← Chapters

တိုက်ခိုက်ရန်ပဏာမခြေလှမ်းအစပျိုးခြင်း(၂)

Vol. 20 Ch. 396

တိုက်ခိုက်ရန်ပဏာမခြေလှမ်းအစပျိုးခြင်း(၂)

Vol. 20 Ch. 396

ကျန်းချန်ရွှမ်သည် သူ့ကိုယ်ပေါ်မှ နောက်ထပ်ကျောက်စိမ်းပြားတစ်ခုကို ယူလိုက်ပြီး လူတိုင်းကို ပြသလိုက်သည်။

“ဒီမှာ မင်းတို့အရင်ကမေးထားတဲ့ စက်သားရဲတွေနဲ့ဆက်စပ်နေတဲ့ ကျောက်စိမ်းအမွေအနှစ်။

ဒီလိုသာဆိုရင် မင်းတို့စိတ်ဝင်စားရင်ကိုယ့်ဟာကိုလေ့လာနိုင်တယ်။

မင်းတို့အချိန်တွေမဖြုန်းချင်ဘူးဆိုလို့ရှိရင် ဒီအကြောင်းကိုသင်ယူစေမယ့် အရည်အချင်းရှိတဲ့ တပည့်တွေကို ရွေးထုတ်နိုင်တယ်။

ငါ့မှာတောင်းဆိုချက်တစ်ခုတော့ရှိတယ်။

ကျန်းမျိုးနွယ်အင်အားကြီးလာတာနဲ့အမျှ ငါတို့မှာလူ‌တွေပိုများလာတယ် ငါတို့နယ်မြေမှာ အနိုင်ကျင့်ခံရတယ်ဆိုတယ့်ဘာသတင်းမျိုးမှ မကြားချင်ဘူး”

“ဟုတ်ကဲ့ပါ”

ကျန်းချန်ရွှန်၏စကားများကိုကြားပြီးနောက် ထိုနေရာတွင်ရှိနေကြသည့် ညီအစ်ကိုသုံးယောက်ရော သူတို့၏‌ကလေးများဖြစ်ကြသည့် ကျန်းယွင်ချန်းနှင့် ကျန်းယွင်ရုံတို့ပါ တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေလိုက်ကြသည်။

“နောက်ဆုံးအနေနဲ့..”

ကျန်းချန်ရွှမ်သည် လက်တစ်ချောင်းထောင်လိုက်ပြီးနောက် ထိုနေရာတွင်ရှိနေသည့်လူတိုင်းကိုကြည့်လိုက်သည်။

“ငါးနှစ်အတွင်းမှာ ငါကျန်းမျိုးနွယ်၊ ရှန်းမျိုးနွယ်၊ ယွင်မျိုးနွယ်၊ တခြားကျီဖုအဆင့်ကျင့်ကြံသူတွေနဲ့ ဂိုဏ်းကွဲတွေကို ငါ့စီရင်မှုအောက်ကနေပြီး အီသာတောင်ကို တိုက်ခိုက်ဖို့စီစဉ်ထားတယ်။ မင်းတို့ဘာပြောစရာရှိသေးလဲ”

“အီသာတောင်လား?”

ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ကျန်းရန်ယီ၊ ကျန်းယွင်ချန်း၊ ကျန်းအန်းရန်နှင့် အခြားသူများသည် အလွန်အံ့အားသင့်သွားရုံသာ တတ်နိုင်ခဲ့သည်။

သူတို့သည် ကျန်းချန်ရွှမ်ပြောနေသည့် အီသာတောင်ကား လျန်နိုင်ငံအပြင်ဘက်ရှိ မိစ္ဆာသားရဲတွင်းတစ်ခုဖြစ်ကြောင်း ကောင်းစွာသိရှိထားကြသည်။

ထိုနေရာတွင် နေထိုင်ကြသူများအနက် သိမ်းငှက်ရိုင်းမျိုးနွယ်စုလည်းပါဝင်သည်။

ထိုနေရာတွင်စတုတ္ထအဆင့် မိစ္ဆာဘုရင် သုံးယောက်ရှိသည်ဟုပြောကြသည်။

ထို့ပြင်သူတို့သည် အနားပတ်လည်ရှိ မိစ္ဆာသားရဲ နယ်မြေများနှင့်လည်း နီးကပ်သောဆက်ဆံမှုရှိသည်။

သူတို့ အီသာတောင်ကိုတိုက်ခိုက်လိုက်ပြီး ရွှေအမြုတေတိုက်ပွဲဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲများသည် သေချာပေါက်ထိုင်နေပြီး ဘာမှမလုပ်ဘဲနေမှာတော့မဟုတ်ပေ။

