← Chapters

တတိယမြောက်နှလုံးသားပြောင်းလဲခြင်း

Vol. 55 Ch. 762

တတိယမြောက်နှလုံးသားပြောင်းလဲခြင်း

Vol. 55 Ch. 762

‘ပိုင်စုရဲ့ ချစ်ခြင်းမေတ္တာကြောင့် ပထမဆုံး စိတ်ခံစားချက်ပြောင်းလဲသွားတာပဲ...’

သူ့လက်ကို သူ့ရင်ဘတ်ပေါ် တင်ထားရင်း လွန်ခဲ့သော နှစ်ပေါင်းများစွာက မြင်ကွင်းက သူ့စိတ်ထဲမှာ ပေါ်လာလေသည်။

‘ဒုတိယပြောင်းလဲမှုက နည်းနည်းတော့ မသိသာပေမဲ့ ဆောင်းလယ်ကနေ နွေဦး.. သေခြင်းကနေ ရှင်သန်ခြင်းကိုပြောင်းရွေးသွားတာကို နားလည်တဲ့အချိန်ပဲ...ငါ အရှေ့မြေရိုင်းမျှော်စင်မှာ ရှိတုန်းက ဆောာင်းဦးကိုရောက်ဖို့ ကောင်းကင်ကိုသွေးနဲ့ ဆေးရောင်ခြယ်ရမယ်ဆိုတာကို နားလည်တဲ့အချိန်မှာ ဒုတိယအပြောင်းအလဲက အဆုံးသတ်သွားတာပဲ...”

‘ဒါက တတိယအကြိမ်အပြောင်းအလဲဖြစ်ပြီး၊ ဒီတစ်ကြိမ်ကတော့ အိမ်ကို လွမ်းဆွတ်တောင့်တနေတာပဲ...”

ကောင်းကင်ရှိ ကြယ်နှင့်လတို့သည် မှေးမှိန်ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ နေက ကောင်းကင်ထက်တွင် နေရာယူကာ တောက်ပသောအလင်းတန်းများကို ဖြန့်ကျက်နေလေ၏။ အမှောင်ထုကို ဖြတ်ကျော်ပြီး နေ့သစ်တစ်ခုရောက်လာခဲ့သည်။ ၎င်းက မိမိကိုယ်မိမိလှည့်စားခြင်း၏ဖုံးကွယ်မှုကို ဖယ်ရှားခဲ့ပြီး မီးလျှံဂြိုဟ်ရှိ လူတို့၏ လက်တွေ့ဘဝ ရက်စက်မှုကို ခံစားသိရှိစေခဲ့သည်။

‘နှလုံးသားအပြောင်းအလဲကို ဖြတ်ကျော်ဖို့ နည်းလမ်းသုံးမျိုးရှိတယ်.. ပထမတစ်ခုက သူတို့ကို တိုက်ခိုက်ဖို့.. ဒုတိယက သူတို့ကို ဖြတ်တောက်ပစ်ဖို့၊ တတိယကတော့ သူတို့ကို မေ့ပစ်ဖို့ပါပဲ...”

‘ဒါပေမယ့် ငါ့မှာ အချစ်နဲ့ နာကျင်မှုကို ခံစားနိုင်စွမ်း မရှိတော့ဘူး.. ကိုယ့်အိမ်ကို တောင့်တတဲ့ အတွေးတွေကို မဖြတ် တောက်ချင်ဘူး..မမေ့ပစ်ချင်ဘူး.. ဒီလိုလုပ်တော့ရော ဘာအကျိုးရှိမှာလဲ...”

