← Chapters

ချိပ်စည်းချိုးဖောက်ခြင်းနှင့်

Vol. 55 Ch. 754

ချိပ်စည်းချိုးဖောက်ခြင်းနှင့်

Vol. 55 Ch. 754

“နှုတ်ခွန်းဆက်သပါတယ်..အကြီးအကဲ..ကျုပ်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်..”

ယွဲ့ဟုန်ပန့်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး စုမင်ကို အရိုအသေလက်ဟန်ပြုကာ နှုတ်ဆက်လိုက်သည်။

ယွဲ့ဟုန်ပန့်မှာ အဘိုးကြီး ထောင်ချောက်မိသွားစေရန် “နတ်ဘုရား” ဟု တဆာဆာအော်ဟစ်အကူညီတောင်းခဲ့သည်။ အကယ်၍ သူသာ စုမင်ကို တိုက်ရိုက်ခေါ်ပြီး အကူညီတောင်းခဲ့လျှင် အဘိုးအိုလည်း အနားတောင်ကပ်ရဲမည်မဟုတ်ပေ။

သို့ရာတွင် အဘိုးအိုက နတ္တိအနှစ်သာရနယ်မြေတွင် ရှင်သန်နိုင်သည်မှာ ထူးခြားသောစွမ်းရည်များရှိ‌ခြင်းကြောင့်ဖြစ်၏။ ယွဲ့ဟုန်ပန့်၏စကားများက သူ့ကိုသတိလက်လွတ်ဖြစ်စေလျှင်တောင် သူက မီးတောင်နား လက်လွတ်စပယ်မကပ်ရဲပေ။ သို့သော် သူ ယွဲ့ဟုန်ပန့်ကိုမြင်သည်နှင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

အဘိုးအိုက မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာပေါ်တွင် မယုံနိုင်လောက်အောင် လေးနက်သော အမူအရာ ပေါ်လာသည်။ သူ့မျက်လုံးထဲတွင် စုမင်၏ကျင့်ကြံဆင့်က မဟာမြေကြီးဆင့်သာရှိသော်လည်း ဤလူမှာ မီးတောင် တွင် ကျင့်ကြံ နေသူဖြစ်သည်။ ထို့ကြောင့် စုမင်သိရန်လိုအပ်‌နေသည့်အရာများကို

ပြောပြရန် အချိန်ကိုက်ပင်ဖြစ်သည်။

အထူးသဖြင့် မီးတောင်မှ ဟိန်းဟောက်သံကိုကြားရပြီး ကြက်သွေးရောင်ဖီးနစ်သားရဲက သူ့ခန္ဓာကိုယ်ကို စူးစူးစိုက်စိုက်ကြည့်ရန် ခေါင်းမော့လိုက်သည်။ ထို့စဉ် အဘိုးကြီး၏ နှလုံးသားက ပြုတ်ကျမတတ် တုန်ယင်နေလေသည်။

သူက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ထို့နောက်သူက စုမင်ဆီသို့ လက်သီးကို လက်ဖဝါးဖြင့် ပတ်ဟန်ပြုရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

“ကျုပ်က ချီပေရှန်ပါ...မင်းရဲ့ကျင့်ကြံမှုကို နှောင့်ယှက်မိသွားပြီး သခင်လေး..ဒီဟာက လက်ဆောင်လေးတစ်ခုပါ..မင်းကို လုံလောက်တဲ့ လေးစားမှု မပြနိုင်ပေမဲ့ မင်းငါ့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်”

နတ္ထိအနှစ်သာရနယ်မြေမှလူများမှာ ခက်ခဲကြမ်းတမ်းသောဤပတ်ဝန်းကျင်တွင် နေထိုင်ရသောကြောင့် အရာရာကိုပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။ သူတို့က ပြိုင်ဘက်ကို ချေမှုန်းရန် လုံးဝ (သို့) ယုံကြည်မှု အပြည့်အ၀ မရှိပါက တိုက်ခိုက်မည်မဟုတ်ပေ။

