ကျူးကျော်ခြင်း
Vol. 55 Ch. 753
စုမင်က ပွက်ပွက်ဆူနေသောကျောက်ရည်ပူများပေါ်တွင် ရပ်နေလေသည်။ ကောင်းကင်ရှိပြင်းထန်သောဖိအားနှင့်နတ်ဘုရားအာရုံကြောင့် သူ့ကိုယ်သူ ပုန်းလျှိုးမနေနိုင်သလို ခံစားရစေလေ၏။သူနှင့်ပတ်သက်သမျှ အရာအားလုံးက ထိုနတ်ဘုရားအာရုံ၏ထုတ်ဖော်ခြင်းကို ခံရလေသည်။ ထိုစကားမှာ နတ္ထိအနှစ်သာရနယ်မြေက ကြီးမာသောထောင်ကြီးနှင့်တူသည်ဟူ၍ဖြစ်၏။
“ဒီစစ်မှန်တဲ့လောကရဲ့အစောင့်တွေက နတ္ထိအနှစ်သာရနယ်မြေကို ကင်းလှည့်နေကြတာပဲ.. “
ယခင်က ထွက်ပေါ်လာခဲ့သောဖီးနစ်သားရဲ၏ဟိန်းဟောက်သံ ရပ်သွားကာ
၎င်း၏ခန္ဓာကိုယ်က အားအင်မရှိသကဲ့သို့ ပျော့ခွေသွားလေသည်။
၎င်း၏မျက်နှာက မှုန်ကုပ်နေပြီး ခံစားချက်မဲ့သောအမူအရာပေါ်လာလေ၏။ထို့နောက် ၎င်းက ကျောက်ရည်ပူထဲသို့
တဖြည်းဖြည်း နစ်မြုပ်သွားပြီး တစ်ဖန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြန်သည်။
ထိုအချိန်တွင် ကျောက်ရည်ပူအတွင်းမှထိပ်ပြောင်ကြိုးကြာငှက်က ခေါင်းဖော်လိုက်သည်။ ၎င်း၏မျက်လုံးများရှိ ကြောက်ရွံ့မှုက နှလုံးသားမှလာကြောင်း ပြသနေလေသည်။ ၎င်းက တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ယခင်ထိုင်ခဲ့သောကျောက်တုံးပေါ်တွင် ခြေချလိုက်သည်။
“မင်းရဲ့အဘိုးကြိုးကြာက.. အသက်ရှူကျပ်ပြီး သေတော့မလို့ကွ..ဒီနေရာက အရမ်းပူတယ်.. ဒါပေမဲ့ ဘာလို့ ဒီနေရာထက် ပိုပူတဲ့နေရာရှိသေးတယ်လို့ ငါခံစားနေရတာလဲ”
ကြိုးကြာငှက်က ထိပ်ပြောင်နေသောခေါင်းကိုကုတ်နေလေသည်။
အချိန်အတော်ကြာပြီးနောက် စုမင်က မျက်လုံးများကိုမှိတ်ထားပြီး စစ်မှန်သော လောက၏အစောင့်တပ်များအကြောင်းကို တွေးတောမနေတော့ပေ။ နောက်ဆုံးတွင် ထိုအစောင့်တပ်များက မယုံနိုင်လောက်အောင် စွမ်းအားကြီးမားကြပြီး စုမင် ရင်ဆိုင်နိုင်သည့် လူများမဟုတ်ပေ။ စုမင်အတွက် အရေးကြီးဆုံးက ဆက်လက်ကျင့်ကြံမှုရန်နှင့် ကျင့်ကြံဆင့်တိုးမြှင့်ရန်ဖြစ်သည်။ သူသတ်မှတ်စံနှုန်းတစ်ခုရောက်သည်နှင့် သူက ဤနေရာမှ ထွက်ခွာပြီး ယင်မရဏတစ်ပိုင်းတစ်စလောက၏ဝင်ပေါက်ကို ရှာဖွေမည်ဖြစ်၏။
