← Chapters

ဓါးရေးအရ ဖြေရှင်းခြင်း

Vol. 55 Ch. 758

ဓါးရေးအရ ဖြေရှင်းခြင်း

Vol. 55 Ch. 758

ထျန်းလင်း၏လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားနှင့်အသူရာနတ်ဘုရားအဆင့်အတန်းက နတ္တိအနှစ်သာရနယ်မြေရှိအခြားကျင့်ကြံဂြိုဟ်များတွင်

သာလွန်ကောင်းမွန်သော တည်ရှိမှုကို ဖြစ်စေသည်။သို့သော်လည်း မီးလျှံဂြိုဟ်တွင် ထိုသို့မဟုတ်ပေ။ ဤဂြိုဟ်က စကြဝဠာ၏အစွန်းတွင်တည်ရှိပြီး စုမင်က လောကအသူရာနတ်ဘုရားတွေလို သြဇာအာဏာအရှိဆုံးသူဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့် ထျန်းလင်းက စုမင်ကိုအဆင့်အတန်းတူသော သူများကြားတွင်သာအသုံးပြုသည့်နည်းဖြင့် နှုတ်ဆက်သောအခါ ရာနှင့်ချီသောကျင့်ကြံသူများက စုမင်ထံဦးညွှတ်လိုက်ကြသည်။

စုမင်က သားရဲကြီး၏ ဦးခေါင်းထိပ်တွင် ရပ်နေသည်။ သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး ထျန်းလင်းကို လက်သီးကိုလက်ဖဝါးနှင့်ပတ်ကာ အရိုအသေပေးလိုက်သည်။

“ကျုပ်က စုမင်ပါ..ကျုပ်က ဒီသားရဲကြီးနဲ့အရမ်းရင်းနှီးတာမလို့ ခေါ်ထုတ်လာခဲ့တာ..ဒါ့ကြောင့် ဒီနယ်မြေ မငြိမ်မသက်ဖြစ်သွားရင် ခွင့်လွှတ်ပါ...”

စုမင်က စကားပြောနေစဉ်တွင် ထျန်းလင်းက ပြုံးလိုက်ပြီး သဘောကျသွားလေသည်။

သူ့အတွက်ကတော့ စုမင်၏စကားတွင်

မောက်မာမှု အရိပ်အမြွက်မျှ မရှိခဲ့ပေ။ ယင်းအစား စုမင်က တန်းတူအဆင့်အတန်းရှိသောလူကို သေချာနှုတ်ခွန်းဆက်သခဲ့သည်။ အမှန်တော့ သူတို့၏ အားသာချက်များမှာ တန်းတူနီးပါးဖြစ်နေသောကြောင့် နှစ်ဖက်စလုံးက လေးစားမှုရှိရန် လိုသည်။ စုမင်က ယဉ်ကျေးပျူငှာပြီး စုမင်ဧ။်တိုက်ပွဲကို သမြင်သောအခါ ထျန်းလင်းက စုမင်ကို ခင်မင်ရင်းနှီးလိုသော ဆန္ဒ ကြီးမားစွာ ထွက်ပေါ်လာသည်။

“တာအိုရောင်းရင်းစု..မင်းက သိပ်ယဉ်ကျေးလွန်းတယ်.. ကျုပ်ဆီက ခွင့်လွှတ်မှုတောင်းခံဖို့ မထိုက်တန်ပါဘူး..

မင်းနဲ့ ငါ ဒီကိစ္စကို နောက်မှပြောမယ်.. အရင်ဆုံး မင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်..”

ထျန်းလင်းကသူ့ပတ်ဝန်းကျင်ရှိ ရာနှင့်ချီသော ကျင့်ကြံသူများကို တစ်ချက်မျှပင် အရေးတယူမကြည့်ပေ။ အရင်ကတော့

မီးလျှံဂြိုဟ်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲများအပြင် သူ့အာရုံကိုဖမ်းစားနိုင်သူတစ်ယောက်သာ ရှိခဲ့သည်။

ထိုစဉ် ကြက်သွေးရောင်မီးလျှံဂြိုဟ်၏ အရှေ့ဘက်မှ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် လူတစ်ယောက်က လေထုထဲမှ ထွက်လာခဲ့သည်။ မျက်နှာမှာ အရေးအကြောင်းများ

