← Chapters

ကျန်းတုန်းပိုင်(၂)

Vol. 20 Ch. 400

ကျန်းတုန်းပိုင်(၂)

Vol. 20 Ch. 400

ထိုအချိန်တွင် သူပြောလိုက်သည်။

“စကားမစပ် ချန်ရွှမ်၊ ရူယန်၊ မင်းတို့အီသာတောင်ကိုတိုက်ခိုက်ဖို့ကို ဘယ်လိုစလုပ်ဖို့စီစဉ်ထားလဲ? ငါတို့ရှန်းမျိုးနွယ်စု အကောင်းဆုံးလုပ်ဆောင်ပြီး ပူးပေါင်းမယ်”

ကျန်းချန်ရွှမ်သည် ပြုံးလျက်ခေါင်းညိတ်လိုက်သည်။

“အလျင်မလိုပါဘူး ပဉ္စမဘိုးဘေး။ ဦးရီးတော်ရဲ့ကျင့်စဉ်ကိုတည်ငြိမ်စေဖို့ပဲအချိန်ယူလိုက်ပါဦး။ ဘာမှမဖြစ်ဘူးဆိုလို့ရှိရင် အီသာတောင်ကို သုံးနှစ်အတွင်းခြေချကြမယ်”

ထို့နောက် သူတို့ထဲကအချို့ ခနကြာအောင်စကားပြောနေခဲ့ကြသည်။

အချိန်ကျလာသောအခါ သူတို့ဟျန်းတောင်သို့ပြန်သွားကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ဟျန်းတောင်တွင် ရက်အနညငယ်နေခဲ့ပြီး ရှန်းတောက်မင်နှင့် အခြားသူများကို သူတို့၏ကျင့်ကြံမှုများအတွက် လမ်းညွှန်ချက်များပေးခဲ့သည်။

ထို့နောက် လင်မယား‌နှစ်ယောက်သည် ကျန်းမျိုးနွယ်စုဆီသို့ ပြန်သွားခဲ့သည်။

သူတို့ကျန်းမျိုးနွယ်စုဆီကိုပြန်ရောက်သည်နှင့် မျိုးနွယ်စုခေါင်းဆောင် ကျန်းရန်ယီသည် ကျန်းချန်ရွှမ်ကို သတင်းအချို့ ပြောပြလိုက်သည်။

သူတို့သည် ထိုနေရာတွင် ဒုတိယအဆင့်စက်သားရဲများကိုသန့်စင်ပေးပြီးသွားသော ကျန်းတုန်းပိုင်ဟုခေါ်သည့် တစ်စုံတစ်ယောက်ရှိသည်ဟု အစီရင်ခံခဲ့ကြသည်။

သူ၏ စက်သားရဲများကိုသန့်စင်ခြင်းစွမ်းရည်သည် အလွန်ထူးချွန်သည်ဟု ပြောရပေမည်။

အခြားကျန်းမျိုးနွယ်စုမျိုးဆက်များသည် အဆင့်နိမ့် ပထမအဆင့်စက်သားရဲများကို လေ့လာနေကြစဉ် သူသည် အဆင့်လတ် ပထမအဆင့်စက်သားရဲများကို သန့်စင်ပြီးဖြစ်သည်။

ကျန်းမျိုးနွယ်စု၏အခြားတပည့်များအဆင့်နိမ့် ပထမအဆင့်စက်သားရဲများကိုသန့်စင်ခြင်း ပြီးမြောက်သွားချိန်တွင် သူသည် အဆင့်မြင့် ပထမအဆင့်စက်သားရဲများကိုအောင်မြင်စွာသန့်စင်ပြီးဖြစ်သည်။

ယခု သူသည်မကြာ‌သေးမီကပင် ဒုတိယအဆင့် စက်သားရဲများကိုအောင်မြင်စွာသန့်စင်ပြီး နောက်ထပ်တိုးတက်မှုတစ်ခုပြုလုပ်လိုက်ပေသည်။