စုမင်၏မျက်လုံးများရှိတောက်ပနေသော အလင်းတန်းကို မျက်နှာဖုံးဖြင့် ဖုံးကွယ်ထား၏။ သူက ချစ်ခြင်းမေတ္တာနှင့် နာကျင်မှုကို ခံစားနိုင်စွမ်း ဆုံးရှုံးသွားသော်လည်း သူ့အမှတ်တရများရှိ လှပသောအခိုက်အတန့်များ ကျန်ရှိနေဆဲဖြစ်သည်။ သူ ထိုအခိုက်အတန့်များကို သတိရသည့်အခါတိုင်း ထုံထိုင်းသွားမည်ဖြစ်သည်။ ဤထုံထိုင်းမှုက သူ့နှလုံးသား၏နက်နဲသောနာကျင်မှုကို ဖြစ်စေလိမ့်မည်။
စုမင်က တိတ်တိတ်ဆိတ်ဆိတ်နေပြီး ကနဦးကျင့်ကြံစွမ်းအားကို စတင်ဖြန့်ကျက်လိုက်သည်။ သူက ပူနွေးသောလေကို ရှုသွင်းသည့်အပြုအမူကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့၏။ဤအရာမှာ သူ တစ်နှစ်ပတ်လုံး မရပ်မနား လုပ်ခဲ့တဲ့ အရာပင်ဖြစ်၏။ ထို့ပြင် သူက အပြာရောင်ကျောက်တုံးကြီးမှအသွေးအသားစွမ်းအားကို စုပ်ယူနိုင်သောကြောင့် သူ့ခန္ဓာကိုယ် သန်မာလာမည်ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ တစ်လ၊ နှစ်လ… မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားပြန်သည်။
ကြက်သွေးရောင်မီးလျှံဂြိုလ်တွင် ရာသီလေးခုမရှိပေ။ ဘယ်လမှာပဲဖြစ်ဖြစ် အပူရှိန်က နယ်မြေတစ်ခုလုံးကို အမြဲပြည့်နေလေ၏။ ထိုအပူက လူတစ်ယောက်၏ အရေပြားကို လောင်ကျွမ်းစေပြီး ချွေးများအပြင် သွေးများကိုပါ အငွေ့ပျံစေနိုင်၏။ ထို့ပြင် လူတစ်ဦး၏ဆန္ဒကို ပြာအဖြစ် တဖြည်းဖြည်းလောင်ကျွမ်းစေနိုင်သည်။
လွန်ခဲ့သည့်တစ်နှစ်အတွင်း စုမင်က အပြင်သို့ တစ်ကြိမ်သာ ထွက်ခဲ့ဖူးသော်လည်း သူက ဝေးဝေးသို့ မသွားခဲ့ပေ။သူက မီးတောင်ပတ်လည်ရှိ ပေတစ်သောင်းခန့်အကွာအ ဝေးသာ လှုပ်ရှားနိုင်ခဲ့၏။ ထိုထက် ပိုသွားပါက အပြာရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ခြေလှမ်းများကို ပိတ်ဆို့ထားသောကြောင့် ထိုနေရာကို ဖြတ်မသွားနိုင်ပေ။
ထို့အပြင် စုမင်က မီးတောင်မှ ထွက်ခွာသွားချိန်တွင် လောကကြီးပေါ်ရှိ ဝိညာဉ်စွမ်းအားက မယုံနိုင်လောက်အောင် ရှားပါးနေပြီဟု ခံစားသိရှိခဲ့သည်။ သူ့ကျင့်ကြံစွမ်းအားကို ဖြန့်ကျက်ထားသော်လည်း မည်သည့်အရာကိုမျှ စုပ်ယူနိုင်စွမ်းမရှိပေ။ ထို့အတွက်ကြောင့် သူ့ကျင့်ကြံစွမ်းအားကို ပြန်လည်ဖြည့်တင်းရန် ခက်ခဲသည်။