ရှိသောအဘွားကြီးတစ်ယောက်ပင်ဖြစ်ဧ။်။သူမမျက်လုံးများက နက်မှောင်နေပြီး ဆံပင်များ ရှုပ်ပွနေ၏။ သို့သော် သူမက သတ်ဖြတ်လိုစိတ်ရှိသော လူသတ်ဝိညာဉ်နှင့်တူသည်။ သူမပေါ်လာပြီးသည်နှင့် သူမက စုမင်ဆီသို့ ချက်ချင်းကြည့်ကာ သူမ၏မျက်လုံးထဲတွင် နက်မှောင်သောအလင်းရောင်များ တောက်ပလာသည်။

စုမင်က သားရဲကြီး၏ခေါင်းပေါ်တွင် ရပ်နေစဉ် အဘွားကြီး၏ အကြည့်ကို တည့်တည့်ရင်ဆိုင်လိုက်သည်။ သူ

အဘွားကြီး၏မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်းများ တဖျပ်ဖျပ်ဖျပ်ခတ်နေပြီး စုမင်၏အကြည့်များကလည်း စူးစူးဝါးဝါး အေးစက်နေခဲ့သည်။ နှစ်ယောက်သား လေထဲ၌ခဏလောက် စိုက်ကြည့်နေပြီးနောက် အဘွားကြီးက မျက်လုံးများကို မှိတ်လိုက်သည်။ သူမက ဖီးနစ်သားရဲကြီးကို ဦးစွာကြည့်ပြီးနောက် စုမင်၏လက်ထဲတွင် ရှစ်ရောင်ခြယ်သလင်းကျောက်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမ၏ နှုတ်ခမ်းများမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ငါက မိန်လန်ပါ..တာအိုရောင်းရင်းစု..မင်းက မီးလျှံဂြိုဟ်မှာ ခဏနေသင့်တယ်..နဂါးငွေ့တန်းကြီးက ကျယ်ပြောပြီး အကန့်အသတ်မရှိဘူး..အဝေးကလာတဲ့လူတွေအားလုံးက ငါတို့ရဲ့ဧည်သည့်တွေပဲ..မင်း ဒီမှာ ခုနှစ်ရက်လောက်အနားယူလေ.. ပြီးတာနဲ့ ငါနဲ့ တာအိုထျန်းက လိုက်ပို့ပေးပါ့မယ်..ဒါက ဒီဂြိုဟ်ပေါ်မှာရှိတဲ့နယ်မြေခံတွေဖြစ်တဲ့ ငါတို့ရဲ့ဝတ္တရားပဲ..”

အဘွားကြီးက ပြုံးနေသော်လည်း သူ့အပြုံးက အတုအယောင်သာဖြစ်၏။သူမ၏အသံက သွားကြိတ်နေသောအသံမျိုးဖြစ်ပြီး ကြားရသူတိုင်းက စူးစူးရှရှ နာကျင်မှုကို ခံစားခဲ့ရသည်။

ဘေးရှိထျန်းလင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက အဘွားကြီးကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် စူးစူးဝါးဝါး အကြည့်တစ်ချက် ပေါ်လာသည်။

စုမင်က ယခင်အတိုင်း တည်ငြိမ်နေသော်လည်း သူ့အကြည့်များက အေးစက်လာ၏။ သူက အဘွားကြီး၏ စကား နောက်ကွယ်က အရင်းခံအဓိပ္ပါယ်ကို ချက်ချင်းသိလိုက်သည်။ သူမက သူ့ကို မီးလျှံဂြိုဟ်မှ အမြန်ဆုံး ထွက်ခွာရန်နှင့် ဤနေရာတွင် အကြာကြီးမနေရန် တောင်းဆိုခဲ့သည်။ သူ့ကို အများဆုံးခုနစ်ရက်ထိနေခွင့်ပေးသည်။

စုမင်က ထျန်းလင်း ကိုကြည့်ကာ ပြတ်ပြတ်သားသား မေးလိုက်သည်။

“တာအိုထျန်း.. ဒါက ခင်ဗျားရဲ့အကြံလား..”

