← Chapters

မီးလျှံဂြိုဟ်ရဲ့နတ်ဘုရား

Vol. 55 Ch. 755

မီးလျှံဂြိုဟ်ရဲ့နတ်ဘုရား

Vol. 55 Ch. 755

စုမင်က ခံစားချက်မဲ့သောမျက်နှာဖြင့် သားရဲကြီး၏ခန္ဓာကိုယ်ပေါ်တွင် ထိုင်နေ၏။ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်သောလေထုက သူ့အား ဝိုင်းရံထားလေသည်။ သူ့ပတ်ဝန်းကျင်မှာ

ရေခဲနှင့် နှင်းများ ရှိနေသလို ခံစားချက်ကို ပေးစွမ်းခဲ့သည်။

သို့သော်လည်း ကြက်သွေးရောင်သားရဲ၏ခန္ဓာကိုယ်မှ ပျံ့နှံ့နေသော အပူက ထိုအေးခဲမှုနှင့် ရောနှောကာ လူတို့၏ အမြင်အာရုံကို လွဲမှားသွားစေသည့် ထူးဆန်းသော လှည့်ဖြားမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့ပြင် စုမင်၏ လျှို့ဝှက်ဆန်းကြယ်မှုလှိုင်းအလွှာတစ်ခုလည်း ထပ်တိုးလာခဲ့သည်။

ယွဲ့ဟုန်ပန့်က ရှေ့သို့ တိုးလာ၏။ သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန် ခက်ခဲပြီး သူ့မျက်နှာပေါ်တွင် ဘူးပေါ်သလို ပေါ်လာသည်။ သူက မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် ခရီးဆက်ခဲ့၏။ ထို့နောက် ရန်သူ၏ခိုနားရာနေရာဖြစ်သည့်ချီပေရှန်၏ဂူသို့ ဦးတည်သောအလင်းတန်း ရှည်အဖြစ် ပြောင်းလဲသွားသည်။

ကြက်သွေးရောင်သားရဲက ဝမ်းသာအားရဟိန်းဟောက်လိုက်သည်။ ၎င်း၏ဟိန်းဟောက်သံတွင် နှစ်ပေါင်းများစွာ ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရပြီးနောက်ရရှိသော လွတ်လပ်မှုနှင့် ပျော်ရွှင်မှုတို့ပါရှိ၏။

သားရဲကြီး သတိပြန်ရပြီးကတည်းက ပေတစ်သောင်းကျော် အကွာအဝေးကို

မပျံသန်းနိုင်ဘဲ ထိုမီးတောင်ထဲမှာ ချိပ်ပိတ်ခံခဲ့ရသည်။ ထိုချိပ်တံဆိပ်က သားစဉ်မြေးဆက် တည်တံ့သော လှောင်အိမ်နှင့်တူ၏။ စုမင်သာ မလာပါက ၎င်းက အပြင်သို့ ခြေတစ်လှမ်းမျှ မရွေ့နိုင်ဘဲ ထိုနေရာ၌ ထာဝရ ချိတ်ပိတ်နေပေလိမ့်မည်။

စုမင် ရောက်ရှိလာခြင်းက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပြီး ဖီးနစ်သားရဲ ဆက်လက်ရှင်သန်ရမည့်ဘဝကို ပြောင်းလဲပစ်ခဲ့သည်။သို့ပေမဲ့ ငှက်၏လုပ်ဆောင်ချက်က ပို၍ကြီးမားသည်ဟု ပြောနိုင်လေသည်။

ဖီးနစ်သားရဲကြီး ဟိန်းဟောက်နေစဉ် မီးလျှံဂြိုဟ်တစ်ခုလုံး လှိုင်းဂယက်ထကာ တုန်လှုပ်သွားလေသည်။ ဟိန်းဟောက်သံများက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေကာ အရပ်ရပ်သို့ ပဲ့တင်ထပ်စေသည်။ ဤဂြိုဟ်ပေါ်တွင် နေထိုင်သူများနှင့်မီးလျှံဂြိုဟ်ရှိချိပ်ပိတ်ခံထားရသည့်ရက်စက်ကြမ်းကြုတ်သော သားရဲအပေါင်းတို့၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။ ၎င်းတို့လည်း ခဏတာ အံ့အားသင့်သွားပြီးနောက် ပြန်ဟိန်းဟောက်လိုက်ကြသည်။