သတိမထားဘဲပြုလုပ်မည်ဆိုပါက ဝိုင်းအုံတိုက်ခိုက်ခံရနိုင်ပေသည်။

အရေးအကြီးဆုံးအရာမှာ သူတို့၏လက်ရှိအင်အားနှင့် အီသာတောင်ကို တိုက်ခိုက်နိုင်ခဲ့ရင်တောင် ထိုနေရာကိုစောင့်ကြပ်ဖို့ အလွန်ခက်ခဲနေပေဦးမည်။

ကျန်းချန်ရွှမ် သို့မဟုတ် ရှန်းရူယန်သည် ထိုနေရာကိုစောင့်ကြပ်ဖို့သွားမှဖြစ်ပေလိမ့်မည်။

ကျန်းချန်ရွှမ်လည်း လူတိုင်း၏မေးခွန်းကို ပြန်ဖြေပေးလိုက်သည်။

ပထမဆုံးအရာမှာ အီသာတောင်ပတ်လည်ရှိ စစ်ကူပေးနိုင်မည့် အခြားမိစ္ဆာသားရဲမျိုးနွယ်များအကြောင်း ဖြစ်သည်။

ထိုကိစ္စအတွက် အရမ်းစိုးရိမ်စရာတော့မလိုပေ။

အကြောင်းကတော့ ကျန်းမျိုးနွယ်စုသည် ဤတိုက်ပွဲကိုတစ်ဖွဲ့တည်းတိုက်ခိုက်မှာ မဟုတ်သောကြောင့်ဖြစ်သည်။

သူသည် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းကို စစ်ကူခေါ်မည်ဖြစ်သောကြောင့်ပင်။

ဒုတိယအနေဖြင့် အီသာတောင်ကိုစောင့်ကြပ်ရမည့်ကိစ္စ...

ထိုကိစ္စကိုလည်း စိတ်ပူစရာမလိုပေ။

မမျှော်လင့်ထားသည့်အရာတစ်ခုခုဖြစ်ပျက်ခဲ့ပါက တတိယအဆင့်ရွှေအမြုတေသည် သူတို့တိုက်ခိုက်ခံရသည့်အချိန်တွင် ချက်ချင်းရောက်ရှိလာမည်ဖြစ်သည်။

ထိုအချိန်တွင် စတုတ္ထအဆင့်တောင်ကာကွယ်ခြင်းအစီအရင်နှင့် ရွှေအမြုတေဖြင့်ဆိုလျှင် အီသာတောင်ကို စောင့်ကြပ်ရန်မှာ ကြီးမားသည့်ပြဿနာတစ်ခုမဟုတ်တော့ပေ။

ကျန်းရန်ယီနှင့် အခြားတက်ရောက်လာသူများသည် ကျန်းချန်ရွှမ်ပြောလိုက်သည့် တတိယအဆင့်ရွှေအမြုတေကြောင့် ဇဝေဇဝါဖြစ်သွားကြသည်။

မကြာမီပင် သူတို့ တစ်စုံတစ်ခုကို တွေးမိသဘောပေါက်သွားကြ၍ ချက်ချင်းအံ့အားသင့်သွားကြသည်။

ဖြစ်နိုင်တာသည် ထိုလူက...?

လူတိုင်းသည် စိတ်ထဲတွင်ထိုအတွေးဖြင့် ကျန်းချန်ရွှမ်၏တင်ပြချက်ကို မည်သို့မျှစောဒကမတက်တော့ပေ။

သူတိူ့သည် ချက်ချင်းဦးညွှတ်ခေါင်းညိတ်လိုက်ကာ

“ဟုတ်ကဲ့ပါ” ဟုပြန်ဖြေလိုက်ကြသည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှန်းမျိုးနွယ်စုရှိသည့် ဟျန်းတောင်တွင်…

ကျန်းချန်ရွှမ်သည် အမြုတေဖွဲ့စည်းခြင်းဆေးလုံးပါဝင်သည့် ကျောက်စိမ်းပုလင်းကို ပဉ္စမဘိုးဘေး၊ ရှန်းယွမ်လုံရှေ့တွင်ထားလိုက်သည်။