စုမင်က မျက်လုံးများကိုမှိတ်ထားပြီး နေနှင့်လကို သူ့မျက်လုံးထဲတွင် ဝှက်ထားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်ပြီး တစ်နှစ်ပြည့်အောင်ထိုင်နေသောနေရာမှ ထရပ်လိုက်သည်။ သူ ထရပ်လိုက်သည်နှင့်

ယွဲ့ဟုန်ပန့်က သူ့ဆီ ချက်ချင်းပဲ ပြေးသွားသည်။

စုမင်က ယွဲ့ဟုန်ပန့်ကို ကြည့်လိုက်ပြီးနောက် လွန်ခဲ့သည့်နှစ်အတွင်း သူကမ်းလှမ်းခဲ့သော အပြာရောင် ကျောက်တုံးကြီးများကို ကြည့်လိုက်သည်။ထို့နောက် သူက မြေပြင်ရှိ ကြီးမားသော အပူစွမ်းအင်ကို စုပ်ယူလိုက်သည်။

“ကျုပ် ခဏ အပြင်ထွက်လိုက်အုံးမယ်.. မြောက်ပိုင်းနယ်မြေကိစ္စ‌အားလုံးကို မင်းဆီ ခဏလွှဲပြောင်းပေးခဲ့မယ်...”

စုမင်က အဝေးကို မကြည့်မီ တိုးတိုးလေးပြောသည်။

ပြီးခဲ့သောနှစ်တွင် အိပ်ပျော်သွားခဲ့သောသားရဲကြီးက ချက်ချင်းလှုပ်ရှားလာသည်။ ၎င်း၏အော်ဟစ်သံက လေထဲတွင် တဟုန်ထိုး ပျံလွင့်လာပြီး စုမင်၏ ခြေဖဝါးအောက်တွင် ပေါ်လာသည်။ ထို့နောက် စုမင်ကို သယ်ဆောင်ကာ ‌အလင်းတန်းရှည်အဖြစ် ပြောင်းလဲသွားသည်။ အနက်ရောင်ပုံရိပ်တစ်ခုကလည်း အတောင်ပံများကို ခတ်လိုက်ကာ စုမင်တို့ကို အမီလိုက်လေသည်။ ဤသည်မှာ ထိပ်ပြောင်ကြိုးကြာငှက်ပင်ဖြစ်သည်။

ယွဲ့ဟုန်ပန့်က လက်သီးကို လက်ဖဝါးဖြင့်ပတ်ကာ ပတ်ပြီး အဝေးရှိစုမင်ကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံး စုမင် မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသောအခါ သူ့ကိုယ်သူ အရင်နှင့်မတူကြောင်း ခံစားခဲ့ရသည်။ သို့သော် သူ့တွင် မည်သည့်အရာ ကွဲပြားသွားသည်ကို မဖော်ပြနိုင်ပေ။ သူ့ခံစားချက်တစ်ခုမျှသာဖြစ်သည်။

စုမင်က မီးလျှံဂြိုဟ်ကိုဖြတ်၍ ပျံသန်းခဲ့သည်။ တောင်တန်းများနှင့် သဲကန္တာရများပေါ်တွင် ရွေ့လျားနေစဉ် သူ၏အမူအရာမှာ တည်ငြိမ်နေသည်။ တောင်တန်းတစ်ခုပေါ်တွင် အနီရောင်မြက်ပင်တစ်ပင်ကို သူတွေ့ရှိခဲ့သည်။

ထိုမြက်ပင်က မီးတောင်ထဲတွင် ပေါက် လေ့ရှိပြီး အပူစွမ်းအားအချို့ရှိ၏။

နောက်ဆုံးတွင် စုမင်က ပျောက်ကွယ်လုနီးပါးဖြစ်သောမီးတောင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်း၏အသွင်အပြင်က နဝမမြောက်တောင်ထွဋ်နှင့် အလွန်ဆင်တူသည်။ စုမင်က ထိုတောင်ကို ငြိမ်သက်စွာ ကြည့်နေ၏။ အချိန်အတော်ကြာပြီးနောက် သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် လူသတ်ဓါးပေါ်လာသည်။ ထို့နောက် သူက လေပွေကဲ့သို့ တောင်ကို လှည့်ပတ် ပျံသန်းခဲ့သည်။