ဤအရာသည် ချက်ချင်းပင် စက်သားရဲများကိုစောင့်ကြပ်ရသည့်တာဝန်ယူထားကြသည့် အခြေခံတည်ဆောက်ခြင်းအဆင့်အကြီးအကဲအချို့၏အာရုံကို ဖမ်းစားလိုက်နိုင်ပေသည်။

အဆုံးတွင် သူတို့သည် ကျန်းရန်ယီကို သတင်းပို့လိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ သူ၏စက်သားရဲများကိုသန့်စင်ခြင်းစွမ်းအင်နှင့်ယှဉ်လျှင် ကျန်းတုန်းပိုင်၏ ကျင့်စဉ်ပါရမီသည် သာမန်အဆင့်မျှသာရှိသည်။ ပိုလို့တောင်နည်း‌၍နေသေးသည်။

သူသည် အသက်၅၀ပိုင်းထဲရောက်နေသော်လည်း သူ၏ ကျင့်စဉ်သည် ချီသန့်စင်မှု၏ ဆဌမအဆင့်သာရှိသည်။

ထို့ပြင် သူ၏ဝိညာဉ်အမြစ်သည် အဆင့်နိမ့်ပဏာမဓာတ်လေးမျိုးဝိညာဉ်အမြစ်သာဖြစ်သည်။

သူ၏ဘဝတွင် ထူးခြားသည့်အခြေအနေများမဖြစ်ပျက်ခဲ့ဘူးဆိုလျှင် သူ့အတွက်အခြေခံတည်ဆောက်ခြင်းအဆင့်သို့ရောက်ရန်မှာမဖြစ်နိုင်ပေ ဆိုသည်မှာ ချဲ့ကားပြောနေခြင်းမဟုတ်ပေ။

ထိုသတင်းကိုကြားပြီးနောက် ကျန်းချန်ရွှမ်သည် ချက်ချင်း ကျန်းရန်ယီသို့ပြောလိုက်သည်။

“ကျန်းတုန်းပိုင်မှာ စက်သားရဲတွေကိုသန့်စင်ခြင်းအတွက် ထူးခြားတဲ့စွမ်းရည်ရှိမှတော့ ငါတို့သူ့ကိုသေချာမြေတောင်မြှောက်ပေးရမယ်။ အလားတူပဲ အနာဂတ်မှာ ဒီလိုတူညီတဲ့စွမ်းရည်မျိုးရှိရင်လည်း ငါတို့သူတို့ကို ထူးထူးခြားခြား အာရုံစိုက်ပေးရမယ်။ သူတို့မှာကျင့်ကြံခြင်းအတွက် လုံလောက်တဲ့စွမ်းရည်မရှိပေမယ့် တခြားကဏ္ဍတွေမှာထူးခြားတဲ့စွမ်းရည်ရှိကြောင်းသက်သေပြနိုင်ရင် ငါတို့ကျန်းမျိုးနွယ်စုက သူတို့ကို ထောက်ပံ့ပေးမယ်။ အတိုချုံးရရင် ငါတို့အရည်အချင်းရှိတဲ့သူတွေကို အလဟဿအဖြစ်မခံနိုင်ဘူး။ မင်းငါပြောတာကိုနားလည်ရဲ့လား?”

“နားလည်ပါတယ် အဘိုးလေး”

ကျန်းရန်ယီချက်ချင်းခေါင်းညိတ်လိုက်သည်။

ကျန်းမျိုးနွယ်စုပိုင်နယ်မြေတွင်…

အလယ်အလတ်တည်ဆောက်ပုံနှင့် သာမန်သတ်လတ်ပိုင်း အမျိုးသားတစ်ဦးသည် စက်သားရဲများ၏ အစိတ်အပိုင်းများကို သေသေချာချာတပ်ဆင်နေသည်။

