← Chapters

အကြင်နာမဲ့ ရက်စက်မှု

Vol. 55 Ch. 759

အကြင်နာမဲ့ ရက်စက်မှု

Vol. 55 Ch. 759

ထိုခဏ၌လူအားလုံးက လူသတ်ရောင်ဝါများကို ခံစားလိုက်ရပြီး အဆုံးမဲ့ အမှောင်ထဲသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ‌ဤအမှောင်ထုမှာ ရုပ်ပိုင်းဆိုင်ရာအသွင်ကိုပိုင်ဆိုင်သောစုမင်ကြောင့် ဖြစ်၏။

‘တကယ်လို့ ငါသာ မြင်နိုင်ရင် အပြာရောင်ကောင်းကင်ကြီးက ဘယ်လိုပုံစံရှိလဲဆိုတာ သိမှာပဲ...”

သေခြင်းတရား၏အငွေ့အသက်ကလည်း ထိုလူသတ်ရောင်ဝါတွင် ရှိနေလေသည်။၎င်းက စုမင်၏စိတ်ဝိညာဉ်မှ ဆင်းသက်လာ၏။ မူလက သေဆုံးသွားသော်လည်း ဆောင်းလယ်မှနွေဦးအထိ လျှောက်လှမ်းလိုသောစိတ်ဝိညာဉ်တစ်ခုအတွင်းရှိ ရူးသွပ်မှုတစ်ခုဖြစ်၏။

ဤသေခြင်းအငွေ့အသက်က နေရာအနှံ့ပျံ့နှံ့သွားပြီးနောက် မြင်ကွင်းက ရှင်းလင်းလာလေသည်။ ထိုအချိန်တွင် လူသတ်ရောင်ဝါ၏သိပ်သည်းမှုကို ခံစားသိရှိသူအားလုံးသည် တူညီသောအတွေးတစ်ခုရှိခဲ့ကြသည်။ ၎င်းက ဘဝတစ်ခုတည်း၊ လူတစ်ယောက်တည်းက စုဆောင်းနိုင်သည့်လူသတ်ရောင်ဝါတစ်ခုမဟုတ်ပေ။

စုမင်က နဝမမြောက်တောင်ထွဋ်တွင်ရှိနေစဉ် သူ့အစ်ကိုများနှင့်ဆရာကြီးထျန်းရှဲကျီက သူ့အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော လူသတ်ရောင်ဝါ ကို ခံစားခဲ့ရသည်။ ထို့နောက် သူက မသေနိုင်ပြီး မပျက်စီးနိုင်သော လောကထဲသို့ ဝင်၍ ကြီးမားသော တိုက်ပွဲများစွာတွင် ဆင်နွှဲခဲ့သည်။ နောက်ဆုံးတွင် ထိုလူဝင်စားမှုများစွာအတွင်း သူအမြဲပြန်သွားခဲ့သည့် နေရာတစ်ခုကို တွေ့ရှိခဲ့ပြီး သူ၏လူသတ်အငွေ့အသက်မှာ အလွန်ထူထပ်လာကာ ဆိုးရွားလှသည်။

သို့သော် များသောအားဖြင့် ၎င်းက သူ၏စိတ်ဝိညာဉ်တွင် ဖုံးကွယ်ခြင်းခံရပြီး ဖြန့်ကျက်ရန် ခက်ခဲသည်။ အများစုမှာ သူက ထိုလူသတ်ရောင်ဝါ၏တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်လွှတ်နိုင်ခဲ့သည်။

တကယ်တော့ သူ ဖြန့်လိုက်လျှင် ယခုလို ထူထဲမည်မဟုတ်ပေ။ စုမင်က ယင်မရဏနယ်မြေတွင်ရှိစဉ်က အစစ်အမှန်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားခြင်းမရှိပေ။ သူ့တွင် အသွေးအသားမရှိ၊ ဝိညာဉ်တစ်ခုသာရှိခဲ့၏။ သူက အမြစ်မရှိသောသစ်ပင်နှင့်တူသောကြောင့် သူ့ကိုယ်ထဲ၌ရှိသမျှကို ထုတ်လွှတ်ရန် ခက်ခဲသည်။ ထိုအချိန်တွင် စုမင်က စိတ်ခံစားမှုများရှိပြီး နာကျင်မှုကို ခံစားနိုင်သေးသည်။ ယခု

