မင်းအဘိုးကြိုးကြာက ဆုလာဒ်ပေးမယ်
Vol. 55 Ch. 756
ချီပေရှန် မြင်လိုက်ရတာက ကောင်းကင်တွင်ပျံသန်းနေသော ကြက်သွေးရောင်ဖီးနစ်၊ ၎င်းနောက်ရှိအလင်းတန်းတစ်ရာနီးပါးနှင့်မြေပြင်တွင် ပြေးလိုက်လာသူရာပေါင်းများစွာပင် ဖြစ်၏။
ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသည့်တည်ရှိမှုမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဒေါသလှိုင်းများကြားတွင် သူသာလျှင် တစ်ခုတည်းရှိနေသော သင်္ဘောတစ်စင်းလို ခံစားရစေပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေလေ၏။
ဤမြင်ကွင်းက သူ့ကို ရှိုက်ကြီးတငင် အော်ဟစ်ပြီး ဂူထဲကိုပြန်ဝင်ချင်စိတ်ပေါ်သွားစေသည်။ ဤသည်မှာ ယွဲ့ဟုန်ပန့်က သူ့ကို ကလဲ့စားချေပြီး ဖျက်ဆီးရန် ရောက်ရှိလာခြင်းပင်...
သူ့အနေဖြင့် အလျှော့အတင်း လုပ်နိုင်မည့်နည်းလမ်း မရှိခဲ့ပေ။ သူက ယွဲ့ဟုန်ပန့်ကို အရှုံးပေးကြောင်းဝန်ခံလိုက်လျှင်တောင် သူ သေသွားနိုင်သည်။
သူ နောက်ပြန်ဆုတ်ခါနီးမှာ သူ့ဘေးနားက အမျိုးသမီးက မျက်နှာဖြူဖျော့နေလေ၏။ ချီပေရှန်က အမျိုးသမီး၏လက်ကိုဆုပ်ကိုင်ပြီး အပြင်ကို ပြေးထွက်သွားသည်။ ထိုစဉ် အမျိုးသမီးက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူမ၏အသားနှင့် အရိုးများကွဲအက်သွားလေသည်။ ထို့နောက် ချီပေရှန်က အမည်မသိနတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်ပြီး ကွဲအက်သွားသောအသားစများက သွေးအမှုန်အမွှားအလွှာအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖီးနစ်သားရဲနောက်ကလိုက်သော လူရာပေါင်းများစွာက ဤမြင်ကွင်းကို တောက်ပသောမျက်လုံးများနှင့် ငေးကြည့်ခဲ့သည်။
“အဲဒါ ချီပေရှန်ပဲ..သူက ကောင်းကင်ဘုံကျင့်ကြံဆင့်မှာရှိပြီး အသူရာနတ်ဘုရားအောက်မှာရှိတဲ့ အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်ပဲ..ကောင်းကင်ဘုံကျင့်ကြံဆင့်မှာ သူတစ်ယောက်တည်းတော့ မဟုတ်ဘူး.. လမ်းပြနေတဲ့ယွဲ့ဟုန်ပန့်ကလည်း ကောင်းကင်ဘုံကျင့်ကြံဆင့်နားမှာ ရှိနေတယ်..သူတို့နှစ်ယောက်ကြားမှာ အငြိုးအာဃာတတွေရှိနေတယ်ဆိုတာ ထင်ရှားတယ်..ယွဲ့ဟုန်ပန့်က ချီပေရှန်ကို သတ်ဖို့ တစ်ယောက်ယောက်ကိုခေါ်လာတယ်ဆိုတာ သေချာတယ်...”
“ဒါ အခွင့်ကောင်းပဲ..ကြက်သွေးရောင်ဖီးနစ်ပေါ်မှာရှိတဲ့လူက ဘယ်လိုကျင့်ကြံဆင့်မျိုး ရှိတယ်ဆိုတာ စစ်ဆေးလို့ရတယ်..”
