ပင် သူတို့၏သားစဉ်မြေးဆက်များကို ပို၍ပို၍ စည်းကမ်းများတင်းကြပ်ထားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ရှန်းရူယန်သည် တရားစီရင်ရေးခန်းမ၏အကြီးအကဲဖြစ်တာကြောင့် ရှန်းမိသားစုဝင်တို့သာ စည်းကမ်းနှင့်မလျော်ညီသည့်အရာတစ်ခုခုကိုပြုလုပ်ပါက ရှန်းရူယန်သည် သူတို့၏ဘိုးဘေးတစ်ယောက်အနေဖြင့် အပြစ်ပေးရန်အတွက် မည်သည်ကိုမှ ထောက်ထားနေလိမ့်မည်မဟုတ်ပေ။

ထိုအချိန်တွင် မှော်ဝင်တိုင်တောင် ရွှမ်းမင်တောင်ထွတ်၌…

ကျန်းချန်ရွှမ်သည် ကျန်းရန်ယီနှင့်အခြားသူများထံမှ သတင်းပေးပို့ချက်ကိုရပြီးနောက် သူ၏အမူအရာမှာ စိတ်သက်သာရာရသွားခဲ့သည်။

သူ၏နောက်တွင်ရပ်နေသော ရှန်းရူယန်သည် မတတ်နိုင်စွာ တစ်ချက်ပြုံးလိုက်မိကာ

"ယောကျာ်းရေ၊ ဒါတွေပြီးသွားရင်တော့ ကျန်းမိသားစု၊ ရှန်းမိသားစုနဲ့ ကျွန်မတို့နယ်မြေထဲကို ဝင်လာတဲ့ တခြားကျင့်ကြံသူတွေလည်း ပိုပြီးတော့ကောင်းမွန်စွာ ပြုမူနိုင်ကြမယ်လို့ ကျွန်မထင်တယ်။

ကျွန်မတို့တွေက သတ်ဖြတ်တာနဲ့ ခိုးဆိုးလုယက်တာတွေကို ပြင်းပြင်းထန်ထန်တားမြစ်ထားတာကို သိတဲ့အတွက် ကျန်းမိသားစုနယ်မြေကို အရောင်းအဝယ်လုပ်ဖို့လာတဲ့ လေလွင့်ကျင့်ကြံသူအရေအတွက် သိသိသာသာတိုးလာလိမ့်မယ်လို့ ကျွန်မထင်တယ်။ ကျွန်မမမှားဘူးဆိုရင် ကန်းနန်တိုက်ကြီးမှာ ကျွန်မတို့ရဲ့ဈေးကွက်နယ်‌မြေက အလုံခြုံဆုံးဖြစ်လာလိမ့်မယ်"

ရှန်းရူယန်စကားများကိုကြားပြီးနောက် ကျန်းချန်ရွှမ်ခေါင်းညိတ်ရင်း သက်ပြင်းချလိုက်သည်။

"ရန်ယီနဲ့ တခြားသူတွေ ငါ့ကိုစိတ်ထပ်ပျက်အောင်မလုပ်ဖို့မျှော်လင့်ပါတယ်။

နောက်ပြီးတော့ လစ်လပ်တဲ့နေရာအတွက် ကိုယ်စားလှယ်ရွေးတဲ့အခါကျရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကသူဖြစ်နေပါစေ မကောင်းတဲ့စိတ်သဘောထားရှိတဲ့သူတွေကို မရွေးဖို့သတိပေးလိုက်ဦး။ အဲ့ဒါက ဈေးကွက်တစ်ခုကို ပိတ်ချလိုက်ရမှာမျိုးဆိုရင်တောင်မှ ဒါမျိုးနောက်တစ်ကြိမ်ထပ်အဖြစ်ခံလို့မရဘူး"

"အင်းပါ"

ရှန်းရူယန်ခေါင်းညိတ်လိုက်သည် ထို့နောက်သူမသည်တစ်စုံတစ်ရာကိုမေးရန်တွေးမိသော်လည်း မမေးတော့ဘဲနှင့် အသာပြုံး၍သာနေလိုက်သည်။

"စကားမစပ် ရန်ယီနဲ့တခြားသူတွေက စက်သားရဲတွေရဲ့အမွေအနှစ်နဲ့ပတ်သက်ပြီး ကျွန်မကိုစာတွေအများကြီးပို့ထားကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာတော့မပြန်ရသေးပါဘူး။ ရှင်ဒါနဲ့ပတ်သက်ပြီးဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ"

ကျန်းချန်ရွှမ်သည် စိတ်မချမ်းမြေ့စွာပင် ပြန်ဖြေလိုက်သည်။

"သူတို့က ဒီလို လူပါးဝတဲ့အပြုအမူမျိုးလုပ်ဖို့ တွေးနေကြသေးတာလား? အဲ့ဒါဆိုလည်းဆက်ပဲတွေးနေခိုင်းလိုက်တော့။ ကိုယ်စိတ်အခြေအနေပြန်ကောင်းရင် ဒီအကြောင်းဆက်ပြောကြတာပေါ့။

ဒါနဲ့ စကားမစပ်..."

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် တစ်စုံတစ်ခုကိုရုတ်တရက်တွေးမိသွားပြီး ရှန်းရူယန်အားမေးလိုက်သည်။

"ကိုယ် လင်းအာက အန်းရန်ကို တိတ်တိတ်လေးစောင့်ရှောက်ဖို့ ထွက်သွားတယ်လို့ ကြားမိတယ်။

မင်းရောဘယ်လိုလဲ။ သူတို့ဆီကတစ်ခုခုကြားသေးလား?"