ထိုစဉ် တောင်ကျောက်တုံးများမှာ ကွဲအက်သွားလေသည်။ ဖုန်မှုန့်များနှင့် အညစ်အကြေးများက လေထဲသို့ တလိပ်လိပ် တက်လာသည်။ တစ်နေကုန်သွားသောအခါ ထိုတောင်ကြီးက နဝမမြောက်တောင်ထွဋ်နှင့် ပို၍ဆင်တူလာသည်။ စုမင်က တောင်ထိပ်တွင် ဂူတစ်ခုပြုလုပ်ထားသေးသည်။ ဒုတိယအစ်ကို၏ဂူကိုလည်း တောင်အလယ်တွင် ဆောက်ထားသည်။ စုမင်ဧ။်စက်ြံနှင့်ဟူကျီ၏အိမ်က ဒုတိယအစ်ကိုဧ။်ဂူအောက်နားတွင်ရှိပြီး တောင်ခြေရင်းမှာ အစ်ကိုကြီး၏ဂူပိတ်ကျင့်ကြံရာနေရာဖြစ်သည်။

စုမင်၏ မျက်လုံးရှေ့တွင် ဤတောင်ကြီးမှာ ရုပ်လုံးပေါ်လာသည်။ စုမင်ကလည်း အကြည့်မလွှဲဘဲ အကြာကြီး စိုက်ကြည့်နေသည်။

ညအချိန် အမှောင်ထုကြီးလာပြီး လက ကောင်းကင်တွင် မြင့်မားစွာ နေရာယူလိုက်၏။ စုမင်က ဆင်တူနဝမမြောက်တောင်ထွဋ်ကိုကြည့်ရင်း ပြုံးလိုက်သည်။

စုမင်က မျက်နှာဖုံးတပ်ထားသောကြောင့်သူ့အပြုံးက အေးစက်နေလေသည်။ အေးစက်နေသောမျက်နှာအောက်တွင် သူ့နှလုံးသားက တစ်ဖန် နာကျင်လာပြန်သည်။

သို့ပေမဲ့ ယခုတစ်ကြိမ်တော့ သူ့နှလုံးသားတင် မကပေ။ပြင်းပြသော စိတ်ဆန္ဒတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ တွန့်လိမ်သွားလေသည်။

စုမင်က သူ့လုပ်ရပ်များကို ချစ်ခြင်း မေတ္တာတစ်မျိုးဟု ယူဆလေသည်။ ဤအိမ်အတွက် သူဧ။်တောင့်တမှုနှင့် ချစ်ခြင်းမေတ္တာကို မျက်နှာဖုံးက ခွင့်မပြုခဲ့ပေ။သူအနေနှင့် ထိုချစ်ခြင်းမေတ္တာကို ဖြတ်ပစ်သင့်သော်လည်း သူ၏လက်ရှိလုပ်ဆောင်မှုက လုံးဝဆန့်ကျင်ဘက်ဖြစ်နေဧ။။် ၎င်းက မျက်နှာဖုံးကို တစ်ဖန်ပြန်ပေါ်စေသည့်အကြောင်းရင်းဖြစ်သည်။ သူ့စိတ်အလိုဆန္ဒက ချစ်ခြင်းမေတ္တာကို နှိမ်နှင်းလိုက်လေတော့သည်။

စုမင်၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း သူ့ကိုယ်သူထိုင်နေရာမှ တောင်ထိပ်ဆီသို့ ခြေဆန့်ကာ လမ်းလျှောက်သွားခဲ့သည်။

ကြက်သွေးရောင်သားရဲကြီးက တောင်ခြေရင်းမှာ လဲလျောင်းနေလေသည်။ ၎င်းက စုမင်၏နှလုံးသားထဲမှာ ရှိနေသောအရာများကို သတိပြုမိသွားပုံရပြီး မည်သူမှ စုမင်ကို နှောင့်ယှက်ခွင့်မပေးပေ။