သူ နတ္ထိအနှစ်သာရနယ်မြေတွင်ရှိစဉ် ကြက်သွေးရောင်သားရဲမှ အသွေးအသားများကို စုပ်ယူကာ သူ့ကိုယ်ခန္ဓာကို ဖန်တီးခဲ့သည်။ ဤခန္ဓာကိုယ်က သူ့ဝိညာဉ်နှင့် ပေါင်းစပ်သွားစဉ် သူ့တွင် ခံစားချက်များမရှိတော့ဘဲ နာကျင်မှုကိုခံစားနိုင်စွမ်း ပျောက်ဆုံးသွားသည်။ ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ်မှသတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နိုင်စွမ်း ရှိလာသည်။

စုမင်က သူ့၏လူဝင်စားသံသရာတစ်လျှောက်လုံး စုဆောင်းထားသောသတ်ဖြတ်လိုစိတ်များကို ပထမဆုံးအကြိမ် ဖြန့်ကျက်လိုက်သည်။ သူ ထိုရောင်ဝါကို ထုတ်လွှတ်လိုက်စဥ် ထျန်းလင်း၏အမူအရာ ပြောင်းလဲသွားသည်။ သူက အလိုလိုနောက်သို့ခြေလှမ်းအနည်းငယ်လှမ်းကာ စုမင်ဆီသို့

လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးထဲတွင် ထိတ်လန့်နေသည့်အရိပ်အယောင်ပေါ်လာသည်။

သူ့အဆင့်အတန်း၊ကျင့်ကြံဆင့်နှင့်ပင် စုမင်ကဲ့သို့ ထူထဲသောသတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားသူ မည်သူမျှ မမြင်ဖူးပေ။ ထို့အတွက်ကြောင့် သူ့စိတ်ထဲတွင် လှည့်စားနေသည်ဟု ပြင်းထန်စွာ ခံစားနေရသည်။

‘ဒီလို လူသတ်ရောင်ဝါကို ပိုင်ဆိုင်ဖို့ သူ လူဘယ်လောက်တောင် သတ်ခဲ့တာလဲ..”

ထျန်းလင်း၏နှလုံးသား တုန်လှုပ်သွားသည်။ ကျင့်ကြံဆင့်များက နတ္ထိအနှစ်သာရနယ်မြေတွင် လူတစ်ဦးအား သန်မာခြင်း သို့မဟုတ် အားနည်းခြင်းကို

ဆုံးဖြတ်ရန် တစ်ခုတည်းသောနည်းလမ်းမဟုတ်ပေ။ တစ်ခါတစ်ရံတွင် လူတစ်ဦးတည်းမှထွက်လာသောသွေးပမာဏကိုကြည့်ချင်အားဖြင့် အမှန်တကယ် သန်မာသူ သို့မဟုတ် ဟန်ဆောင်သူ ဟုတ် မဟုတ်ကိုပို၍တိကျစွာ ဆုံးဖြတ်နိုင်သည်။

အဘွားကြီး၏အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူမက မူလက ထွက်သွားချင်ခဲ့သော်လည်း စုမင်၏ခန္ဓာကိုယ်အတွင်းရှိလူသတ်ရောင်ဝါများကြောင့် ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူမ ကြက်သီးတဖြန်းဖြန်းထပြီး သူမဆံပင်များပင် သံချောင်းကဲ့သို့ ထောင်မတ်သွားလေသည်။

ထိုလူနှစ်ယောက်က ထိုပုံစံမျိုး တုံ့ပြန်လျှင် ဘေးနားရှိရာနှင့်ချီသောကျင့်ကြံသူများက ပို၍ဆိုးလိမ့်မည်။ သူတို့က ထိတ်လန့်တကြားဖြင့် နောက်သို့ ပြန်ဆုတ်သွားကြသည်။သူတို့က စုမင်ဘက်ကို လှမ်းကြည့်ရင်း ကြောက်စိတ်များ အရှိန်မြှင့်လာခဲ့သည်။