မီးလျှံဂြိုဟ်၏နေရာတိုင်းမှ ဟိန်းဟောက်သံများက ကုန်းမြေတစ်လျှောက် ထွက်ပေါ်လာခဲ့သည်။ ဤအဖြစ်အပျက်ကြောင့် ဂြိုဟ်ရှိကျင့်ကြံသူများ၏အမူအရာ ပျက်ယွင်းသွားလေသည်။ သူတို့၏ထိတ်လန့်နေစဉ် မည်သည့်အရာမျိုးဖြစ်ပျက်သွားသည်ကို မခန့်မှန်းနိူင်ကြပေ။

အကယ်၍ ကောင်းကင်မှ ဆင်းသက်လာသော ဖိအား သို့မဟုတ် မြင့်မြတ်သောနတ်ဘုရား အာရုံမရှိပါက အရပ်ရပ်မှ ထွက်ပေါ်လာသော ဤအဆက်မပြတ် ဟိန်းဟောက်သံမျိုးမှာ စစ်မှန်သောလောက၏အစောင့်များ ရောက်လာပြီဟု ထင်စေမည်။

ထိုခဏတွင် နတ်ဘုရားများ(သားရဲများ)ကိုယဇ်ပူဇော်လိုသောလူအချို့က

တုန်လှုပ်ခြောက်ခြားလျက် ရှိကြသည်။အကြောင်းမှာ သူတို့၏နတ်ဘုရားများက

ပူဇော်သက္ကာများကို မကြည့်တော့ဘဲ ချိပ်တံဆိပ်ခတ်ထားသည့်နေရာသို့ပျံသန်းသွားသည်။ ထို့နောက် ၎င်းတို့က

မြောက်ဘက်ကောင်းကင်ယံသို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။

ထိုဟိန်းဟောက်သံများအတွင်း၌ မနာလိုစိတ်နှင့် ရူးသွပ်မှုများ ရှိနေသည်။ သားရဲများက လှောင်အိမ်ထဲတွင် ရုတ်တရက် သော့ခတ်ခံထားရသော လူအုပ်စုနှင့် တူညီ‌လေ၏။သို့သော်လည်း ယခုအခါ ၎င်းတို့၏ အဖော်တစ်ဦးက လှောင်အိမ်ထဲမှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။

ထို့အတွက်ကြောင့် သားရဲတို့ဧ။်ရူးသွပ်မှုက ကြက်သွေးရောင် မီးလျှံဂြိုဟ်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အခြားနေရာရှိ ကျင့်ကြံသူအားလုံး၏ ထိတ်လန့်တုန်လှုပ်နေပြီး အကြံအိုက်နေပုံ နှင့်နှိုင်းယှဉ်ပါက မြောက်ပိုင်းရှိ ကျင့်ကြံသူများက ကောင်းကင်ယံတွင်အရှိန်တင်နေသော ဧရာမခန္ဓာကိုယ်ကြီးကို ခေါင်းမော့ကြည့်လိုက်ကြသည်။

၎င်းမှာ ဖီးနစ်ဦးခေါင်းကို ပိုင်ဆိုင်ပြီး ပေထောင်ပေါင်းများစွာရှည်လျားသော ကြက်သွေးရောင်ဖီးနစ်သားရဲ ဖြစ်သည်။ ၎င်းက ကောင်းကင်မှာ ပျံသန်းရင်းဟိန်းဟောက်နေသောကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများက လောကကြီးကို ဇောက်ထိုးပြောင်းသွားအောင် လုပ်လိုက်သလိုပင်ဖြစ်၏။ မြင်သူတိုင်း၏စိတ်ခံစားချက်ကို ဗလောင်ဆူအောင်လုပ်နေလေသည်။

“အဲဒါက မီးတောင်ထဲက ကြက်သွေးရောင်ဖီးနစ်သားရဲလား..”

“ဒါက ကျုပ်တို့အမြင်မှားတာလား...ဒါ မဖြစ်နိုင်ဘူး..မီးလျှံဂြိုဟ်ရဲ့မှတ်တမ်းတွေအရတော့ ဂြိုလ်သားမျိုးနွယ်တွေရဲ့ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေက သူတို့ရဲ့ လိုဏ်ဂူတွေကနေ ပေတစ်သောင်းကျော်အကွာအဝေးကို ဖြတ်မသွားနိုင်ဘူး..”

