မီးလျှံဂြိုဟ်မှာ နေရာတစ်ခုရအောင်လုပ်ခြင်း
Vol. 55 Ch. 757
“ဒီဝိညာဉ်ကျောက်တုံးကို ငါ့အသက်နဲ့ ချိတ်ဆက်ထားတယ်..ဒါကို သုံးကြိမ်သုံးရင် ငါသေချာပေါက် သေလိမ့်မယ်..အဲဒါကို ငါသုံးတာ တတိယအကြိမ်ပဲ..ငါသေချင် သေပစေ မင်းတို့အားလုံးကို ပေးမယ်”
ချီပေရှန်၏မျက်နှာပေါ်တွင် ရူးသွပ်မှု ပေါ်လာပြီး သူ့လက်ထဲတွင် သလင်းကျောက်ကို ညှစ်လိုက်သည်။သုံးရောင်ခြယ်စွမ်းအားလှိုင်းများ ပျံ့နှံ့လာပြီး ကျင့်ကြံသူအားလုံး အေးခဲရပ်တန့်သွားလေသည်။
ဤဝိညာဉ်သလင်းကျောက်တုံးမှာ ၎င်း၏အကျိုးသက်ရောက်မှုဧရိယာအတွင်းမှလူများ၏စိတ်ဝိညာဉ်များကိုချက်ချင်းအေးခဲသွားစေနိုင်သည်။ အကျိုးသက်ရောက်မှုက အချိန်သိပ်မကြာပေ။ သို့ပေမဲ့ တိုက်ပွဲအတွင်းမှာတော့ အချိန်ခဏလေးက အရေးကြီးလေ၏။
ထိုအခိုက်အတန့်တွင် အနီးနားရှိလူများအားလုံးဧ။်လှုပ်ရှားမှုများ ရပ်တန့်သွားကာ သူတို့၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့်အကြည့်များ ထွက်ပေါ်လာသည်။ ချီပေရှန်က သားရဲကြီးပေါ်တွင်ရပ်နေသောစုမင်ဆီသို့ လှမ်းကြည့်လိုက်ရာ
သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်ပလာခဲ့သည်။
သူက ယွဲ့ဟုန်ပန့်ကို အမုန်းဆုံး ဖြစ်သည်။ သူက ထက်မြက်ပြီး ပါးနပ်သူဖြစ်သောကြောင့် သူမသေခင်မှာ အရာအားလုံးကို တွေးထားခဲ့သည်။ သူက စုမင်ကိုသတ်ပြီး ယွဲ့ဟုန်ပန်ကို မီးလျှံဂြိုဟ်တွင် ဆက်လက်ရုန်းကန်စေမည်။ ထို့ပြင် စုမင်က ယွဲ့ဟုန်ပန့်၏စစ်ကူဖြစ်မလာပါက
ချီပေရှန်က ယခုလိုသေဒဏ်ကိုအတင်းအကျပ် ရင်ဆိုင်ရတော့မည်မဟုတ်ပေ။ ချီပေရှန်က ကျယ်လောင်စွာ တဟားဟားရယ်မောလိုက်ပြီး စုမင်ဆီသို့ အရှိန်တင်လိုက်သည်။
သားရဲကြီးက ဟိန်းဟောက်ပြီး သူ့ကို တိုက်ခိုက်ရန်ကြိုးစားစဉ် သူက ညာလက်ကိုမြှောက်လိုက်သည်။ သူ့လက်ထဲက သုံးရောင်ခြယ်သလင်းကျောက်မှာ လေးရောင်ခြယ်သလင်းကျောက်အဖြစ်ပြောင်းလဲသွားသည်။ ဘာမှလုပ်စရာမလိုဘဲ သူသေတော့မည်ကို သိသောကြောင့် သူ့စိတ်ဝိညာဉ်ကို မီးရှို့ပြီး လျှို့ဝှက်ဆန်းကြယ်သောနတ်စွမ်းအားကို တစ်ဖန်ပြန်လည်အသက်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ သူ့လက်ထဲရှိ ထင်ရှားပေါ်လွင်နေသော ရောင်စုံသလင်းကျောက်ကို ညှစ်ထုတ်လိုက်ရာ လေးရောင်ခြယ်စွမ်းအားလှိုင်းလုံးကြီးက ချက်ချင်း ပျံ့နှံ့သွားသွားပြီး သားရဲကြီးကို အေးခဲရပ်တန့်သွားစေသည်။ ထိုအချိန်တွင် ချီပေရှန်က စုမင်ရှေ့မှာ ပေါ်လာသည်။ သူ့မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာရှိနေပြီး ဒေါသတကြီးလူသတ်ချင်စိတ်ဖြင့် စုမင်ဆီသို့ ချိန်ရွယ်လိုက်သည်။
“ မင်းက ကြက်သွေးရောင်ဖီးနစ်သားရဲကြီးကို ဖိနှိမ်နိုင်ရင်တောင် အခု ဘာတတ်နိုင်မှာလဲ..ငါနဲ့အတူ အသေခံလိုက်”
“မင်းတို့အားလုံးနဲ့တော့ မသက်ဆိုင်ပါဘူး.. ဒါပေမဲ့ အများစုက နတ္ထိအနှစ်သာရနယ်မြေမှာ ရှင်သန်နိုင်တဲ့သူတွေဆိုတော့ သတ်ဖို့ခဲယဉ်းတယ်..”