ထို့နောက် သူသည် ကျောက်စိမ်းပုလင်းထဲရှိ ပါဝင်ပစ္စည်းကိုမြင်ပြီးသောအခါ သူ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူသည် ကျောက်စိမ်းပုလင်းအဖုံးကို ပိတ်လိုက်ပြီးနောက် ကျန်းချန်ရွှမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ကျန်းချန်ရွှမ် မင်းဘာလုပ်နေတာလဲ။ မင်းဒါကိုပြန်ယူသွားလိုက်တာကောင်းမယ်။ ငါဒါကိုလက်မခံနိုင်ဘူး”

သူသည် ကျန်းချန်ရွှမ်ကို ကျောက်စိမ်းပုလင်း ပြန်ပေးဖို့လုပ်လိုက်ချိန်တွင် ကျန်းချန်ရွှမ်က သူ့ကိုတားလိုက်သည်။

သူသည် ပြုံးကာ ရှန်းယွမ်လုံကိုပြောလိုက်သည်။

“ပဉ္စမဘိုးဘေး ခင်ဗျားက ကျီဖုအဆင့်ရဲ့အဆုံးကိုရောက်နေပါပြီ။ ကျွန်တော်တို့ ကျန်းမျိုးနွယ်စုနဲ့ ရှန်းမျိုးနွယ်စုမှာ ပဉ္စမဘိုးဘေးသာ ဒီဆေးလုံးကိုစားဖို့ အသင့်တော်ဆုံးပဲ”

ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ရှန်းယွမ်လုံသည် ခါးခါးသီးသီးပြုံးကာ

“ချန်ရွှမ် မင်းငါ့အခြေအနေကိုမသိတာလည်းမဟုတ်ဘူး။ ငါ့လက်ရှိအခြေအနေနဲ့ဆိုရင် ဒီဆေးလုံးကိုစားရင်တောင်မှ အမြုတေကိုဖွဲ့စည်းနိုင်မယ့် ဖြစ်နိုင်ချေက ၂၀%ထက်မပိုဘူး”

ဖြစ်နိုင်ချေပိုများသည်မှာ မှားယွင်းသည့် အမြုတေကိုဖွဲ့စည်းမိခြင်းဖြစ်သည်။

ထိုအချိန်တွင် ရှန်းယွမ်လုံသည် တားဆီးကာ ဆက်၍

“မင်းဒီလိုတန်ဖိုးရှိတဲ့ဆေးလုံးကို ဖြုန်းတီးမယ့်အစား ဘာလို့ခနလောက်ထပ်မစောင့်တာလဲ”

ရှန်းယွမ်လုံ၏စကားလုံးများသည် စစ်မှန်ရိုးသားသည်။

သူသည် မည်သို့မျှ လောဘကြီးရန် ရည်ရွယ်ချက်မရှိပေ။

ထိုအရာသည် ကျန်းချန်ရွှမ်ကို ခံစားသဘောပေါက်သွားစေသည်။

မည်သို့ပင်ဖြစ်စေ သူသည် ရှန်းယွမ်လုံဆီကို ကျောက်စိမ်းပုလင်းကိုတွန်းပေးရန် အလွန်စိတ်အားထက်သန်နေသည်။

“ပဉ္စမဘိုးဘေး ငြင်းမနေပါနဲ့တော့။ ကျွန်တော်ဒီဆေးလုံးကို ပေးပြီးသားမလို့ ပြန်မယူနိုင်ပါဘူး။ ပြီးတော့ အမြုတေဖွဲ့စည်းခြင်းဆေးလုံးတစ်ခုနဲ့ မလုံလောက်ဘူးဆိုရင် ဘိုးဘေး နောက်တစ်ခုထပ်ယူနိုင်တယ်”

စကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်သည် သူ့ကိုယ်ပေါ်မှ ကျောက်စိမ်းပုလင်းတစ်ခုကို နောက်တစ်ကြိမ်ထပ်ထုတ်လိုက်သည်။

အထဲတွင် အမြုတေဖွဲ့စည်းခြင်းဆေးလုံးနောက်တစ်ခုပါသည်။

ရှန်းယွမ်လုံသည် ကျန်းချန်ရွမ်က ဒီလိုတန်ဖိုးကြီးသည့် ဆေးလုံးမျိုးကို သူ့လိုလူအိုကြီးတစ်ယောက်အပေါ်တွင် ဖြုန်းတီးပစ်မည်ဟု ဘယ်သောအခါမှမမျှော်လင့်ခဲ့ပေ။

ပိုဆိုးသည်မှာ နှစ်ခုတောင်ဖြစ်နေခြင်းဖြစ်သည်။

ဒီလိုအချိန်မျိုးမှာ ဘယ်လိုလုပ် ဘာမှမခံစားရဘဲနေမတဲ့လဲ?