သူ၏သိုလှောင်အိတ်ထဲတွင် ပုံဆောင်ခဲများ အမြောက်အများ ရှိနေပြီး ၎င်းတို့ကို သုံးစွဲရမည့် အချိန်ကာလတစ်ခုတော့ ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် စုမင်က၎င်းတို့ကို တော်ရုံအသုံးမပြုပေ။ နတ္ထိအနှစ်သာရနယ်မြေတွင် သူမည်မျှကြာကြာနေရမည်ကို သူမသိပေ။ သူ့တစ်သက်တာလုံး ဤနေရာမှာနေရတာလည်း ဖြစ်ချင်ဖြစ်လိမ့်မည်။
စုမင်မှာ အခြားသူများ မည်ကဲ့သို့ ပြောဆိုဆက်ဆံပြီး မည်ကဲ့သို့ လူသတ်ရသည်ကို မသိသေးပေ။ထို့ပြင် ကြက်သွေးရောင်ဖီးနစ်သားရဲများထံအလောင်းကိုယူလာပြီး သလင်းကျောက်များ မည်သို့ရယူရမည်ကို မသိခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏လက်ရှိခန္ဓာကိုယ်က အခြားသူများနှင့် အလွန်ကွာခြား၏။ သူက ကျောက်ရည်ပူအတွင်းမှ မီးစွမ်းအားကို စုပ်ယူနိုင်သည်။ ဤမီးတောက်၏စွမ်းအားက ရည်ရွယ်ချက်တစ်ခု ရှိကောင်းရှိနိုင်သည်။ သို့သော်လည်း ဤမီးလျှံဂြိုဟ်တွင် ရူးသွပ်ဖွယ်မီးစွမ်းအားကိုစုပ်ယူနိုင်ခြင်းကြောင့် သူက အခြားသူများထက် ခြေတစ်လှမ်းသာပြီးသားဖြစ်၏။
နှစ်နှစ်ကြာလာသောအခါ
စုမင်၏ကျင့်ကြံဆင့်က မဟာမြေကြီးကျင့်ကြံဆင့်အစပြုရာဖြစ်သည့် အသက်ဒုက္ခကျင့်စဉ်၏ကနဦးအဆင့်တွင် ရှိနေဆဲဖြစ်သည်။ သူ၏ကျင့်ကြံဆင့်က အနည်းငယ်မျှပင် မတိုးနိုင်သော်လည်း သူ့ကိုယ်ထဲရှိ ယင်မရဏအငွေ့အသက်အများစုမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခု သူထုတ်သုံးခဲ့သော မြင့်မြတ်သောစွမ်းရည်အများစုက မီးတောက်၏စွမ်းအားကို ဗဟိုပြု၍ ထွက်လာ၏။
ထို့ပြင် ၎င်းတို့က သူဧ။်စွမ်းအားအကြီးဆုံးစွမ်းရည်များ ဖြစ်လာခဲ့၏။
သူ့ကိုယ်ခန္ဓာနှင့် ကျင့်ကြံပြီး အပူစွမ်းအင်ကိုဝါးမျိုလိုက်သောကြောင့်
ဖီးနစ်သားရဲက စုမင်ကို သူ့သားရဲငယ်ဟု ထင်သွားစေသည်။ ထို့ပြင် သူက သားရဲကြီးကို မှီခိုကာ ဆင်ဖြူတော်မှီး၍ ကြံစုပ်နေသကဲ့သို့ပင်ဖြစ်၏။ သူက သားရဲကြီးကို ယဇ်ပူဇော်သောလူများမှ အရင်းအမြစ်များစွာကို ရရှိမည်ဖြစ်၏။
ထိုအရင်းအမြစ်များကြောင့် သူ့ ကိုယ်ခန္ဓာကျင့်ကြံနှုန်းက ရှိသင့်သည်ထက် များစွာ လျင်မြန်လာသည်။ သို့သော်လည်း... အချိန်ကြာလာသည်နှင့်အမျှ ဖီးနစ်သားရဲကြီးကိုမှီခိုအားထားနေရသောလူများသေဆုံးသွားသောအခါ
စုမင်၏ကျင့်ကြံမှုမှာလည်း နှေးကွေးလာ၏။
သူ မီးတောင်ကနေထွက်သွားရသည့်တစ်ကြိမ်မှာ ထိုအကြောင်းရင်းကြောင့် ဖြစ်သည်။ သူက အပြာရောင်သလင်းကျောက်များကို သူ့ဘာသာသူ ရှာဖွေချင်ခဲ့သည်။
