တိုက်ခိုက်ရန် ပဏာမခြေလှမ်းအစပျိုးခြင်း
Vol. 20 Ch. 395
သူတို့နှစ်ယောက် ရောက်ရှိလာသည်နှင့် လူတိုင်းချက်ချင်း တိတ်ဆိတ်မှင်တက်သွားကြသည်။
တုံ့ဆိုင်းခြင်းမပြုဘဲ လူတိုင်း သူတို့နှစ်ယောက်ကို မတ်တပ်ရပ်ကာ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
“အဘိုးလေးနဲ့ အဘွားလေးကိုနှုတ်ဆက်ပါတယ်”
“ဘိုးဘေးတို့ကိုနှုတ်ဆက်ပါတယ်”
“ဆရာ့ကို နှုတ်ဆက်ပါတယ်”
“ကောင်းပြီ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခေါင်းညိတ်လိုက်ကြသည်။
ခနကြာပြီးနောက် ကျန်းချန်ရွှမ်သည် ကျန်းယွင်ချန်းနှင့် ကျန်းယွင်ရုံတို့ကို ကြည့်ကာပြောလိုက်သည်။
“ယွင်ချန်းနဲ့ယွင်ရုံ ဒီတွေ့ဆုံပွဲပြီးလို့ရှိရင် မင်းတို့ မျိုးနွယ်စုရတနာဂိုဒေါင်ကို သွားပြီးတော့ အဆင့်၃ဓမ္မရတနာကို မင်းတို့ကိုယ်မင်းတို့ ကာကွယ်ဖို့အတွက် ရွေးယူနိုင်တယ်”
“ကျေးဇူးတင်ပါတယ် ဘိုးဘေး”
ကျန်းချန်ရွှမ်၏ စကားများကို ကြားပြီးနောက်တွင် ကျန်းယွင်ချန်းနှင့် ကျန်းယွင်ရုံတို့ အလွန်ပျော်ရွှင်သွားကြသည်။
အထူးသဖြင့် ကျန်းချန်ရွှမ်၏ဆုလာဘ်ကို လက်ခံရခြင်းသည် အပျော်ရွှင်ရဆုံးကိစ္စပင်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ဆက်၍
“အခုဆိုရင် ကျန်းမျိုးနွယ်စုမှာ ကျီဖုအဆင့် ခုနစ်ယောက်ရှိသွားပြီ။ ရှန်းမျိုးနွယ်စုကိုပါ ထည့်တွက်မယ်ဆိုရင် စုစုပေါင်းဆယ့်နှစ်ယောက်ရှိနေပြီ။ ကျန်းမျိုးနွယ်စုမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အယောက်ခြောက်ဆယ်ရှိနှင့်ပြီးဖြစ်တယ်။ ရှန်းမျိုးနွယ်စုပါပါရင် တစ်ရာနီးနီးရှိနေပြီ။
အခုလက်ရှိအခြေအနေအရ ငါကျန်းမျိုးနွယ်စုရဲ့ အကြီးအကဲစနစ်ကို ပြုပြင်မွမ်းမံဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီနေ့ကစပြီး ကျီဖုအဆင့်အထက်မှာရှိတဲ့ ကျင့်ကြံသူတွေသာ အကြီးအကဲဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ်။
မင်းတို့မှာ ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်စရာရှိလား”
ကျန်းချန်ရွှမ်၏ပြောစကားကိုကြားပြီးနောက် ကျန်းရန်ယီနှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းခါလိုက်ကြသည်။
“ကန့်ကွက်စရာမရှိပါဘူး”
အမှန်တကယ်တော့ သူတို့သည် အရင်ကတည်းက ကျန်းမျိုးနွယ်စု၏ အကြီးအကဲစနစ်ဟောင်းသည် လက်ရှိကျန်းမျိုးနွယ်စုအခြေအနေအတွက် သင့်တော်မှုမရှိတော့ကြောင်းကို နားလည်သဘောပေါက်ပြီးကြပြီးဖြစ်သည်။