ထိပ်ပြောင်ကြိုးကြာငှက်က စုမင် တစ်နေကုန်လုပ်ဆောင်သမျှကို စောင့်ကြည့်နေခဲ့ပြီး တက်ကြွသောငှက်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ သူက မျက်စိရှေ့ရှိ နဝမမြောက်တောင်

ထွဋ်ကိုကြည့်ကာ စုမင်ဘက်သို့ တရွေ့ရွေ့သွားခဲ့သည်။စုမင်၏ခက်ထန်နေသောမျက်နှာနှင့် သူ့ပါးစပ်ထောင့်က သွေးများကို ကြည့်ရင်း ကြိုးကြာငှက်၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှု ပေါ်လာသည်။

“ငါ့အိမ်ကို လွမ်းဆွတ်နေတဲ့စိတ်ကိုမဖြေဖျောက်နိုင်ဘူး.. ငါ့အိမ်ကို ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူး..ဒါကြောင့် ငါ နာကျင်မှုကို ရွေးခဲ့တာပဲ..အဲ့ဒီခံစားချက်ကို သတိရနေဖို့ နှလုံးသားထဲမှာ အမြဲနာကျင်နေရမှာ..ထာဝရနာကျင်နေရမှာ..ဒါဆိုရင် ငါလည်း မမေ့တော့ဘူး...”

စုမင်က သူ့ကိုယ်သူ တိုးတိုးတိတ်တိတ် ပြောလိုက်လေသည်။

တစ်နေ့နေ့တွင် သူ၏ အိမ်ကိုလွမ်းဆွတ်မှု ပျောက်ပျက်သွားပြီး နတ္ထိအနှစ်သာရနယ်မြေတွင် ခံစားချက်မဲ့ပြီး ရက်စက်သောလူ ထာဝရဖြစ်သွားမည်ကို စိုးရွံ့နေခဲ့သည်။

ထို့ကြောင့် ဤနာကျင်မှုကို သူ့နှလုံးသားထဲမှာ သိမ်းထားခဲ့ရခြင်းဖြစ်သည်။

သူက လမ်းတလျှောက်လုံး စုဆောင်းထားသော မြက်နီပင်များကို ထုတ်ပြီး ကျစ်ထုံးများ စတင်ပြုလုပ်တော့သည်။ မနက်ရောက်သောအခါ စုမင်က ကောက်ရိုးရုပ်များကို ယက်လုပ်ပြီးခဲ့သည်။

ထိုအရုပ်လေးမှာ ခေါင်းမဲ့နေ၏။

သို့သော် ဤရုပ်သေးရုပ်ပေါ်တွင် စုမင် သူ့လျှာဖျားကို ကိုက်ပြီးနောက်စီးကျလာသော သွေးစက်များ ရှိနေသည်။ ထိုသွေးစက်များကြောင့် ရုပ်သေးရုပ်က အသက်မဲ့ပုံမပေါ်ဘဲ အသက်ဝင်လာလေသည်။

ရုပ်သေးရုပ်က အစ်ကိုကြီးနှင့် မဆင်တူသော်လည်း စုမင်က အစ်ကိုကြီးဟု သတ် မှတ်ထားလေ၏။

စုမင်က သူ့အစ်ကိုကြီးကို ကိုယ်စားပြုသည့်အနီရောင်ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။ သူ့အမူအရာက ခံစားချက်မဲ့နေသော်လည်း သူ့အာရုံစူးစိုက်မှုပုံစံက သူ့စိတ်ထဲရှိအရာအားလုံးကို ထင်ဟပ်နေလေသည်။

