အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၊ ရှန်းယွင်လုံ၏ ရွှေအမြုတေတည်ဆောက်ခြင်း
Vol. 20 Ch. 397
ဟွားမန်ရုံသည် ကျန်းချန်ရွှမ်အား ဟောင်တုန်းပိုင်ရှိသည့်နေရာကိုခေါ်သွားသည့်အချိန်တွင် ဟောင်တုန်းပိုင်သည် ကျီဖုအဆင့်အကြီးအကဲများကို စကားပြောနေခဲ့သည်။
သူသည် ကျန်းချန်ရွှမ်လာသည်ကို မြင်သောအခါ စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။
ကျီဖုအကြီးအကဲများပြန်သွားသောအခါ ဟောင်တုန်းပိုင်သည် ကျန်းချန်ရွှမ်ဘက်သို့ပြုံးကာ လှည့်လာခဲ့သည်။
“တာအိုရောင်းရင်းကျန်း ငါတို့နောက်ဆုံးတွေ့ခဲ့တာဆယ်စုနှစ်တစ်ခုစာတောင်ရှိတော့မယ်မလား။ ဒီတစ်ခါ မင်းဘာကိစ္စကြောင့် ဒီကိုရောက်လာရလဲဆိုတာသိချင်မိတယ်”
ဟောင်တုန်းပိုင်၏စကားများကိုကြားပြီးနောက် သူ့အားဝေခွဲမရဖြစ်ကာ စိတ်ထင့်မနေစေရန် ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“ငါတို့အချင်းချင်းမတွေ့တာ တကယ့်ကိုဆယ်စုနှစ်တွေကြာသွားပြီပဲ။ အမှန်အတိုင်းပြောရရင် ငါဒီတစ်ခေါက်မင်းဆီကိုလာတာက မင်းရဲ့စင်မြင့်ကို အကူအညီတစ်ခုအတွက်တောင်းချင်လို့”
“ဆိုပါဦး”
ကျန်းချန်ရွှမ်၏စကားလုံးများသည် ဟောင်တုန်းပိုင်ကို ကြက်သေသေသွားစေခဲ့သည်။
ထို့နောက်သူသည် လေးလေးနက်နက်စဉ်းစားကာ
“မင်းလို ရွှေအမြုတေဘိုးဘေးတစ်ယောက်ကအကူအညီတောင်းတယ်ဆိုတော့ ဒါအရမ်းရိုးရှင်းတဲ့ကိစ္စတော့မဖြစ်နိုင်ဘူး ဟုတ်တယ်မလား။ ငါ့ကို ဘာလဲဆိုတာသေချာပြောပြ”
ကျန်းချန်ရွှမ်သည် ပြုံး၍
“ငါမင်းရဲ့စင်မြင့်ကို အီသာတောင်အနီးနားက မိစ္ဆာဘုရင်တွေကို ဟန့်တားတဲ့အခါမှာကူညီဖို့ အကူအညီတောင်းချင်လို့”
“ဟမ်...?”
ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ဟောင်တုန်းပိုင်သည် ချက်ချင်းတုန်လှုပ်သွားခဲ့သည်။
“တာအိုရောင်းရင်းကျန်း မင်းလုပ်ဖို့ကြိုးစားနေတာက...?”
“မှန်တယ်”
ကျန်းချန်ရွှမ်ခေါင်းညိတ်ကာပြောလိုက်သည်။
“ငါအီသာတောင်ကိုတိုက်ဖို့လုပ်နေတာ။ ဖြစ်နိုင်ရင် ငါအီသာတောင်က မိစ္ဆာဘုရင်သုံးယောက်လုံးကို အဆုံးသတ်ပစ်ချင်တာ”
ထိုစကားလုံးများသည် ဟောင်တုန်းပိုင်၏အမူအရာကို ပို၍ပင် တုန်လှုပ်စေခဲ့သည်။
သူသည် ကျန်းချန်ရွှမ်ကိုကြည့်ကာ ပြောလိုက်သည်။
“တာအိုရောင်းရင်းကျန်း မင်းဒါကိုလုပ်တာ မင်းအတွက် ဘယ်လောက်စွန့်စားရမယ်ဆိုတာကိုရောသိလား”
“ဒါကြောင့်မလို့ ငါအနားပတ်လည်က မိစ္ဆာဘုရင်တွေကိုတားဆီးဖို့ မင်းရဲ့အကူအညီကိုလာတောင်းတာလေ”
ဤအချိန်ရောက်မှတော့ ကျန်းချန်ရွှမ်လည်း ဖုံးကွယ်မနေတော့ဘဲ ဆက်၍ပြောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ငါ့မိန်းမတောင် ကောင်းကင်ယွဲ့ဂိုဏ်းကိုသွားနေပြီ။ ဘာမတော်တဆမှမရှိဘူးဆိုရင် ကောင်းကင်ယွဲ့ဂိုဏ်းလည်း ငါတို့ရဲ့တောင်းဆိုမှုကို သဘောတူပြီးလောက်ပြီ”
“မင်းကောင်းကင်ယွဲ့ဂိုဏ်းကိုတောင်သွားမေးထားတာလား?”