ထိုအချိန်တွင်ပင် ယွဲ့ဟုန်ပန့်လည်း တုန်လှုပ်သွားခဲ့သည်။ သူက စုမင်ကို ကြည့်နေရင်း စုမင်အစား လူသတ်ဝိညာဉ်ကို မြင်လိုက်သည်။ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်က အေးခဲသွားပြီး ရေခဲနှင့်အမှောင်ထုထဲသို့ ထိုးကျသွားသလို ခံစားလိုက်ရသည်။

တကယ်တော့ စုမင်၏အောက်ရှိ ကြက်သွေးရောင်ဖီးနစ်ကလည်း အပူစွမ်းအားအများစုကို ဆုံးရှုံးခဲ့ရသည်။၎င်းခန္ဓာကိုယ်က စုမင်၏လူသတ်ရောင်ဝါကိုကျင့်သားမရသောကြောင့် တွန့်လိမ်နေလေသည်။

အဝေးရှိထိပ်ပြောင်ကြိုးကြာငှက်ကြီးလည်း မျက်လုံးများ ပြူးကျယ်သွားသည်။၎င်းက စုမင်ကို အံ့ဩမင်သက်စွာ ကြည့်နေလေသည်။ ၎င်းက တစ်စုံတစ်ခုကို သတိရသွားသယောင် ခံစားရခဲ့၏။သို့သော် မည်မျှပင် ကြိုးစားခဲ့ပါစေ ထိုအရာနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မမှတ်မိနိုင်ပေ။

စုမင်၏လက်ထဲရှိလူသတ်ဓါးမှ တဝီဝီမြည်သောအသံတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုများ ပါဝင်နေလေသည်။ ထိုအသံမှ သွေးဆာသောရမ္မက်ကို ခံစားရပြီး ဓါးရောင်က အနီရောင်မှ ခရမ်းရောင်အထိ ပြောင်းလဲသွားခဲ့သည်။

စုမင်၏စကားများနှင့် လူသတ်ရောင်ဝါက ကောင်းကင် နှင့် မြေကြီး ကို လှုပ်ခါသွားစေသည်။ ထို့နောက် သူက အမူအရာပျက်ယွင်းသွားသောအဘွားကြီးဆီသို့ လျင်မြန်စွာ ခြေလှမ်းလှမ်းလိုက် သည် ။ တစ်ချိန်တည်းမှာပင် ကြက်သွေးရောင် သားရဲက ဟိန်းဟောက်ပြီး သူနှင့်အတူ ပျံသန်းသွားလေသည်။

လက်ရှိစုမင်က ယင်မရဏနယ်မြေရှိ

တာအိုကျေးကျွန်များကို တိုက်ခိုက်စဥ်ကထက် များစွာ အားကောင်းနေပြီဖြစ်သည်။ ထိုအချိန်က သူက အသက်လမ်းကံကြမ္မာကနဦးအဆင့်တွင်သာ ရှိသေးသည်။ထို့နောက် ယွီရွှမ်၏မရဏငွေ့အသက်များကြောင့် သူ၏ဝိညာဉ်က

ပြီးပြည့်စုံခဲ့ပြီး ချိပ်တံဆိပ်သုံးခု ကျိုးသွားခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူက မယုံနိုင်လောက်အောင် အားနည်းနေသေးပြီး ထောင်ပေါင်းများစွာသောတာအိုကျေးကျွန်များကို တိုက်ခိုက်ရန် ခက်ခဲနေသေးသည်။

စုမင်က မျက်နှာဖုံးစွပ်ပြီး ယင်မရဏနယ်မြေ၏ပါရမီရှင်ဖြစ်လာသောအခါ အသက်လမ်းကံကြမ္မာကျင့်စဉ်မှ အသက်ဒုက္ခကျင့်စဉ်သို့ ရောက်ရှိသွားသည်။ မဟာမြေကြီးနယ်ပယ်ကျင့်ကြံသူအနေဖြင့် သူက အသွေးအသားခန္ဓာကို အမှန်တကယ်ပိုင်ဆိုင်လာခဲ့သည်။ ဤနှစ်နှစ်အတွင်းတွင် သူက အနိုင်းမဲ့အလိုဆန္ဒ၏နတ်စွမ်းရည်ကို အသုံးပြု၍ ဤခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်နေခဲ့သည်။ ယခု သူထုတ်သုံးခဲ့သောတိုက်ခိုက်ရေးစွမ်းရည်က ယင်မရဏနယ်မြေတွင် သူပိုင်ဆိုင်သောအရာထက်