ထိုအချိန်တွင် ညရောက်သောအခါ စုမင်၏ပျောက်ကွယ်သွားသော မျက်နှာဖုံးက တစ်ဖန်ပေါ်လာသည်။ ယခုတစ်ကြိမ် မျက်နှာဖုံးမှထွက်ပေါ်လာသောဆန္ဒမှာ ယခင်ကထက် ပိုမိုကြီးမားလာခဲ့သည်။ စုမင်၏မျက်နှာပေါ်တွင် ပျက်စီးယိုယွင်းနေသော အရိပ်အယောင်များ ပေါ်လာပြီး တုန်လှုပ်ချောက်ချားမှုတစ်ခု သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။ အစိမ်းရောင် မီးခိုးငွေ့များကလည်း ထွက်ပေါ်လာသည်။ စုမင်က နာကျင်မှုကို မခံစားရသော်လည်း မျက်နှာဖုံးမှထွက်ပေါ်လာသောဆန္ဒက သူ့လုပ်ရပ်များကို ရပ်တန့်ရန် အတင်းအကြပ် ကြိုးစားနေ၏။

စုမင် တသိမ့်သိမ့်တုန်လှုပ်သွားသည်။ သူ့လက်များမှာ ထိန်းချုပ်နိုင်စွမ်းမရှိတော့

ကြောင်း ခံစားရလေသည်။ မျက်နှာဖုံးအတွင်းမှ အလိုဆန္ဒက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသလိုဖြစ်ပြီး သူ့ပါးစပ်မှ သွေးချောင်းဆိုးလိုက်ရသည်။

စုမင်၏အကြည့်များက ပို၍အေးစက်လာပြီး အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မြက်နီပင်တစ်ချို့ကို ထုတ်လိုက်သည်။ သူ့လက်များ တုန်ယင် နေပြီး ကျစ်ထုံးများကို ဖြည်းညှင်းစွာ ချည်လိုက်သည်။ တစ်ချိန်က ရိုးရှင်းသောကျစ်ထုံးလုပ်ခြင်းက ယခုအခါ ခက်ခဲကြမ်းတမ်းနေလေသည်။

သုံးရက်အကြာတွင် စုမင်က သူ၏သွေးပါသော ဒုတိယအနီရောင်အရုပ်ကို ယက်လုပ်ခဲ့သည်။ အရုပ်က နူးညံ့သိမ်မွေ့စွာ ပြုံးနေပုံရပြီး ၎င်းက မည်သည့်အချိန်နှင့် မည်သည့်နေရာ၌ပင် ရှိစေကာမူ ဆက်လက်ပြုံးနေမည့်ပုံပင်ဖြစ်သည်။

စုမင်က ဒုတိယအရုပ်ကို ယက်လုပ်အပြီးတွင် နေရောင်ခြည်က မယုံနိုင်လောက်အောင် တောက်ပနေခဲ့သည်။ ၎င်းက အရုပ်၏မျက်နှာတစ်ဖက်တွင် ထွန်းလင်းတောက်ပနေပြီး ၎င်း၏အပြုံးက စုမင်၏ခေါင်းထဲတွင် မှတ်ဉာဏ်တစ်ခုကို ပမှတ်ရစေပြီး စုမင်ကို ‌တွေဝေမင်သက်နေစေခဲ့သည်။

ထိုမှတ်ဉာဏ်ထဲတွင် သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့သည်။ ထိုစဉ် မျက်နှာဖုံးအောက်မှယိုယွင်းလာသော မျက်နှာက ပို၍ဆိုးလာသည်။ မျက်နှာဖုံးမှထွက်ပေါ်လာသော ဆန္ဒက စုမင်၏ခေါင်းကို ပေါက်ကွဲထွက်စေပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သူက နာကျင်မှုကို မခံစားရသော်လည်း စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာသောပျက်စီးမှုက နာကျင်မှုအားလုံးကို ကျော်လွန်ကာ သူ့ကို လဲကျသွားစေသည်။

ခုနစ်ရက်ကြာပြီးနောက် စုမင်က မျက်လုံးပွင့်လာသည်။ ထိုမျက်လုံးများက နီရဲတွတ်နေပြီး သူ့ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် အားနည်းနေခဲ့သည်။ သူ့နှလုံးသားနှင့် စိတ်ဝိညာဉ် ဒဏ်ရာရသွားသလို ခံစားလိုက်ရသော်လည်း သူ မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ ထို့နောက် သူက မြက်နီပင်များကို နောက်တစ်ကြိမ်ထုတ်ကာ လက်ဖြင့်ယက်တော့သည်။