ရာနှင့်ချီသောလူများက ဂူပတ်လည်ကို ဝိုင်းရံထားပြီး ၎င်းတို့၏ ဆွေးနွေးမှုများက လေထဲတွင် တဟုန်ထိုးပဲ့တင်ထပ်သွားလေသည်။ ထိုအခိုက်အတန့်တွင်
ချီပေရှန်၏ဂူအပြင်ဘက်ရှိလမ်းပေါ်တွင် သွေးအခိုးအငွေ့များ ပျံ့နှံ့သွားကာ အပြင်ဘက်ရှိ မှော်အစီအရင်များအားလုံးကို ချက်ချင်းအသက်ဝင်လာသည်။ ထို့နောက် သွေးနီရောင်အလင်းတန်းတစ်ခု မျက်စိစူးမတတ်တောက်ပလာသည်။
အမျိုးသမီးက အရိုးစုချက်ချင်းဖြစ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ချီပေရှန်က သူ့ဂူထဲကို ပြန်ဝင်သွားလေသည်။ ဂူတံခါးကို ပိတ်လိုက်သည်နှင့် ချီ
ပေရှန်၏မျက်လုံးများက နီရဲနေလေသည်။ သူ ရူးသွပ်သွားသလိုဖြစ်သွားပြီး သူစုဆောင်းထားသော သလင်းကျောက်တွေအားလုံးကို မြေပြင်ပေါ်မှာ တင်လိုက်သည်။ မြေပြင်ပေါ်ရှိမှော်အစီအရင်များက သလင်းကျောက်တုံးများကို စုပ်ယူလိုက်စဉ် အပြင်ဘက်ရှိ သွေးနီရောင် အလင်းတန်းများက အချင်းချင်းရောယှက်သွားလေသည်။
စုမင်က ကြက်သွေးရောင်စပါးအုံးဖီးနစ်၏ခေါင်းပေါ်တွင်ထိုင်ကာ အချိန်တိုလေးအတွင်း ချီပေရှန်၏ ပြတ်ပြတ်သားသားလုပ်ဆောင်ခဲ့သော လုပ်ရပ်များကို ကြည့်လိုက်သည်။သူ့မျက်နှာတွင် ဘာခံစားချက်မှမရှိဘဲ ဖီးနစ်သားရဲ၏
ဦးခေါင်းကို ပုတ်လိုက်သည်။ထိုစဉ် လူရာပေါင်းများစွာ၏ အကြည့်များအောက်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးက ထိုအလင်းတန်းကြားတွင် တိုးဝှေ့သွားလေသည်။
၎င်းက တခဏအတွင်း မှော်အစီအရင်နှင့် နီးကပ်သွားပြီး မည်သည့်နတ်စွမ်းရည်ကိုမျှ အသုံးမပြုခဲ့ပေ။ ယင်းအစား ၎င်း၏ကြီးမားသောဦးခေါင်းကို အသုံးပြု၍ သွေးနီရောင် အလင်းတန်းများထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် လေထဲသို့ ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မှော်အစီအရင်က ကွဲအက်ခြင်းမရှိပေ။သို့သော် မှော်အစီအရင်က ပြိုကျသွားလေသည်။
မှော်အစီအရင်က ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲသို့ ပြန့်ကျဲသွား၏။ ၎င်းက အလွန်ထိရှလွယ်ပုံရပြီး တစ်ခါမျှပင် မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားသည်။ ထိုသို့ဖြစ်သောအခါ ဂူတွင်းရှိချီ ပေရှန်ဧ။်ရှေ့မှ သလင်းကျောက်တုံးများအားလုံး ကွဲအက်သွားခဲ့သည်။
သူ့အမူအရာက ပြောင်းလဲသွားလေသည်။ စုမင်က ဂူ၏အထက်ကောင်းကင်ကို ခြေတစ်လှမ်းတိုးလိုက်သည်။ သူက ဖီးနစ်သားရဲပေါ်မှ ထွက်ခွာပြီး ချီပေရှန်၏နေရာအပြင်ဘက်တွင်ပေါ်လာသည်။ သူ့ဆံပင်များက တဖျပ်ဖျပ်လွင့်နေပြီး သူ့ညာလက်ကိုမြှောက်ကာ ဂူတံခါးကို ခေါက်လိုက်သည်။
