အနှစ်သုံးဆယ်ကြာပြီးနောက်(၂)
Vol. 20 Ch. 393
တစ်ချိန်တည်း၌ပင် ထိုအရာသည် မဟာနေမင်းရှေးဦးမီးလျှံ၊ ထာဝရငရဲမီး၊ ယန်ရှေးဦးမီးလျှံ နှင့် အခြားမီးလျှံများကိုလည်း ပါဝင်ပေသည်။
ထပ်ပေါင်းအနေဖြင့် ထိုအရာတွင် ကမ္ဘာပေါ်ရှိ နတ်မီးလျှံများအားလုံးကို အဆင့်မြှင့်တင်နိုင်သည့် ထူးခြားသော အကျိုးသက်ရောက်မှုတစ်ခု ရှိနေပေသည်။
တစ်ခါက ကျန်းချန်ရွှမ်သည် ဤမူလဓမ္မရတနာကို သန့်စင်မှုပြုလုပ်လိုက်သည်နှင့် အခြေတည်ဝိညာဉ်စံသခင်ကြီးတစ်ဦးကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ခဲ့သည့် မြင့်မားသည့် အခွင့်အရေးတစ်ခုရှိသည်ဟု ပြောလျှင်ပင် ချဲ့ကားပြောနေခြင်းမဟုတ်ပေ။
တစ်ခုတည်းသောပြဿနာကား ဤမူလဓမ္မရတနာကို အောင်မြင်စွာသန့်စင်နိုင်ရန်မှာ မလွယ်ကူနေခြင်းပင်ဖြစ်သည်။
အကြောင်းကတော့ ဤရတနာကိုသန့်စင်ရန် လိုအပ်သော ပစ္စည်းတော်တော်များများသည် အဆင့် ၄ ထိပ်ဆုံး သို့မဟုတ် အဆင့် ၅ ထိအောင်ပင် ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။
အထူးသဖြင့် နေသလင်းကျောက် နှင့် ထာဝရကောင်းကင်သလင်းကျောက် တို့ပင်ဖြစ်သည်။
သူတို့သည် အဆင့် ၅ ဖြစ်နေရုံမကဘဲ အလွန်လည်း ရှားပါးသေးသည်။
ကျန်းချန်ရွှမ်၏ လက်ရှိအသိပညာနှင့်ဆိုလျှင်ပင် ထိုပစ္စည်းနှစ်မျိုး မည်သည့်နေရာတွင်ရှိနေသည်ကိုပင် မသိနိုင်ပေ။
နောက်တစ်ခုကတော့ သူ၏ ခန္ဓာကိုယ်မွမ်းမံခြင်းဖြစ်သည်။
အဆင့် ၄ ခန္ဓာကိုယ်မွမ်းမံခြင်းဆေးလုံး၊ နဂါးဗလာသွေးဆေးလုံးကိုသန့်စင်ရန် နဂါးဗလာနယ်မြက်ပင်ကို အောင်မြင်စွာ အသုံးပြုပြီးနောက် သူ၏အဂ္ဂိရတ်ပညာရပ်ကို အဆင့် ၄ရောင်အောင် အောင်မြင်စွာမြှင့်တင်နိုင်ခဲ့ရုံတင်မကဘဲ ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ်ကိုလည်း ဆေးလုံးကိုစားသုံးလိုက်ခြင်းဖြင့် အဆင့် ၄ အလယ်အလတ်အဆင့်သို့ရောက်အောင် မြှင့်တင်နိုင်ခဲ့ပေသည်။
လက်ရှိတွင် ကျန်းချန်ရွှမ်၏ခွန်အားနှင့်ဆိုလျှင် ရွှေအမြုတေနှောင်းပိုင်းကျင့်ကြံသူများသာမက အတုအယောင် အခြေတည်ဝိညာဉ်အဆင့်များကိုပါ တိုက်ခိုက်နိုင်သည်ဟုတောင် ယုံကြည်ချက်ရှိသေးသည်။
[ဒင်]
မျှော်လင့်ထားသည့်အတိုင်းပင်…
သူ၏ အဂ္ဂိရတ်ပညာသည် အဆင့် ၄ သို့ရောက်ရှိသောအခါ စနစ်သည်သူ့အား အလားတူဆုလာဘ်တစ်ခုကို ပေးလိုက်သည်။
[အဆင့် ၄ အဂ္ဂိရတ်ဆရာဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ Host။ ပုံရိပ်ယောင်နတ်ဘုရားဆေးလုံး အညွှန်းကို ရရှိသွားပါပြီ]
[ပုံရိပ်ယောင်နတ်ဘုရားဆေးလုံး : လူတစ်ဦး၏ရှေးဦးဝိညာဉ်ကို မြှင့်တင်ရာတွင် အသုံးပြုနိုင်သည့်ဆေးလုံး]