သာလွန်သွားခဲ့သည်။

သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ဘယ်ဘက်ကိုမြှောက်ကာ မြေပြင်ကို ရိုက်ချလိုက်သည်။ ထိုရိုက်ချက်နှင့်အတူ အနှိုင်းမဲ့အလိုဆန္ဒနတ်စွမ်းရည်ကို အသက်သွင်းခဲ့သည်။ သူ့ဘယ်လက်က ညှိုးနွမ်းစပြုလာပြီး ဓားကိုကိုင်ထားသည့် သူ၏လက်နှင့် ညာလက်တို့က အရိုးစုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူ့ဘယ်လက်ကို မြှောက်ပြီး သူ့နဖူးကို ပုတ်လိုက်သည်။

ထို့နောက် အနက်ရောင်မြူခိုးများ ပျံ့နှံ့သွားပြီး အန္တရာယ်ရှိသောတစ္ဆေကြီး၏ ဦးခေါင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် စုမင်က စူးဝါးသောအော်သံကိုထုတ်လွှတ်ပြီး ချက်ချင်းဆိုသလို အရှိန်မြှင့်လိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အဘွားကြီးအနားသို့ နီးကပ်လာပြီး သူ့လူသတ်ဓါးက ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်လိုစိတ် ပျံ့နှံ့ လာသည်။

အရာအားလုံးက မြန်ဆန်လွန်းလှသည်။စုမင်၏ ခန္ဓာကိုယ်ပေါ်ရှိ လူသတ်ရောင်ဝါကြောင့် ထျန်းလင်းက တုန်လှုပ်နေပြီး ခဏတာ ကြက်သေသေမိသွားသည်။ ထိုအချိန်တွင် စုမင်က အဘွားကြီးရှေ့တွင်ရှိနေပြီဖြစ်၏။

မိန်လန်၏မျက်လုံးများ မျက်မှောင်ကြုတ်သွားလေသည်။ သူမက စူးစူးဝါးဝါးအော်ဟစ်သံကို ထုတ်လွှတ်လိုက်ပြီး သူမ၏ညာလက်ကိုမြှောက်လိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ အသူရာနတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာပြီး သူမ၏ညာလက်မှာ ကြီးမားသောအလံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအလံက အဖြူရောင်ဖြစ်ပြီး အနာအဆာများပါလေသည်။ ထိုအလံပေါ်တွင် အနက်ရောင်ချည်မျှင်များဖြင့် ပြုလုပ်ထားသောစက်ဝိုင်းတစ်ခု ပါရှိလေသည်။

ထိုအချိန်တွင် ထိုစက်ဝိုင်းက အသက်ဝင်လာသလိုမျိုး လည်ပတ်လာသည်။ အဘွားကြီးက ညာလက်ဖြင့် အလံကို လွှဲလိုက်သောအခါ အနက်ရောင်ချည်မျှင်များဖြင့်ပြုလုပ်ထားသော စက်ဝိုင်းက လေထဲတွင် ပေါ်လာသည်။ ထိုစက်ဝိုင်းမှ လက်စွပ်ပုံစံအနက်ရောင်ကွင်းများက စုမင်ဆီသို့ ဦးတည်သွားလေသည်။