ယခုတစ်ကြိမ်တွင် စုမင်က အရုပ်ကို ယက်လုပ်ရာတွင် သုံးကြိမ်တိုင်တိုင် မူးလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ တောက်ပမှုမရှိတော့ပေ။ သို့သော် တတိယအရုပ်က ပြီးသွားခဲ့၏။

၎င်းမှာ ပေါတောတောအမူအရာနှင့် ရိုးသားသော အရုပ်ကလေးဖြစ်သည်။ စုမင်က အရုပ်ကိုကြည့်ရင်း ရယ်မောလိုက်သည်။ သူ့ရယ်သံများက အေးစက်နေပြီး စိတ်ခံစားမဲ့နေလေသည်။ ကြိုးကြာငှက်က ထိုရယ်သံကို ကြားလိုက်သည်နှင့် လောကရှိအခြားအရာများထက် စစ်မှန်သည်ဟု ခံစားရလေသည်။

‘မင်းက ငါ့ရဲ့ ချစ်ခြင်းမေတ္တာကို ပျောက်ပျက်အောင်လုပ်နိုင်ပေမဲ့ ငါ့နှလုံးသားထဲမှာရှိနေတဲ့ လွမ်းဆွတ်တောင့်တမှုကိုတော့ မယူသွားနိုင်ဘူး...’

စုမင်က မြက်နီပင်ကို ကောက်ကိုင်လိုက်သည်။ စတုတ္ထအရုပ်ကို စတင်ယက်လုပ်သောအခါ သူ့မျက်နှာမှ သွေးများ စီးကျလာသည်။ ထိုအချိန်တွင် မျက်နှာဖုံးမှ ထွက်ပေါ်လာသော ဆန္ဒမှာ ပြင်းထန်လွန်းသဖြင့် စုမင်၏ ဝိညာဉ်ကို တုန်လှုပ်သွားစေနိုင်သည်။

စုမင်က ခေါင်းကိုမော့ပြီး ကောင်းကင်ဆီသို့ ဟောက်လိုက်သည်။

သူ ကျစ်ထုံးများကျစ်ရန် အကြိမ်ကြိမ်ကြိုးစားရင်း သူ့လက်များက တုန်တုန်ယင်ယင်ဖြစ်နေလေသည်။ နောက်တစ်လကြာသောအခါ သူ စတုတ္ထအရုပ်ကို ပြီးမြောက်ခဲ့သည်။

ထိုအရုပ်မှာ တစ်စုံတစ်ယောက်ကို လှည့်ကြည့်ရင်း ပြုံးနေသော အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။ ထိုအမျိုးသမီးက ပိုင်စုပင်ဖြစ်သည်။

ထိုအရုပ်လေးပြီးသွားသည့်အခါ စုမင်၏လက်များက ပဲ့ရွဲ့နေပြီဖြစ်၏။ သူက လွန်စွာ အားနည်းနေပြီး သေမင်း၏တံခါးဝတွင် ရှိနေသော်လည်း သူ၏ ဘယ်ဘက်နှင့် ညာဘက်မျက်လုံးရှိ လရိပ်က တောက်ပလာခဲ့သည်။ ထိုပုံရိပ်များက သူ့မျက်အိမ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ကြသည်။

ပဉ္စမမြောက်အရုပ်- ယွီရွှမ်အတွက် ကျစ်ထုံးရုပ်လုပ်ရန် မြက်နီပင်များကို ထုတ်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် စုမင်မည်မျှကြိုးစားသော်လည်း ပထမကျစ်ထုံးကို မချည်နိုင်ပေ။ သူ ကျစ်ထုံးပြုလုပ်တိုင်း မျက်လုံးမှိတ်ထားသောယွီရွှမ်၏ပုံရိပ်မှာ သူ့နှလုံးသားထဲတွင် ပေါ်လာသည်။ သူက သူမကို ဖမ်းမဆုပ်ထားနိုင်သောကြောင့်အဝေးသို့ လွင့်သွားသည့်မြင်ကွင်းလည်း ဆက်တိုက်ထွက်ပေါ်လာသည်။