“စစ်မှန်တဲ့လောကကြီးလေးခုက နတ်ဘုရား(သားရဲ)တွေရဲ့ဂူအပြင်ဘက်မှာ ချိပ်တံဆိပ်တွေခတ်ထားခဲ့တာ... ချိပ်စည်းကိုချိုးဖောက်ဖို့မဖြစ်နိုင်ဘူး..ဘယ်လိုနည်းလမ်းနဲ့ထွက်လာခဲ့တာလဲ...”

“သားရဲကြီးရဲ့ခေါင်းပေါ်မှာထိုင်နေတဲ့ လူတစ်ယောက်ရှိတယ်...အဲဒါဘယ်သူလဲ..”

မြောက်ဘက်ရှိမြေပြင်တွင်ကျင့်ကြံသူများက စုမင်ကိုမြင်သောအခါ သူတို့၏ ရုတ်ရုတ်သဲသဲ အော်ဟစ်သံများက အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ သူတို့၏ အော်ဟစ်သံများတွင် မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုများ ပါဝင်ပြီး သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သော အကြည့်များ ရှိနေလေ၏။

ကြက်သွေးရောင်ဖီးနစ်သားရဲက ၎င်း၏ခေါင်းကို မော့ကာ ကောင်းကင်ယံတွင် ဟိန်းဟောက်ပြီးနောက် ပို၍ပင် လျင်မြန်စွာ ပျံသန်းခဲ့သည်။ကြိုးကြာငှက်က သူ့ကိုယ်သူ ဂုဏ်ယူကာ အမျိုးမျိုးသောအမူအရာဖြင့် ဆက်လက် ရပ်နေလေသည်။ လူအုပ်ထဲမှ အရူးအမူးပြောဆိုသံများက သူ့ကြောင့်ဟု ခံစားခဲ့ရသည်။

စုမင်၏မျက်နှာမှာ သနားညှာတာမှုကင်းမဲ့နေလေသည်။ သူ မျက်လုံးမှိတ်ထားပြီး

စူးစူးရှရှ အကြည့်များကို ဖုံးကွယ်ထားသော်လည်း သူ့ခန္ဓာကိုယ်ထဲက ပျံ့နှံ့လာအအေးဓါတ်ကို ထိန်းချုပ်ရန်ခက်ခဲနေလေသည်။

သို့သော် သူ့အား စိတ်အလှုပ်ရှားဆုံးအရာမှာ ကြက်သွေးရောင်သားရဲ ပျံသန်းနေချိန်တွင် ကျင့်ကြံသူများက ကောင်းကင်သို့ လိုက်ပါပျံတက်သွားသည် သို့မဟုတ် မြေပြင်မှ လိုက်ပြေးခြင်းပင်ဖြစ်သည်။ ဤရက်စက်ကြမ်းကြုတ်သော သားရဲရှိ၏ဦးတည်ရာကို သူတို့ သိချင်နေလေ၏။

မူလက ကျင့်ကြံသူအားလုံးက ဤစပ်စုချင်စိတ်ကိုဖိနှ်ိမ်ထားသော်လည်း ယခုအချိန်တွင် မည်သူမျှ အတင်းဖိနှိမ်မထားတော့ပေ။ သူတို့က သလင်းကျောက်အချို့ကို ဖြုန်းတီးပစ်ခဲ့သော်လည်း စုမင်တို့နောက်ကို ပြေးလိုက်လာခဲ့သည်။ အကြောင်းမှာ သူတို့၏ နှလုံးသားထဲရှိစပ်စုလိုစိတ်ကို ဖြစ်ပေါ်စေသော ဤဖြစ်ရပ်မျိုးက ရှားပါးသောကြောင့်ဖြစ်၏။

ဤဖြစ်ရပ်က လောကကြီးကို ဇောက်ထိုးပြောင်းလဲသွားစေမည့် ဧရာမအကျိုးသက်ရောက်မှုကို ဆောင်ကျဉ်းလာမည်မှာ ထင်ရှား၏။သူတို့က ထိုအခွင့်အရေးကို လွဲချော်သွားခဲ့ရင် တစ်သက်လုံး နောင်တရနေမှာ သေချာ၏။