ခနကြာပြီးနောက်…

သူသည် သူလုပ်လက်စကိုရပ်လိုက်သည်။

သူတပ်ဆင်ထားသည့်စက်သားရဲကိုကြည့်၍ သူ၏မျက်နှာပေါ်တွင် အားရကျေနပ်သော အပြုံးတစ်ခုပေါ်ပေါက်လာသည်။

ထိုအချိန်တွင် သူ့ဆီသို့ အသက်၄၀ပိုင်းအမျိုးသမီးတစ်ဦး အစားအစာတစ်ချို့ဖြင့် ရောက်လာသည်။

“ယောက်ကျား ကျွန်မရှင့်အတွက် ရှင်ကြိုက်တဲ့အစားအစာတွေလုပ်လာတယ် ထိုင်ပြီးအနားယူလိုက်ပါဦး။ ရှင်ရက်‌တော်တော်ကြာကြာအလုပ်ရှုပ်နေတာ”

အမျိုးသမီး၏စကားများကိုကြားပြီးနောက် သတ်လတ်ပိုင်းအမျိုးသားကြီးသည် ပြုံးကာခေါင်းညိတ်လိုက်သည်။

သူသည် အမျိုးသမီးထံမှ အစားအစာကိုယူလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးပဲ”

ထို့နောက် သူသည် ရှုပ်ပွနေသော ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်သည်။

အမျိုးသမီးလည်း သူ့ယောကျာ်း၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

သူမသည် သူမယောက်ျားဆီသို့ ရေကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

“ဒါနဲ့ ယောက်ျား ရှင်ပြောတော့ ရှင်သန့်စင်ထားတဲ့ စက်သားရဲက အကြီးအကဲတောက်မင်ကနေ အထက်ကိုတင်ပြလိုက်ပြီဆို။ ဘာသတင်းမှမကြား‌သေးဘူးလား?”

သူသည် သူ့မိန်းမ၏စကားများကိုကြားပြီးနောက် ကျန်းတုန်းပိုင်သည် ခနတွေးလိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။

အစီအရင်ခံထားသည်မှာ အချိန်တော်တော်ကြာပြီ။

သေချာစဉ်းစား၍ပြောရရင် သတင်းကြားရသင့်နေပြီ။

ဒါပေမယ့် အခုတော့ သူသည်အထက်မှ မည်သည့်တုံ့ပြန်ချက်မှ မရရှိခဲ့ပေ။

ကျန်းမျိုးနွယ်စုက သူ့လိုလက်မှုပညာသည်များကို ဂရုမစိုက်တာများလား?

ဒီလိုသာဆိုရင်...

မေးခွန်းကိုကြားပြီး စိတ်ဓာတ်ကျသွားသော သူမယောကျာ်း၏အမူအယာကိုတွေ့လိုက်ရ၍ အမျိုးသမီးသည် သူ့ကိုချက်ချင်းနှစ်သိမ့်ပေးလိုက်သည်။

“ယောက်ျား အကြီးအကဲတွေတစ်ခုခုကြောင့် နှောင့်နှေးနေလို့ သတင်းမပြန်သေးတာနေမှာပါ။ ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်မတို့လည်း အလျင်လိုတာမှမဟုတ်ဘဲ ဆက်ပြီးပဲစောင့်ကြည့်ကြတာပေါ့”

၎င်းကိုကြားပြီးနောက် ကျန်းတုန်းပိုင် စကားပြောလိုက်မည်အပြုတွင် လူတစ်စု ရုတ်တရက် သူတို့၏ဝင်းထဲသို့ ဝင်လာခဲ့ကြသည်။

သူတို့ထဲမှ‌တစ်ယောက်က သူတို့ပြောနေကြသည့် အကြီးအကဲတောက်မင်ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုအချိန်တွင် သူသည် လူလတ်ပိုင်းအမျိုးသားတစ်ယောက်နောက်မှလိုက်လာသည်။

