← Chapters

အခွင့်အရေးတစ်ခု

Vol. 55 Ch. 763

အခွင့်အရေးတစ်ခု

Vol. 55 Ch. 763

ထျန်းလင်းက လေထဲ၌ ငြိမ်သက်နေလေ၏။လွန်ခဲ့သောတစ်နှစ်ခန့်က စုမင်မှာကောင်းချီးရခဲ့သောကြောင့် ဂူပိတ်ကျင့်ကြံခဲ့သည်။ ထို့ကြောင့် ထျန်းလင်းက စုမင်ကို စကားပြောလိုသည့်ရည်ရွယ်ချက်ကို ဖိနှိမ်ထားခဲ့သည်။

စုမင်က သီးသန့်ကျင့်ကြံခြင်းမှ ခေတ္တရပ်သွားချိန်တွင် အနောက်ဘက်တောအုပ်ထဲရှိ ထျန်းလင်းက အလိုလိုသိရှိသွားပြီး စုမင်ကို စကားပြောရန် ရောက်ရှိလာခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူ ဤနေရာသို့ ရောက်ရှိလာသော်လည်း သူ့ကိုယ်သူ ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။ တစ်ချိန်တည်းတွင် ယွဲ့ဟုန်ပန့်၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည် ။

စုမင်မှာ နတ္ထိအနှစ်သာရနယ်မြေရှိ လူတစ် ယောက်ဖြစ်ကြောင်းကို မယုံနိုင်ဖြစ်နေ၏။ အဓိကမှာ စုမင်၏မျက်နှာတွင် ရံဖန်ရံခါပေါ်လာမည့် မျက်နှာဖုံးကြောင့်ဖြစ်သည်။

သူ့မျက်လုံးများတွင် မျက်နှာဖုံးမှာ အစွမ်းထက်ညှဉ်းပန်းနှိပ်စက်သည့်ပစ္စည်းဖြစ်ကြောင်း ထင်ရှားသည်။ မဟာလောကကြီးလေးခုမှ နတ္ထိအနှစ်သာရနယ်မြေကို နှင်ထုတ်ခံရသော ပထမအသူရာမျိုးဆက်များသာ ပိုင်ဆိုင်ရပေမည်။

ဤသည်မှာ မဟာလောကကြီး လေးခုဧ။်ပြစ်ဒဏ်ဖြစ်သည်။ ၎င်းက ဤမျိုးဆက်များ၏စွမ်းအားကို ချိုးနှိမ်ရန် နည်းလမ်းတစ်ခုဖြစ်ပြီး နတ္တိအနှစ်သာရနယ်မြေတွင် ထိုမျိုးဆက်များ၏ခံစားချက်များ၊ ချစ်ခြင်းမေတ္တာများ ပေါ်လာချိန်တွင် ရက်စက်စွာ ဖိနှိမ်ရန်ဖြစ်သည်။

စုမင်၏မျက်နှာတွင် မျက်နှာဖုံးကို မြင်လိုက်ရသောအခါတွင် အနည်းငယ် တုံ့ဆိုင်းသွားသောထျန်းလင်းက သူ့အစီအစဥ်အကြောင်း ပြောရန် တွန့်ဆုတ်သွားသေးသည် ။ သို့သော် သူက စုမင်၏မူလဇစ်မြစ်ကိုဖော်ထုတ်ရန် အခွင့်အလမ်း ဆယ်ပုံရှစ်ပုံရှိကြောင်း ခံစားခဲ့ရသည်။

ထိုအချိန်တွင် သူ၏အသက်ရှုသံမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ယခုမြင်ကွင်းကြောင့် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး စုမင်၏နတ်ဘုရားအာရုံကို သတိကြီးကြီး ထားရမည်ဖြစ်သည်။ သူကတော့ မိန်လန်နှင့်မတူပေ။ စုမင်ကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဖူးပေ။ ဆန့်ကျင်ဘက်အနေနှင့်မူ သူက စုမင်အား စိတ်နှလုံးထဲတွင် အလွန်အမင်းအလေးထားသည်။

“တာအိုစု.. မင်းရဲ့မြင့်မြတ်တဲ့စွမ်းရည်တွေက လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်တယ်..ငါက မင်းနဲ့ မယှဉ်ဝံ့ပါဘူး..အခု မင်းရဲ့စွမ်းရည်တွေကို မြင်တာနဲ့ ငါ့ရဲ့ စူးစမ်းရှာဖွေမှုမှာ ပါဝင်ဖို့ ‌ဖိတ်ခေါ်ချင်လာတယ်..”