ထိုအချိန်တွင် ကြက်သွေးရောင်မီးလျှံဂြိုဟ်ဧ။်အရှေ့ဘက် အမြင့်ဆုံးတောင်ထိပ်ရှိ ကျောက်တုံးအိမ်ကလေးတွင် အဘွားကြီးက တင်ပျဉ်ခွေခိုင်ကာ တရားကျင့်ကြံနေလေသည်။ သူမ၏ မျက်လုံးများ ပွင့်လာပြီး ဖျတ်ခနဲ လင်းလက်လာသည်။ သူမက မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူမအကြည့်က ထိုနေရာသို့ရောက်သွားသောအခါ သူမ၏အမူအရာက လျင်မြန်စွာပြောင်းလဲသွားသည်။ အချိန်တစ်ခုကြာအောင် သူမ အံသြတုန်လှုပ်သွားကာ သူမ၏အမူအရာက မိုးတိမ်တောင်များကဲ့သို့ မည်းမှောင်သွားသည်။ သူမ၏ ညာလက်ကိုပင် မြှောက်လိုက်ပြီး ချိပ်တံဆိပ်တစ်ခုကို အမြန်ဖန်တီးလိုက်သည်။ သို့သော် ခဏအကြာတွင် သူမက အသက်ပြင်းပြင်းရှူရှိူက်ရင်း ခန္ဓာကိုယ် တုန်လှုပ်သွားခဲ့သည်။

‘တစ်ယောက်ယောက်က ချိပ်တံဆိပ်ကို ချိုးဖျက်ပြီး ဖီးနစ်သားရဲကြီးကို အပြင်ထုတ်လိုက်တယ်... သူက ဘယ်သူလဲ.. ချိပ်တံဆိပ်ကို ဘယ်လိုဖျက်လိုက်တာလဲ.. မီးလျှံဂြိုဟ်မှာ ချိပ်တံဆိပ်တွေ နေရာချပြီးကတည်းက ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး...’

အဘွားကြီး၏မျက်လုံးများက တစ်ခုခုကို တွေးနေသကဲ့သို့ ကျဉ်းမြောင်းသွားကြသည်။သူမက လျင်မြန်သောလှုပ်ရှားမှုတစ်ခုလှုပ်ကာ အလင်းတန်းရှည်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မြောက်ပိုင်းဒေသဆီသို့ ဦးတည်ကာ ကောင်းကင်ယံကို ဖြတ်သွားခဲ့သည်။

ထိုအချိန်တွင် မီးလျှံဂြိုဟ်၏ အနောက်ဘက်ရှိ တစ်ခုတည်းသော တောအုပ်တွင် ပြင်းထန်စွာ တုန်လှုပ်နေသော သစ်ပင်ကြီး ရှိသည်။ သစ်ပင်ပင်စည်မှ မျက်နှာအိုကြီး ပေါ်လာပြီး ပင်စည်အတွင်းမှ ဟိန်းဟောက်သံများ ထွက်လာသည်။ တောကြီးတစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်လှုပ်စပြုလာသည်။

ပင်စည်ဘေးမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရပ်နေလေ၏။ သူက အံ့ဩမင်သက်သောအမူအရာဖြင့် မြောက်ဘက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှုရှိုက်ခဲ့သည်။

‘လွန်ခဲ့တဲ့နှစ်တွေက မင်နက်ရောင်ဂြိုဟ် ပြောင်းလဲသွားတုန်းက ဒီလိုမျိုး ဖြစ်ပျက်ခဲ့တာ...မီးလျှံဂြိုဟ်မှာဆိုရင် နတ္ထိအနှစ်သာရနယ်မြေကဒုတိယမြောက် အသွင်ကူးပြောင်းမှု ဖြစ်လာပြီလား...”

‘ဒီလိုဖြစ်နိုင်ပါ့မလား... ဒီတစ်ခါတော့ မီးလျှံဂြိုဟ်က ပြောင်းလဲတော့မှာလား..’

လူလတ်ပိုင်းအရွယ်အမျိုးသား၏ အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားပြီး ခဏအကြာတွင် ကောင်းကင်ပေါ်သို့ ခုန်တက်ကာ မြောက်ဘက်သို့ ဦးတည်သွားခဲ့သည်။

‘စစ်မှန်တဲ့‌ လောကရဲ့အစောင့်တွေ ဒီနေရာကို နောက်တစ်ကြိမ်ကင်းလှည့်တဲ့ အချိန်ရောက်ဖို့ ကိုးနှစ်လိုသေးတယ်... မီးလျှံဂြိုဟ်မှာ ဒီအပြောင်းအလဲကို ဘယ်သူက ဖြစ်စေတာလဲ’