စုမင်က ခေါင်းခါကာ ဘယ်လက်ကို အေးစက်စွာမြှောက်လိုက်ပြီး ဝင်လာသော ချီပေရှန်ဆီသို့ လှည့်လိုက်သည်။
အတိတ်နှင့်အနာဂတ်အကြား အချိန်စီးဆင်းမှုက တစ်ခုနှင့်တစ်ခု ထပ်သွားပြီး ကံကြမ္မာ၏ စွမ်းအားက ပျံ့နှံ့သွားခဲ့သည်။ ဥပဒေဿ၏ စွမ်းအားက လျင်မြန်စွာ ကျဆင်းလာပြီး ချီပေရှန်၏ ခန္ဓာကိုယ်ကို လေထဲတွင် အေးခဲသွားစေခဲ့သည်။ချီပေရှန်က မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။ သူ့ခန္ဓာကိုယ်ကို ရှေ့သို့မရွှေ့နိုင်တော့ပေ။ အချိန်ကလည်း ရုတ်တရက်ပြောင်းပြန်သွားသကဲ့သို့ နောက်ပြန်ဆုတ်သွားခဲ့သည်။ လေးရောင်ခြယ်သလင်းကျောက်များကွဲအက်သွားကာ အရာအားလုံးက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ချီပေရှန်က တုန်လှုပ်နေပြီး သားရဲကြီး၏
လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ လောကကြီးတစ်ခုလုံးက ဤကဲ့သို့ပြောင်းလဲသွားသည်ကို တစ်ခါမှ မကြုံဖူးပေ။ချီပေရှန်သာ ဤလောကကြီးထဲတွင် သီးသန့်ရှိနေသလို ခံစားရလေသည်။သူသာ နောက်ပြန်ဆုတ်နေပြီး သူ့အချိန်တွေသာ ပြောင်းပြန် စီးဆင်းနေသည်။
ထိုအချိန်တွင် အဝေးမှ လူရာပေါင်းများစွာက ၎င်းတို့၏လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့ကြသည်။ သူတို့၏ဝိညာဉ်များ အေးခဲခြင်းမှ ပြန်လည်သက်သာလာချိန်တွင် မယုံနိုင်လောက်အောင် ထူးဆန်းသည့်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသဖြင့် သူတို့၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားစေသည်။
ဤမြင်ကွင်းက သူတို့၏စိတ်ကူးယဉ် ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့သည်။ တကယ်တော့ ခဏလေးအတွင်းဖြစ်ပျက်ခဲ့သောအရာများကို သူတို့ မပြောနိုင်ပေ။ သားရဲကြီးပေါ်တွင်ရပ်နေသည့်လျှို့ဝှက်ဆန်းကြယ်သောလူက သူ့လက်မောင်းကို လှုပ်နေသည်ကိုသာတွေ့လိုက်ရပြီး ချီပေရှန်လည်း နောက်ပြန်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။ အက်ကွဲသွားသောလေးရောင်ခြယ် သလင်းကျောက်သည် တစ်ဖန်ပြန်လည် စုစည်းလာပြန်သည်..။
သို့သော်လည်း နောက်ဖြစ်ခဲ့သည့် မြင်ကွင်းက ယခင်ကပဟေဠိဆန်သော မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။
“အရင်က အရောင်သုံးရောင်ပဲရှိတာ.. အခုက လေးရောင်ပဲ”
စုမင်က ခံစားချက်မဲ့သောအမူအရာဖြင့် ချီပေရှန်၏လက်ထဲက ကျောက်တုံးလေးကို ကြည့်လိုက်သည်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး ချီပေရှန်ဆီသို့ လွှဲယမ်းလိုက်သည်။ သူ့လက်ထဲရှိလေးရောင်ခြယ်ကျောက်တုံးက ငါးရောင်ခြယ်ဖြစ်သွားလေသည်။ ထိုစဉ် ချီပေရှန်၏အမူအရာ ပျက်ယွင်းသွားကာ မျက်လုံးများ ပြူးကျယ်သွားသည် ။ သူ့အကြည့်ထဲတွင် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ပေါ်လာပြီး သလင်းကျောက်တုံးက အက်ကွဲသွားလေသည်။ အလားတူပင် လေးရောင်ခြယ်ကျောက်တုံးကနေ ငါးရောင်ခြယ်ဖြစ်သွားသည်။
မကြာခင်မှာပင် စုမင်က သူ့လက်ကို လှုပ်လိုက်စဉ် ချီပေရှန်က တစ်ဖန်နောက်သို့ရွေ့သွားသည်။ သလင်းကျောက်ကလည်း ခြောက်ရောင်ခြယ်ကျောက်တုံးဖြစ်သွားသည်။
ထိုနေရာရှိကျင့်ကြံသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့၏ နှလုံးသားများမှာ တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေခဲ့သည်။ ဤထူးဆန်းသော မြင်ကွင်းကြောင့် စုမင်ဆီသို့ လှမ်းကြည့်ရင်း သူတို့အတွင်း နှိုးဆော်သံများ ထွက်ပေါ်လာခဲ့သည်။
“ခြောက်ရောင်ကနေ ခုနစ်ရောင် ဖြစ်သွားတယ်...”