အဘိုးကြီး၏အမြင်တွင် စုမင်က မဟာမြေကြီးကျင့်ကြံဆင့်တွင်ရှိသော်လည်း ထိုကျင့်ကြံသူမျိုးက သူ့နောက်လိုက်၏ ခန္ဓာကိုယ်ကို ပြာအဖြစ်သို့ လျှော့ချနိုင်မည်ဟု သူမယုံခဲ့ပေ။ ထို့အပြင်

ယွဲ့ဟုန်ပန့်၏ လေးစားမှုနှင့် စိတ်လှုပ်ရှားမှုများအပြင် စုမင်၏

ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများကြောင့် အဘိုးအိုက သတိကြီးကြီးထားပြီး ပဋိပက္ခကိုရှောင်ရှားရန် ရွေးချယ်ခဲ့၏။

အဘိုးအိုက ပြုံးရင်း ညာလက်ကို မြှောက်လိုက်ကာ သိုလှောင်အိတ်ထဲက အညစ်အကြေးများနှင့် ပြည့်နေသော သလင်းကျောက်ကို ချက်ချင်းထုတ်လိုက်သည်။သူက ကျောက်တုံးကို မြေပြင်ပေါ် ချလိုက်ပြီး ချက်ချင်း နောက်ပြန်ဆုတ်သွားလေ၏။

“သခင်လေး.. မင်း သူ့ကို သွားခွင့်မပေးသင့်ဘူး..သူထွက်သွားတာနဲ့ ဒီနေ့အဖြစ်အပျက်ကို သူ့အဖွဲ့ခေါင်းဆောင်ကို သေချာပြန်ပြောလောက်တယ်..ဒီလူရဲ့ ဂူအိမ်က အပြာရောင် ကျောက်တုံးတွေနဲ့ လုပ်ထားတာ..ကျုပ်က အဲဒီနေရာကို မင်းအတွက် သွားစစ်ဆေးခဲ့တာ..”

ယွဲ့ဟုန်ပန့်က အဘိုးကြီးထွက်သွားတာကို မြင်သည်နှင့် စုမင်ထံ အရေးတကြီးတင်ပြလိုက်သည်။

အဘိုးအို၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာကာ မဆိုင်းမတွပင် နောက်ပြန်ဆုတ်လိုက်သည်။ သူ့ဘေးနားရှိ အမျိုးသမီးကလည်း ကြောက်လန့်တကြားဖြင့် ဆုတ်ခွာသွားကာ သူတို့က မီးတောင်မှ လျင်မြန်စွာ ထွက်ခွာသွားသော အလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွား၏။

စုမင်က သူတို့နောက်ကို မလိုက်ဘဲ အမြန်ထွက်သွားခွင့်ပေးလိုက်သည်။ သူတို့က မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသောအခါ ယွဲ့ဟုန်ပန့်၏မျက်နှာသည် မယုံနိုင်လောက်အောင် မည်းမှောင်သွားသည်။ သို့သော်လည်း သူက စုမင်ကို ကြည့်လိုက်သောအခါ သူ့မကျေနပ်ချက်များကို အတင်းအကျပ် နှိမ့်ချကာ ပြောလေသည်။

“မင်းလိုအပ်တဲ့ အပြာရောင်ကျောက်တုံးတွေက ဒီနေရာတဝိုက်မှာ ရှားပါးလာတယ်..မင်းရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ငါ့ရဲ့အပေါင်းအဖော်တွေကိုအဝေးကနေရာတွေဆီ စူးစမ်းဖို့ ခေါ်သွားခဲ့တယ်..ချီ‌ ပေရှန်ရဲ့ လှိုဏ်ဂူက ဒီနေရာနဲ့ သိပ်မဝေးဘူး.. အပြင်မှာ အပြာရောင်ကျောက်တုံးတွေအများကြီးတွေ့တယ်..သူ့လိုဏ်ဂူထဲက အပြာရောင်ကျောက်တုံးတွေကိုလည်း တူးရမယ်...”