ထိုသို့ပြုလုပ်သောအခါတွင် သူ၏ခန္ဓာကိုယ်မှ အဆုံးမရှိသော မီးတောက်များ ထွက်ပေါ်လာဧ။။်ထို မီးတောက်များက ပင်လယ်နှင့်တူပြီး သူ့ခန္ဓာကိုယ်ကို ချက်ချင်းဖုံးလွှမ်းသွားသည်။ထို့နောက် သူက မီးလျှံများကို ဖြန့်ကျက်လိုက်သောအခါ ပေထောင်ချီသောဧရိယာကို ဖုံးလွှမ်းသွားဧ။်။ပုံရိပ်ယောင်ဖီးနစ်သားရဲတစ်ကောင်က ထိုမီးလျှံပင်လယ်အတွင်း ပေါ်လာသည်။ စုမင်က ဂူတံခါးကို ခေါက်နေစဉ် ပုံရိပ်ယောင်သားရဲကြီးက ဂူတံခါးဝကို ဆောင့်ချပစ်လိုက်သည်။
ဤမြင်ကွင်းကြောင့် ဂူပေါက်ဝကို ဖျက်စီးသူမှာ စုမင်လား ၊ ပုံရိပ်ယောင်သားရဲလားဆိုတာကို မြင်သူတော်တော်များများ ခွဲခြား၍မရတော့ပေ။ သူတို့နှစ်ယောက်လုံးက ထပ်တူကျနေပုံရပြီး
ပေထောင်ချီအကွာအဝေးအထိ မြင်နိုင်သမျှအရာအားလုံးက ထိုမီးပင်လယ်ဖြစ်ပြီး ကြားနိုင်သည့်တစ်ခုတည်းသောအရာမှာ ကျယ်လောင်သောဟိန်းဟောက်သံများသာဖြစ်၏။
ဤသည်မှာ ကြည့်ရှုသူများ၏မျက်နှာများတွင် ထူးဆန်းသောအမူအရာများတဖြည်းဖြည်းပေါ်လာစေသည့်ရိုက်ချက်ပင်ဖြစ်သည်။ ဤရိုက်ချက်က မယုံနိုင်လောက်အောင် အစွမ်းထက်လေ၏။ သူတို့ စိတ်ကူးထားသည့်အရာနှင့် နှိုင်းယှဉ်လျှင် ကြီးမားသောခြားနားချက်တစ်ခု ရှိနေ၏။
ကြက်သွေးရောင်ဖီးနစ်သားရဲကို ဖိနှိမ်ပြီး ချိပ်တံဆိပ်ကို ချိုးဖျက်နိူင်သူက လောကမှော်ယာဉ်ပျံအရှင်သခင်နှင့်တူသောစွမ်းအားကို ပိုင်ဆိုင်နိုင်မည်ဟု လူအများထင်ထားခဲ့ကြသည်။ ယခုအခါ စုမင်၏စွမ်းအားက မဟာမြေကြီးကျင့်ကြံဆင့်နယ်ပယ်တွင်ရှိကြောင်း ထင်ရှားလေသည်။
သို့သော် သူတို့အနေဖြင့် ဝေဝါးစွာ မေးခွန်းထုတ်ရုံသာ ရှိတော့သည်။ နောက်ဆုံးတွင် နတ္ထိအနှစ်သာရနယ်မြေ တွင် တစ်စုံတစ်ဦး၏ကိုယ်ပိုင်စွမ်းအားကို တံဆိပ်ခတ်ခြင်းမှာ ရှားပါးသည့်ဖြစ်ရပ်မဟုတ်ပေ။ သို့သော် စုမင်သာ မဟာမြေကြီးကျင့်ကြံဆင့်တွင် ဆက်လက်ပြသနေဦးမည်ဆိုလျှင် ကြီးနိုင်ငယ်ညှင်းဖြစ်သောနတ္တိအနှစ်သာရနယ်မြေတွင် အာရုံစိုက်မှုများစွာရလိမ့်မည်။စုမင်ထံမှ ချိပ်တံဆပ်ကိုချိုးဖောက်နိုင်သောစွမ်းရည်ကိုလိုချင်တပ်မက်မှုများကြောင့်အခက်ကြုံရမည်ဖြစ်သည်။
ဂူတံခါးက ချက်ချင်းပွင့်လာပြီး အပိုင်းပိုင်းကွဲအက်သွားသည်။ မီးလျှံရှည်ကြီးလိုဖြစ်နေသော ပုံရိပ်ယောင်က သားရဲက ကွာဟချက်တစ်ခုကို သတိထားမိကာ လှိုဏ်ဂူအတွင်းသို့ လျှိုဝင်သွားပုံရသည်။
ပို၍ပြင်းထန်သောပေါက်ကွဲသံက ကောင်းကင်ကို တသိမ့်သိမ့်တုန်လှုပ်စေပြီး လေထဲမှာ ပဲ့တင်ထပ်လာ၏။စုမင်က နောက်ပြန်ဆုတ်ပြီး ဖီးနစ်သားရဲ၏ဦးခေါင်းထိပ်ကို ပြန်ရောက်သွားသည်။စုမင်က ဂူအိမ်ကို လှုပ်ခါလိုက်စဉ် အပြာရောင်ကျောက်တုံးများ တရစပ် ထွက်ကျလာသည်။ ထိုတောင်ကုန်းငယ်လေး၏ကြီးမားသောအစိတ်အပိုင်းတစ်ခု ပြိုကျသွားပြီး လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ချီပေရှန်လည်း ရှုပ်ပွနေသောဆံပင်ပုံစံဖြင့် ပြေးထွက်လာသည်။