ရုန်းရင်းဆန်ခတ်မှုမှာ ပို၍ပြင်းထန်လာ၏။ ကောင်းကင်မှာ တွန့်လိမ်ပုံပျက်နေသောပုံရိပ်များတောင်ရှိခဲ့သည်။
ထိုပုံရိပ်ထဲမှ တစ်ခုက အရှေ့ဘက်တွင်ရှိပြီး နောက်တစ်ခုက အနောက်ဘက်မှာရှိသည်။ သူတို့မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် ထိုပုံရိပ်နှစ်ခုကို ပုံဖော်လိုက်ကြသည်။ ဤလူနှစ်ယောက်မှာ ဤလောကကြီးထဲရှိ အသူရာနတ်ဘုရားများဖြစ်သည်။
ထိုအချိန်တွင် ချီပေရှန်က နောက်တစ်ကြိမ်ပြန်မဆုတ်မီ ရှေ့သို့ ရွေ့သွားသောအခါ သလင်းကျောက်ပေါ်ရှိ ခုနစ်ရောင်က ရှစ်ရောင် ဖြစ်သွားသည်။
ရုန်းရင်းဆန်ခတ်မှုများက သေမင်းကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူအားလုံးက စူးစူးဝါးဝါး အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့မျက်နှာများ ဖြူဖျော့လာပြီး အသက်ရှူကျပ်လာကြသည်။
သလင်းကျောက်က ရှစ်ရောင်ခြယ်ဖြစ်သွားသောအခါ စုမင်မျက်မှောင်ကြုတ်လိုက်သည်။ သူက ကံကြမ္မာ၏ ကန့်သတ်ချက်သို့ ရောက်အောင်လုပ်ခဲ့သည်။ ထို့နောက် သူ့လက်မောင်းကို လွှဲယမ်းရင်း ထိုစွမ်းရည်ကို အသက်သွင်းရန် စွန့်လွှတ်လိုက်သည်။ ထိုအချိန်တွင်သူ့အောက်ရှိ ကြက်သွေးရောင်သားရဲကြီးထံမှ ဟိန်းဟောက်သံထွက်လာပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်နှင့် ချီပေရှန်ကို တည့်တည့်တိုးတိုက်သွားခဲ့သည်။ ထိုစဉ် ချီပေရှန်၏ခန္ဓာကိုယ် ပြိုကွဲသွားလေသည်။ သူ့မျက်နှာရှိရူးသွပ်မှုနှင့် အာဃာတတရားများ ပျောက်ကွယ်သွားသည်။ ထူးဆန်းတာက သူ့မျက်နှာတွင်လွတ်မြောက်ခြင်းဟူသောအမူအရာက နေရာယူသွားသည်။ သူက ပြာဖြစ်ပြီး လေထဲသို့ ပျောက်ကွယ်သွားသည်။
စုမင်က လေထုကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သော် ချီပေရှန်နှင့်သူ့ပစ္စည်းအားလုံးက ပြိုကွဲသွားလေသည်။ သို့သော် ရှစ်ရောင်ခြယ်သလင်းကျောက်တုံးက သူ့လက်ထဲသို့ ပျံတက်လာသည်။ သူက သလင်းကျောက်ကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။
ထိုသလင်းကျောက်က ပြိုးပြိုးပြက်ပြက်ပြက်အရောင်တောက်ပနေပြီး မည်သည့်အရာနှင့်မျှ ယှဉ်နိုင်စရာမရှိပေ။
ထိုကျောက်တုံးမှာ လျှို့ဝှက်ကျင့်စဥ်ကို အသုံးပြု၍ ဖန်တီးထားသည်။ ၎င်းကို အသုံးပြုပြီးတိုင်း အရောင်တစ်ရောင် ထပ်ထိုးသွားသည်။ စုမင်၏ကံကြမ္မာစွမ်းရည်က ဤလောကကြီးပေါ်တွင် အလွန်ရှားပါးသောရှစ်ရောင်ခြယ်သလင်းကျောက်ကို တည်ရှိစေခဲ့သည်။ ၎င်းက စုမင်၏လက်ထဲတွင် ဆွဲဆောင်မှုရှိသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေခဲ့သည်။