စုမင် ထပ်ခါထပ်ခါ ကြိုးစားပြီးကျစ်ထုံး ပြုလုပ်သော်လည်း မအောင်မြင်ခဲ့ပေ။ စုမင်၏ မျက်နှာပေါ်ရှိမျက်နှာဖုံးမှ အလင်းတန်းများ ပျံ့နှံ့သွားသည် ။ထိုအလင်းတန်းများက သူ့မျက်နှာကို ဖုံးအလွှမ်းလိုက်သောအခါ သူ့မျက်လုံးများက ပို၍ပင်ခက်ထန်လာပြီး နှလုံးသားမဲ့လာသည်။

စုမင်က ပထမကျစ်ထုံးကို မချည်သေးဘဲ ထက်မြိသောမြက်နီပင်ကို ကြည့်လိုက်သည်။ထို့နောက် သူက ခေါင်းမမော့ဘဲ အရိုးများတောင် အေးသွားစေနိုင်သည့်အသံနှင့် မေးခွန်းထုတ်လိုက်သည်။

“အကြီးအကဲ... ခင်ဗျား ဒီမှာ ရက်တော်တော်ကြာနေပြီ...ကျုပ်ကို ဘယ်လောက်စောင့်ကြည့်ဖို့ ရည်ရွယ်ထားလဲ...”

ကောင်းကင်မှ သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည်။ ထျန်းလင်းက လေထုထဲ၌ ပေါ်လာပြီး ရှုပ်ထွေးသော အမူအရာဖြင့် စုမင်၏ မျက်နှာပေါ်ရှိ အနက်ရောင်မျက်နှာဖုံးကို ကြည့်လိုက်သည်။ ထို့နောက် သူက စုမင် ရှေ့ရှိ အရုပ်များကို ကြည့်ကာ နီရဲနေသော မြက်ပင်များနှင့်အတူ နီရဲနေသောစုမင်၏လက်များကို ကြည့်လိုက်သည်။

“သခင်‌လေး မင်းဘာလို့ဒီလိုလုပ်တာလဲ.. မင်းရဲ့မျက်နှာဖုံးမှာ ချိပ်တံဆိပ်တစ်ခုပါ ကျုပ်တွေ့တယ်... မင်း ဘာလို့ မျက်နှာဖုံးရဲ့ဆန္ဒကို ဆန့်ကျင်နေတာလဲ...”

ထျန်းလင်းက မေးခွန်းမေးသည့်အခါ စုမင်က ခေါင်းမော့လိုက်သည်။ ထျန်းလင်းက သူ့ဘယ်မျက်လုံးရှိလပုံရိပ်ကိုမြင်သော် ချက်ချင်းဆွံ့အသွားလေသသည်။ သူ့တို့ အကြည့်ချင်းဆုံသွားသောအခါ ထျန်းလင်း၏ရင်ဘတ်ထဲမှာ

ပေါက်ကွဲသံတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

ထိုပေါက်ကွဲသံက သူ့စိတ်ထဲတွင် တဟုန်ထိုးမြည်လာသည်နှင့်အမျှ စုမင်နှင့် တောင်ကြီးက ပျောက်ကွယ်သွားကာ ညှိုးနွမ်းနေသော လွင်ပြင်တစ်ခုဖြင့် အစားထိုးသွားခဲ့သည်။ ထိုလွင်ပြင်ပေါ်တွင် မိသားစုအနည်းငယ်ရှိကြပြီး ထိုအချိန်တွင် မိသားစုများက ရှိုက်ကြီးတငင် အော်ဟစ်နေကြသည်။ အနီရောင်၀တ်ဆင်ထားသော စစ်မှန်သောလောက၏အစောင့်တပ်ဖွဲ့မှာ ထိုမိသားစုများကို သတ်ဖြတ်ခဲ့သည်။