“သူ့ရဲ့ ဂူအပြင်ဘက်မှာ မှော်အစီအရင်တစ်ခုရှိနေတာတော့ နှမြောစရာပဲ..အဲဒီနေရာကို လိုက်သွားတော့ ငါ့အဖော်တွေ အားလုံး သူ့လက်ထဲမှာ သေဆုံးသွားခဲ့တယ်... မင်း အခု မတိုက်ခိုက်ရင် ကျုပ်လည်း သေမှာပဲ”

ယွဲ့ဟုန်ပန့်၏ မျက်နှာက ဖြူဖျော့နေ၏။ သူ့ဒဏ်ရာများက ပြင်းထန်နေပြီး သူစကားပြောနေချိန်မှာ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

စုမင်က ယွဲ့ဟုန်ပန့်ကို အေးစက်စွာ ကြည့်နေသည် ။ယခုဆို ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့်ဤလူမှာ မယုံနိုင်လောက်အောင် သနားစရာကောင်းသောအနေအထားကို ရောက်နေလေပြီ။

“မင်းအတွက် ငါ့နောက်လိုက်ဖြစ်ဖို့ တကယ်အရေးကြီးသလား”

စုမင်က ပြတ်ပြတ်သားသား မေးလိုက်သည်။ထိုစဉ် စုမင်၏ စကားများက ယွဲ့ဟုန်ပန့်ပြောသည့်စကားနှင့် လုံးဝအမြီးအမောက်မတည့်ပေ။

သို့သော် သူပြောသည့်အခိုက်တွင် ယွဲ့ဟုန်ပန့်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူ ခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်နှာမှာ ရွှင်မြူးနေသော အမူအရာ ပေါ်လာ၏။ သူက စုမင်ကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။

“ကျုပ်..ယွဲ့ဟုန်ပန့်...မင်းရဲ့နောက်လိုက်ဖြစ်ပြီး မင်းကိုခစားဖို့ ဆန္ဒရှိပါတယ်..ဒါဆို ကျုပ် မင်းအတွက် အပြာရောင်ကျောက်တုံးတွေအများကြီး ရှာပေးပါ့မယ်..သခင်လေး...”

“ငါ့နောက်လိုက်ဖြစ်လာဖို့ မင်းနဲ့အရင်သိကျွမ်းဖူးတဲ့လူတွေကို တယောက်ပြီး တယောက်သေအောင်လုပ်နေတာပဲ... နောက်ဆုံးလူက မင်းဘာဖြစ်နေမှန်းကိုမသိဘဲ အခုပဲသေသွားပြီ”

စုမင်က ယွဲ့ဟုန်ပန့်ကို ကြည့်ရင်း တည့်တိုးပြောလိုက်သည်။

ယွဲ့ဟုန်ပန့်က တုန်လှုပ်သွားပြီး နောက်တစ်ကြိမ် ပြုံးပြလိုက်သည်။ သူစကားပြောခါနီးတွင် စုမင်က စကားဖြတ်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တခြားသူတွေက အလောင်းတွေ ပို့ခဲ့တယ်.. ဒါပေမဲ့ မင်းက အပြာရောင် ကျောက်တုံးတွေ ပို့ပေးခဲ့တယ်.. ဒီတစ်ခါတော့ မင်း အကူအညီ တောင်းတဲ့အခါ မင်းတွေ့တဲ့ လိုဏ်ဂူက ငါလိုနေတဲ့ကျောက်တုံးတွေနဲ့ လုပ်ထားလို့ ကူညီပေးခဲ့တာ...”

စုမင် ပြောသောစကားတိုင်းတွင်

ယွဲ့ဟုန်ပန့်၏အမူအရာက တဖြည်းဖြည်း ဖြူဖျော့လာသည်။

“တကယ်တော့ မင်းက အဘိုးအိုကို သူ့မှော်အစီအရင်ထဲက အလိုလိုထွက်လာအောင် ရန်စခဲ့တာဖြစ်မယ်.. မင်းရဲ့ ပန်းတိုင်က သူ့ကို မျှားခေါ်ဖို့ပဲ..မင်းရဲ့အကြံအစည်ဆယ့်ပုံခုနှစ်ပုံက အစစ်အမှန်ဖြစ်ပြီး သုံးပုံကတော့ ကြိုကြံစည်ထားတာပဲ...”