ယဇ်ပူဇော်ပွဲမစမီ တစ်လခန့်အလိုတွင်
စုမင်က သူ့ခန္ဓာကိုယ်ကို ကျောက်ရည်ပူတွင် နစ်မြုပ်စေပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်ကာ အိပ်သွားလေ၏။ သူ၏အခြေတည်ဝိညာဉ်ကို နေရာတစ်ဝိုက်မှာ ဖြန့်ကျက်ထားလိုက်လေသည်။ ထိုအပြုအမှုက သူ့အတွက် အလေ့အထတစ်ခုလို ဖြစ်နေလေပြီ။
သို့သော် စုမင်က အခြေတည်ဝိညာဉ်ကို အပြင်သို့ ဖြန့်ပြီး မကြာမီ သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
ထိုအချိန်တွင် ယွဲ့ဟုန်ပန့်က မီးတောင်ရှိရာသို့ လျင်မြန်စွာ ရွေ့လျားလာ၏။ သူ့မျက်နှာပေါ်တွင် ညှိုးငယ်ကာ ခါးသီးသောအမူအရာဖြင့် သူ့ခန္ဓာကိုယ်မှာ သွေးများဖြင့် ပေကျံနေသည်။ ပိန်ပိန်ပါးပါး အဘိုးအိုသာလျှင် နောက်ကလူများနှင့်ကျန်ရစ်ခဲ့သည်။ အဘိုးအို၏ ရင်ဘတ်ရှိ ဒဏ်ရာအများစုကို ဖုံးအုပ်ထား၏။ သွေးများက ပန်းထွက်နေပြီး အဖိုးအို၏ မျက်နှာက ဖြူဖျော့နေလေသည်။ အကယ်၍ သူ့တွင် စစ်မှန်သောအသက်ရှူကျင့်စဉ် မရှိခဲ့ပါက အစကတည်းက သေဆုံးသွားပေလိမ့်မည်။
လိုက်ဖမ်းသည့်လူအရေအတွက်မှာ သုံး ယောက်ရှိလေသည်။ သူတို့ထဲက နှစ်ယောက်က ယောက်ျားဖြစ်ပြီး တစ်ယောက်က မိန်းမဖြစ်ဧ။။် သူတို့အားလုံးက ပိန်လှီးကြသော်လည်း သွေးဆာနေသောမျက်လုံးများဖြင့် သားကောင်များကို လိုက်ရှာနေကြသည်။ ထို့ပြင် သူတို့၏ မျက်လုံးများက တလက်လက် တောက်ပနေ၏။
ထိုသုံးယောက်တွင် ကောင်းကင်ဘုံကျင့်ကြံဆင့်သို့ ရောက်ရှိသွားသော အဘိုးအိုတစ်ဦးအပြင် လူလတ်ပိုင်းအရွယ်ရှိ အခြားယောက်ျားနှင့် မိန်းမတို့က မဟာမြေကြီးကျင့်ကြံဆင့်တွင် ရှိနေကြ၏။ ကုန်ဆုံးသွားသည့်အခိုက်အတန့်တိုင်းမှာ သူတို့လိုက်ဖမ်းသော အရှိန်က ပိုမြန်လာပြီး အဘိုးကြီးထံမှ ညစ်ကျယ်ကျယ်ရယ်သံကြီး ထွက်ပေါ်လာသည်။
“ယွဲ့ဟုန်ပန့်.. မင်းကိုသတ်ချင်နေတာကြာပြီ၊ ဒါပေမဲ့ ငါမျှော်လင့်ထားသလိုပဲ မင်းက အသူရာတတိယမျိုးဆက်က ဆင်းသက်လာတာ.. ငါထောင်ထားတဲ့ထောင်ချောက်က မင်းတို့နှစ်ယောက်လုံးကို ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့တယ်.. ဒီတစ်ခါတော့ မင်းကို သေချာသတ်ပစ်လိုက်မယ်... မင်း ငါ့လိုဏ်ဂူကိုဘယ်လိုတောင် ကျူးကျော်ရဲတာလဲ.. မင်းသေချင်နေတာပဲ...”