ထျန်းလင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ စဉ်းစားနေစဉ် အဘွားကြီးက အေးစက်သောအသံကို ထုတ်လွှတ်လိုက်သည်။

“တာအိုစု..မင်းက ဒီဂြိုဟ်မှာအကြာကြီးနေဖို့ စဉ်းစားထားတာလား...”

“အစကတော့ ကျုပ်ရဲ့အစီအစဉ်ထဲမှာမပါဘူး..ဒါပေမဲ့ ကျုပ် အခုစိတ်ပြောင်းသွားပြီ..ဘာလို့ ဒီမှာ အကြာကြီးနေလို့မရတာလဲ..”

စုမင်၏စကားသံများက တည်ငြိမ်နေသော်လည်း သူ့အသံမှအေးစက်မှုက သူ့ပတ်ဝန်းကျင်တွင် ပုံရိပ်ယောင်နှင်းအလွှာများ ပေါ်လာစေသည်။

လောလောဆယ်တော့ စုမင်က နောက်ပြန်မဆုတ်တာကို ထျန်းလင်း သိလေသည်။ စုမင် နောက်ပြန်ဆုတ်သွားလျှင် စုမင်အတွက် ဤဂြိုဟ်မှာ နေရာတစ်ခုရအောင်လုပ်နိုင်မည့်နည်းလမ်းမရှိတော့ပေ။ စုမင်က သူ့ကို သံသယစိတ်များ တဖွားဖွားဖြစ်စေလေသည်။ အမှန်မှာ အားကြီးသူများသာအနိုင်ရသည့်နတ္ထိအနှစ်သာရနယ်မြေတွင် စုမင် ချက်ချင်းမထွက်သွားလျှင် အားနည်းချက်ပေါ်လာချိန် ဒုက္ခလှလှတွေ့မည်ဖြစ်၏။

စုမင်၏တင်းမာသော သဘောထားနှင့် ခက်ထန်သော စကားများနှင့် ရင်ဆိုင်ရသောအခါ သူမ နှုတ်ဆိတ်သွားသည်။ သူမ၏နှလုံးသားထဲတွင် မသေချာမရေရာမှုများ မြင့်တက်လာသော်လည်း သူမ၏နှုတ်ခမ်းတွင် အေးစက်သော လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်။

“မင်းဒီမှာ အချိန်အကြာကြီးနေချင်ရင် မင်းရဲ့ကျင့်ကြံဆင့်ကို ငါကြည့်ချင်တယ်.. ရက်စက်ကြမ်းကြုတ်တဲ့ သားရဲနဲ့ အဲဒီရှစ်ရောင်ရှိတဲ့သလင်းကျောက်ကိုပဲ အားကိုးနေတယ်ဆိုရင် ဒီမှာ မင်းအတွက် နေရာတစ်ခု မရှိသေးဘူး..တာအိုစု “

အဘွားကြီး၏အသံက နံရံကို တဂျစ်ဂျစ်ခြစ်နေသောအသံနှင့်တူပြီး နားဝင်ဆိုးလေ၏။ သူမ ခြေတစ်လှမ်းတိုးလိုက်စဉ် အသူရာနတ်ဘုရားနှင့်ဆိုင်သောစွမ်းအားတစ်ခု သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုစွမ်းအားက နယ်မြေတစ်ခုကို ဖြတ်ကျော်ကာ ကောင်းကင်တွင် စွမ်းအားလှိုင်းဂယက်များကို ဖြစ်ပေါ်စေသည်။ ကြီးမားပြင်းထန်သော ဖိအားတစ်ခုက မြေပြင်ပေါ်သို့ ဆင်းသက်လာကာ ရာနှင့်ချီသော ကျင့်ကြံသူများ အသက်ရှုကျပ်လာသည်။

သူတို့အတွက်တော့ အသူရာနတ်ဘုရားများကြားက တိုက်ပွဲတစ်ခုပင်ဖြစ်သည်။ နတ်ဘုရားများ ကျင့်ကြံတာကိုကြည့်ရုံဖြင့် သူတို့အတွက် အကျိုးရှိလေ၏။ အထူးသဖြင့် ကောင်းကင်ဘုံနယ်ပယ်ကျင့်ကြံသူများက တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ရာလောက်က

စီနီယာမိန်လန်ဟာ လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ကို ရောက်ခဲ့ပြီး အသူရာနတ်ဘုရားဖြစ်လာခဲ့တယ်..အခုဆိုရင် သူ့စွမ်းအားက အရမ်းမြင့်မားနေလောက်ပြီ..ဒါပေမဲ့ ဒီနေရာမှာ စွမ်းအားအရင်းအမြစ်တွေ ရှားပါးနေပြီး အသူရာနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ဆိုတာ ပိုတောင်ခက်တယ်..ကျုပ်ရဲ့ခန့်မှန်းချက်အရတော့ သူမက လောကမှော်ယာဉ်ပျံကနဦးအဆင့်မှာ ရှိနေလောက်တယ်...”