အတွင်းရေးကိစ္စများကို ဆွေးနွေးပြီးသည့်နောက်တွင် ကျန်းချန်ရွှမ်သည် သူ၏ဘေးရှိ ရှန်းရူယန်ကို နေရာကူးပြောင်းခြင်းအစီအရင်ပြားနှစ်ခုကို ထုတ်လိုက်ရန် အမူအရာပြလိုက်သည်။
နေရာကူးပြောင်းခြင်းအစီအရင်ပြားနှစ်ခုကို မြင်ပြီးနောက်တွင်ပင် ကျန်းရန်ယီနှင့် အခြားသူများသည် အနည်းငယ် ဇဝေဇဝါဖြစ်နေကြသေးသည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်ပြောလိုက်သည်။
“ဒီအစီအရင်ပြားနှစ်ခုက ခရီးလတ်နဲ့ ခရီးတိုအကွာအဝေး နေရာကူးပြောင်းခြင်းအစီအရင်ပြားတွေပဲ။ ဒီအစီအရင်ပြားနှစ်ခုနဲ့ ငါတို့မှော်ဝင်တိုင်တောင်နဲ့ အဆင့် ၃ ရေသွေးကြောကို ဆက်သွယ်နိုင်တယ်။ ဒီအတိုင်းဆိုရင် နေရာနှစ်ခုကို သွားလာရတာ့ ပိုအဆင်ပြေသွားလိမ့်မယ်။
ဒါကို ငါနဲ့မင်းတို့ဒေါ်လေးရဲ့ ယုနိုင်ငံခရီးစဉ်ကနေ ရရှိလာတဲ့အကျိုးအမြတ်အနေနဲ့ ယူဆနိုင်တယ်။”
“ဒါကတကယ် နေရာကူးပြောင်းခြင်းအစီအရင်ပြားလား?”
ကျန်းချန်ရွှမ်၏ ရှင်းပြပြောဆိုချက်ကိုကြားပြီးနောက် ကျန်းရန်ယီနှင့်တခြားသူများသည် အံ့ဩသောအမူအယာများ ဖော်ပြခဲ့ကြသည်။
အသေအချာပင်။
သူတို့သည် ကျန်းချန်ရွှမ်က ဤအဖိုးတန် နေရာကူးပြောင်းခြင်းအစီအရင်ပြားနှစ်ခုကို ယူဆောင်လာနိုင်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ကန်းနန်တိုက်၏နယ်မြေအတွင်းတွင် ဤမျှအဆင့်ရှိသော နေရာကူးပြောင်းခြင်းအစီအရင်ပြားမျိုး လုံးဝနီးပါး ရှာလို့မတွေ့နိုင်သည်ကိုတော့ သိထားရသည်။
ဤအရာကိုဝယ်ယူလိုပါက ယုနိုင်ငံနှင့် အခြားသော နိုင်ငံကြီးများကိုသာ သွားရောက်ဝယ်ယူရမည်ဖြစ်သည်။
အတိတ်ကာလတုန်းက သူတို့ အလွန်ဒုက္ခရောက်ခဲ့ကြသည်။ မှော်ဝင်တိုင်တောင်နှင့် အဆင့် ၃ ရေကြောတို့မှာ အတော်လေးဝေးကွာသောကြောင့်ပင်။
ပျံသန်းခြင်းဖြင့်သွားရသည့် ခရီးအသွားအပြန်ကလည်း အချိန်တော်တော်ယူသည်။
အခုတော့ဤကိစ္စကို ဖြေရှင်းနိုင်ခဲ့ပြီ။
ကျန်းချန်ရွှမ် ယူဆောင်လာသည့် နေရာကူးပြောင်းခြင်းအစီအရင်ပြားနှင့်ဆိုလျှင် ဒီပြဿနာကိုကောင်းစွာပင် ဖြေရှင်းနိုင်မည်ဖြစ်သည်။
အဓိကအနေဖြင့် အဆင့် ၃ ရေကြောတွင် မမျှော်လင့်ထားသည့် ကိစ္စတစ်ခုခုဖြစ်ပျက်ပါက ချက်ချင်း အကူအညီပေးနိုင်မည်ဖြစ်သည်။
ထိုအကြောင်းကိုစဉ်းစားမိကာ လူတိုင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ဝမ်းမြောက်စွာ ကြည့်လိုက်ကြသည်။