ကောင်းကင်ကို တုန်လှုပ်စေသော စွမ်းအားလှိုင်းလုံးကြီးများက ပျံ့နှံ့သွားကာ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ အသူရာနတ်ဘုရားအချင်းချင်း တိုက်ခိုက်သောအခါ သို့မဟုတ် ကြီးကျယ်ခမ်းနားသောနတ်စွမ်းရည်များ ထိတိုက်မိမှသာ ဤကဲ့သို့ပြင်းထန်သော အသံများ ထွက်ပေါ်လာမည်ဖြစ်သည်။မီးလျှံဂြိုဟ်တွင် ထိုသို့မဖြစ်ဖူးသည်မှာ ကြာခဲ့လေပြီ။ ဤနေရာက စွမ်းအားအရင်းအမြစ်များရှားပါးပြီး ကနဦးကျင့်ကြံစွမ်းအားများပြန်လည် ကောင်းမွန်လာမှုမှာ အင်မတန်နှောင့်နှေးသည်။အဘယ်ကြောင့်ဆိုသော်သူတို့က လုံးဝ မလိုအပ်ဘဲ စွမ်းအားများဖြုန်းတီးခြင်းကို မလုပ်ကြပေ။

လောကကြီးမှ တော်လဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုပြင်းထန်သောပေါက်ကွဲသံနှင့်အဆုံးမဲ့သောပဲ့တင်သံများသည် လေထဲသို့ပျံ့နှံ့သွားသောအခါတွင် မြောက်များစွာသောမျက်ရည်စက်များက ကောင်းကင်၌ ပေါ်လာ၏။ ပြင်းထန်သောလေပွေတစ်ခုတိုက်ခတ်လာပြီး ရာနှင့်ချီသောကျင့်ကြံသူများကို အသက်ရှုကျပ်စေခဲ့သည်။

ဤသည်မှာ...ကျင့်ကြံသူများကြားရှိ စစ်မှန်သော တိုက်ပွဲဖြစ်သည်။၊ သူတို့အချင်းချင်း ငြင်းခုံမှု အသေးအမွှားများပင် မလုပ်ပေ။ သူတို့၏ကနဦးစွမ်းအားများ မဖြုန်းတီးဝံ့သောကြောင့် ဖြစ်သည်။

ထိုကျယ်လောင်သော ပေါက်ကွဲသံက လေထဲတွင် ကျယ်လောင်စွာမြည်ဟည်းလာပြီး အနက်ရောင်ကွင်းများက ပြုတ်ကျသွားသည်။ စုမင်၏လူသတ်ဓါးက အနက်ရောင်ချည်မျှင်များကိုအဆက်မပြတ်ပိုင်းဖြတ်လိုက်သည်။ သို့သော် အနက်ရောင်ချည်မျှင်အားလုံးကို

ဖြတ်တောက်ရန်မှာ သူ့အတွက် ခက်ခဲလှသည်။သို့တိုင် သူ၏လူသတ်ဓားမှ အားပြင်းသောစုပ်ယူမှုစွမ်းအား ပြန့်ကျဲသွားပြီး အလံကိုင်ထားသော အဘွားကြီး၏

ညာဘက်လက်က ညှိုးနွမ်းသွားသည်။ စုမင်၏ခန္ဓာကိုယ်က ပိန်ချုံးနေသော အခြေအနေမှ အသွေးအသားအချို့ ပြန်လည်ရရှိလာသည်။ တစ်ဖက်တွင် အဘွားကြီး၏ အသွေးအသားများကို စုပ်ယူခံလိုက်ရသလိုပင်ဖြစ်၏။

ဤထူးဆန်းသောစွမ်းရည်က အဘွားကြီး၏အမူအရာပြောင်းလဲသွားစေသည်။ အနက်ရောင်မြူခိုးများမှ ဖြစ်ပေါ်လာသောတစ္ဆေဦးခေါင်းကြီးကလည်း ဟိန်းဟောက်သံတစ်ခုနှင့်အတူ သူမဆီသို့ ဦးတည်နေသည်။ အဘွားကြီးက သူ့လအလံကို နောက်သို့လွှဲယမ်းလိုက်သော်လည်း သူ့ကိုယ်တိုင် နောက်ပြန်မဆုတ်ပေ။

ယင်းအစား သူမက ရှေ့သို့ တိုးသွားခဲ့သည်။ သူမ ခြေတစ်လှမ်းလှမ်းပြီး ဘယ်လက်ကို မြှောက်လိုက်သည် ။ သူမ၏ လက်သည်းများက ချက်ချင်းပင် ပိုရှည်လာပြီး ထိုလက်သည်းများက ချွန်ထက်သောအပ်ငါးချောင်းတူလေသည်။ ထို့နောက် စုမင်ကို ကုတ်ခြတ်လိုက်သည်။