ထျန်းလင်းက စုမင်ရှေ့မှာ ရပ်ရန် ဆင်းသက်လာရင်း ပြုံးလိုက်သည်။

“ထိုင်ပါ”

သူ မြေပြင်မှာ ထိုင်လိုက်စဉ် စုမင်၏ အမူအရာက ပုံမှန်အတိုင်း မထုံတက်သေးဖြစ်နေဧ။။် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ သူ၏အမူအရာမှာ အေးစက်လာသည်။ သူ့မျက်လုံးထဲရှိ အလင်းတန်းက အကြင်နာကင်းမဲ့စွာ တောက်ပနေသည်။ ထိုအချိန်တွင် စုမင်က သူ၏တတိယမြောက်နှလုံးသားပြောင်းလဲမှုကို မခံစားရမီကထက်ပင် ပိုအေးစက်လာခဲ့သည်။

ထျန်းလင်းက စုမင်ကို ပြုံးပြရင်း မေးခွန်းစမေးလိုက်သည်။

“တာအိုရောင်းရင်စု..မင်း လောကမှော်ယာဉ်ပျံအရှင်သခင်စွမ်းအားကို စိတ်ဝင်စားလား...”

“ဘာကိုဆိုလိုတာလဲ”

စုမင်၏ အမူအရာက ယခင်ပုံစံအတိုင်း ဖြစ်ပြီး သူ့အသံမှာ ပျော့ပျောင်းလာသည်။

“လောကမှော်ယာဉ်ကျံအရှင်သခင်စွမ်းအား ထူထပ်တဲ့နေရာတစ်ခုကို ကျုပ်သိတယ်..ဒါပေမဲ့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ်...”

“ကျုပ်က လောကမှော်ယာဉ်ပျံအရှင်သခင်အဆင့်ကို မရောက်သေးဘူး..ဒါကြောင့် ကျုပ် အဲဒီစွမ်းအားကို စိတ်မဝင်စားဘူး..”

စုမင်က ပြန်ဖြေရင်း ခေါင်းယမ်းလိုက်သည်။

ထျန်းလင်းက ခဏတာ အံ့အားသင့်သွားသည်။ စုမင်က သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူက နောက်တစ်ကြိမ် ထပ်မပြောမီ ထိုလူငယ်ကို မျက်မှောင်ကြုတ်ကာ သေချာကြည့်လိုက်သည်။

“တာအိုစု..မင်းက ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေပါပြီ..မင်းရဲ့ဘေးနားမှာ ဒီလောက်တောင်လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိနေတာကို အသူရာနတ်ဘုရားအဆင့်မရောက်ဘူးဆိုတာ မဖြစ်နိုင်ဘူး...”

“ဒါပေမဲ့ မင်းက အသူရာနတ်ဘုရားရဲ့စွမ်းအားကို စိတ်မဝင်စားဘူးလား..ဒါဆိုရင် ကြီးမားတဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့မီးလျှံကျောက်တုံးကိုရော စိတ်ဝင်စားလား..”

စုမင်က ထျန်းလင်း ကို တစ်ချက်ကြည့်လိုက်သည်။

“တာအိုရောင်းရင်းစု..ကျုပ်ရဲ့ကမ်းလှမ်းချက်ကို ချက်ချင်း မငြင်းပါနဲ့..ကျုပ်ပြောတာကို ‌နားထောင်ကြည့်ပါအုံး..မီးလျှံဂြိုဟ်မှာ အပြာရောင်ကျောက်တုံးတွေ အများကြီးရှိတယ်..နေရာတိုင်းလိုလိုမှာ ရှိတယ်..ဒါပေမဲ့ အပြာရောင်ကျောက်တုံးတွေမှာပါတဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေက အခုကျုပ်ပြောတဲ့ကျောက်တုံးတွေနဲ့ ဘယ်လိုမှမယှဉ်နိုင်ဘူး...”

“ဘယ်သူမှ ကျောက်တုံးအတွင်းမှာပါရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို မစုပ်ယူနိုင်ဘူး..ဒါကြောင့် ကျုပ် မင်းကို စောင့်ကြည့်နေခဲ့တာ..မင်းက ဒီလိုကျောက်တုံးတွေကို အရမ်းစိတ်ဝင်စားနေလို့လေ..ဒါက ပထမအကြောင်းပြချက်ပဲ..”