ကျန်းချန်ရွှမ်၏ဆုံးဖြတ်ထားမှုကို မြင်ပြီးသည့်နောက် ရှန်းယွမ်လုံသည် တစိမ့်စိမ့်တွေးဆကာ နောက်ဆုံးတွင် ငြင်းပယ်မှုမပြုတော့ပေ။

သူသည် ကျန်းချန်ရွှမ်ကိုကြည့်လိုက်ပြီး ထူးခြားသောအမူအရာဖြင့် ပြောလိုက်သည်။

"ချန်ရွှမ် ဒီလိုဆိုရင်လည်းငါယူပါ့မယ်။ ဒါပေမယ့် ငါ ဒီအကူအညီကို‌ ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ ငါမင်းကို ငါဒါကိုကျော်ဖြတ်ဖို့ အကောင်းဆုံးလုပ်မယ်လို့ကတိပေးတယ်။ ငါမင်းနဲ့ရူယန်တို့ရဲ့ ‌ရည်ရွယ်ချက်ကောင်းကို သေချာပေါက် မဖြုန်းတီးပစ်ဘူး"

နောက်ဆုံးတွင် ကျန်းချန်ရွှမ်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် သူသည် ခုခံခြင်းဓမ္မရတနာနှစ်ခုကို သူ့ကိုယ်ပေါ်မှထုတ်လိုက်သည်။

တစ်ခုမှာ စတုတ္ထအဆင့်အ‌ယောင်ဆောင်ဖြစ်၍ နောက်တစ်ခုမှာ အဆင့်နိမ့်စတုတ္ထအဆင့်တစ်ခုဖြစ်သည်။

ဒီရတနာနှစ်ခုနှင့်ဆိုလို့ရှိရင် ရှန်းယွမ်လုံ၏ ရွှေအမြုတေမိုးကြိုးဒုက္ခအတွက် အများကြီးစိုးရိမ်စရာမရှိတော့ပေ။

မည်သို့ပင်ဖြစ်စေ သူနှင့်ရှန်းရူယန်ကဲ့သို့ ‌အဆင့်မြင့် သို့မဟုတ် နတ်အဆင့် ရွှေအမြုတေကို ဖွဲ့စည်းရန်မှာ သူ့အတွက်မဖြစ်နိုင်ပေ။

သူ့အ‌မြင်ဆိုရင် ရှန်းယွမ်လုံသည် စတုတ္ထအဆင့်ထက်ကျော်သည့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်သည် ဆိုလျှင်ပင် ကံကောင်းသည်ဟုဆိုရပေမည်။

ရှန်းယွမ်လုံ၏ဘက်တွင်လည်း သူသည် အမြုတေဖွဲ့စည်းခြင်းဆေးလုံးနှစ်ခုကို လက်ခံပြီးသည့်အတွက် နောက်ထပ်ဓမ္မရတနာနှစ်ခုကို ထပ်၍ယူရန်လည်း ဝန်လေးမနေတော့ပေ။

လက်ရှိအချိန်တွင် သူပြုလုပ်ချင်သည့်အရာကား သူအမြုတေကိုဖွဲ့စည်းပြီးချိန်တွင် သူတို့နှစ်ယောက်ကို ကျေးဇူးဆပ်ရန်သာဖြစ်သည်။

သူသည် နွားသိုးတစ်ကောင် သို့မဟုတ် မြင်းတစ်‌ကောင်လိုအလုပ်လုပ်ရမည်ဆိုလျှင်ပင် စောဒကတက်စရာမရှိပေ။

ဟျန်းတောင်မှ ထွက်ခွာပြီးနောက် ကျန်းချန်ရွှမ်သည် မှော်ဝင်တိုင်တောင်ကို ပြန်မလာခဲ့ပေ။

ထိုအစား သူနှင့်ရှန်းရူယန်သည် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းသို့သွားရောက်၍ အီသာတောင်ကို တိုက်ခိုက်မည့်အကြောင်း ဆွေးနွေးခဲ့ကြသည်။

ကျန်းချန်ရွှမ်သည် ‌ကျောက်စိမ်းရေဓားစင်မြင့်ကို တာဝန်ယူခဲ့သည်။

သူကျောက်စိမ်းရေဓားစင်မြင့်သို့ရောက်ချိန်တွင် သူ့ကိုလက်ခံကြိုဆိုသည့်ပုဂ္ဂိုလ်မှာ သူ၏မိတ်ဆွေဟောင်း ဟွားမန်ရုံပင်ဖြစ်သည်။