အဘွားကြီး၏လက်ချောင်းများက တစ္ဆေဦးခေါင်းကြီးနှင့် ထိတိုက်မိသည်နှင့် ဦးခေါင်းကြီးမှာ ပေါက်ကွဲသွားလေသည်။

စုမင်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။သူ့လူသတ်ဓါးက အနက်ရောင်ခြည်မျှင်အားလုံးကို မဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျန်နေခဲ့သောအနက်ရောင်ချည်မျှင်ငါးမျှင်က သူ့ရင်ဘတ်ကို ထိုးဖောက်လိုက်လေသည်။ စုမင်၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်ထိခိုက်သွားပြီး ရင်ဘတ်မှာ သွေးများစီးကျလာသည်။ ပြင်းထန်သော နာကျင်မှုက စုမင်ပေါ်ကျရောက်လာသော်လည်း သူဘာမှမခံစားနိုင်ပေ။ ထိုဒဏ်ရာများကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။ သူ့အမူအရာက ခက်ထန်နေပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူက အဘွားကြီး၏လက်ငါးချောင်းကို လက်သီးဖြင့်ထိုးလိုက်သည်။

လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထပ်မံထွက်ပေါ်လာပြန်သည်။ စုမင်၏ဘယ်ဘက်လက်မောင်းက သွေးများထွက်နေပြီး သူ၏အရိုးအချို့ပင် အပိုင်းပိုင်းကွဲအက်သွားလေသည်။ အဘွားကြီး၏လက်ငါးချောင်းက လျင်မြန်စွာညှိုးနွမ်းသွားကာ သူမ၏လက်မှအသွေးအသွားများ စုပ်ယူခြင်းခံလိုက်ရသည်။

သို့သော် သူမက အေးစက်သောအသံတစ်ခုကို ထုတ်လွှတ်ပြီး ‌နောက်တစ်ကြိမ် စုမင်ကို လက်သည်းဖြင့် ကုတ်ခြစ်လိုက်သည်။

စုမင်က ဒဏ်ရာမရခဲ့သလို ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ယခင်အတိုင်းတည်ငြိမ်နေခဲ့သည်။ သူ၏ကျိုးပဲ့ပြီး သွေးစွန်းနေသောလက်နှင့် အဘွားကြီး၏

လက်ချောင်းများကို နောက်ထပ် ထပ်ထိုးလေသည်။

စုမင်၏ဘယ်ဘက်လက်မှာ ပေါက်ကွဲသံနှင့်အတူ ကွဲသွားသည်။ထို့နောက် သူ့လက်မောင်းကနေ သွေးများစီးကျလာသည်။ အဖြူရောင်အရိုးများနှင့် စုတ်ပြဲနေသောအသားစအချို့ကို သူ၏ပခုံးတွင် တွဲကျလျက်သား မြင်တွေ့နိုင်သည်။

အဘွားကြီး၏အမူအရာမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြည့်နှက်နေလေသည်။ သို့သော် စုမင်ကတော့ အနည်းငယ်နာကျင်နေပုံမပေါ်ပေ။ သူ့ခန္ဓာကိုယ်က သူနဲ့မဆိုင်သလိုပင် ပြုမူနေလေ၏။ ထို့ပြင် စုမင်က ညာလက်ဖြင့် ဘက်လက်ရှိတွဲလောင်းကျနေသောအသားစနှင့်အရိုးများကို ဆွဲဖြုတ်ပြီး ဘေးသို့လွှင့်ပစ်လိုက်သည်။ သူ့ဒါဏ်ရာမှ သွေးများကို တိတ်အောင်လုပ်ပြီး အဘွားကြီးကို အေးစက်စွာ ကြည့်နေလေသည်။

ဤမြင်ကွင်းက အဘွားကြီးတစ်ယောက်တည်းကို တုန်လှုပ်ချောက်ချားစေခြင်းမဟုတ်ပေ။ ထျန်းလင်းကိုပင် ပင့်သက်ရှိုက်စေခဲ့၏။ ထိုနေရာရှိ ရာနှင့်ချီသောကျင့်ကြံသူများက စုမင်ကို သရဲတွေ့ရသလို ထိတ်လန့်စွာ ကြည့်နေကြသည်။

“ဘယ်လိုရက်စက်ကြမ်းကြုတ်မှုမျိုးနဲ့ လူတစ်ယောက်က သူ့ကိုယ်သူအပေါ်တောင် ရက်စက်နိုင်ရတာလဲ..သူ့က နာကျင်မှုကိုတောင်ဂရုမစိုက်ဘဲ ပြုံးနေသေးတယ်..”