ထျန်းလင်းက စုမင်ကိုကြည့်ရင်း သူ့မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။သူ စကားထပ်ပြောသောအခါ သူ့မျက်နှာတွင် အနည်းငယ် လေးနက်သော အမူအရာ ပေါ်လာသည်။

“ဒုတိယအကြောင်းရင်းကတော့ စစ်မှန်တဲ့လောကရဲ့အစောင့်တွေက မီးလျှံဂြိုဟ်ကို ဆယ်နှစ်တစ်ကြိမ်ကင်းလှည့်လာကြတယ်..အဲဒီအချိန်မှာ သူတို့က မီးလျှံဂြိုဟ်က ချိပ်တံဆိပ်တွေအားလုံး အခြေအနေကောင်းမကောင်း အနီးကပ်စစ်ဆေးကြလိမ့်မယ်..နည်းနည်းလေးပဲ ထိခိုက်မိလဲ သူတို့က အကြောင်းရင်းကို စစ်ဆေးဖို့ ဆင်းသက်လာကြတယ်..”

“တာအိုရောင်းရင်းစု..မင်းက ကြက်သွေးရောင်သားရဲကြီးရဲ့ ချိပ်တံဆိပ်ကို ဖွင့်ပေးလိုက်ပြီလေ..တကယ်လို့ အဲဒီသားရဲကို ပြန်ချုပ်နှောင်ထားမယ်ဆိုရင်တောင် ချိုးဖောက်ခဲ့တဲ့ဆိုတဲ့လွန်စရှိနေသေးတယ်..ဒါဆိုရင် စစ်မှန်တဲ့လောကရဲ့အစောင့်တပ်တွေက မင်းကို ရှာတွေ့နိုင်ချေများတယ်... မင်းထွက်ပြေးရင်တောင် အစောင့်တပ်တွေက လိုက်ဖမ်းမှာပဲ..မင်းကို ဖမ်းဝရမ်းထုတ်ပြီး မင်းရဲ့ခေါင်းကိုယူလာနိုင်တဲ့သူကို ဆုတောင်ချီးမြှင့်လိမ့်မယ်..ဒီအဖြစ်အပျက်ကြီးက ရှစ်နှစ်ထက်မနည်း ကြာလိမ့်မယ်”

ထျန်းလင်းက စုမင်ကိုကြည့်ရင်း စကားစမြည်ပြောသည် ။ သူက ထိုစကားများပြောပြီး တခြားဘာမှ ထပ်မပြောတော့ပေ။ စုမင်က ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး သူ့စကားကိုသာမက သူ၏လုပ်ရပ်များ၏အကျိုးဆက်များကိုပါ ပိုင်းခြားသိမြင်နိုင်လိမ့်မည်။

“အကြီးအကဲထျန်းလင်း..ကျေးဇူးပြုပြီးပွင့်ပွင့်လင်းလင်းပြောပါ...”

ထျန်းလင်းက စုမင်၏အမူအရာကိုကြည့်၍ ဘာမှမခန့်မှန်းနိုင်ခဲ့ပေ။ ထိုစဉ် စုမင်၏အသံက သူ့နားထဲကို တိုးဝင်လာသည်။

ထျန်းလင်းက စုမင်၏စကားကိုကြားလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

“ကောင်းပြီ ဒါဆို ကျုပ်အတွေးတွေကို ပြောပြမယ်.. တာအိုရောင်းရင်းစု.. မရေမတွက်နိုင်တဲ့ ကျင့်ကြံဂြိုဟ်တစ်ခုစီမှာ နှစ်ပေါင်းများစွာ တံဆိပ်ခတ်ခံထားရတဲ့ ဂြိုလ်မျိုးနွယ်စုတစ်ယောက်စီရှိတယ်ဆိုတာ သေချာပေါက် သိထားရမယ်...”

“မဟာလောကကြီးလေးခုရဲ့အစွမ်းထက်တဲ့ စစ်သည်တော်တွေတောင်မှ ဒီဂြိုလ်မျိုးနွယ်ဝင်တွေကို သတ်ဖို့ ခက်ခဲနေတာကြောင့် သူတို့ကို တံဆိပ်ခတ်ဖို့ ရွေးချယ်ခဲ့ကြတယ်..အခြားအကြောင်းတွေရှိရင်ရှိမှာပေါ့..ကျုပ်လည်း မသိဘူး..”

