အနှစ်သုံးဆယ်ကြာပြီးနောက်(၃)
Vol. 20 Ch. 394
သူမသည် ကျီဖုအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ရှေ့တွင်တော့ အရင်ကကဲ့သို့ မိန်းကလေးငယ်လေးတစ်ဦးသဖွယ်ပင် ဖြစ်နေသည်။
ဟွမ်းလင်းအာသည် ပို၍ ရင့်ကျက်တည်ငြိမ်လာပုံပေါ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်၏ရှေ့တွင်တော့ သူမလည်း အရင်ကကဲ့သို့ပင် ဖြူစင်ရိုးသား၍ ကြင်နာတတ်သော မိန်းကလေးတစ်ဦးသဖွယ် ပြန်ဖြစ်လို့နေပေသည်။
ထိုသို့ဖြင့် သူတို့လေးယောက်သည် ရွှမ်းမင်တောင်ထွတ်တွင် အချိန်အတော်ကြာအောင် စကားပြောနေခဲ့ကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ယခုနှစ်များအတွင်း ကျန်းအန်းရန်၏ အဖြစ်ပျက်များကို ပိုမိုကောင်းမွန်စွာ သဘောပေါက်သွားကြပြီဖြစ်သည်။
သူမသည် ကျန်းမိသားစု၏ ပံ့ပိုးမှုကိုရရှိထားပြီး ကောင်းကင်ဘုံဝိညာဉ်အမြစ် ကျင့်ကြံသူဖြစ်သော်လည်း ယခုကာလအတွင်းတွင် အများကြီးကြုံတွေ့ဖြတ်သန်းခဲ့ရသေးသည်။
ပြီးခဲ့သည့်အချိန်အတွင်း ကျန်းအန်းရန်သည် အပြင်ဘက်ကမ္ဘာတွင်တိမ်လွင့်ဓားအဖြစ် လူသိများကျော်ကြားခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်…
အလွန်ပြင်းထန်သည့် ဝိညာဉ်ချီမတည်မငြိမ်ဖြစ်ခြင်းသည် ကျန်းယွင်ရုံ၏တံခါးပိတ်ကျင့်ကြံနေသည့်နေရာမှ ပေါက်ထွက်လာခဲ့သည်။
ခနအကြာ၌ အခြေခံတည်ဆောက်ခြင်းနှင့်မတူဘဲ ကွဲပြားသည့်ဝိညာဉ်ဖိအားတစ်ခု စတင်ပေါ်ထွက်လာသည်။
အချိန်အတော်ကြာပြီးနောက် ဝိညာဉ်ဖိအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထို့နောက် ဝိညာဉ်ဖိအား၏အလယ်ဗဟိုမှ အော်ရာလှိုင်းတစ်ခု ပျံ့ထွက်လာသည်။
ထိုအချိန်တွင် မှော်ဝင်တိုင်တောင်ရှိကျင့်ကြံသူများအားလုံးသည် သူတို့တွင် နောက်ထပ် ကျီဖုအဆင့်အကြီးအကဲတစ်ယောက် ပေါ်ထွက်လာပြီကို သိရှိလိုက်ကြလေသည်။
ကျန်းယွင်ရုံသည် သူမ၏ တိုးတက်လာသည့် စွမ်းအင်များကို ငြိမ်သက်အောင် ဖိနှိပ်ပြီးသည့်နောက်တွင် ကျန်းချန်ရွှမ်သည် ကျန်းရန်ယီနှင့် အခြားသူများကို ချက်ချင်း သတင်းစကားပို့လိုက်သည်။
ငါးရက်ကြာပြီးနောက် ကျီဖုအဆင့်ကျင့်ကြံသူများအားလုံးသည် စုဝေးခန်းမတွင် လာရောက်စုဝေးခဲ့ကြသည်။