“သူမက အဲ့အဆင့်မှာရှိနေရင်တောင် ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးပစ်နိုင်တယ်..သူမက လောကကြီးရဲ့ပြောင်းလဲမှုတွေကို နားလည်ပြီး မီးလျှံဂြိုဟ်နဲ့ပေါင်းစပ်နိုင်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတုန်းပဲ...”

အဝေးကိုဆုတ်ခွာသွားသော ရာနှင့်ချီသောကျင့်ကြံသူအများအပြားက တိုက်ပွဲအခြေအနေကို စတင်ဆွေးနွေးကြသည်။ သို့သော် အများစုမှာ ကျယ်လောင်စွာ မပြောဘဲ သူတို့၏အတွေးအမြင်များကို နတ်ဘုရားအာရုံမှတစ်ဆင့် ပေးပို့ခြင်းဖြင့် အချင်းချင်း ပြောဆိုကြသည်။

ထိုအချိန်အတွင်း အဘွားကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အသူရာနတ်ဘုရား ၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ စုမင်၏ခြေထောက်အောက်ရှိ ကြက်သွေးရောင်သားရဲကြီးက ခေါင်းကို မော့ကာ တုန်လှုပ်ချောက်ချားစွာ ဟိန်းဟောက်လိုက်သည်။အဘွားကြီး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားကို

စုမင် ချက်ချင်းခံစားလိုက်ရသည်။ သူ၏ညာလက်ကို မြှောက်လိုက်စဉ် လူသတ်ဓါးက လေထုထဲမှ ထွက်ပေါ်လာပြီး တဝီဝီမြည်သံကို ထုတ်လွှတ်နေလေသည်။

ကြက်သွေးရောင်သားရဲကြီး၏တည်ရှိမှုက အဘွားကြီးဆီကလာသော ဖိအားများကို ဖြေဖျောက်နိုင်စွမ်းရှိသည်။ ထို့ပြင် စုမင်က မဟာမြေကြီးကျင့်ကြံဆင့်တွင် ရှိနေဆဲဖြစ်သော်လည်း လူသတ်ဓါးက အေးစက်သောဖိအားများကို တရစပ်ထုတ်လွှတ်နေလေသည်။ ထို့ပြင် စုမင်၏ခန္ဓာကိုယ်တွင်း ဖိနှိမ်ခံရသော သတ်ဖြတ်လိုသောအရှိန်အဝါတစ်ခုလည်းရှိနေသည်။ထိုဖိအားက အဘွားကြီး၏ ဖိအားကို ဂရုတစိုက်ခုခံနေလေသည်။

ထျန်းလင်းက တိုက်ပွဲစတော့မည်ကိုမြင်သောအခါ သူက စုမင်နှင့်မိန်လန်ကြားတွင် ရပ်ရန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

“မင်းတို့နှစ်ယောက်ကြားက ရန်ငြိုးကြီးကြီးမားမားမရှိဘဲနဲ့ အချင်းချင်းတိုက်ခိုက်ကြမလို့လား”

ထျန်းလင်းက သက်ပြင်းချလိုက်သည်။

“တာအိုမိန်လန်..ကျုပ်တို့က နှစ်ပေါင်းရာနဲ့ချီပြီး အိမ်နီးချင်းတွေဖြစ်ကြပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်..ကျုပ်တို့ရဲ့ကျင့်စဉ်တွေကိုတောင် အပြန်အလှန်ဆွေးနွေးခဲ့ကြသေးတယ်..ကျုပ် မင်းကို မတားပါဘူး..ဒါပေမဲ့ မင်း သေချာစဉ်းစားရမယ်..တာအိုစုရဲ့ ရှစ်ရောင်ခြယ်သလင်းကျောက်က ရှားပါးပစ္စည်းပဲ..‌လောကမှာ တစ်ခုပဲရှိနိုင်တဲ့ပစ္စည်းမျိုး..ဒါ့ကြောင့် သူက အဲကျောက်တုံးကိုသုံးပြီး မင်းရဲ့စိတ်ဝိညာဥ်ကို အေးခဲအောင်လုပ်ဖို့လွယ်တယ်နော်...”