စုမင်၏ အကြည့်က မာကြောခက်ထန်နေလေသည်။ ထိုအချိန်တွင် ယွဲ့ဟုန်ပန့်က သနားညှာတာမှုကင်းသော မျက်လုံးများကို မြင်လိုက်ရပြီး သူ့နှလုံးသား တုန်လှုပ်သွားသည်။ သူ့မျက်နှာက ဖြူဖျော့သွားကာ သူ့နှလုံးသားထဲတွင် တစ်ခါမှမပေါ်ဖူးသော လေးစားမှုတစ်ခုက သူ့အတွင်း၌ ရုတ်တရက် ပေါက်ဖွားလာခဲ့၏။

စုမင်က သူ့အကြံအစည်အားလုံးကို မပြောနိုင်သော်လည်း သူပြောခဲ့သမျှက သူ့နှလုံးသားကို အေးခဲသွားစေသည်။ အမှန်တော့ သူက ဤအရာများကို ရည်ရွယ်ချက်ရှိရှိ ဖြစ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

“သ..သခင်လေး..”

ယွဲ့ဟုန်ပန့်၏စကားများက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး သူစကားမဆုံးခင် စုမင်က စကားဖြတ်ပြောလိုက်သည်။

“မင်းအသက်ကို ကာကွယ်ဖို့ ကျန်နေသေးတဲ့ ပစ္စည်းအားလုံးကို ထုတ်လိုက်”

စုမင်က အေးစက်စွာ ပြောလိုက်သည်။

ယွဲ့ဟုန်ပန့်က တိတ်ဆိတ်သွားလေ၏။ ခဏအကြာတွင် သူ့ရင်ဘတ်ထဲ နှိုက်ကာ စုမင်ကို အနက်ရောင်ဝါးဆစ် ထုတ်ပေးလိုက်သည်။

“သခင်လေး.. မင်းက ဉာဏ်အမြော်အမြင်ကြီးပါပေတယ်..ကျုပ်ရဲ့အကြံအစည်တွေကို လုံးဝဖုံးမထားနိုင်ခဲ့ဘူး.. ဒါက ငါ့ဘိုးဘေး ချန်ထားခဲ့တဲ့ အမွေအနှစ်ပါ..အဲဒါက အင်ပါယာယင်ရဲ့ဝါးဆစ်လို့ခေါ်တယ်..အဲဒါကိုသုံးလိုက်ရင်

ဝါးတစ်သောင်းနဲ့ လုပ်ထားတဲ့ ဒိုင်းတစ်ခုအဖြစ် ချက်ချင်းပြောင်းသွားနိုင်တယ်...ပြီးတော့ လောကမှော်ယာဉ်ပျံအရှင်သခင်တွေကိုတောင် ချိပ်ပိတ်နိုင်တယ်...”

ယွဲ့ဟုန်ပန့်က စုမင်ကို အနက်ရောင်ဝါးဆစ်ကို ပေးရင်း လေးလေးစားစားကြည့်လိုက်သည်။

“အရင်တုန်းက ချီပေရှန်က ကျုပ်ကိုအရှက်ရစေပြီး သတ်လုနီးပါးပဲ..ကျုပ်မှာ သူ့အပေါ် အငြိုးအာဃာတတွေရှိတယ်..ဒါ့ကြောင့် သူ့ကို ဒီနေရာရောက်အောင် မျှားခေါ်ခဲ့တယ်..သူ့ကိုသတ်ဖို့ မင်းရဲ့အကူညီကို လိုအပ်ခဲ့တာ...”

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ.