အခြားလူတွေအပါအဝင် သူတို့အကုန်လုံးသည် ထိုလူလတ်ပိုင်းအမျိုးသားနောက်သို့ လိုက်လာကြသည်။

ထိုအရာသည် ဤကဲ့သို့မြင်ကွင်းမျိုးကိုမမြင်ဖူးသည့် ကျန်းတုန်းပိုင်နှင့် သူ့မိန်းမအား ကြောက်ရွံ့စေခဲ့သည်။

သူတို့သည် ကြမ်းပြင်ပေါ်မှ အမြန်ထလိုက်ပြီး ဦးညွှတ်လိုက်ကြသည်။

ခေါင်းဆောင်လူလတ်ပိုင်းအမျိုးသားသည် သူ့ကို ပြုံးပြကာ လက်‌ပြနှုတ်ဆက်လိုက်သည်။

နူးညံ့သောဓမ္မစွမ်းအားသည် သူနှင့်သူ့မိန်းမ‌အပေါ် ကျရောက်လာခဲ့သည်။

သူတို့သည်ချက်ချင်းပင် အစိုင်အခဲတစ်ခုသဖွယ်ပြင်ဆင်ခံလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များကို မည်မျှပင်ကြိုးစားနေပါစေ ကွေးလို့ပြုလို့မရဘဲရှိနေသည်။

ထို့နောက် သတ်လတ်ပိုင်းအမျိုးသားသည် အသံပြုကာပြောလိုက်သည်။

“မင်းကကျန်းတုန်းပိုင်မလား။ ခမ်းကြီးနားကြီးလုပ်နေစရာမလိုပါဘူး”

အကြီးအကဲကျန်းတောက်မင်ကပြောလိုက်သည်။

“တုန်းပိုင် ဒါကငါတို့ကျန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ။ သူကမင်းကို အထူးဆုချဖို့လာတာ”

“မျိုးနွယ်.....မျိုးနွယ်စုခေါင်းဆောင်?”

ထိုအချိန်တွင် ကျန်းတုန်ပိုင်နှင့် သူ့မိန်းမ၏ စိတ်ထဲတွင်း လှုပ်လှုပ်ရွရွဖြစ်နေခဲ့သည်။

သူတို့သည် စိတ်ဖြောင့်ဖြောင့်ပင် မတွေးနိုင်တော့ပေ။

ဒီကိစ္စအတွက် မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင်လာတွေ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။

ထို့ပြင် အကြီးအကဲတောက်မင် ပြောစကားအရဆိုလျှင် မျိုးနွယ်စုခေါင်းဆောင်သည် ဤနေရာတွင် သူ့အားဆုချီးမြှင့်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

ဤအကြောင်းအရာကို သူ့မျက်စိနှင့်မမြင် မကြားလိုက်ရဘူးဆိုလျှင် ကျန်းတုန်းပိုင်သည် ဤအရာကို ယုံကြည်မိမည်မဟုတ်ပေ။

ရလဒ်အနေဖြင့် သူကျန်းရန်ယီပြောသမျှကိုလည်း မကြားလိုက်ပေ။

သူ့ကိုဆုချသည့် ကျင့်စဉ်ဝိညာဉ်ပစ္စည်းများစာရင်းရှည်ကြီးမှာလည်း သူ့အတွက်စိမ်းသက်သက်ဖြစ်လို့နေသည်။

အဆုံးတွင် “အခြေခံတည်ဆောက်မှုဆေးလုံး” ဟူသည့်စကားလုံးသာလျှင် သူ၏အတွေးအာရုံများကို ပြန်ဆွဲယူနိုင်ခဲ့သည်။

“မျိုးနွယ်စု...မျိုးနွယ်စုခေါင်းဆောင် ကျွန်တော့်ကို အခြေခံတည်ဆောက်မှုဆေးလုံးချီးမြှင့်နေတာလား?”