ယွဲ့ဟုန်ပန့်က အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။သူက စုမင်ဘက်ကို လေးစားစွာ လှမ်းကြည့်နေလေသည်။ စုမင်၏စွမ်းရည်ကြောင့် သူ အရင်ကမမြင်ဖူးသောမြင်ကွင်းကို မြင်လိုက်ရပြီး အချိန်ကလည်း နောက်ပြန်စီးဆင်းတာကို တွေ့ကြုံလိုက်ရသည်။ စုမင်၏ ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများက ကောင်းကင်ကြီးကို ပြည့်စုံနိုင်သည်ဟု ထင်လာသည်။
ထိုအချိန်တွင် ရာနှင့်ချီသော လူများက ငြိမ်ကျသွားလေသည်။ စုမင်က ဂူတံခါးကိုဖွင့်လိုက်သောအခါ မဟာမြေကြီးကျင့်ကြံဆင့်တွင်ရှိကြောင်း ပြောနိုင်ခဲ့သည်။ သူတို့စိတ်နှလုံးထဲတွင် မရေရာမသေချာမှုများ ရှိနေသော်လည်း ချီပေရှန်၏ ထူးထူးဆန်းဆန်းသေဆုံးခြင်းကို မြင်လိုက်ရသည်။ ထို့ပြင်
ချီပေရှန်၏အဆက်မပြတ် ရှေ့တိုးနောက်ဆုတ်မြင်ကွင်းနှင့် ရှစ်ရောင်ခြယ်သလင်းကျောက်တုံးကြောင့် စုမင်က သူတို့အတွက် ရန်မစသင့်သောကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့၏။
ထိုအချိန်တွင် သူတို့က စုမင်ဆီသို့ လှမ်းကြည့်ရင်း သူတို့မျက်နှာပေါ်တွင် သတိထားသည့်အရိပ်အယောင် ပေါ်လာသည်။
ယခုတစ်ကြိမ်တွင် ၎င်းတို့က ကြက်သွေးရောင်ဖီးနစ်သားရဲကို သတိထားရုံသာ မဟုတ်ပေ။ စုမင်ကိုလည်း သတိထားလေသည်။
နတ္ထိအနှစ်သာရနယ်မြေတွင် စွမ်းအားကြီးသူက အရာအားလုံးဖြစ်သည်။ တစ်စုံတစ်ယောက်သည် လေးစားမှုနှင့် စွမ်းအားအရင်းအမြစ်များကို ရယူလိုပါက ပတ်ဝန်းကျင်ရှိသူများကိုခြောက်လှန့်နိုင်သည့် စွမ်းအားကို ပြသရန် လိုအပ်သည်။
ဤနေရာ၌ စွမ်းအားကြီးသူများသာ လေးစားခံရ၏။
“တာအိုရောင်းရင်း...မင်း ကြက်သွေးရောင်မီးလျှံဂြိုဟ်မှာ နေရာတစ်ခုရတဲ့အတွက် ဂုဏ်ယူပါတယ်..ဖီးနစ်သားရဲကို အနိုင်ယူပြီး ဒီကြီးမားတဲ့ ပြောင်းလဲမှုကို ဖန်တီးခဲ့တယ်..လျှို့ဝှက်ကျင့်စဉ်တစ်ခုနဲ့ ချီပေရှန်ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့တယ်... သလင်းကျောက်ကိုလည်း ရှစ်ရောင်ခြယ်ကျောက်တုံးဖြစ်အောင် လုပ်နိုင်ခဲ့တယ်”
တိတ်ဆိတ်ငြိမ်သက်နေသော ကောင်းကင်မှ ကြည်နူးဖွယ်အသံတစ်ခု ထွက်ပေါ်လာသည်။ စကားပြောသူမှာ အသူရာနတ်ဘုရားနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သစ်တောထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားဖြစ်သည်။ သူက လောကမှော်ယာဉ်ပျံအရှင်သခင်ပိုင်ဆိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ် ၏။သူ့ခန္ဓာကိုယ်က လေထဲမှာ ပေါ်လာပြီး ပြုံးနေသောမျက်နှာဖြင့် စုမင်ကို လက်သီးကိုလက်ဝါးနှင့်ပတ်ဟန်ပြုလိုက်သည်။
ဤသည်မှာ တူညီသောအဆင့်အတန်းရှိသူတစ်ဦးအား နှုတ်ဆက်ခြင်းပုံစံတစ်ခုဖြစ်သည်။