ဟောင်တုန်းပိုင် အံ့အားသင့်သွားခဲ့သည်။
သူသည် ထိုအကြောင်းကို သေချာစဉ်းစားပြီးနောက် လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“ငါမင်းကို အနားပတ်လည်က မိစ္ဆာဘုရင်တွေကိုတားဆီးတဲ့နေရာမှာ ကူညီနိုင်တယ်။ ဒါပေမယ့် ငါတို့ကမိတ်ဆွေတွေဆိုရင်တောင် မင်းရဲ့ကျန်းမျိုးနွယ်က ငါတို့ကို ထိုက်တန်တဲ့ အခကြေးငွေတော့ပေးရမယ်။ ပြီးတော့ ငါမင်းဘာလို့ဒီလုပ်လုပ်ရလည်းဆိုတာကိုလည်း သိချင်တယ်။ ပြီးတော့အရေးအကြီးဆုံးက မင်းရဲ့ကျန်းမျိုးနွယ်စုက ဒီစစ်ဆင်ရေးအပေါ်မှာ ဘယ်လောက်ယုံကြည်ချက်ရှိလဲ”
ကျန်းချန်ရွှမ်သည် ဟောင်တုန်းပိုင်၏ မေးခွန်းအားလုံးကို ပြန်ဖြေလိုက်သည်။
ပထမဆုံးအနေဖြင့် ကျန်းမျိုးနွယ်စု အီသာတောင်ကိုတိုက်ခိုက်ရသည့်အကြောင်းရင်းမှာ သူတို့သည် စတုတ္ထအဆင့်ဝိညာဉ်သွေးကြောကို လိုအပ်သောကြောင့်ဖြစ်သည်။
လျန်နိုင်ငံနှင့် ဆက်စပ်ဒေသများတွင် အီသာတောင်ပေါ်က စတုတ္ထအဆင့်ဝိညာဉ်သွေးကြောထက် ပို၍သင့်တော်သည့် အရာတစ်ခုကိုမတွေ့ပေ။
ကျန်းမျိုးနွယ်စု အီသာတောင်ကို တိုက်ခိုက်ဖို့ မည်မျှယုံကြည်ချက်ရှိသည်ကတော့...
ကျန်းချန်ရွှမ်၏အမြင်အရဆိုလျှင် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့ သူတို့ကို အနားပတ်ဝန်းကျင်မှာရှိတဲ့ မိစ္ဆာဘုရင်တွေကိုထိန်းထားဖို့ ကူညီနေသရွေ့ အောင်မြင်နိုင်နှုန်းမှာ ၁၀၀%ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်သည် စိတ်ကြီးဝင်သည့်ပုံစံမရောက်စေရန် ၇၀% သို့မဟုတ် ၈၀% ဟုပင်ပြောလိုက်သည်။
အမှန်ဆိုလျှင် ဤယုံကြည်မှုပင်လျင် အတော်မြင့်မားနေပြီဖြစ်သည်။
ဟောင်တုန်းပိုင်သည် မယုံကြည်နိုင်လောက်အောင်ပင်ဖြစ်နေသည်။
ကျန်းချန်ရွှမ်သည် အရင်ကစတုတ္ထအဆင့်ရွှေအမြုတေကျင့်ကြံသူကို သတ်ပစ်ခဲ့သည်ဆိုရင်တောင်မှ ထိုအချင်းအရာသည် အခြားသူများ၏ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။
ဟောင်တုန်းပိုင်၏အမြင်အရဆိုလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ချိန်တည်း၌ အီသာတောင်ပေါ်ရှိ သိမ်းငှက်ရိုင်းသုံးကောင်ကိုသတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်သည် အသေးစိတ်ရှင်းမပြတော့သည့်အတွက် ဟောင်တုန်းပိုင်လည်းဆက်မမေးတော့ပေ။
နောက်ဆုံးတွင် သူသည် ရွှေအမြုတေအဆင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် သူတို့၏အသက်နှင့် သူတို့မျိုးနွယ်စု၏အသက်များကို စွန့်စားရလောက်သည်အထိ မိုက်မဲမှာမဟုတ်ကြောင်း ယုံကြည်လိုက်သည်။