ဟိုးအရင်ကတည်းက တိုက်ခိုက်ရန်ပြင်ဆင်ထားသောယွဲ့ဟုန်ပန့်က ကျယ် လောင်စွာ အော်ဟစ်လိုက်ပြီး ချီပေရှန်ဆီသို့ အရှိန်တင်လေသည်။ ထို့နောက် သူတို့က ကောင်းကင်ယံ၌ အရူးအမူး တိုက်ခိုက်ကြလေသည်။ သို့သော် ချီပေရှန်က တိုက်ပွဲကို အချိန်ကြာကြာဆွဲရန် စိတ်ကူးမရှိပေ။
ထိုအချိန်တွင် သူက အတွေးတစ်ခုသာရှိခဲ့ပြီး သူတတ်နိုင်သမျှ အမြန်ဆုံးပြေးရန်ဖြစ်သည်။ သူ ဤနေရာကနေ အမြန်လွတ်မြောက်အောင် ကြံစည်နေလေသည်။ ထို့ပြင် သူလွတ်မြောက်တာနဲ့ ကလဲ့စားပြန်ချေရန် ကြိမ်ဝါးလိုက်သည်။
သူနေထိုင်ရာဂူတံခါးကို ဖျက်စီးခဲ့သော ဤလူမှာ ယွဲ့ဟုန်ပန့် အကူညီတောင်းခဲ့သော လူငယ်ဖြစ်ပြီး မဟာမြေကြီးကျင့်ကြံဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့် စုမင်က သူနှင့်မယှဉ်နိုင်ဟု တွက်ဆထားလေ၏။ ထိုလူငယ်က သူ့တံခါးကို ဖျက်ဆီးနိုင်သော်လည်း ဒဏ်ရာမရခဲ့ပေ။ သူကြောက်နေသည့်တစ်ခုတည်းသော အရာမှာ အလွန်ကြီးမားသောကြက်သွေးရောင်ဖီးနစ်သားရဲကြီးဖြစ်သည်။
ချီပေရှန်၏အနီးနားရှိ လူရာပေါင်းများစွာက ဖီးနစ်သားရဲကြီးက ချိပ်ပိတ်နယ်မြေမှ ထွက်ခွာသွားကြောင်း ပြောပြခဲ့သည်။ သူတို့က စုမင်၏လက်အောက်ငယ်သားများမဟုတ်ပေ။ ထို့ပြင် သူ့ကိုဖျက်ဆီးရန် ဤနေရာသို့ လာခဲ့ကြသည်မဟုတ်ပေ။
‘ငါ့မှာ အခွင့်အရေးရှိသေးတယ်..”
ထိုအချိန်တွင် ချီပေရှန်က အခြားအရာများကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူက သေရေရှင်ရေးအကျပ်အတည်းတွင် ရောက်ရှိနေကြောင်း သိလေ၏။ သူတိုက်ခိုက်စဉ်တွင် သူ၏ အပြင်းထန်ဆုံးသော နတ်စွမ်းရည်ကို အကောင်အထည်ဖော်ခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် အဆုံးမဲ့အနက်ရောင်လေပွေ ထလာပြီး လက်ခြောက်ချောင်းပါသည့် ထူးဆန်းသောပုံရိပ်တစ်ခုပေါ်လာသည်။ ထိုလက်ခြောက်ချောင်းက ချွန်ထက်နေသောတင်းပုတ်ခြောက်ခုကို ကိုင်ဆောင်ကာ ယွဲ့ဟုန်ပန့်ဆီသို့ အရှိန် တင်နေလေသည်။
စုမင်၏အမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။ ချီပေရှန်နှင့်ယွဲ့ဟုန်ပန့် အချင်းချင်း တိုက်ခိုက်နေသည်ကို ဂရုမစိုက်ဘဲ ပြိုကျနေသော လိုဏ်ဂူဆီသို့ လှမ်းကြည့်လိုက်သည်။သူ့အမြင်အာရုံမှာ အပြာရောင် ကျောက်တုံးများနှင့် ပြည့်နှက်နေလေသည်။
သို့သော်လည်း လက်ခြောက်ချောင်းပါသောပုံရိပ်ပေါ်လာစဉ် ကြိုးကြာငှက်၏ မျက်လုံးများက ဖျတ်ခနဲလင်းလက်လာသည်။ ၎င်း၏နှုတ်သီးဖြင့် တတောက်တောက်မြည်အောင်လုပ်နေပြီး သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားနေသော အလင်းတန်းများနှင့်လင်းလက်နေသည်။
‘ကြည့်ရတာ... အရမ်းအရသာရှိတယ်.. ငါအရင်က ဒီလိုကောင်းတာမျိုး စားဖူးတယ်..”
