အဆင့်မြင့်ဝိညာဉ်ကျောက်တုံး၊ ရှန်းယွင်လုံ၏ ရွှေအမြုတေတည်ဆောက်ခြင်း(၂)
Vol. 20 Ch. 398
“မင်းအဂ္ဂိရတ်ပညာမှာ ဒီလောက်ကျွမ်းကျင်မှန်းသာသိခဲ့လို့ရှိရင် ငါတို့ယုနိုင်ငံနဲ့ ကန်နိုင်ငံကို လူတွေစေလွှတ်ခဲ့မှာမဟုတ်ဘူး”
အတိတ်ကာလတွေတုန်းက စတုတ္ထအဆင့်ထက်ကျော်လွန်သည့် ဆေးလုံးများကိုလိုချင်လျှင် သူတို့သည် ယုနိုင်ငံ သို့မဟုတ် ကန်နိုင်ငံကိုသို့သွား၍ ရယူကြရသည်မှာ အသေအချာပင်ဖြစ်သည်။
ထို့ပြင် ထိုမျှရှည်လျားသောခရီးကိုသွားကြရသူများသည် သာမန်ကျင့်ကြံသူများဖြစ်၍မရပေ။
သူတို့သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများဖြစ်ရမည်။
ထိုအခြေအနေတွင် အသွားအပြန်ခရီးကြာချိန်သည် သံသယမရှိဖွယ် အချိန်ဖြုန်းမှုတစ်ခုပင်ဖြစ်သည်။
ထိုသို့ပြုလုပ်ရမှာမတန်သော်လည်း သူတို့တွင်ရွေးချယ်စရာမရှိခဲ့ပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အဂ္ဂိရတ်ပညာသည် ကျန်းချန်ရွှမ်၏ပြောစကားအတိုင်း မြင့်မားနေသည်ဆိုပါက နောင်တစ်ချိန် သူတို့အမြုတေဖွဲ့စည်းခြင်းဆေးလုံးကိုလိုအပ်သည့်အခါ ထိုမျှလောက်အဝေးကြီးခရီးသွားနေစရာမလိုတော့ပေ။
ထိုအကြောင်းကိုတွေးရင်း ဟောင်တုန်းပိုင်သည် ချက်ချင်း ကျန်းချန်ရွှမ်ကို ခေါင်းညိတ်ပြလိုက်သည်။
“ငါမင်းရဲ့တောင်းဆိုမှုကိုလက်ခံနိုင်တယ်။ ဒါပေမယ့် မင်းကိုတိကျသေချာတဲ့အဖြေတစ်ခုမပေးခင်မှာ ငါ့ရဲ့စီနီယာအစ်ကိုတွေနဲ့တိုင်ပင်ရဦးမယ်”
အမှန်တကယ်ဆိုရင် ဟောင်တုန်းပိုင်၏စကားလုံးများသည် ယေဘုယျအဖြေကို ဆုံးဖြတ်ပြီးဖြစ်သည်။
သူသေချာသည့်အဖြေတစ်ခုမပေးရသည့်အကြောင်းရင်းမှာ အခြားကျီဖုအဆင့်ကျင့်ကြံသူများကို သူစိတ်ထင်ရာစိုင်းလိုက်သည်ဆိုသည့် ထင်မြင်ချက်မျိုးမပေးစေလိုသောကြောင့်ဖြစ်သည်။
ကျန်းချန်သည်နားလည်ကြောင်း ဖော်ပြလိုက်သည်။
မကြာမီပင် ဟောင်တုန်းပိုင်သည် မှန်ကန်သည့်အတည်ပြုချက်တစ်ခုဖြင့် ကျန်းချန်ရွှမ်ဆီသို့ပြန်လာခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက်သည် ဖြစ်ပေါ်လာနိုင်မည့် အသေးစိတ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက် ကျန်းချန်ရွှမ်သည် ကျောက်စိမ်းရေဓားစင်မြင့်မှ ထွက်လာခဲ့သည်။
သူရွှမ်မင်တောင်ထွတ်ကိုပြန်ရောက်သောအခါ ရှန်းရူယန်န်က သူ့ထက်အရင်ပြန်လာခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
“ဘယ်လိုလဲ ယောက်ျား အကုန်အဆင်ပြေခဲ့ရဲ့လား?”