သူမကိုဆယ်စုနှစ်များစွာမတွေ့ရပြီးသည့်နောက်တွင် ကျန်းချန်ရွှမ်သည် ဟွားမန်ရုံသည်လည်း ကြီးမားသောကျော်ဖြတ်မှုများပြုလုပ်ခဲ့ပြီး ပဏာမအမြုတေနယ်ပယ်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

အနာဂတ်တွင် သူမသည် သူမ၏ပင်ကိုယ်စွမ်းရည်ဖြင့် အမြုတေဖွဲ့စည်းခြင်းဆေးလုံး သို့မဟုတ် အမြုတေတည်ဆောက်ခြင်းဆေးလုံးကို ရရှိနိုင်ခဲ့မည်ဆိုပါက သူမအတွက် ရွှေအမြုတေဖွဲ့စည်းပြုလုပ်ရန်မှာ ခက်ခဲသည့်အရာမဟုတ်တော့ပေ။

ကျန်းချန်ရွမ်သည် သူ၏ခွက်ကို လက်ဖြင့်ဆုပ်၍ ဟွားမန်ရုံကိုအသာကြည့်ကာ ပြုံးလိုက်သည်။

"တာအိုရောင်းရင်းဟွား ဂုဏ်ပြုပါတယ်။ မင်းကအရင်ကလို ကျော့ရှင်းရည်မွန်နေရုံတင်မကသေးဘဲ မင်းရဲ့ကျင့်ကြံမှုကလည်း ကောင်းကောင်းမွန်မွန်နဲ့ အများကြီး တိုးတက်လာတာပဲ။ ကြည့်ရတာ မင်းရွှေအမြုတေဖွဲ့စည်းဖို့ကို အောင်မြင်ဖို့တောင် သိပ်မလိုတော့ဘူးထင်တယ်"

ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ဟွားမန်ရုံသည် ခေါင်းခါလိုက်သည်။

"တာအိုရောင်းရင်းကျန်း ရှင်ကကျွန်မကိုမြှောက်ပင့်နေတာပဲ။ ကျွန်မက အမြုတေဖွဲ့စည်းဖို့စီစဉ်ခဲ့ပြီး ကံကောင်းသွားခဲ့ရုံပါ။ ကျွန်မရွှေအမြုတေဖွဲ့စည်းဖို့ ဘယ်လောက်ကြာမယ်ဆိုတာတောင်မသိဘူး"

"ဟီးဟီး ဒါပေမယ့် သိပ်မကြာတော့ဘူးလို့တော့ထင်ပါတယ်"

ကျန်းချန်ရွှမ်သည် အဓိပ္ပာယ်များစွာဖြင့် ပြုံးလိုက်သည်။

"ဖြစ်နိုင်တာကနှစ်အနည်းငယ်အတွင်းမှာ တာအိုရောင်းရင်းဟွား မင်းဒီအခွင့်အရေးကိုရနိုင်တာပဲ"

ထိုအရာကိုကြားလိုက်ချိန်တွင် ဟွားမန်ရုံ၏ နှလုံးသည် တစ်ခနမျှရပ်လုမတတ် ဖြစ်သွားခဲ့သည်။

သူမသည် သူ၏စကားလုံးများမှ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်တူသည်။

မည်သို့ပင်ဖြစ်စေ သူမထပ်မမေးခင်မှာပဲ ကျန်းချန်ရွှမ်က စကားလမ်းကြောင်းပြောင်းလိုက်သည်။

"စကားမစပ် စင်မြင့်ဆရာသခင်ဟောင်က ဒီမှာလား။ ငါဒီကိုလာခဲ့တာက သူနဲ့ အရေးကြီးကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့"

ကျန်းချန်ရွှမ်စကားလမ်းကြောင်းပြောင်းလိုက်သည်ကိုမြင်လိုက်ရသည့်အတွက် သူမထပ်မေးချင်သော်လည်း မသင့်တော်မှန်းသိနေသည်။

"စီနီယာအကိုဟောင်က တစ်နေ့ကပဲ တံခါးပိတ်ကျင့်ကြံချင်းကနေထွက်လာပါပြီ။ ကျွန်မရှင့်ကိုခေါ်သွားပေးမယ်"

"ကောင်းပြီလေ ကျေးဇူးပါ တာအိုရောင်းရင်းဟွား"

သူစကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်သည် ဟွားမန်ရုံ၏ဦးဆောင်မှုမှတစ်ဆင့် ဟောင်တုန်းပိုင်ဆီသို့ ဦးတည်သွားခဲ့သည်။

***

All Chapters