ငါက မင်းရဲ့ဖြစ်တည်မှုကို ဘယ်သူမှမသိစေဖို့.. ဘယ်သူမှသတိမထားမိအောင်လို့ ကျုပ်နောက်လိုက်တွေကို သေချာမှာခဲ့တယ်...”

“ဒါနဲ့ ကျုပ်တို့ရဲ့ဆက်ဆံရေးကို ပိုကောင်းအောင်လုပ်ပြီး မီးလျှံဂြိုဟ်မှာရှိတဲ့ မင်းရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်တစ်စိတ်တစ်ပိုင်းဖြစ်ချင်တယ်”

ယွဲ့ဟုန်ပန့်က အသံတိုးတိုးလေးနှင့်ပြောပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

“ဒါပေမဲ့ ကျုပ် မင်းကို ဒုက္ခမပေးချင်ခဲ့ဘူး.. ကျုပ်လုပ်ခဲ့သမျှက မင်းရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ဖို့ပဲ..ကျေးဇူးပြုပြီး မင်းရဲ့ တိုက်ရိုက်သားမြေးဆက်ဖြစ်ခွင့်ပေးပါ သခင်လေး”

ထိုသို့ပြောပြီးနောက် ယွဲ့ဟုန်ပန့်က ခေါင်းငုံ့လိုက်သည်။

“ဒီနေရာကို နှင်ထုတ်ခံရတဲ့ အသူရာပထမမျိုးဆက်တွေအားလုံးမှာ စစ်မှန်တဲ့‌ လောကကြီးလေးခုကို သတိထားစေတဲ့အရာတစ်ခုရှိတယ်..မင်းရဲ့ကျင့်ကြံဆင့်က မမြင့်ဘူးလို့ထင်ရပေမဲ့ မင်းရဲ့စစ်မှန်တဲ့စွမ်းအားက ထူးကဲတယ်လို့ ငါယုံကြည်တယ်...”

“အသူရာပထမမျိုးဆက်တွေအားလုံးရဲ့စွမ်းအားကြောင့် နတ္ထိအနှစ်သာရနယ်မြေမှာရှိတဲ့လူတွေရဲ့မျက်စိကျခြင်းကိုခံရပြီး ကိုယ့်ဘက်တော်သားတွေဖြစ်အောင်လုပ်ကြတယ်..ပြီးတော့ အသူရာပထမမျိုးဆက်တွေကပဲ ဒီနေရာမှာ မိသားစုနဲ့အခြေချလို့ရတယ်..”

“ကျုပ်က အသုံးမဝင်တဲ့သူတော့ မဟုတ်ဘူး..ကျုပ်က မင်းရဲ့တိုက်ရိုက်သားစဉ်မြေးဆက်မဖြစ်ခင် မင်းအကြောင်းကို အပြင်လူမသိစေချင်ဘူး.. ဟိုအရင်က လုပ်ခဲ့သမျှ နဲ့ ဒီအဘိုးအိုကို မျှားခေါ်တဲ့လုပ်ရပ်က စမ်းသပ်ကြည့်ရုံပဲ.. ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်ပေးလိုက်ပါ”

ယွဲ့ဟုန်ပန့်က သနားကမားရုပ်ဖြင့် ပြောလိုက်သည်။

စုမင်က ယွဲ့ဟုန်ပန့်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်သည်။ ထို့နောက် စုမင်က မီးတောင်ထဲကို ဝင်သွားပြီး ကျောက်ရည်ပူထဲသို့ တဖြည်းဖြည်းနစ်မြုပ်သွားသည်။ စုမင်၏ လုပ်ရပ်ကြောင့် ယွဲ့ဟုန်ပန့် ၏ နှလုံးသားထဲတွင် နာကျင်မှုများ တိုးလာသည်။ သူ့ရင်ထဲမှ သက်ပြင်းချလိုက်ပြီးအနည်းငယ် စိတ်ဓာတ်ကျနေချိန် စုမင်ကရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်သည်။

“ချီပေရှန်ရဲ့ ဂူက အပြာရောင်ကျောက်တုံးတွေနဲ့ တကယ်လုပ်ထားတာလား..”