ရှန်းရူယန်သည် ကျန်းချန်ရွှမ်၏‌မေးခွန်းကိုကြားလိုက်ချိန်တွင် ခေါင်းခါလိုက်သည်။

"အခုထိတော့မကြားသေးဘူး။

ဒါပေမယ့် သူတို့နှစ်ယောက်လုံး ကျွန်မတို့စောင့်ကြည့်မှုအောက်မှုပဲ ရှိပါသေးတယ်။ ရှင်နဲ့ကျွန်မ ဘာမှအာရုံမခံမိသေးပုံထောက်ရင်တော့ သူတို့အဆင်ပြေနေတယ်နဲ့တူပါတယ်"

"မင်းပြောတာမှန်တယ်"

ကျန်းချန်ရွှမ်ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် သူတို့၏အသီးသီးတံခါးပိတ်ကျင့်ကြံခြင်းသို့ မပြန်မှီ ခနကြာအောင်စကားပြောနေခဲ့ကြသည်။

သူတို့နှစ်ယောက်သည် ယုပြည်နယ်မှ အကျိုးအမြတ်များစွာရရှိခဲ့သည်။ ထိုကြောင့် ဤအကျိုးအမြတ်များအားလုံးကို ချေဖြတ်နိုင်ရန် အချိန်တစ်ခုလိုအပ်ပေသည်။

ကျန်းချန်ရွှမ်ဘက်မှကြည့်မယ်ဆိုလျှင်…

ပထမဆုံးအနေဖြင့် သူ၏ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံကို အဆင့်(၄)သို့ရောက်ရန် အဆင့်မြှင့်တင်ရပေမည်။

ဒုတိယအနေဖြင့် သူသည် သူ၏ စကြဝဠာစစ်မှန်သောကျောက်စိမ်း၊ ယင်-ယန်ကောင်းကင်ကြာပန်းနှင့် ရွှေရှန်းကျောက်စိမ်းတို့ကို သူ၏‌ရေအမျိုးအစား မူလဓမ္မရတနာ ယင်ယန်နတ်ဘုရားကျောက်စိမ်းကို သန့်စင်စေရန် အသုံးပြုရပေမည်။

အချိန်ပိုရမည်ဆိုပါက သူ၏ခန္ဓာကိုယ်ကိုမွမ်းမံရန်အတွက် နဂါးဗလာနယ်မြက်ပင်ကိုသုံးရန် ကြိုးစားကြည့်လို့ရနိုင်ပေမည်။

သူ၏ ကိုယ်ခန္ဓာမွမ်းမံကျင့်ကြံခြင်းကို အဆင့် ၄ အလယ်အလတ်အဆင့်သို့ရောက်အောင် တွန်းပို့နိုင်မည်ဆိုလျှင် သူ၏အလုံးစုံခွန်အားကို သေချာပေါက် သိသိသာသာ မြှင့်တင်နိုင်ပေမည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်နေသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်ကြောင်း သိသာလှသည်။

ဒါကြောင့်ပဲ…

မျက်စိတစ်မှိတ်အတွင်း၌ တံခါးပိတ်ကျင့်ကြံခြင်းသည် အနှစ်သုံးဆယ်ပင်ကုန်လွန်သွားပြီဖြစ်၏။

ဤအနှစ်သုံးဆယ်တွင်…

ကျန်းချန်ရွှမ်သည် သူ၏နက်ရှိုင်းမြေဓာတ်ပုဆိန်လှံကို အဆင့်(၄)သို့ အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်း၌ပင် သူ၏ရေအမျိုးအစားမူလဓမ္မရတနာဖြစ်သော ယင်ယန်နတ်ဘုရားကျောက်စိမ်းကိုလည်း‌ အောင်မြင်စွာသန့်စင်နိုင်ခဲ့ပြီဖြစ်သည်။ ဤအရာဖန်တီးပြီးသည်နှင့် မကြာမီပင် အဆင့်(၄)သို့ရောက်ရှိသွားမည်ဖြစ်သည်။

သူသည် ယင်ယန်နတ်ဘုရားကျောက်စိမ်းကိုအောင်မြင်စွာသန့်စင်ပြီးသည့်အချိန်၌ပင် ရင်းနှီးကျွမ်းဝင်နေသောသတင်းစကားတစ်ခု သူ၏စိတ်ထဲသို့ဝင်ရောက်လာသည်။

[ဒင်]

[မူလဓမ္မရတနာ၊ ယင်ယန်နတ်ဘုရားကျောက်စိမ်းသန့်စင်မှုကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ Host။ မူလဓမ္မရတနာကို သန့်စင်နိုင်သော နည်းလမ်းဖြစ်တဲ့၊ ထာဝရလောင်မြိုက်နေမီးဖို ကို အောင်မြင်စွာရရှိသွားပြီဖြစ်ပါတယ်။]

အမည်နာမမှတစ်ဆင့် ဒီတစ်ခေါက်မူလဓမ္မရတနာသည် မီးအမျိုးအစားမူလ ဓမ္မရတနာတစ်ခုဖြစ်ကြောင်း ပြောနိုင်ပေသည်။

ဤရတနာသည် ကမ္ဘာပေါ်ရှိ မကောင်းသောသောအရာအားလုံးကို သန့်စင်ပေးနိုင်ပေသည်။ ဤအရာသည် နတ်ဆိုးအားလုံးတို့၏ သဘာဝအားနည်းချက်တစ်ခုပင်ဖြစ်သည်…

***

All Chapters