နောက်ဆုံးတွင် သူတို့သည် ဤခရီးတိုနှင့်ခရီးလတ် နေရာကူးပြောင်းခြင်းအစီအရင်ပြားများသည် ကျန်းချန်ရွှမ် ယုနိုင်ငံမှ ပြန်လည်ယူဆောင်လာခဲ့သည့် အမြတ်အစွန်းရရှိချက်များဖြစ်ကြောင်း ကောင်းစွာကြားပြီးကြပြီးဖြစ်သည်။
တစ်နည်းပြောရရင် အခြားပစ္စည်းများလည်း ရှိနေနိုင်သေးသည်။
အားလုံး၏အတွေးများကို ဖတ်လိုက်နိုင်သည့်အလား ကျန်းချန်ရွှမ်သည် ပြုံးလိုက်ကာ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားအစုလိုက်ကို ထုတ်ယူလိုက်သည်။
“ကြည့်လိုက်ကြ ဒီကျောက်စိမ်းပြားတွေက အဆင့်၁ကနေအဆင့်၄ထိနဲ့ ၅ခုမြောက်အဆင့် အနည်းငယ်တို့ရဲ့ ပြည့်စုံတဲ့ကျင့်ကြံမှုကို မှတ်တမ်းယူထားတယ်။
ဒီအရာက ကျန်းမျိုးနွယ်စုရဲ့ ကျမ်းစာခန်းမရဲ့ အသိဉာဏ်တန်ဖိုးကြွယ်ဝစေဖို့နဲ့ မျိုးနွယ်စုအုတ်မြစ်ကို ခိုင်မာစေဖို့ကြီးမားတဲ့အကူအညီတစ်ခုဖြစ်မှာပဲ။
မင်းတို့ကျောက်စိမ်းပြားတစ်ခု ဒါမှမဟုတ်ရင် နှစ်ခုဖြစ်ဖြစ် မင်းတို့လေ့လာသင်ယူမှုနဲ့ နားလည်သဘောပေါက်ဖို့တွက် ရွေးချယ်ယူနိုင်တယ်။ ပြီးရင် သူတို့ကိုအမျိုးအစားခွဲပြီး ကျန်းမျိုးနွယ်စု ကျမ်းစာခန်းမထဲမှာ ထားလိုက်ကြ။”
ကျန်းချန်ရွှမ်၏ စကားများကိုကြားပြီးနောက် ကျန်းရန်ယီနှင့်တခြားသူများသည် အသက်ရှုမှားမတတ် ကြက်သေသေသွားကြသည်။ အထူးသဖြင့် အဆင့်၅ကျင့်စဉ်အချို့၏ အမွေအနှစ် အချက်အလက်များပင်ဖြစ်သည်။
တစ်ခုတည်းသောအကြောင်းကား ပဉ္စမအဆင့်သည် အခြေတည်ဝိညာဉ်နယ်ပယ်နှင့် ညီမျှနေခြင်းပင်ဖြစ်သည်။
ကန်းနယ်ပြည်နယ်တစ်ခုလုံးတွင်ပင်လျှင် ဤအဆင့်၏ အမွေအနှစ်များမှာ များများစားစားရှိမနေပေ။
ထိုခနတွင်ပင် ကျန်းရန်ယီနှင့် အခြားသူများသည် ဤကျောက်စိမ်းများ မည်မျှအဖိုးတန်သည်ကို နားလည်သဘောပေါက်သွားကြသည်။
ဤကျောက်စိမ်းပြားများ အထူးသဖြင့် ပဉ္စမအဆင့်ကျောက်စိမ်းပြားသုံးခု၏ သတင်း ပျံ့နှံ့ထွက်ပေါ်လာသည်နှင့် အင်အားစုကြီးများ အားလုံး၏ ရမ္မက်ကြီးသောမျက်လုံးများကို သေချာပေါက်ဆွဲဆောင်နိုင်ပေလိမ့်မည်ဟု ပြောလျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။
အခြေတည်ဝိညာဉ်အဆင့်စံသခင်ကြီးများတောင်မှ စိတ်ဝင်စားကြပေလိမ့်မည်။
ထိုသို့တွေးမိသွားသည်နှင့် ကျန်းရန်ယီနှင့် အခြားလူများ၏အမူအရာများမှာ အလွန်ကိုမှ လေးနက်သွားကြလေသည်။
ထိုအချိန်တွင် သူတို့၏စိတ်ထဲတွင် အတွေးတစ်ခုသာရှိသည်။
ထိုအရာမှာ ပဉ္စမအဆင့်အမွေအနှစ်သုံးခု၏ သတင်းသည် မည်သည့်အကြောင်းကြောင့်နှင့်မျှ ပျံ့နှံ့သွားလို့မဖြစ်တော့ခြင်းဖြစ်သည်….
***