“ကျုပ် သေချာတော့မသိဘူး..ဒါပေမဲ့ အဲလိုဖြစ်နိုင်တယ်..ဘာလို့ဆို သူ့ရဲ့ ဂူပတ်ဝန်းကျင်မှာ ပြန့်ကျဲနေတဲ့ ဒီအပြာရောင် ကျောက်တုံး ပမာဏဟာ မယုံနိုင်လောက်အောင် များပြားနေတယ်..”

ယွဲ့ဟုန်ပန့်၏ စိတ်ဓာတ်များ တက်ကြွလာပြီး စုမင်၏မေးခွန်းကို ဖြေရန် ချက်ချင်း ခေါင်းမော့လိုက်သည်။

စုမင်၏ အမူအရာက ခက်ထန်မြဲပင်ဖြစ်၏။ သူက နောက်ထပ်မေးခွန်းဆက် မမေးတော့ဘဲ သူ့ခန္ဓာကိုယ်က မီးတောင်ထဲသို့ ပျောက်ကွယ်သွားလေသည်။ယွဲ့ဟုန်ပန့်၏နှလုံးသားထဲတွင် မသေချာမရေရာမှုများ ပေါ်လာသည်။ စုမင်၏ အတွေးများကို သူ မခန့်မှန်းနိုင်ပေ။ ထိုအချိန်တွင် သူက မီးတောင်ဝတွင် တင်ပျဉ်ခွေထိုင်ကာ အညစ်အကြေးများနှင့် ပြည့်နေသော သလင်းကျောက်များစွာကို ထုတ်ယူလိုက်သည်။ သူ၏ဒဏ်ရာများကို သက်သာပျောက်ကင်းစေရန်

အသက်ရှုသွင်းလိုက်သည်။ သူ့စိတ်ထဲတွင် အတွေးများစွာရှိနေသော်လည်း စုမင်၏ခြေလှမ်းများကို မခန့်မှန်းနိုင်ပေ။

စုမင်၏အကြည့်များက စူးရှနေပြီး ကျောက်ရည်ပူထဲသို့ ငုံ့ကြည့်လိုက်သည်။ မကြာမီ သူ့ခန္ဓာကိုယ်က ကျောက်ရည်ပူထဲသို့ လုံးလုံးနစ်မြုပ်သွားပြီး ဧရာမ ကြက်သွေးရောင်သားရဲကလည်း ဟိန်းဟောက်ကာ ပျံထွက်လာသည်။ စုမင်က သားရဲ၏ခေါင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ညာလက်ကိုသားရဲ၏ခန္ဓာကိုယ်ပေါ်တွင် တင်ထား၏။သူ၏အခြေတည်ဝ်ညာဉ်ကို သားရဲ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန်အတွက် ဖြန့်ကျက်ထား၏။

ဧရာမကြက်သွေးရောင်သားရဲက ဟိန်းဟောက်သံနှင့်အတူ အထက်သို့ တဟုန်ထိုး ခုန်တက်သွား၏။ ကြီးမားသောအသူရာ ဖိအားက ယွဲ့ဟုန်ပန့်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကို ချက်ချင်းပင်ဖြစ်စေသည်။

ထိပ်ပြောင်သောကြိုးကြာငှက်က အဝါရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သားရဲ၏ခန္ဓာကိုယ်ပေါ်သို့ ဂရုတစိုက်ဆင်းသက်ကာ စုမင်၏အနားတွင် ပေါ်လာသည်။ ၎င်း၏လက်ရှိအသွင်အပြင်မှာ ခွေးအသွင်ဖြစ်ပြီး ၎င်းက လျှာတစ်လစ်ထုတ်ရင်း နေရာအနှံ့ကြည့်နေလေသည်။

“လမ်းပြ..”