အဆုံးသတ်အနေဖြင့် အခကြေးငွေအကြောင်းဖြစ်သည်။
ကျန်းချန်ရွှမ်သည် စတုတ္ထအဆင့်သိမ်းငှက်ရိုင်းသုံးကောင်ကို သတ်ပစ်ပြီးပါက သူတို့၏ကိုယ်ထဲရှိ မိစ္ဆာအမြုတေများကို အမြုတေဖွဲ့စည်းခြင်းဆေးလုံးကိုသန့်စင်ရန် အသုံးပြုမည်ဟု ကတိပေးခဲ့သည်။
ထိုအချိန်တွင် သူသည် ဟောင်တုန်းပိုင်တို့အား ဆေးလုံးတစ်ခုပေးလိုက်မည်။
ဟောင်တုန်းပိုင်သည် ကျန်းချန်ရွှမ်ပြောသည်ကို နောက်တစ်ကြိမ်ထပ်၍ အံ့အားသင့်သွားရပြန်ပေသည်။
လူတိုင်းသိသလိုပင် စတုတ္ထအဆင့်မိစ္ဆာဘုရင်၏ကိုယ်ထဲရှိ မိစ္ဆာအမြုတေသည် အမြုတေဖွဲ့စည်ခြင်းဆေးလုံးကိုသန့်စင်ရန် အသုံးပြုသည်။
မည်သို့ပင်ဖြစ်စေ ဤဆေးလုံးကိုသန့်စင်ရမည့် ခက်ခဲမှုမှာ အလွန်မြင့်မားသည်။
သာမန်စတုတ္ထအဆင့်အဂ္ဂိရတ်ပညာရှင်တို့ဖို့ပင် ထိုအရာကို အောင်မြင်စွာသန့်စင်ဖို့ မဖြစ်နိုင်ပေ။
အဆင့်မြင့် စတုတ္ထအဆင့်အဂ္ဂိရတ်ပညာရှင်များသာလျှင် ထိုအရာကို အောင်မြင်စွာသန့်စင်နိုင်မည့် အခွင့်အလမ်းများသည်။
ဟောင်တုန်းပိုင်သိသလောက်ဆိုရင် ကန်းနန်တိုက်၏ ငါးနိုင်ငံအတွင်းရှိ မည်သည့်အဂ္ဂိရတ်ပညာရှင်မှ အဆင့်မြင့်စတုတ္ထအဆင့်သို့ မရောက်ခဲ့ပေ။
ယခုကျန်းချန်ရွှမ် ပြောပုံအရဆိုရင် သူနှင့်သူ့အမျိုးသမီးသည် အမှန်တကယ် အဆင့်မြင့်စတုတ္ထအဆင့်အဂ္ဂိရတ်ပညာရှင်များဖြစ်သွားကြပြီလား။
ဟောင်တုန်းပိုင်၏အတွေးကိုခန့်မှန်းကြည့်ပြီး ကျန်းချန်ရွှမ်ရိုးသားဖို့ ဆုံးဖြတ်လိုက်သည်။
"စင်မြင့်သခင်ဟောင် အမှန်အတိုင်းပြောရရင် ငါ့ရဲ့အခုအဂ္ဂိရတ်ပညာက စတုတ္ထအဆင့်ကိုရောက်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မိန်းမကိုယှဉ်ရင်တော့ မလုံလောက်သေးဘူး။ သူမရဲ့အဂ္ဂိရတ်ပညာက စတုတ္ထအဆင့် အထွတ်အထိပ်ကိုရောက်နေပြီ"
အမှန်တကယ်ဆိုရင် ရှန်းရူယန်၏ အဂ္ဂိရတ်ပညာသည် ပဉ္စမအဆင့်ကို အလွယ်တကူရောက်ရှိနိုင်နေပြီဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုထုတ်ဖော်ပြောစရာတော့မလိုပေ။
အဆင့်မြင့်စတုတ္ထအဆင့်သည့်ပင်လျှင် ဟောင်တုန်းပိုင်၏မျှော်မှန်းချက်ထက် ပိုလွန်နေပြီဖြစ်သည်။
သူ့အနေဖြင့် ပြန်လည်တုံ့ပြန်ရန်ပင် အချိန်အတော်ယူလိုက်ရသည်။ သူသည် ခါးသက်သက်အပြုံးဖြင့်ပြောလိုက်သည်။
"တာအိုရောင်းရင်းကျန်း မင်းနဲ့မင်းအမျိုးသမီးကတော့ ငါတို့ကိုအမြဲပဲ အံ့ဩစရာတွေပေးနေတာပဲ..."
***