ကြက်သွေးရောင်ဖီးနစ်သားရဲက ချိပ်တံဆိပ်မှ လွတ်မြောက်သွားပြီး ၎င်း၏နောက်ဆက်တွဲ ဟောက်သံများ နှင့် တစ်ချိန်တည်းမှာပင် ၎င်း၏ အော်ဟစ်သံကို တုံ့ပြန်သည့် ပြင်းထန်သော သားရဲများ ကြောင့် ကျင့်ကြံသူအားလုံးက အံ့ဩမင်သက်ခဲ့ရသည်။ သို့သော် သူတို့က ‌မှော်အစီအရင်မှ စွမ်းအားလှိုင်းဂယက်များ ပျံ့နှံ့လာသည်ကို သတိမထားမိခဲ့ပေ။

စုမင်တောင်မှ သတိမထားမိခဲ့ပေ။

ကွင်းဆက်တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စွမ်းအားလှိုင်းလုံးများက မြေပြင်သို့ ပျံ့နှံ့သွားသည်နှင့် မီးလျှံဂြိုဟ်၏ အတွင်းပိုင်းရှိ အဆုံးမရှိသောအဖြူရောင်ချည်မျှင်များထဲမှ တစ်ခုက ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားလေသည်။

ချည်မျှင်တစ်ခုတည်း ကျိုးပျက်သွားခြင်းက ချိပ်တံဆိပ်တစ်ခုလုံးကို မထိခိုက်စေနိုင်သော်လည်း ပြီးပြည့်စုံသောမှော်အစီအရင်တွင် သေးငယ်သော ကွာဟချက်တစ်ခုကို ဖန်တီးထားဆဲဖြစ်သည်။

မီးလျှံဂြိုလ်၏အူတိုင်အတွင်း အဆုံးမဲ့ကျောက်ရည်ပူပမာဏများစွာ ရှိလေသည်။ ကျောက်ရည်ပူ၏အရောင်မှာ

အနီရောင်မဟုတ်ဘဲ ခရမ်းရင့်ရောင် ဖြစ်၏။

ဤခရမ်းရင့်ရောင်ကျောက်ရည်ပူ၏ အလယ်ဗဟိုတွင် နှစ်မြှုပ်ထားသော အရိုးစုတစ်ခုရှိသည်။ ထိုအရိုးစုပေါ်တွင် အသား သို့မဟုတ် အသွေး အရိပ်အမြွက်မျှ မတွေ့ရပေ။ အနက်ရောင်ဓားတစ်ချောင်းက ဦးခေါင်းခွံထိပ်သို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေချိန် ၎င်း၏ခန္ဓာကိုယ်တစ်ဝက်ကို ကျောက်ရည်ပူများက တိတ်တဆိတ် ဖုံးအုပ်ထားသည်။ အခြားဓား ၃ ချောင်းလည်း ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။

သို့သော် အပြင်လောကရှိထိပ်ပြောင်ကြိုးကြာငှက်က စကားတစ်ခွန်း( “ဖွင့်လော့...” ကို ကြွေးကြော်လိုက်ရာ ချိပ်တံဆိပ်မှ ထွက်လာသောလှိုင်းလုံးများက မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဆင်းသွားလေသည်။ ၎င်းက မရေတွက်နိုင်သော အခြားချည်မျှင်များကြားတွင် ချည်မျှင်တစ်ချောင်းကို ချိုးဖြတ်စေခဲ့သည်။ ထိုအခိုက်အတန့်တွင် အရိုးစု၏မျက်လုံးများတွင် မှောင်မဲနေသော အလင်းတန်းတစ်ခု ပေါ်လာသည်။

ထိုအရာက ပထမဆုံးပင်...သူ ဤနေရာမှာ ချိပ်ပိတ်ခံကတည်းက ထိုကဲ့သို့ဖြစ်ရပ်မျိုး မဖြစ်ဖူးပေ။

သူ့မျက်လုံးများထဲတွင် အမှောင်အလင်း တန်းပေါ်လာစဉ် ဂုဏ်ယူဝံ့ကြွားသော ကြိုးကြာငှက်ဧ။်မျက်နှာပေါ်တွင် ကြက်သေသေသောအမူအရာ ပေါ်လာသည်။ ထိပ်ပြောင်ကြိုးကြာငှက်က ခေါင်းကို လျင်မြန်စွာ ငုံ့ကာ မြေပြင်ကို ကြည့်လိုက်သည်။

“ကြက်သွေးရောင်မီးလျှံဂြိုလ်ရဲ့ နတ်ဘုရားလား..ဟမ်.. ဒီပုဂ္ဂိုလ်က ဘယ်သူလဲ...”