သတ်ဖြတ်လိုသောစိတ်ဆန္ဒနှင့် လောဘဇောတို့က အဘိုးအို၏ မျက်လုံးထဲတွင် တောက်ပနေ၏။ဂါထာတစ်ပုဒ်က သူ့ပါးစပ်မှထွက်လာပြီး လေထဲသို့ ပဲ့တင်ထပ်သွားသည်။သူ့ဘယ်ဘက်လက်နှင့်ချိပ်တံဆိပ်ခတ်ပြီး လေထုကိုရိုက်ပုတ်လိုက်သည်။ ထို့နောက် အနက်ရောင်လေပွေတစ်ခု ချက်ချင်း ထွက်လာသည်။ ၎င်းက ကျယ်လောင်သော အသံဖြင့် ယွဲ့ဟုန်ပန့်ဆီသို့ ဦးတည်လာသော ဧရာမ အနက်ရောင် တင်းပုတ်ကြီး ဖြစ်လာသည်။
“မင်းကို သတ်ပြီး နတ်ဘုရားရဲ့ သလင်းကျောက်ဆယ်လုံးနဲ့ လဲလှယ်ဖို့ အသူရာ တတိယမျိုးဆက်ဖြစ်တဲ့ မင်းရဲ့အလောင်းကို အသုံးပြုမယ်..ဒါဆိုမင်းကိုသတ်ဖို့ ငါသုံးစွဲခဲ့တဲ့ စွမ်းအားအားလုံးနဲ့ ကာမိသွားမယ်...”
အနက်ရောင်လေပွေမှ ထက်မြိနေသော တင်းပုတ်ကို ထုတ်ပေးပြီး ၎င်းက ကျယ်လောင်သောဝီစီသံနှင့်အတူ ယွဲ့ဟုန်ပန့်နားသို့ နီးကပ်လာသည်။
ယွဲ့ဟုန်ပန့်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်နေသောအမူအရာပေါ်လာပြီး
ပါးစပ်မှ သွေးချောင်းဆိုးလိုက်ရသည်။ ထိုသွေးများက သူ့ရှေ့မှာ ချက်ချင်း စု ဝေးသွားပြီး အနီရောင်တူကြီးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် တူကြီးက တိုးဝင်လာသောတင်းပုတ်ကြီးနှင့် ပြင်းထန်စွာ ထိတိုက်မိသွားလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးက လေထဲတွင် တဟုန်ထိုး မြည်ဟည်းလာသည်နှင့်အမျှ ယွဲ့ဟုန်ပန့်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ပါးစပ်မှ သွေးများ အန်လိုက်ရသည်။ သူ နောက်ပြန်ဆုတ်သွားကာ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံး ပွင့်ထွက်သွားသည်။
အနီရောင်တူကြီးက အပိုင်းပိုင်းပျက်စီးသွားပြီး တင်းပုတ်ကို ဖန်တီးလိုက်သော အနက်ရောင်လေပွေက တစ်ခဏမျှ အေးခဲရပ်တန့်သွားသည်။ ထို့နောက် တင်းပုတ်ကြီးက ယွဲ့ဟုန်ပန့်ဆီသို့ နောက်တစ်ကြိမ် အရှိန်တင်လိုက်သည်။
တင်းပုတ်က ထွက်ပြေးသူများနှင့် နီးကပ်လာသောအခါတွင် ပိန်လှီးသောအဖိုးအိုက ကျယ်လောင်စွာ ဟိန်းဟောက်ကာ ယွဲ့ဟုန်ပန့်ရှေ့သို့ ပြေးတက်သွားသည်။ အဘိုးအိုက ယွဲ့ဟုန်ပန့်အစား တင်းပုတ်ကို ရင်ဆိုင်လိုက်လေသည်။ ထိုစဉ် ယွဲ့ဟုန်ပန့်၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ စီးကျလာသည်။
သို့သော် သူက အဘိုးအိုက တင်းပုတ်ကို ပိတ်ဆို့သည့်အချိန်တွင် မီးတောင်ဆီသို့ အရှိန်တင်လိုက်သည်။
ကောင်းကင်ဘုံကျင့်ကြံဆင့်၌ရှိသော အဘိုးအိုက အေးစက်စွာ နှာမှုတ်ထုတ်လိုက်သည်။ သူ သတ်ခဲ့သောလူကို တစ်ချက်မျှပင် လှည့်မကြည့်ပေ။ ယင်းအစား သူ့မျက်လုံးများတွင် အေးစက်သောအလင်းတန်းဖြင့် တောက်ပနေပြီး မီးတောင်ကို တစ်ချက်ကြည့်လိုက်သည်။
“ကြက်သွေးရောင်ဖီးနစ်သားရဲရှိတဲ့မီးတောင်... ယွဲ့ဟုန်ပန့် မင်း ရူးနေသလား..နတ်ဘုရားဆီကနေ အကူအညီတောင်းဖို့ မင်းဘယ်လို အိပ်မက်မက်ရဲတာလဲ.. မီးတောင်မှာရှိတဲ့ ဖီးနစ်သားရဲကြီးတွေက အသိဉာဏ်ဆုံးရှုံးသွားပြီ..