“သူ့ကိုယ်သူတောင် ရက်စက်လွန်းရင်... ရန်သူတွေကို ဘယ်လို ဆက်ဆံမလဲ...”

“ဒီလူက နတ္ထိအနှစ်သာရနယ်မြေမှာ နေဖို့မွေးဖွားလာတဲ့သူပဲ...”

အဘွားကြီးက စုမင်ကိုကြည့်ရင်း ထိုစကားများက သူ့ခေါင်းထဲတွင် ပေါ်လာသည်။

စုမင်၏မြင့်မြတ်သောစွမ်းရည်မှာ သူမအတွက် အထူးအဆန်းဖြစ်နေသည်။ အခြမှ သူတို့က စတိုက်ခိုက်ဖူးသော်လည်း သူမ၏လက်များက ညှိုးနွမ်းနေပြီဖြစ်သည်။ သူမ၏ အသွေးအသား ဆယ်ပုံနှစ်ပုံနီးပါး ဆုံးရှုံးခဲ့ပြီး ကျင့်ကြံစွမ်းအားအချို့လည်း ဆုံးရှုံးခဲ့ရသည်။ ဤနေရာ၌ကျင့်ကြံစွမ်းအား ပြန်လည်ကောင်းမွန်မှုက မယုံနိုင်လောက်အောင် နှေးကွေးသည်။ ထို့ကြောင့်ဤဆုံးရှုံးမှုမျိုးက သူမ၏နှလုံးသားကို စူးရှစွာ

နာကျင်စေလေသည်။

သို့သော် ထိုနာကျင်မှုက သူမ၏ နှလုံးသားထဲတွင် ကြာရှည်မခံပေ။

ထိုအချိန်တွင် စုမင်က သူ၏ညာလက်ရှိ လူသတ်ဓားကို လွှတ်ချလိုက်သောကြောင့် သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထူထဲသောဝိညာဉ်စွမ်းအားကို ထုတ်လွှတ်သော သလင်းကျောက်ဒါဇင်ပေါင်းများစွာက သူ၏ညာလက်တွင် ပေါ်လာသည်။ စုမင်က ကျောက်တုံးများက ချေမွပစ်လိုက်သည်။ စုမင်၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်အများအပြား ရောက်ရှိသွားပြီး သူ့ခေါင်းကို မော့ကာ အဘွားအိုအား ရက်စက်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူက အဘွားအိုဘက်သို့ လျင်မြန်စွာ အရှိန်တင်လိုက်သည်။။

ထိုအချိန်တွင် ကြက်သွေးရောင်သားရဲက ဟိန်းဟောက်သံနှင့်အတူ အဘွားကြီးဆီသို့ ဦးစွာ ပြေးလာသည်။ ဖီးနစ်သားရဒ၏မွေးရာပါပစ္စည်းများအားလုံးကို ခွဲထုတ်နိုင်သည့် စွမ်းရည်မှာ ၎င်း၏ ဦးခေါင်းအတွင်းတွင် ရှိနေသဖြင့် အဘွားကြီး၏မျက်နှာက မကောင်းပေ။

ကျယ်လောင်သောအသံများက လေထဲတွင် ဆက်လက် တုန်ခါနေ၏။အသက်ရှိုက်စာတစ်ဒါဇင်ကြာပြီးနောက် အဘွားကြီးက အော်ဟစ်ကာ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ထိုအချိန်တွင် သူမ၏အသွေးတစ်ဝက်မှာ ညှိုးနွမ်းသွားကာ ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပင် ခံစားလိုက်ရသည်။

All Chapters