ကျန်းရန်ယီနှင့် အခြားသူများသည် သတင်းစကားကိုရရှိပြီးနောက် သူတို့၏အဘိုးလေးက နောက်ဆုံးတွင် သူတို့ကိုတွေ့ဆုံတော့မည်ဖြစ်သဖြင့် အသက်ရှုချောင်သွားခဲ့ကြသည်။
အရင်တစ်ခါဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် ကျန်းချန်ရွှမ်သည် သူတို့ကို ဘယ်တော့မှ ဆင့်ခေါ်ခြင်းမပြုခဲ့ပေ။
ထိုသို့ပြုလုပ်ခြင်းသည် သူ၏တံခါးပိတ်ကျင့်ကြံခြင်းနှင့် ဆက်စပ်နေနိုင်သော်လည်း သေချာသည့်ရှု့ထောင့်မှကြည့်လျှင် သူတို့အတွက် အပြစ်ပေးမှုတစ်ခုသာဖြစ်သည်။
ငါးရက်ကြာပြီးနောက်…
ကျန်းရန်ယီ၊ ကျန်းရန်ချွမ်း၊ ကျန်းရန်တောက်၊ ကျန်းယွင်ချန်း၊ ကျန်းယွင်ရုံ၊ လျူလင်းလုံနှင့် ကျန်းအန်းရန်တို့အားလုံးသည် စုဝေးခန်းမသို့ စောစီးစွာရောက်ရှိနေကြသည်။
လူတိုင်းသည် မသိမသာဖြင့် ကျန်းအန်းရန်ကို ကြည့်နေကြလေသည်။
ကျန်းယွင်ချန်းသည် ကျန်းအန်းရန်ကိုကြည့်၍ပြုံးလျက် လည်ချောင်းကိုရှင်းကာ ပြောလိုက်သည်။
“အဘွားလေးအန်းရန် ဒီတစ်ခေါက် ဘိုးဘေးက ကျွန်တော်တို့ကို ဘာလို့ဆင့်ခေါ်လဲဆိုတာ သိလား”
“ဒီကလေးကတော့၊ မင်းကိုငါဘယ်နှကြိမ်ပြောရမလဲ။ ငါ့ကိုဒေါ်လေးလို့မခေါ်နဲ့ အစ်မအန်းရန်လို့ပဲခေါ်ပါဆို။ နောက်တစ်ခါ ဒေါ်လေးလို့ထပ်ခေါ်ရင် မင်းကို သင်ခန်းစာကောင်းကောင်းတစ်ခု ပေးပြမယ်”
ကျန်းအန်းရန်သည် ကျန်းယွင်ချန်းကို ချက်ချင်းပင် ခက်ထန်စွာ ကြည့်လိုက်သည်။
သူတို့နှစ်ယောက်သည် အသက်အရွယ်အတူတူပင်ဖြစ်သည်။
ထို့ကြောင့် ကျန်းအန်းရန်၊ ကျန်းယွင်ချန်းနှင့် ကျန်းယွင်ရုံတို့၏ ဆက်ဆံရေးသည် အတော်အတန် အဆင်ပြေသည်ဟုပြောရမည်။
ကျန်းယွင်ချန်းသည် ကျန်းအန်းရန်၏ စကားများကိုကြားပြီးနောက် ခံစားသွားရဟန်ဖြင့်
“အဲ့ဒါဆိုလည် ကျွန်တော့်ကို ကလေးလို့မခေါ်နဲ့လေ။ မသိတဲ့သူတွေက ကျွန်တော့်ကို တကယ်ကလေးလို့ ထင်သွားလိမ့်မယ်”
“ဘာလို့လဲ ပြဿနာရှိလို့လား”
ကျန်းအန်းရန်သည် စကားလမ်းကြောင်းလွှဲလိုက်ပြီးနောက်
“ဆရာက ငါတို့ကို တကယ်အရေးကြီးတဲ့ကိစ္စတွေအတွက်ခေါ်လိုက်တာဖြစ်မယ်။ သူငါတို့ကိုဒီမှာစောင့်ခိုင်းထားရင် စောင့်လိုက်ပေါ့” ဟုပြောလိုက်သည်။
သူမစကားပြောပြီးနောက် ခနအကြာတွင် အဓိကနေရာသို့ လူနှစ်ယောက်ရောက်လာကြသည်။
သူတို့သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဖြစ်သည်။
***