တိုက်ပွဲအပြီးတွင် သွေးစွန်းနေသောစစ်မှန်သောအစောင့်တစ်ဦးမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့် လူငယ်တစ်ဦး၏ ရှေ့တွင် ရပ်နေခဲ့သည်။ ထိုလူငယ်က အစောင့်အား အကြိမ်ကြိမ်တိုက်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်းတွင် အစောင့်က လက်တစ်ချက်လွှဲယမ်းရုံဖြင့် ထိုလူငယ်မှာ နောက်သို့လွင့်စင်ပြီး သွေးအန်ခဲ့ရသည်။ ထို့နောက် အစောင့်က သူ့ကို လျစ်လျူရှုကာ အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသော လေသံဖြင့်

“မင်းက ငါ့ပြိုင်ဘက်မဟုတ်မှန်းသိသိတောင် ငါ့ကို တိုက်ခိုက်ရဲတယ်.. ထျန်းခူရဲ့ပဉ္စမမျိုးဆက်ရဲ့ သားငယ်လေးကို ချမ်းသာပေးလိုက်မယ်..အဲဒါက ငါ့ရဲ့ကြင်နာမှုကို ပြသတာပဲ...”

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြီးဆုံးသွားသည့်အခါ လူငယ်က ဒူးထောက်ပြီး ခေါင်းကို မော့ကာကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ထို့နောက် သူ့ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

ထိုအားလုံးမှာ တခဏတာကြာသောပုံရိပ်ယောင်ဖြစ်သော်လည်း ထျန်းလင်း တုန်လှုပ်သွားတော့သည်။ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးမှာ ဖုံးကွယ်ထားသော နာကျင်မှုများ ပေါ်လာပြီး သူ့မျက်လုံးများက နီရဲတွတ်လာသည်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကနတ္ထိအနှစ်သာရနယ်မြေရှိ သူ့အိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်အမှတ်ရစေလေသည်။

သူ့အသက်ရှူသံ မြန်လာပြီး စုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ဒီကျင့်စဥ်က ဘာလဲ...”

“နေက လက်တွေ့ကို ကိုယ်စားပြုတယ်.. လဟာ မျှော်လင့်ချက်ကို ကိုယ်စားပြုတယ်.. ကြယ်က အိမ်ကိုလည်း ကိုယ်စားပြုတယ်..ဒါက ကြယ်၊ နေနဲ့ လတို့ရဲ့သဘောတရားတွေပဲ.. ကျုပ် ချိပ်တံဆိပ်ကို ဘာကြောင့်ဆန့်ကျင်နေရတာလဲဆိုတဲ့မေးခွန်းက ခင်ဗျား စစ်မှန်တဲ့လောကရဲ့ အစောင့်ကို ဘာလို့တိုက်ခိုက်ရတာလဲ ဆိုတဲ့အဖြေနဲ့ အတူတူပါပဲ...”

စုမင်က သူ့ရှေ့မှ အရုပ်လေးခုကို ကောက်ယူလိုက်သည်။ ၎င်းတို့က သူ့အသွေးအသားများပါ၀င်သောကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။ ထိုအချိန်မှစ၍ ထိုအရုပ်များမှာ ဤနေရာတွင် သူနှင့်အတူရှိနေကြသကဲ့သို့ပင် ခံစားရလေသည်။

သူ၏တတိယမြောက်နှလုံးသားပြောင်းလဲမှုက စတင်နေပြီကြောင်း စုမင် သိလေသည်။ သူ့ချစ်ရသော လူတိုင်း၏ အရုပ်များကို ယက်လုပ်ပြီး သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်လိုက်မှ ပြီးဆုံးသွားမည်ဖြစ် ၏။ ထို့နောက် သူက ဤနည်းလမ်းဖြင့် တတိယမြောက်နှလုံးသားပြောင်းလဲမှုကို အောင်နိုင်မည်ဖြစ်သည်။

All Chapters