ကျန်းချန်ရွှမ်သည် သေသေချာချာတစ်ချက်ကြည့်လိုက်ပြီး ဆေးလုံးကိုပြုလုပ်ရန် လိုအပ်သည့် ဆေးဘက်ဝင်အပင်များမှာ အလွန်တန်ဖိုးမကြီးလှကြောင်းကို သဘောပေါက်သွားသည်။
ကျန်းမိသားစု၏ လက်ရှိစွမ်းရည်နှင့်ပင် ဤပါဝင်ပစ္စည်းအကုန်လုံးကို စုဆောင်းရန်မှာ မခက်ခဲလှပေ။
ကျင့်ကြံသူတို့အတွက် သူတို့၏ရှေးဦးဝိညာဉ်ကို အဆင့်မြှင့်တင်ရန်မှာ အခက်ခဲဆုံးအရာဖြစ်ကြောင်း လူတိုင်းသိကြပေသည်။
အဓိကပြဿနာမှာ ကျင့်ကြံသူတို့၏ ရှေးဦးဝိညာဉ်ကိုအဆင့်မြှင့်နိုင်မည့် စိတ်ဝိညာဉ်ပစ္စည်းများမှာ အလွန်ရှားပါးနေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်နေပါစေ ကျန်းချန်ရွှမ်တွင်ရှိသည့် ပုံရိပ်ယောင်နတ်ဘုရားဆေးလုံး ဖော်စပ်ရန် ဆေးညွှန်းသည် ဤပြဿနာအကုန်လုံးကို ဖြေရှင်းပြီးသွားဖြစ်သွားသည်။
ထို့ပြင် ဤဆေးလုံးသည် သူ၏ကျင့်ကြံဆင့်က အခြေတည်ဝိညာဉ်နယ်ပယ်ကို ရောက်ရှိသွားခဲ့လျှင်ပင် အသုံးဝင်နေနိုင်သေးသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏တံခါးပိတ်ကျင့်ကြံခြင်း ဂူဗိမာန်မှ ထွက်လာခဲ့ပြီဖြစ်သည်။
သူထွက်လာသည့်အချိန်တွင် ရှန်းရူယန်ကား သူမ၏တံခါးပိတ်ကျင့်ကြံခြင်းမှထွက်မလာသေးပေ။ သူသည်သူ၏ နတ်ဘုရားအာရုံကို မှော်ဝင်တိုင်တောင်ကို စစ်ဆေးရန် အသုံးပြုလိုက်သည်။
မကြာမီပင် သူသည် ကျန်းမိသားစုတစ်ခုလုံးက လွန်ခဲ့သည့်အနှစ်သုံးဆယ်တွင် ကောင်းမွန်စွာပြောင်းလဲလာခဲ့ကြသည်ကို သိရှိခဲ့ပြီး အံ့အားသင့်သွားခဲ့ရပေသည်။
ပထမဆုံးအနေဖြင့်…
သူနှင့်ရှန်းရူယန်၏တပည့်ဖြစ်သည့် ကျန်းအန်းရန်သည် လွန်ခဲ့သည့်အနှစ်နှစ်ဆယ်မတိုင်ခင်ကပင် မိသားစုဆီသို့ပြန်လာခဲ့ပြီဖြစ်ကြောင်းကို သိခဲ့ရသည်။
ထို့နောက် သူမ၏လက်ရှိစွမ်းအင်တိုးတက်မှုသည် ကျီဖုအဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိခဲ့ရပေသည်။
အသက်၆၀အရွယ်၌ ကျီဖုအဆင့်ကိုရောက်ရှိခြင်းဖြင့် သူမ၏မျှော်မှန်းချက်အတိုင်း ကောင်းကင်ဘုံဝိညာဉ်အမြစ်ဖြင့် ရှင်သန်နိုင်ပေတော့မည်။ ဤအမြန်နှုန်းမျိုးသည် သမာရိုးကျမဟုတ်ဘဲ အလွန်ထူးခြားလှသည်။
ဒုတိယအနေဖြင့် သူခပ်မြင့်မြင့်တွေးထားသော ဂျူနီယာ ကျန်းယွင်ချန်းသည်လည်း ကျီဖုအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။
ကျန်းရန်ချွမ်း၏သမီးဖြစ်သူ ကျန်းယွင်ရုံသည်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိသွားပြီဖြစ်ကာ အချိန်မရွေးအဆင့်တက်ဖို့ အသင့်ဖြစ်နေပေပြီ။
သူမအောင်မြင်သွားမည်ဆိုပါက ဟွမ်းလင်းအာအပြင် ကျန်းမိသားစုထဲတွင် ကျီဖုအဆင့်ကျင့်ကြံသူ ခုနစ်ယောက်ရှိသွားမည် ဖြစ်ပေသည်။
နောက်ဆုံးအနေဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအရေအတွက်မှာ ၆၀ သို့ရောက်ရှိနေပြီဖြစ်သည်။