“ငါ့ဝိညာဉ်အေးခဲနေချိန်မှာ နင်က အနားမှာရှိနေရဲ့နဲ့ တစ်ခုခုတုံ့ပြန်ဖို့ ငြင်းဆန်နေတာလား.. ဒါဆိုရင်တောင် ငါ့မှာလွတ်မြောက်ဖို့ နည်းလမ်းရှိသေးတယ်.. ငါ ကြက်သွေးရောင်မီးလျှံဂြိုဟ်ကနေထွက်သွားမယ်.. ငါထွက်သွားရင် ဒီနေရာက ဒုက္ခတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်လာတော့မှာ”

အဘွားအိုက အေးစက်သောအပြုံးဖြင့် ပြောခဲ့သည်။

ထျန်းလင်းက မချိပြုံးပြုံးလိုက်ရင်း အဘွားကြီးက စကားပြန်ပြောလိုက်သည်။

“ မင်းက ငါ့ရဲ့ ရည်ရွယ်ချက်တွေကို မမြင်ဘူးလား..မီးလျှံဂြိုဟ်က တတိယအသူရာနတ်ဘုရားကို လက်မခံနိုင်တာမျိုး မဟုတ်ဘူး.. ဒီဖြစ်ရပ်က ငါ့ရဲ့ကျင့်ကြံမှုကိုလည်း အနှောင့်အယှက်ပေးနိုင်မှာ မဟုတ်ဘူး.. “

“ဒါပေမဲ့... သူကသားရဲတွေရဲ့နယ်မြေအတွက် ချိပ်တံဆိပ်ဖွင့်ပေးလိုက်တယ်... စစ်မှန်တဲ့လောကရဲ့ အစောင့်တပ်တွေဟာ နောက်နှစ်ပေါင်းများစွာ..ဒါမှမဟုတ် နောက်ကိုးနှစ်လောက်ကြာမှ ပြန်ရောက်လာလိမ့်မယ်.. သူတို့ ကင်းလှည့်ပြီး ဒါကို မြင်လိုက်တာနဲ့ ဒီကိစ္စကို စုံစမ်းဖို့ မီးလျှံဂြိုဟ်ကို အစုလိုက်အပြုံလိုက် ဆင်းလာလိမ့်မယ်.. အဲဒီအချိန်ကျရင် ငါတစ်ယောက်တည်း ဒုက္ခရောက်မှာ မဟုတ်ဘူး..နင်လည်း ဒုက္ခရောက်လိမ့်မယ်.. ဒီမှာရှိတဲ့သူတွေရောပဲ ဘယ်သူမှ သေဒဏ်ကနေ လွတ်မြောက်မှာ မဟုတ်ဘူး..”

အဘွားကြီးက စုမင်ကို စိုက်ကြည့်ရင်း ထျန်းလင်းနှင့် စကားပြောနေသည်။

“သူ ဒီနေရာကနေ မထွက်ရင်ရော”

အဘွားကြီးက ညာလက်ကို မြှောက်လိုက်သောအခါ သူမ၏နောက်ဘက်ရှိစွမ်းအားလှိုင်းများက ချက်ချင်း အေးခဲသွားကာ ညာလက်ပေါ်တွင် စုရုံးလာသည်။

“တကယ်လို့ သူက ကြက်သွေးရောင်သားရဲကြီးကို ချိပ်တံဆိပ်ခတ်ပြီး ဒီနေရာကနေ ချက်ချင်းထွက်သွားရင် ငါတို့အားလုံး ဒုက္ခကို ရှောင်နိုင်မှာပဲ”

ထျန်းလင်းက ခဏမျှ နှုတ်ဆိတ်နေပြီးမှ လျင်မြန်စွာပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် ပြတ်ပြတ်သားသား ကြည့်နေလေသည်။

“ဒီနေရာက ဒုတိယမင်နက်ရောင် ကျင့်ကြံဂြိုဟ်ဖြစ်လာမှာပဲ...”