ကျန်းတုန်းပိုင်၏စကားလုံးများသည် အနည်းငယ် အေးစက်စက်ဖြစ်နေသည်။

“အမှန်ပဲ”

ကျန်းရန်ယီသည် ကျန်းတုန်းပိုင်၏ စိတ်အခြေအနေကို ကောင်းစွာနားလည်သဘောပေါက်သည်။

၎င်းကိုမြင်ပြီး သူသည် ဖြည်းညင်းစွာပြုံးလျက် ‌နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။

“အတိအကျပြောရရင် မျိုးနွယ်စုက မင်းကို အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူအဖြစ် မြေတောင်မြှောက်ပေးချင်တယ်။ မင်းအနာဂတ်မှာ စက်သားရဲတွေကို ပိုပြီးကောင်းကောင်း သန့်စင်ပေးနိုင်ရင် မင်းမိန်းမရော မင်းကလေးတွေပါ ဒီအတွက် အကျိုးတရားခံစားရလိမ့်မယ်”

“တကယ်လားဗျာ?”

ထိုအချိန်တွင် ကျန်းတုန်းပိုင်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ ဤအိပ်မက်သည် စစ်မှန်လွန်းနေသည်။

သူ၏နှလုံးသည် လည်ချောင်းမှခုန်ထွက်မတတ်ပင် စစ်မှန်နေကြောင်း ခံစားလိုက်ရသည်။

သူ၏မျက်လုံးများသည် မျက်ရည်များဖြင့်နီဝေလာပြီး နှလုံးမှာ တဒုန်းဒုန်းခုန်နေသည်။

သူအကုန်လုံး၏ရှေ့တွင် မြေကြီးပေါ် ဒူးထောက်လိုက်ပြီးသည်နှင့် သူ၏မျက်နှာသည် မျက်ရည်များဖြင့် ချက်ချင်းဖုံးလွှမ်းသွားသည်။

သူ့လိုမျိုး အောက်ခြေအဆင့်လူတစ်ယောက်အတွက် မျိုးနွယ်စုမှ အထူးထောက်ပံ့ခြင်းကို လက်ခံရခြင်းသည် မည်မျှခက်ခဲကြောင်း သူကောင်းကောင်းသိသည်။

ကျန်းရန်ယီနှင့် အခြားသူများလည်း အနည်းငယ် ထိရှသွားခဲ့သည်။

သူတို့သည် ကျန်းတုန်းပိုင်ကိုကြည့်လိုက်ပြီး အများကြီးစဉ်းစားမိသွားဟန်တူသည်။

ခနကြာပြီးနောက်..

ကျန်းတုန်းပိုင်၏စိတ်အခြေအနေတည်ငြိမ်သွားသောအခါ ကျန်းရန်ယီသည် ညင်သာစွာပြောလိုက်သည်။

“တုန်းပိုင် မင်းတစ်ယောက်ယောက်ကိုတစ်ကယ်ကျေးဇူးတင်ချင်တယ်ဆိုလို့ရှိရင် ဘိုးဘေးကိုပဲကျေးဇူးတင်လိုက်ပါ။ သူကဒီလိုလုပ်ဖို့ အမိန့်ပေးလိုက်တဲ့သူပဲ။ ပြီးတော့ ဒီနေ့ကစပြီး မင်းနဲ့မင်းမိသားစု ဒီမှာဆက်နေစရာမလိုတော့ဘူး။ မင်းတို့ကို ပိုကောင်းတဲ့နေရာမှာနေဖို့ တစ်ယောက်ယောက်လာခေါ်ပေးလိမ့်မယ်”

ထို့နောက် ကျန်းရန်ယီသည် ကျန်းတုန်းပိုင်နှင့် သူ့မိန်းမကို ထိုနေရာတွင် အချိန်အတော်ကြာ မိန်းမောတွေဝေစေခဲ့ပြီး လူစုကိုဦးဆောင်လာခဲ့သည်။

***

စာစဉ် ၂၀ ပြီးပါပြီ။

All Chapters