“ မီးလျှံဂြိုဟ်မှာလည်း ချိပ်ပိတ်ခံရတဲ့ ဂြိုလ်သားမျိုးနွယ်ရဲ့ တန်ခိုးကြီးကျင့်ကြံသူတစ်ယောက်ရှိခဲ့တယ်..ဂြိုလ်သားမျိုးနွယ်ဟာ စစ်မှန်တဲ့‌လောကကြီးလေးခုကို တိုက်ခိုက်တုန်းက အဲဒီသူ့ကို မီးလျှံဂြိဟ်ရဲ့အရှင်သခင်လို့တောင် လူသိများတယ်...”

“အဲကတည်းက ဒီလူကို မီးလျှံဂြိုဟ်မှာ တံဆိပ်ခတ်ထားခဲ့တာ... သူ့ရဲ့စွမ်းအားက ပျံ့နှံ့သွားပြီး မီးတောင်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့တယ်..သူ့ရဲ့အသက်စွမ်းအားကလည်း ဖြန့်ကျက်ဖို့ ဖိအားပေးခံရပြီး ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေက အဲဒီစွမ်းအားကို စုပ်ယူကြတယ်..ပြီး တော့မဟာလောကြီးလေးခုက အဲဒီသားရဲတွေကို ချိပ်ပိတ်ပြီး သူတို့ရဲ့ဉာဏ်ရည်ကို ဖျက်စီးပစ်ခဲ့တယ်...”

“ပြီးတော့ အဲဒီချိပ်တံဆိပ်မှာ မီးလျှံဂြိုဟ်အရှင်သခင်ရဲ့စွမ်းအားတွေပါနေတယ်..နောက်တော့ မြေပြင်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေတဲ့အပြာရောင်ကျောက်တုံးတွေဖြစ်လာတာပဲ..ဒါက အပြာရောင်ကျောက်တုံးတွေရဲ့ဇာတ်မြစ်ပဲ...”

ထျန်းလင်း၏ စကားများက လေထဲတွင် ပဲ့တင်ထပ်သွားသည်။

စုမင်၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ့နှလုံးသားထဲတွင် ထိတ်လန့်သွားလေသည် ။ ထျန်းလင်း၏ စကားများသည် မှန်ကန်ခြင်း ရှိ၊ မရှိ မသိနိုင်သော်လည်း အတည်ပြုရန် ခက်ခဲသောအရာ မဟုတ်ပေ။ ထျန်းလင်းက ထိုကိစ္စကိုလိမ်ညာရန် မလိုအပ်ပေ။

“မြေကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မီးလျှံဂြိုဟ်အရှင်သခင်ကို ချိပ်ပိတ်ထားတဲ့နေရာမှာ လောကမှော်ယာဉ်ပျံအရှင်သခင်နဲ့ ကံကြမ္မာမှော်စက်ဝန်းနယ်ပယ်စွမ်းအားတွေရှိတယ်..မင်း ဒါကိုစုပ်ယူနိုင်ရင် မင်းရဲ့ကျင့်ကြံဆင့်က အဆမတန်တိုးလာမှာပဲ...”

“တာအိုရောင်းရင်းစု..မင်းအဲဒီကိုသွားပြီးမီးလျှံဂြိုဟ်အရှင်သခင်ရဲ့စွမ်းအားတွေကို

စုပ်ယူလိုက်မယ်ဆိုရင် မင်းရဲ့စွမ်းအားတွေက မယုံနိုင်လောက်အောင်ကို အစွမ်းထက်တဲ့အခြေအနေကို ရောက်ရှိသွားလိမ့်မယ်

“မင်းစိတ်ထဲမှာ မေးစရာတွေရှိမယ်ဆိုတာ ကျုပ်သိတယ်.. တကယ်လို့ ဒီဂြိုလ်သားမျိုးနွယ်ဝင်တွေဟာမီးလျှံဂြိုဟ်နဲ့နတ္ထိအနှစ်သာရနယ်မြေမှာရှိတဲ့ အခြားကျင့်ကြံခြင်းဂြိုဟ်တွေထဲမှာ ချိပ်ပိတ်ခံထားရတယ်ဆိုရင် ကျုပ် ဘာလို့ မင်းဆီကိုရောက်လာပြီး ဒီစကားတွေဖို့လုပ်ခဲ့လဲသိလား..”