ငှက်က ချီပေရှန်ဆီသို့ဦးတည်သောအလင်းတန်းရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက လက်ခြောက်ချောင်းပါသောပုံရိပ်ကိုကြည့်ပြီး ပါးစပ်ကိုကျယ်ကျယ်ဟကာ စုပ်ယူလိုက်သည်။လူတိုင်း၏မျက်စိရှေ့တွင် ယွဲ့ဟုန်ပန့်ကို တိုက်ခိုက်နေသော အနက်ရောင်ပုံရိပ်မှာချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားသည်။ ထို့နောက် ထိုပုံရိပ်က အနက်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းသွားပြီး ငှက်၏ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
ဤမြင်ကွင်းက ယွဲ့ဟုန်ပန့်ကို ခေတ္တ ထိတ်လန့်သွားစေသည်။
‘ပထမအသူရာမျိုးဆက်ကတော့ မျှော်လင့်ထားသလိုပဲ..သူ့ရဲ့အိမ်မွေးသားရဲကတောင် အံ့ဩစရာပဲ...”
ချီပေရှန်က ချက်ချင်း ဒေါသတကြီး ထအော်သည်။ ယွဲ့ဟုန်ပန့်ကို အလုပ်ရှုပ်စေရန် သူ၏နတ်စွမ်းအားဖြင့် ဖွဲ့စည်းထားသောအနက်ရောင်ပုံရိပ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း ထိပ်ပြောင်ကြိုးကြာငှက်က သူ့ကို ခြေမကိုင်မိလက်မကိုင်မိဖြစ်အောင်လုပ်နေလေသည်
“ပေါက်ကွဲစမ်း...”
သူအော်ဟစ်လိုက်သောအခါတွင် အနက်ရောင်ပုံရိပ်က ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲထွက်ကာ စွမ်းအားလှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပဲ ချီပေရှန်၏ ညာလက်မောင်းက ပေါက်ကွဲထွက်သွားပြီး သူ့ခန္ဓာကိုယ်ကို တုန်လှုပ်သွားခဲ့သည်။
အနက်ရောင်ပုံရိပ်၏ပေါက်ကွဲမှုက
ယွဲ့ဟုန်ပန့်ကို ချက်ချင်းနောက်ဆုတ်သွားစေခဲ့သည်။ ထိပ်ပြောင် ကြိုးကြာငှက်က ခေတ္တ အံ့အားသင့်သွားသည်။ ၎င်းက စွမ်းအားလှိုင်း၏ရိုက်ခတ်မှုကြောင့် နောက်သို့လွင့်စင်သွားပြီး သနားစရာကောင်းသောအခြေအနေသို့ ရောက်ရှိသွားသည်။ ထိပ်ပြောင်ကြိုးကြာငှက်က ပါးစပ်ထဲရောက်ပြီးသားအစားအစာကို ပုတ်ချခံလိုက်ရသောကြောင့် ဒေါသူပုန်ထသွားလေသည်။
ချီပေရှန်လွတ်မြောက်တော့မည်ကို မြင်လိုက်ရသောအခါ ၎င်း၏စူးစူးဝါးဝါး အသံက အရပ်ရပ်သို့ ချက်ချင်းပျံ့နှံ့သွားသည်။ ၎င်း၏စိတ်ထဲတွင် ချီပေရှန်မှာ
သူလုပ်ခဲ့သော အရာအတွက် သေသင့်သည်။
“သူ့ကိုသတ်လိုက်... သတ်တဲ့သူက အဘိုးကြိုးကြာဆီက ဆုလာဘ်ရလိမ့်မယ်”