ထိုအတိုင်းဆိုပါက ရာထူးကြီးနေရာများအတွက် လိုအပ်ချက်များကို အဆင့်မြှင့်တင်ရမည့် အချိန်ရောက်ရှိလာပြီဖြစ်ပေသည်။
အထူးသဖြင့် အကြီးအကဲရာထူးအတွက်ပေါ့။
ဤအရာကိုကြည့်ခြင်းဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများသည် ဤရာထူးအတွက် အရည်အချင်းမပြည့်မီတော့ကြောင်းသိရသည်။
ကျီဖုအဆင့်ကိုရောက်ရှိသွားကြသူများသာလျှင် ကျန်းမိသားစု၏အကြီးအကဲရာထူးအတွက် အရည်အချင်းပြည့်မှီပေလိမ့်မည်။
သူဤအကြောင်းကိုတွေးနေတုန်း၌ပင် တစ်စုံတစ်ယောက် သူ့နောက်သို့ရောက်ရှိလာပေသည်။
သူနောက်သို့လှည့်ကြည့်လိုက်ရာ သူမ၏တံခါးပိတ်ကျင့်ကြံမှုမှထွက်လာသည့် ရှန်းရူယန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ရူယန်”
ကျန်းချန်ရွှမ်၏မျက်နှာတွင် အပြုံးချိုချိုတစ်ခုပေါ်ပေါက်လာပေသည်။
လင်မယားနှစ်ယောက်သည် သူတို့၏နှစ်ပေါင်းများစွာတံခါးပိတ်ကျင့်ကြံခြင်းမှ စုဆောင်းတွေ့ရှိချက်များကို စတင်ပြောကြလေသည်။
ထိုမှတစ်ဆင့် ကျန်းချန်ရွှမ်သည် သူ့ကဲ့သို့ပင် ဤနှစ်သုံးဆယ်အတွင်း ရှန်းရူယန်သည်လည်း သူမ၏ရွှေအမြုတေအဆင့်ကို စတုတ္ထအဆင့် မှ ဆဌမအဆင့်အထိ နှစ်ဆင့်မြှင့်တင်နိုင်လိုက်ကြောင်းသိရှိခဲ့ရသည်။
ထို့အပြင် ရှန်းရူယန်သည် သူမ၏ မိုးကြိုးဝိညာဉ်ခန္ဓာစစ်ကို နောက်အဆင့်သို့ အဆင့်မြှင့်တင်နိုင်ရန် ရှေးဟောင်းအပျက်အစီးနယ်မြေမှရခဲ့သည့် ရတနာများကိုလည်း အသုံးပြုခဲ့သည်။
လက်ရှိတွင်တော့ သူမ၏ မိုးကြိုးဝိညာဉ်ခန္ဓာစစ်ကို အသုံးပြုလိုက်သည်နှင့် မိုးကြိုးဝိညာဉ်ခန္ဓာစစ်ကို ကြာရှည်ထိန်းထားနိုင်ရုံသာမက အရင်ကထက် စွမ်းအားများလည်းပိုတိုးလာပေမည်။
ရှန်းရူယန်သာ သူမ၏ခွန်အားများအားလုံးကို လွှတ်ထုတ်နိုင်ခဲ့မယ်ဆိုလျှင် အတုအယောင် အခြေတည်ဉာဏ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကိုပါ အနိုင်ယူနိုင်မည်ဟုပြောလျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။
"အန်းရန်နဲ့လင်းအာကို ခေါ်လိုက်ကြရအောင်"
လင်မယားနှစ်ယောက် စကားပြောခြင်းပြီးဆုံးသွားပြီးနောက် ရှန်းရူယန်သည် အပြုံးတစ်ခုဖြင့် ပြောပြလိုက်သည်။
"ဒီနှစ်တွေအတွင်းမှာ အန်းရန်ဘယ်လိုပြောင်းလဲမှုတွေ ကြုံခဲ့ရလဲဆိုတာကို ကျွန်မသိချင်နေခဲ့တာ"
ကျန်းချန်ရွမ်သည် ဒီအတွက် မည့်သို့မျှကန့်ကွက်ခြင်းမပြုပေ။
မကြာခင်မှာပဲ အကြောင်းကြားစာကို ရရှိသည့် ကျန်းအန်းရန်နှင့် ဟွမ်းလင်းအာတို့ ရောက်ရှိလာကြသည်။
သူတို့နောက်ဆုံးတွေ့ခဲ့ကြသည်မှာ အနှစ်သုံးဆယ်ပင်ရှိသွားပြီဖြစ်သည်။ ကျန်းအန်းရန်ရော ဟွမ်းလင်းအာပါ သူတို့နှစ်ယောက်ကို အလွန်ပင်သတိရနေကြသည်။
အထူးသဖြင့် ကျန်းအန်းရန်ပင်ဖြစ်သည်။ သူတို့တွေ့သည်နှင့် သူမသည် မနားမနေစကားပြောတော့သည်...
***