“ဒါဆို မင်းကငါ့ကို တားဖို့ကြံနေတာလား”

အဘွားကြီး၏မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်များ လင်းလက်လာသည်။ ထျန်းလင်းက သူနှင့်စုမင်ကြားထဲတွင် ဇွတ်အတင်းရပ်နေသောအခါ သူမက အသက်ပြင်းပြင်းရှူကာ လက်ကို အောက်သို့ ဖြည်းညှင်းစွာချလိုက်သည်။ ထို့နောက် စုမင်ကို ကြည့်လိုက်သည်။

“မင်းကို ဒီမှာ ရှစ်နှစ်နေခွင့်ပေးမယ်..ရှစ်နှစ်ပြီးလို့ မင်းမထွက်သွားရင် မီးလျှံဂြုဟ် အတွက် မင်းကို သတ်ပစ်မယ်”

အဘွားကြီးက လျှင်မြန်စွာလှည့်ကြည့်လိုက်သည်။ သူမထွက်ခါနီးတွင် အဝေးမှရပ်နေသောယွဲ့ဟုန်ပန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများကို တောက်ပလာပြီး လက်ဖြင့် ယွဲ့ဟုန်ပန့်ဆီသို့ ချိန်ရွယ်လိုက်သည်။

“ငါတို့အပေါ်ဒီဘေးအန္တရာယ်ကို ခေါ်လာခဲ့တဲ့ နင့်ကိုတော့ အခြားသူတွေကို သတိပေးတဲ့အနေနဲ့ သတ်ပစ်မယ်”

သူမက ယွဲ့ဟုန်ပန့်ကို ချိန်ရွယ်လိုက်စဉ် ယွဲ့ဟုန်ပန့်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ သူ လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း အနက်ရောင် ချည်မျှင်သုံးမျှင်က ပါးလွှာသောလေထုထဲမှ ထွက်ပေါ်လာသည်။ ချည်မျှင်များက သူ့ခန္ဓာကိုယ်ကို ဝိုင်းပတ်ပြီး အလွန်လျင်မြန်စွာ ကျုံ့သွားလေသည်။ လက်စွပ်ပုံသဏ္ဍာန် အနက်ရောင်ချည်မျှင်သုံးမျှင်ထဲက တစ်ခုမှာ သူ့လည်ပင်းမှာ ရစ်ပတ်ထားသည်၊ နောက်တစ်ခုက သူ့ရင်ဘတ်နှင့် ကျန်တစ်ခုက သူ့ခါးမှာ ရစ်ပတ်ထားသည်။ အကယ်၍ အဆိုပါ ကြိုးသုံးချောင်းက တစ်ပြိုင်နက်တည်း ကျုံ့သွားပါက ၎င်းတို့က ယွဲ့ဟုန်ပန့်ကို အစိတ်စိတ်အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိမ့်မည်။

ယွဲ့ဟုန်ပန့်၏စိတ်ထဲမှာ ထိတ်လန့်မှုများ တိုးလာသည့်အခါ သူ့မျက်နှာမှာ ရူးသွပ်မှုများ ပေါ်လာသည်။ သူက စုမင်ဆီက အကူအညီမတောင်းပေ။ ဤအခိုက်အတန့်တွင် စုမင်အတွက် အသူရာနတ်ဘုရားနှင့်တိုက်ပွဲကို ရှောင်ရှားရန် အလွန်အရေးကြီးလေသည်။ ထို့ပြင် အဘွားကြီးက သူ့ကိုသတ်ပြီး ဒေါသကိုဖြေဖျောက်နေသည်မှာ ထင်ရှားသည်။ ယွဲ့ဟုန်ပန့်က အံကြိတ်ရင်း ကောင်းကင်ဘုံကျင့်ကြံဆင့်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ချည်မျှင်သုံးချောင်းကျုံ့သွားသည်နှင့် တပြိုင်နက် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသံနှင့်အတူ ကွဲသွားခဲ့သည်။