ထို့နောက် ၎င်း၏ညာဘက်ခြေသည်းကို မြှောက်လိုက်သော် လက်သီးအရွယ် ခရမ်းရောင်သလင်းကျောက် ချက်ချင်းပေါ်လာသည်။ ၎င်းတွင် အညစ်အကြေး မပါဝင်ဘဲ သန့်ရှင်းသောဝိညာဉ်စွမ်းအင်ဖြင့် တောက်ပနေသည်။ ဤနေရာရှိ အညစ်အကြေးများနှင့်ပြည့်နေသော သလင်းကျောက်များနှင့် မနှိုင်းယှဉ်ပေ။
ငှက်၏ကြီးမားသောပစ္စည်းများစုစည်းမှုကြားတွင် ဤသလင်းကျောက်မှာ သာလွန်ကောင်းမွန်သောဝိညာဉ်ကျောက်တုံးဖြစ်၏။
ဤကဲ့သို့သော အရည်အသွေးရှိသော ဝိညာဉ်ကျောက်တုံးများက အသုံးပြုပြီးသည်နှင့် ပျောက်ကွယ်သွားမည့် အမျိုးအစားဖြစ်သည်။နတ္ထိအနှစ်သာရနယ်မြေတွင် ၎င်းတို့၏ အရေအတွက်မှာ
မည်သည့်အခါမျှ ထပ်မရှိနိုင်တော့ပေ။ ထိုသို့သော သလင်းကျောက်များက ဤနေရာ၌ အလွန်ရှားပါး၏။ ငှက်က ထိုကျောက်တုံးကို တပြပြလုပ်သောအခါ
လူရာပေါင်းများစွာ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာခဲ့သည်။
အနီးပတ်ဝန်းကျင်ရှိ သွက်လက်သူများက လျင်မြန်စွာ ပျံတက်လာသည်။ ထို့နောက် လူသတ်ရောင်ဝါနှင့်အတူ ချီပေရှန်ဆီသို့ ဦးတည်သွားလေသည်။
တစ်စုံတစ်ယောက်က လူတစ်ဉီးကို သတ်ရန်ကြိုးပမ်းသည့်မြင်ကွင်းမဟုတ်ပေ။ယခုမှာ ရာနှင့်ချီသောလူပေါင်းများစွာက လူတစ်ဦးကို သတ်ရန်ကြိုးစားနေခြင်းဖြစ်၏။ဤမြင်ကွင်းက ချီပေရှန်ကို စိတ်ပျက်လက်ပျက် ငိုကြွေးစေခဲ့သည်။ ငှက်တစ်ကောင်က သူ့ဦးခေါင်းအတွက် ဆုလာဘ်ထုတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ချီပေရှန်တစ်ယောက်တည်း ထိုသို့ထင်မြင်ခြင်းမဟုတ်ပေ။ ယွဲ့ဟုန်ပန့်၏မျက်လုံးများပင် ပြူးကျယ်သွားသည်။ သူလည်း ဤကဲ့သို့ဖြစ်လာမည်ဟု
မမျှော်လင့်ထားပေ။
တကယ်တော့ စုမင်က ဂူထဲရှိ အပြာရောင်ကျောက်တုံးများက အကြည့်လွှဲပြီး ငှက်ကို ကြည့်လိုက်သည်။ စုမင်က မည်သည့်ခံစားချက်ကိုမဆို ခံစားနိုင်စွမ်းမရှိတော့သော်လည်း အံ့အားသင့်သွားလေသည်။ ထို့နောက် သူတို့ ယင်မရဏနယ်မြေတွင် ရှိနေစဉ် ကြိုးကြာငှက်၏ဝါသနာနှင့် လုယက်ခြင်းအား နှစ်သက်ခြင်းကို အမှတ်တမဲ့ သတိရမိသည်။
ချီပေရှန်က သူ့ကိုဝိုင်းရံထားသောလူရာချီကို တွေ့လိုက်သည့်အခါ သူက အော်ဟစ်ပြီး ညာလက်မြှောက်လိုက်သည်။ သူ့လက်ထဲမှာ သုံးရောင်ခြယ် သလင်းကျောက်တစ်လုံး ပေါ်လာသည်။
“ဝိညာဉ်သလင်းကျောက်တုံး...”
တစ်စုံတစ်ယောက်က ထိုသုံးရောင်ခြယ်ကျောက်တုံးကို ချက်ချင်း မှတ်မိသည်။ လူတိုင်း ရုတ်တရတ် ရပ်တန့်သွားပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားသည်။ သူတို့ ဆုတ်ခွာခါနီးမှာပင်....