ထျန်းလင်း၏ မျက်လုံးများတွင် တောက်ပသော အလင်းတန်းတစ်ခု ထွန်းလင်းလာသည်။သူက တောင်ခြေရင်းရှိ ကြက်သွေးရောင်သားရဲကို ညွှန်ပြရင်း သူ့အသံက ပျံ့နှံ့သွားလေသည်။

“ရောင်းရင်းစု.. မင်းက ဂြိုဟ်သားမျိုးနွယ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတစ်‌ကောင်ကို ချိပ်တံဆိပ်ကနေ လွှတ်ပေးခဲ့တယ်..ဒါဆို မီးလျှံဂြိုဟ်မှာရှိတဲ့တစ်ခြားသားရဲတွေကိုလည်း လွှတ်ပေးနိုင်မှာ သေချာတယ်...မင်း ဒီလိုလုပ်နိုင်ရင် ကျုပ်တို့ မီးလျှံဂြိုဟ်အရှင်သခင်ရှိတဲ့နေရာကိုသွားဖို့ အခွင့်အရေးတစ်ဝက်လောက်ရှိတယ်...”

“အဲဒီအချိန်ကျရင်ငါတို့နှစ်ယောက်လုံးက အကျိုးအမြတ်တွေ အများကြီးရလာလိမ့်မယ်..မီးလျှံဂြိုဟ်အရှင်သခင်က ဘယ်လောက်ပဲအားနည်းပါစေ..သူ့လိုလူ သေဖို့ဆိုတာ မဖြစ်နိုင်ဘူး..နောက်ပြီး စစ်မှန်တဲ့လောကရဲ့အစောင့်တပ်ဖွဲ့တွေလာတဲ့အခါ သူ့ကို လွတ်မြောက်အောင် လုပ်ပေးလို့ရတယ်..ဒါဆို အစောင့်တွေက သူ့ကိုပဲ အာရုံစိုက်လိမ့်မယ်..ငါတို့က ပမွှားသာသာလေးပဲ..မင်းဒါကို လုပ်ဖို့ဆန္ဒရှိလား တာအိုစု...”

“မင်းရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေ ပိုကြီးလာပြီး ငါတို့ရဲ့ ဆုလာဘ်တွေနဲ့ အကျိုးခံစားခွင့်တွေ ရလာမယ်..ဒါဆိုရင်

အစောင့်တွေက ငါတို့ကို ဖမ်းဝရမ်းပဲထုတ်ထုတ်..လိုက်ပဲဖမ်းဖမ်း စိုးရိမ်စရာမလိုတော့ဘူး...”

“ဘယ်လိုပဲဖြစ်ဖြစ် ဖမ်းဝရမ်းထုတ်ခံရတာကို ရှောင်လွှဲလို့မရနိုင်ဘူး.. အကြီးမားဆုံး အကျိုးခံစားခွင့်တွေကို ရဖို့ ဘာကြောင့် မကြိုးစားရမှာလဲ..”

ထျန်းလင်း၏ စကားများက သူ့ တွေးခေါ်မှု ပြတ်သားကြောင်း ပြသနေသည်။ သူ၏ စကားလုံးများကလည်း ဆွဲဆောင်နိုင်စွမ်း ကြီးမားသည်။ ဤအရာများကို သူပြောပြီးသည်နှင့် စုမင်၏ အဖြေကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

စုမင်က ထျန်းလင်းကို မကြည့်ခင် ခဏလောက် ငြိမ်ငြိမ်လေးနေလိုက်သည်။

“ခင်ဗျားရဲ့စကားတွေကိုနားထောင်ကြည့်ရတာတော့ ဒီကိစ္စမှာ ပါဝင်မဲ့သူတွေက ကျုပ်‌တို့တင်ပဲ မဟုတ်ဘူးမလား...”

“မှန်တယ်..မင်း ချိပ်တံဆိပ်ကိုဖွင့်ပြီး

ဒါကိုလုပ်မယ်လို့ ကတိပေးပြီးမှ မိတ်‌ဆွေကောင်းတချို့ကို ခေါ်ပြီး အလုပ်စလုပ်မယ်...”