သို့သော် သူ၏စုတ်ပြဲနေသော ခန္ဓာကိုယ်မှ သွေးများထွက်မလာပဘဲ ဝါးဆစ်ခြောက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ထို့ပြင် ယွဲ့ဟုန်ပန့်၏ခန္ဓာကိုယ်အစစ်အမှန်က ပေတစ်ရာအကွာတွင် ပေါ်လာသည်။ သူ့ပါးစပ်မှသွေးများစွာကို အန်လိုက်ရသည်။ သူ့မျက်နှာက ဖြူဖျော့သွားကာ မွဲခြောက်ခြောက်နှင့် အသက်မရှိသောအရောင်အသွေးလည်း ရှိနေသည်။ ဤကဲ့သို့အကျပ်အတည်းကာလမှာ သူ့အသက်ကို ကာကွယ်ရန် ပစ္စည်းတစ်ခုကို သူအသုံးပြုခဲ့တာ ထင်ရှားဧ။်။ သို့သော် သူက သေခြင်းမှ လွတ်မြောက်သွားသော်လည်း ဒဏ်ရာရခဲ့သည်။

“ဟမ်..မင်းရဲ့ဘိုးဘေးက ခူကျူးလား...ကောင်းပြီ ဒါဆို ငါတို့ရဲ့မိတ်ဆွေဆက်ဆံရေးကြောင့် မင်းကို ချမ်းသာပေးလိုက်မယ်..

အဘွားကြီးက ဝါးဆစ်ခြောက်များကို ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် အနည်းငယ်လွမ်းဆွေးသောအကြည့် ပေါ်လာသည်။ သူမက လူအုပ်ကို စိတ်မ၀င်စားတော့ပေ။ သူမက ထွက်ခွာသွားလိုသောအလင်းတန်းရှည်အဖြစ် ပြောင်းလဲသွားသည်။

ထျန်းလင်းသည်ပင် ဝါးဆစ်ခြောက် အနည်းငယ် စိုက်ကြည့်ပြီး ယွဲ့ဟုန်ပန့်ကို အသိအမှတ်ပြုဟန် ကြည့်လိုက်သည်။

ယွဲ့ဟုန်ပန့်၏ မျက်နှာက ဖြူဖျော့နေသေးသည်။ သူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။

ရာနှင့်ချီသောလူများက တိုက်ပွဲမရှိတော့

ကြောင်းသိလိုက်ရ၍ စိတ်ထဲတွင် နှမြောတသဖြစ်နေလေသည်။

ထိုအချိန်တွင် စုမင်၏ အေးစက်သော အသံက လေထဲတွင် ထွက်ပေါ်လာသည်။

“ခင်ဗျားက ကျုပ်ကို ရှက်ပြီး ကျုပ် နောက်လိုက်ကိုတောင် သတ်ချင်နေတာလား.. ဒီအတိုင်း ထွက်သွားမှာလား မိန်လန်...”

သူ့စကားများနှင့်အတူ ဖိနှိမ်မထားတော့သည့်လူသတ်ဆန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သူ့ကိုဝိုင်းရံထားသောပြင်းထန်သောသတ်ဖြတ်လိုစိတ်က လူအုပ်ဧ။်အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

ထိုလူသတ်အငွေ့အသက်၏စွမ်းအားသည် အလွန်ကြီးမားလှသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ နတ္ထိအနှစ်သာရနယ်မြေမှာ ဤကဲ့သို့ထူထဲသောသတ်ဖြတ်လိုစိတ်ကို ခံစားရတာ ထူးထူးခြားခြားပင် ဖြစ်သည်။ ဤသည်မှာ သာမန်သတ်ဖြတ်လိုစိတ်မဟုတ်ဘဲ ဘဝပေါင်းများစွာပြန်ဝင်စားပြီးသောလူတစ်ယောက်၏ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ပင်ဖြစ်သည်။

အကယ်၍ အဘွားကြီးသာ ယခုအတိုင်း ထွက်သွားပါက မီးလျှံဂြိုဟ်တွင် သူ့တည်ရှိမှုက အခြေမခိုင်တော့ကြောင့် စုမင် သိလေသည်။ ထိုသို့မဖြစ်လေရအောင် တစ်ခုတည်းသောနည်းလမ်းမှာ စုမင်က သူ့ဓါးကို ဆွဲထုတ်ရန်ဖြစ်သည်။

Note

ခူကျူးရဲ့အဓိပ္ပါယ်က ဝါးဆစ်ခြောက်

All Chapters