ငါတို့ ရန်မစသရွေ့ ငါတို့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး..အတော်ပဲ..ငါ အလောင်းကို သယ်လိုက် ပို့လိုက် လုပ်စရာမလိုတော့ဘူး..ဒီမှာ တစ်ခါတည်း မင်းရဲ့အလောင်းကို ယဇ်ပူဇော်ရမယ်... “
ကောင်းကင်ဘုံကျင့်ကြံဆင့်မှ အဖိုးအိုသည် ရက်စက်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ့နောက်မှ ယောက်ျားနှင့် မိန်းမကို ယွဲ့ဟုန်ပန့်သို့ ခေါ်ဆောင်သွားသည်။ သူပစ်လွှတ်လိုက်သောတင်းပုတ်က ပို၍ မြန်ဆန်လာကာ ယွဲ့ဟုန်ပန့်နှင့် ပေတစ်ရာကျော်သာ ဝေးတော့သည်။
ထိုသေရေးရှင်ရေးကြုံရချိန်တွင် ယွဲ့ဟုန်ပန့်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“နတ်ဘုရား..ကယ်တော်မူပါ...”
သူအော်လိုက်သည့်အခိုက်တွင် ချွန်ထက်နေသော တင်းပုတ်က ပို၍ နီးကပ်လာသည်။ ယွဲ့ဟုန်ပန့်က ထိုတင်းပုတ်ကို ခုခံရန် ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုဖန်တီးလိုက်သည်။ ထို့နောက် သူက သွေးတစ်လုတ်ကြီး အန်လိုက်ရပြီး ထိုသွေးက သူ၏ မူလသွေး၏အနှစ်သာရဖြစ်သည်။ ဤထိုးနှက်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ယခု သေလုမျောပါး ဖြစ်နေပေပြီ။ သူ့ခန္ဓာကိုယ်က နောက်သို့လွင့်စင်သွားပြီး မီးတောင်ဝနားသို့ တစ်ရွတ်တိုက်ပါသွားလေသည်။ ထို့နောက် ချွန်ထက်သောတင်းပုတ်ကြီးက ပျောက်ကွယ်သွားသည်။ သို့သော် လူသုံးဦးသည် ပေသုံးရာအောက်သာ ကွာဝေး တော့သည်။ ယွဲ့ဟုန်ပန့်က ခိုကိုးရာမဲ့နေလေသည်။
“နတ်ဘုရား...ကယ်တော်မူပါ..ဒီလူရဲ့
လှိုဏ်ဂူဟာ အပြာရောင် ကျောက်တုံးတွေနဲ့လုပ်ထားလို့ပါ.. ကျေးဇူးပြုပြီး ကယ်တင်ပေးပါ...”
“အရူးကောင်...ဒီနေ့ မင်းကို ဘယ်သူမှမကယ်နိုင်တော့ဘူး...”