ထျန်းလင်းက အသက်ပြင်းပြင်းရှူပြီး

စုမင်ဆီသို့ ဦးညွှတ်ကာ ထရပ်လိုက်သည်။ သူ့အမူအရာက မယုံနိုင်လောက်အောင် ရိုးသားလေသည်။

“ရောင်းရင်းစု..မင်းမှာ ချိပ်တံဆိပ်တွေကိုချိုးဖျက်နိုင်တဲ့စွမ်းအားရှိတယ်..ဒါက နတ္ထိအနှစ်သာရနယ်မြေအတွက် ကောင်းချီးဖြစ်ပြီး ကျုပ်တို့လို ကျင့်ကြံသူတွေအတွက် ကံကောင်းခြင်းတစ်ခုပဲ..

ကျေးဇူးပြုပြီး ကျုပ်တို့ကို ကူညီပါ...”

စုမင်က ထျန်းလင်းကို မကြည့်ခင် ခဏလောက် ငြိမ်သက်သွားသည်။

“ဒါက အရာတော်တော်များများကို သက်ရောက်မှု ရှိလိမ့်မယ်..ကျုပ် ဒါကို အချိန်တစ်ခုလောက် စဉ်းစားဖို့ လိုလိမ့်မယ်..ချက်ချင်း အဖြေမပေးနိုင်သေးဘူး”

“ဟုတ်တာပေါ့..စဉ်းစားသင့်တယ်...”

အကယ်၍ စုမင်သာ ချက်ချင်းပြန်ဖြေခဲ့လျှင် ထျန်းလင်းက သံသယရှိသွားလိမ့်မည်။ စုမင်က ဤကိစ္စကို ချက်ချင်းသဘောမတူဟု ထင်ထားလေသည်။ ထို့အပြင် ဤကိစ္စက အရာအားလုံးကို အကျိုးသက်ရောက်မှု အများကြီးရှိလိမ့်မည်။

သူက စုမင်၏စကားကိုကြားသောအခါ စုမင်က သူ့ကမ်းလှမ်းချက်ဖြင့် ခဏ‌ရွေ့ဆိုင်းထားသောကြောင့် ဆက်မကြိုးစားဘဲနေလိုက်သည်။ ယင်းအစား သူ့ညာလက်ကို မြှောက်ပြီး လေထုကို ဖမ်းလိုက်သည်။ သူ့လက်ထဲမှာ သိုလှောင်အိတ်တစ်ခု ချက်ချင်းပေါ်လာပြီး စုမင်ကို လွှဲပြောင်းပေးလိုက်သည်။

“ရောင်းရင်းစု..မင်း ရွေးချယ်တာ မချယ်တာ မင်းအပိုင်းပါ..ပြီးတော့ ငါ မင်းကို လက်ဆောင်သေးသေးလေးပေးပါရစေ..ပြီးခဲ့တဲ့နှစ်က ကျုပ် မီးလျှံဂြိုဟ်မြောက်ပိုင်းနယ်မြေကလွဲလို့ ကျန်တဲ့‌နေရာတွေကိုသွားလာပြီး အပြာရောင်ကျောက်တုံးတွေကို စုဆောင်းခဲ့တယ်..မင်းအနေနဲ့တော့..အဲ့ကျောက်တုံးတွေလိုချင်ရင် အလွယ်လေးပါ..ဒါပေမဲ့ ကျုပ်ရဲ့လေးစားမှုကို လက်ခံတဲ့အနေနဲ့ ဒါလေးကို ယူပေးပါ...”

ထျန်းလင်းက စုမင်ဆီသို့ သူ့လက်သီးကိုလက်ဖဝါးဖြင့် ပတ်ထားသည်။

“ရောင်းရင်းစု.. တစ်နှစ်အတွင်း အဖြေရနိုင်မလား..”

“တစ်နှစ်ကြာရင် သေချာပေါက် အဖြေပေးမယ်...”

စုမင်က မတ်တပ်ထရပ်ပြီး ထျန်းလင်းကို အရိုအသေပေးဟန် လုပ်လိုက်သည်။

“ကျုပ် သတင်းကောင်းကို စောင့်မျှော်နေမယ်.. ဒါက သတင်းစကားပါးနိုင်တဲ့ ကျောက်စိမ်းပြားလေးပဲ.. မင်းရဲ့ရွေးချယ်မှုက ဘယ်လိုပဲဖြစ်ဖြစ် ဒီပစ္စည်းကိုသုံးပြီး နောက်တစ်နှစ်အကြာမှာ မင်းရဲ့အဖြေကို ပြောပြပေးပါ ရောင်းရင်းစု...”