ထိပ်ပြောင်ကြိုးကြာငှက်က ခဏတာ အံ့အားသင့်သွားပြီး ခေါင်းကို ကုတ်လိုက်သည်။ သူ ခုနကပြောခဲ့သော စကားများ ကြောင့် သူ့ကိုယ်သူ အံ့ဩသွားပြီးတစ်ခုခုကို သတိရသွားသလို ခံစားရလေသည်။

မည်မျှပင် ခက်ခက်ခဲခဲ စဉ်းစားနေပါစေ အဖြေကို မရနိုင်သောကြောင့် ကြိုးကြာငှက်က ထိုကိစ္စကို မစဉ်းစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအစား သူ့ကိုယ်သူ ဂုဏ်ယူမိပြန်သည်။

စုမင်က မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ဖီးနစ်သားရဲကြီးက မြေတပြင်လုံးအား ဖြတ်သန်းလိုက်သောအခါ သူတို့နောက်ကို လိုက်နေကြသည့်ကျင့်ကြံသူတစ်ရာနီးပါးရှိနေပြီဖြစ်သည်။ထို့ပြင် မြေပြင်ပေါ်တွင် ပြေးလွှားနေကြသူ ရာနှင့်ချီ ရှိခဲ့၏။

ယွဲ့ဟုန်ပန့်၏ ခန္ဓာကိုယ်က တစ်ခဏမျှ အေးခဲသွားပြီး မဝေးလှသော မြေပြင်ကို ငုံ့ကြည့်ရင်း စုမင်အား စိတ်အားထက်သန်စွာ ခေါင်းလှည့်ကြည့်လိုက်သည်။

“သခင်လေး. အဲဒါချီပေရှန်ရဲ့ ဂူအိမ်ပဲ...”

ဤနေရာတွင် အပြာရောင်ကျောက်တုံးအမြောက်အမြား ပြန့်ကျဲနေသော တောင်ကုန်းလေးတစ်ခုရှိသည်။ ကျောက်တုံးများက ဤနေရာရှိ ကျင့်ကြံသူများ အတွက် လုံးဝ အသုံးမဝင်ပေ၊ အထဲမှာ စိတ်ဝိညာဉ်စွမ်းအင်အရိပ်အမြွက်မျှ မပါဝင်သောကြောင့် မည်သူမှ အာရုံမစိုက်ကြပေ။

တောင်ကုန်း၏အလယ်ဗဟိုတွင် ကျဉ်းမြောင်းသောလူလျှောက်လမ်း တစ်ခုရှိသည်။ ထိုအချိန်တွင် ချီပေရှန်နှင့် သူ့ဘေးမှ အမျိုးသမီးကကောင်းကင်ကို ငေးကြည့်နေမိသည်။ ၎င်းတို့နောက်တွင် ကျယ်ကျယ်ဖွင့်ထားသော ဂူပေါက်တစ်ခု၏ တံခါးတစ်ခုရှိပြီး အတွင်းမှ အပြာရောင်အလင်းတန်းများ ပျံ့နှံ့နေသည်ကို မြင်တွေ့နိုင်သည်။

ထိုတောင်ကုန်းလေးကို အပြာရောင်ကျောက်တုံးများနှင့် လုံးဝပြုလုပ်ထားလေ၏။

ချီပေရှန်မှာ တုန်လှုပ်သွားပြီး သူ့အမူအရာမှာ ထိတ်လန့်ကြောက်ရွံ့မှုအပြည့် ရှိနေလေသည်။ သူပြန်ရောက်တာ မကြာသေးပေ။ အပြင်လောကရှိ ထူးဆန်းသည့် ဖြစ်စဉ်ကို သတိပြုမိပြီး မကြာမီတွင် သူ မျက်မှောင်ကြုတ်မိသွားလေသည်။ သူ အသက်ရှုသံ တည်ငြိမ်သွားချိန်တွင်

ဤကိစ္စအား စုံစမ်းစစ်ဆေးရန် ထွက်လာခဲ့သည်။

All Chapters