စုမင်က အေးစက်စွာပြောသည်။

ယွဲ့ဟုန်ပန့်ကလည်း ချက်ချင်း ခုန်တက်လာပြီး စုမင်ကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက ဘေးပတ်လည်ကိုကြည့်ရင်း သတ်ဖြတ်လိုစိတ်များ တောက်ပလာသည်။

စုမင်က သူ့အောက်ရှိကြက်သွေးရောင်သားရဲကို ပုတ်လိုက်သည်။ ရက်စက်သော ဧရာမသားရဲက တခဏမျှ တုံ့ဆိုင်းသွားကာ လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။ ၎င်းက အပြင်သို့ ပေတစ်သောင်းကျော်အထိ မပျံသန်းနိုင်မီတွင် အပြာရောင်အလင်းတန်းတစ်ခုက မြေပြင်မှ ထွက်ပေါ်လာပြီး ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ သားရဲက ကြောက်လန့်တကြား အေးခဲရပ်တန့်နေပြီး ၎င်း၏မျက်နှာပေါ်တွင် သတိထားမှု ပေါ်လာသည်။

“ကြိုးကြာငှက်...”

စုမင်က ထိုအရာကို မအံ့သြပေ။ သူက ငှက်ကို တစ်ချက်ကြည့်လိုက်သည်။

ငှက်က ပျံတက်သွားပြီး ဤနေရာ၌ တံဆိပ်ခတ်ထားသည့် အပြာရောင်အလင်းတန်းအဖြစ် ထိတိုက်လိုက်သည်။ ခဏအကြာတွင် ၎င်း၏ခန္ဓာကိုယ်က တုန်ယင်လာပြီး အနက်ရောင်နဂါးကိုးကောင်၀တ်ရုံဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက မျက်လုံးမှိတ်ပြီး မှော်အစီအရင်ကို ခပ်အုပ်အုပ် အော်ဟစ်လိုက်သည်။

“ဖွင့်လော့...”

ထိုစကားတစ်ခွန်းဖြင့် အလင်းအပြာရောင်မျက်နှာပြင်က ချက်ချင်းတုန်လှုပ်သွားပြီး အက်ကြောင်းတစ်ခုပေါ်လာသည်။ ကြက်သွေးရောင်သားရဲ၏ မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှားဖွယ် ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းက အက်ကွဲကြောင်းကိုဖြတ်သွားသော အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

သားရဲငယ်‌လေးက ထွက်မလာခဲ့ပေ။ ၎င်းက မီးတောင်ကနေ စုမင်ကိုကြည့်ရင်း စူးရှစွာဟိန်းဟောက်ခဲ့သည်။ ထိပ်ပြောင်ကြိုးကြာငှက်က အနည်းငယ် လန့်ဖျပ်သွားပြီးနောက် သားရဲကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ရပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကြက်သွေးရောင်သားရဲက အပြာရောင် အလင်းတန်းမှ ပျံထွက်သွားပြီး ကြက်သွေးရောင်မီးလျှံဂြိုဟ်အများစုကို တုန်လှုပ်စေသော ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်သည်။ ပေပေါင်း သောင်းနှင့်ချီ၍ ကြီးမားသော ၎င်း၏ခန္ဓာကိုယ်ကြီးက ရာသီဥတုကို ပြောင်းလဲစေခဲ့သည်။ ၎င်း၏အမှတ်တရတွင် ယခုလိုပျံသန်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်… မီးတောင်ပတ်လည် ပေတစ်သောင်းအကွာမှ ပျံသန်းသွားခြင်းဖြစ်၏။

သားရဲ၏ဟိန်းဟောက်သံကြားသော် စုမင်က တင်ပျဉ်ခွေထိုင်လိုက်သည်။ ယွဲ့ဟုန်ပန့်၏မျက်နှာတွင် ယခင်က တစ်ခါမျှ မပေါ်ခဲ့ဖူးသော စိတ်လှုပ်ရှားမှု ပေါ်လာသည်။ သူ လောင်ကြေးထပ်ခဲ့သောအရာကို သူနိုင်ခဲ့ဖူးလေပြီ။

“လမ်းပြပါ...

“နားလည်ပါပြီ သခင်လေး...”

All Chapters