ထျန်းလင်းက စုမင်ကို ကျောက်စိမ်းပြား

မပေးလိုက်ခင် ရယ်မောလိုက်သည် ။ ထို့နောက် သူက လှည့်ကြည့်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

စုမင်က ထျန်းလင်းထွက်ခွာသွားသည်ကို အဝေးမှကြည့်နေသည်။သူက ခဏလောက် ငြိမ်သက်စွာ ရပ်လိုက်ပြီး အိတ်ကို ကောက်ကိုင်ကာ ဖွင့်ကြည့်လိုက်သည်။ သူ့နတ်ဘုရားအာရုံကိုဖြန့်ကျက်လိုက်သော် အိတ်ထဲတွင် အပြာရောင်ကျောက်တုံးများစွာကို တွေ့ရှိခဲ့သည်။

မယုံနိုင်လောက်အောင်ကြီးမားသော သိုလှောင်မှုပမာဏရှိသော ဤအိတ်မှာ သာမန်ပစ္စည်းမဟုတ်တော့ပေ။ ထျန်းလင်းပေးခဲ့သော ‘လက်ဆောင်သေးသေးလေး’ မှာ တကယ်တော့ မသေးငယ်ပေ။

စုမင်၏ မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ပြောင်းလဲသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက သိုလှောင်အိတ်ကို ကိုင်ဆောင်ကာ နဝမမြောက်တောင်ထွဋ်သို့ သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်နှစ်ကုန်ဆုံးသွားလေ၏။ ထိုနေ့တွင် စုမင်က ဂူထဲတွင် ထိုင်နေစဉ် သူ့ရှေ့ရှိ အပြာရောင်ကျောက်တုံးအများအပြား လျင်မြန်စွာ ကွဲအက်သွားသည်။ သူက ကျောက်တုံးများအတွင်းပါရှိသော ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို စုပ်ယူလိုက်သောအခါ သူ၏မျက်လုံးများက တောက်ပသော အလင်းရောင်များဖြင့် လင်းလက်သွားသည်။

“ထျန်းလင်းက တစ်ခုခုကို ဖုံးကွယ်နေတာ သေချာတယ်.ဒီကိစ္စက ထင်သလောက်တော့ မရိုးရှင်းဘူး..ဒါပေမဲ့...’

စုမင်က သူ့မျက်လုံးရှေ့ရှိ ကွဲအက်သွားသော အပြာရောင်ကျောက်တုံးများကို တစ်ချက်ကြည့်လိုက်သည်။

“စွမ်းအားကြီးတာက နတ္ထိအနှစ်သာရနယ်မြေမှာ အရာအားလုံးပဲ..ငါ့ရဲ့ကျင့်ကြံဆင့်ကို မြန်မြန်တိုးမြှင့်ဖို့ခက်ခဲပေမဲ့ ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို မြှင့်တင်ဖို့ အခွင့်အရေးရောက်လာပြီ..ဒါက အန္တရာယ်ရှိရင်တောင်မှ… ဒီစိန်ခေါ်မှုကို ငါ ဆက်ခံနေဦးမှာပဲ...”

စုမင်၏ မျက်လုံးထဲ၌ ပြတ်သားသော အကြည့်တစ်ခု ပေါ်လာသည်။ သူ့ဘဝတစ်လျှောက်လုံး အန္တရာယ်နှင့်လက်ပွတ်တတီး နေထိုင်ခဲ့ရငည်။ ကံကြမ္မာနှင့်အန္တရာယ်နှင့်တွဲဖက်လာကြောင်းကို ရှေးရှေးကတည်းက သိခဲ့သည်။ ဒုက္ခကြုံသောအချိန်၌ သူ တုံ့ဆိုင်းနေပြီး ထွက်ပြေးရန် ကြိုးစားပါက မည်သည့်အခွင့်အလမ်း၊ ကောင်းချီးမျှ မရနိုင်ပေ။

အချိန်အတော်ကြာပြီးနောက် ကျောက်စိမ်းပြားက အလင်းတန်းရှည်

တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုကျောက်စိမ်းပြားမှာ မီးလျှံများဖြင့် ဝန်းရံထားပြီး ရောင်ခြည်များ ထွက်ပေါ်လာသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက အဝေးရှိ လောကဆီသို့ ပျံ့လွင့်သွားသည်။

All Chapters