ကျန်းချန်ရွှမ်ပြန်လာသည်ကိုမြင်ပြီး ရှန်းရူယန်သည် ပြုံးရင်းမေးလိုက်သည်။
ကျန်းချန်ရွှမ်သည် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ပြေပါတယ် အကုန်လုံးရှောရှောရှူရှူပဲပြီးသွားတယ်”
“ဒါနဲ့ မင်းဘက်ကောဘယ်လိုလဲ? ကြည့်ရတာတော့ ဘာမှပြဿနာမရှိခဲ့ဘူးထင်တယ် ဟုတ်ရဲ့လား?”
“ဘာအခက်အခဲမှကိုမရှိဘဲပြီးသွားတယ်”
ထို့နောက် လင်မယားနှစ်ယောက် စကားပြောနေခဲ့ကြသည်။
ခနကြာပြီးနောက် ကျန်းချန်ရွှမ်ကပြောလိုက်သည်။
“အခု ငါတို့ပဉ္စမဘိုးဘေးကို အချိန်လုံလုံလောက်လောက်ပေးပြီး စောင့်ဖို့ပဲရှိတော့တယ်။ မြန်မယ်ဆိုရင်တော့ တစ်နှစ်ခွဲလောက်ပဲကြာမယ် နှေးရင်တော့ သုံးနှစ်လောက်ကြာမှာပေါ့။ မကြာခင်တော့ရလဒ်ရှိလာမှာပါ။ သူ့အတွက်အရာရာ အဆင်ပြေဖို့ပဲ မျှော်လင့်ရမှာပဲ”
ကျန်းချန်ရွှမ်၏စကားများကိုကြားပြီးနောက် ရှန်းရူယန်သည် တည်ကြည်လေးနက်သွားသည်။
သူမသည် ဟျန်းတောင်ဘက်ကိုကြည့်လိုက်ပြီး ခေါင်းအနည်းငယ်ညိတ်လိုက်သည်။
“ပဉ္စမဘိုးဘေး အောင်မြင်ဖို့ပဲမျှော်လင့်ရမှာပဲ”
လင်မယားနှစ်ယောက်အချင်းချင်းစကားပြောနေသည့်အချိန်တွင်ပင် ဟျန်းတောင်အဝေးရှိ ရှန်းယွမ်လုံသည် မျိုးနွယ်စုအတွင်းရှိ အရာအားလုံးကို စီစဉ်ခဲ့ပြီးဖြစ်သည်။
ထို့နောက်သူသည် သူ၏တံခါးပိတ်ကျင့်ကြံခြင်းကို အစပြုရန် ဂူဗိမာန်ထဲသို့ ဝင်သွားခဲ့သည်။
ဤတံခါးပိတ်ကျင့်ကြံခြင်းသည် နှစ်နှစ်အထက်ကြာခဲ့သည်။
ဒီနေ့တွင်…
ရှန်းမျိုးနွယ်စု၏ကျီဖုအဆင့်ကျင့်ကြံသူများဖြစ်ကြသည့် ရှန်းတောက်မင်၊ ရှန်းပိုင်ဖေး၊ ရှန်းရူရွှမ်၊ ရွှီချန်တို့သည် စဝေးခန်းမတွင် တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
ထိုအချိန်တွင် ဟျန်းတောင်တစ်ခုလုံးမှ ဝိညာဉ်ချီများ ပြင်းပြင်းထန်ထန်မတည်မငြိမ်ဖြစ်နေသည်ကိုခံစားလိုက်ရပြီး ထိုအရာသည် ရှန်းယွမ်လုံတံခါးပိတ်ကျင့်ကြံနေသည့် ဂူဗိမာန်ဆီသို့ ဦးတည်နေသည်။
၎င်းသည် သူတို့အား တစ်စုံတစ်ခုကို သဘောပေါက်စေလိုက်ပြီး သူတို့လည်း အံ့အားသင့်ဖွယ်အမူအရာများဖြစ်နေခဲ့ကြသည်။
မကြာမီပင် သူတို့လေးယောက်သည် ရှန်းယွမ်လုံ၏ဂူဗိမာန်နှင့် သိပ်မဝေးသည့်နေရာသို့ ရောက်ရှိလာကြသည်။
ဝိညာဉ်ချီများလိမ့်တက်နေသည်ကိုကြည့်ပြီး ရှန်းတောက်မင်နှင့် ကျန်သုံးယောက်သည် အံ့အားသင့်ရုံသာတတ်နိုင်ခဲ့သည်။
ကျင့်ကြံသူတစ်ယောက် ရွှေအမြုတေအဆင့်ကိုကျော်ဖြတ်သည့်အခါ ဤထကြွသောင်းကျန်းခြင်းမျိုး ဖြစ်ပေါ်လာတာလား?