အဘိုးအိုက ကျယ်လောင်စွာ ရယ်မောရင်း စိတ်လှုပ်ရှားနေလေသည်။ ယွဲ့ဟုန်ပန့်က လူမိုက်မဟုတ်ကြောင်း သူသိသည်။ သူက ဤနေရာရှိနတ်ဘုရားထံ နှစ်ကြိမ်တိုင်တိုင် အကူအညီတောင်းသောကြောင့် ဤနေရာနှင့်ပတ်သတ်၍ တစ်ခုခုလွဲချော်နေကြောင်း ခံစားမိလေသည်။
အဘိုးအို၏နှလုံးသားထဲတွင် မသေချာမရေရာမှုများ ရှိသော်လည်း သူ့မျက်နှာတွင် အရိပ်အမြွက် မပြခဲ့ပေ။ သို့သော်လည်း သူက အနည်းငယ် နှေးကွေးပြီး သူ့နောက်မှ လိုက်ပါလာသော လူကို ယွဲ့ဟုန်ပန့်ဆီသို့ အရှိန်တင်စေသည်။
“သူ့ကိုသတ်လိုက်.. ငါမင်းကိုသလင်းကျောက်တစ်တုံးပေးမယ်...”
ထိုလူက ပစ်မှတ်နှင့် ပေတစ်ရာကျော် အကွာတွင် ရှိနေပြီး ယွဲ့ဟုန်ပန့်က လုံးဝစိတ်အားငယ်နေလေသည်။ ထိုအခိုက်အတန့်တွင် အေးစက်သောအသံတစ်ခုက မီးတောင်၏နက်နဲရာမှ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် မီးတောင်ဝမှ အနီရောင် အရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်က လျင်မြန်စွာ ခရီးနှင်လာသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ယွဲ့ဟုန်ပန့်ရှေ့သို့ ရောက်သွားသည်။ စိတ်ပျက်အားငယ်နေသည့်ကြားမှ ယွဲ့ဟုန်
ပန့်၏မျက်နှာက မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။ စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး မဟာမြေကြီးကျင့်ကြံသူကို လက်သီးဖြင့် ထိုးလိုက်သည်။
ထိုစဉ် ဟင်းလင်ပြင်က အစိတ်စိတ်အမွှာမွှာကွဲအက်သွားပုံရပြီး
စုမင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အပူလှိုင်းများ ပျံ့နှံ့သွားသည်။ စုမင်၏လက်သီးတစ်ဝိုက်မှာ ဥပဒေဿပါရှိသည့်ပုံမှန်မဟုတ်သောအလွှာတစ်ခုတောင် ရှိခဲ့သည်။
ထိုးခံရသူ၏ အမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူပြန်ဆုတ်ခါနီးမှာ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိလောကကြီးက ပြောင်းပြန်ရွေ့သွားပုံရပြီး သူ့ကို ခဏလောက် အေးခဲသွားစေခဲ့သည်။
ထိုသို့ရပ်တန့်ချိန်တွင် စုမင်၏ လက်သီးချက်သည် ထိုလူ၏ ရင်ဘတ်ပေါ်သို့ တည့်တည့်ကျရောက်သွားသည်။
ထိုလက်ချက်ကြောင့် ပေါက်ကွဲသံများ မကြားရဘဲ အိတ်အလွတ်တစ်လုံးကို ထိမှန်သော အသံသာ ထွက်ပေါ်လာသည်။ တုန်လှုပ်ချောက်ချားမှုတစ်ခုက ထိုလူ၏ခန္ဓာကိုယ်ကို ပျက်စီးသွားစေပြီး ထိုလူ၏ရင်ဘတ်နေရာမှစ၍ တဖြည်းဖြည်းကွဲအက်သွားလေဧ။။် မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်တစ်ဝက်လောက် ကွဲအက်သွားပြီး ဖုန်မှုန့် ဖြစ်သွားလေသည်။
စုမင်က ယွဲ့ဟုန်ပန့်၏ရှေ့တွင်ရပ်ရင်း သူ့လက်ကို ပြန်ရုတ်လိုက်သည်။ စုမင်က ပေနှစ်ရာအကွာအဝေးရှိ အဘိုးအိုကို ခံစားချက်မဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ စုမင်၏ ခန္ဓာကိုယ်မှ အေးစက်သောအရှိန်အဝါများ ပျံ့လွင့်လာ၏။
အဘိုးအို၏မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။