ကျီဖုအဆင့်နှင့်ယှဉ်လိုက်လျှင်ပင် ဤထကြွမှုသည် မရေမတွက်နိုင်သည့် အဆပေါင်းများစွာ ပို၍ကြီးမားသည်။
ဘွန်း!
ရုတ်တရက် ရှန်းယွမ်လုံ တံခါးပိတ်ကျင့်ကြံနေသည့် ဂူဗိမာန်ပေါ်သို့ အလွန်ကြီးမားသည့် ဝိညာဉ်ချီတိုင်များလဲကျလာသည်။
ကျီဖုအဆင့်နှင့် လုံးဝကွဲပြားသည့် ဝိညာဉ်ဖိအားတစ်ခုသည် ရှန်းတောက်မင်နှင့်အနီးပတ်ဝန်းကျင်ရှိ လူများထံမှဆုတ်ခွာ၍ ရှန်းယွမ်လုံ၏ ဂူဗိမာန်ပေါ်သို့ ချက်ချင်းပျံ့နှံ့သွားခဲ့သည်။
တစ်ရက်၊ နှစ်ရက် ငါးရက်...
ငါးရက်ကုန်လွန်သွားပြီးနောက်…
ဝိညာဉ်ဖိအားသည် ရှန်းယွမ်လုံ၏ ဂူဗိမာန်ပေါ်တွင် ပို၍ပို၍ အင်အားကြီးလာသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ဝိညာဉ်ချီစုစည်းမှုပမဏ လျော့ကြစပြုလာသည်။
ထိုအရာသည် အဝေးမှစောင့်ကြည့်နေသည့် ရှန်းတောက်မင်နှင့်အခြားသူများ၏ အမူအယာကို ချက်ချင်းပင် ပြောင်းလဲသွားစေသည်။
“မကောင်းတော့ဘူး ငါတို့ရဲ့လက်ရှိဝိညာဉ်သွေးကြောက တတိယအဆင့်ပဲရှိသေးတယ်၊ ငါတော့ဒါက ဘိုးဘေးကို ရွှေအမြုတေကျင့်စဉ်ကိုကျော်ဖြတ်ဖို့ လုံလောက်အောင်စွမ်းအင်မပေးနိုင်မှာစိုးတယ်”
“အဲ့ဒါဆို ငါတို့အခုဘာလုပ်ကြမလဲ”
ရှန်းတောက်မင်နှင့် အခြားသူများသည် စိုးရိမ်၍ စိတ်မအေးသော မျက်နှာအမူအယာများ ဖြစ်သွားခဲ့ကြသည်။
ရှန်းယွမ်လုံသည် လုံလောက်သောဝိညာဉ်ချီမရှိသောကြောင့် ရွှေအမြုတေဖွဲ့စည်းမှုကို မကျော်ဖြတ်နိုင်ခဲ့ဘူးဆိုလျှင် နှမြောဝမ်းနည်းစရာပင်ဖြစ်ပေမည်။
ကံကောင်းစွာပင် သူတို့၏ရှေ့တွင် လက်နှစ်စုံပေါ်ပေါက်လာသည်။
သူတို့မှာ အုတ်အော်သောင်းတင်းဖြစ်မှုကို အာရုံခံမိ၍ အပြေးအလွှားရောက်လာကြသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင်ဖြစ်သည်။
“ချန်ရွှမ် ရူယန်”
သူတို့နှစ်ယောက်ကိုမြင်၍ ရှန်းတောက်မင်နှင့်အခြားသူများသည် အလိုအလျောက် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကြသည်။
ရှန်းတောက်မင်သည် ရှေ့သို့သွား၍ သူတို့ကို စိုးရိမ်ကြီးစွာပြောလိုက်သည်။
“ကြည့်လိုက်ဦး ဘိုးဘေးက အရေးကြီးတဲ့အခြေအနေရောက်နေပြီ ငါတို့ဘာလုပ်ကြမလဲ”
“စိတ်မပူပါနဲ့ အစ်ကိုကြီး”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ကျန်းတောက်မင်အား စိတ်ချထားပါဟူသည့် အဓိပ္ပာယ်ဖြင့် ပြုံးလိုက်သည်။
ထို့နောက် ရှန်းရူယန်သည် သူမ၏ခန္ဓာကိုယ်မှ တောက်ပသည့်ဝိညာဉ်ကျောက်တုံးရာချီကို ထုတ်ယူလိုက်သည်။
ဒီဝိညာဉ်ကျောက်တုံးသည် ပုံမှန်သုံးနေကြကျောက်တုံးများနှင့်မတူဘဲ အလွန်ကွဲပြားသည်။
၎င်း၏တစ်ကိုယ်လုံးသည် ဝိညာဉ်အလင်းများဖြင့် အရောင်လက်နေရုံတင်မကဘဲ ရှန်းတောက်မင်နှင့် အခြားကျီဖုအဆင့်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများမှပြုလုပ်ထားသည့်မျက်နှာပြင်မှ ထုတ်လွှတ်သည့် ဝိညာဉ်ချီသည် ဝိညာဉ်ကျောက်တုံးများမှစုဆောင်းရရှိထားသည့်ဝိညာဉ်ချီများကို စုပ်ယူစားသုံးလိုရင်းကိုယ်တိုင်လည်ပတ်နေသည့် လက္ခဏာများပြသနေသည်။
“ရူယန် ဒါတွေက...?”
ရှန်းတောက်မင်နှင့် အခြားသူများသည် အနည်းငယ် အံ့ဩသွားကြသည်။
ရှန်းရူယန်သည် ပြုံးကာပြောလိုက်သည်။
“အစ်ကိုကြီး ဒီဝိညာဉ်ကျောက်တုံးတွေက အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေပဲ။ ဒါတွေနဲ့ဆိုရင် ပဉ္စမဘိုးဘေးရွှေအမြုတေဖွဲ့စည်းဖို့လိုအပ်တဲ့ ဝိညာဉ်ချီက သေချာပေါက်လုံလောက်သွားမှာပဲ”
“အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေ?”
သူတို့ခန့်မှန်းမိကြသော်လည်း ရှန်းရူယန်ဆီကကြားလိုက်ရသောအခါ အံ့ဩသွားကြသည်။
အားလုံးသိကြသည့်အတိုင်း ဝိညာဉ်ကျောက်တုံးများကို အဆင့်နိမ့်၊ အဆင့်လတ်၊ အဆင့်မြင့်နှင့် ထိပ်ဆုံးအဆင့်ဟူ၍ လေးမျိုးခွဲခြားထားသည်။
လူတွေနေ့စဉ်အသုံးပြုနေကြသည့်ဝိညာဉ်ကျောက်တုံးများမှာကား အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။
နေရာကူးပြောင်းခြင်းအစီအရင်၊ တောင်ကာကွယ်ခြင်းအစီအရင်နှင့် တတိယအဆင့်နှင့်အထက် ရတနာသင်္ဘောများကဲ့သို့ ထူးခြားသည့်အရာများအတွက်သာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို လိုအပ်သည်။
အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများအတွက်မူ...
အမှန်ဆိုလျှင် သူတို့အဆင့်မြင့်ဝိညာဉ်ကျောက်တုံးကို မြင်ဖူးသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
ထို့နောက် အတိအကျပြောရလျှင် ထိုကဲ့သို့သောဝိညာဉ်ကျောက်တုံးများသည် အခြေတည်ဝိညာဉ်ပြည့်စုံသောအရှင်များသာ အထူးသီးသန့်ပိုင်ဆိုင်ပေသည်။
ထိုအရာသည် အခြေတည်ဝိညာဉ်အဆင့်စံသခင်ကြီးတို့ အသုံးပြုကြသည့် ငွေကြေးစနစ်တစ်ခုလည်းဖြစ်သည်။
အခြေတည်ဝိညာဉ်နယ်ပယ်ကိုရောက်ရှိပြီးသွားသည့်အခါ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများနှင့် အဆင့်လတ်ဝိညာဉ်ကျောက်တုံးများရှိ ဝိညာဉ်ချီ၏ စင်ကြယ်မှုသည် သူတို့၏ကျင့်စဉ်ကို လုံလောက်အောင်မထောက်ပံ့နိုင်တော့ပေ။
သူတို့သည် အဆင့်မြင့်ကျောက်တုံးများကိုသာ စုပ်ယူအသုံးပြုခြင်းပြုလုပ်နိုင်ပေသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူန်တို့ယူဆောင်လာသည့် ထိပ်တန်းဝိညာဉ်ကျောက်တုံးများသည် သူတို့အရင်က စူးစမ်းရှာဖွေထားသည့် ရှေးဟောင်းအပျက်အစီးနယ်မြေမှ ရရှိလာခြင်းဖြစ်သည်။
ပို၍တန်ဖိုးကြီးသည့် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများသည် ပို၍လည်းရှားပြီး ကောင်းကင်ဝိညာဉ်ဖွဲ့စည်းခြင်းအရှင်များထံတွင်သာ စီးဆင်းပျံ့နှံနေသည်။
ကမ္ဘာပေါ်သို့တောင် ရောက်လာခဲသည်။
ထိုအချိန်တွင်
ရှန်းရူယန်သည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများကို ထုတ်လိုက်ပြီးနောက် သူမသည်သူတို့ကို ရှန်းယွမ်လုံ၏ဂူဗိမာန်ပေါ်တွင် ဝိညာဉ်အကာအကွယ်အစုအဝေးပြုလုပ်ရန် အသုံးပြုလိုက်သည်။
ချက်ချင်းပင် ဂူဗိမာန်ပေါ်ရှိ ပါးလွှာနေသည့် ဝိညာဉ်ချီသည် တစ်ဖန်ထူထပ်လာပြန်သည်။
ထို့နောက်ဒီတစ်ကြိမ်တွငိ ဝိညာဉ်ချီ၏စင်ကြယ်မှုသည် အရင်တစ်ခါကထက် ဆယ်ဆပို၍ကောင်းမွန်လာသည်။
အချိန်တွေကုန်လွန်သွားသည်နှင့် ရှန်းယွမ်လုံ၏ဂူဗိမာန်ပေါ်မှာ ပျံ့ထွက်လာသည့်အော်ရာသည် ပို၍ပို၍သိပ်သည်းလာသည်။
လဝက်ကြာပြီးနောက်…
လူတိုင်း၏ခေါင်းပေါ်ရှိကောင်းကင်သည် ရုတ်တရက် မဲမှောင်သွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။
သူတို့ခန့်မှန်းထားသည့်အတိုင်းပင်…
ရှန်းယွမ်လုံ၏ဂူဗိမာန်မှပျံထွက်လာသည့်ပုံရိပ်သည် မျက်စိတစ်မှိတ်စာတွင် ဟျန်းတောင်သို့ ဖြောင့်တန်းစွာဦးတည်နေပေသည်။
ဤပုဂ္ဂိုလ်သည် ရွှေအမြုတေအဆင့်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည့် ရှန်းယွမ်လုံမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ?
***