မီးလျှံဂြိုဟ်ရဲ့အပြောင်းအလဲ
Vol. 55 Ch. 764
မီးတောက်ငယ်လေးများ ဝန်းရံနေသောကျောက်စိမ်းပြားက မီးလျှံဂြိုဟ်၏အနောက်ဘက်ခြမ်းတွင် ပေါ်လာ၏။ ထိုစဉ် ကျောက်စိမ်းပြားရှေ့ရှိလေထုက တွန့်လိမ်ပုံပျက်သွားသည်။
ထျန်းလင်းက ထိုပုံပျက်နေသည့်နေရာမှ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျောက်စိမ်းပြားကို ကိုင်လိုက်သည်။သူ့နတ်ဘုရားအာရုံကိုဖြန့်ကျက်လိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုက သူ့မျက်လုံးများမှတဆင့်မြင်နေရပြီး သူက ကြယ်တစ်ပွင့်ကဲ့သို့ ကောင်းကင်သို့ ခုန်တက်သွားလေသည်။
သူက မီးလျှံဂြိုဟ်မှထွက်ခွာပြီး သူ့မိတ်ဆွေကောင်းများကို သွားရှာမည်မှာ သေချာ လေဧ။။်
နောက်တစ်နှစ် ကုန်ဆုံးသွားလေသည်။ စုမင်က မီးလျှံဂြိုဟ်တွင် နေထိုင်သည်မှာ လေးနှစ်ရှိပြီဖြစ်၏။ လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း သူက ဂူထဲမှ ခြေလှမ်းတစ်လှမ်းမျှ မထွက်ခဲ့ပေ။ သူ သီးသန့်ကျင့်ကြံနေချိန်တွင် အပြာရောင်ကျောက်တုံးများအတွင်းပါရှိသော ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို အဆက်မပြတ်စုပ်ယူနေခဲ့၏။
ထိုနေ့တွင် စုမင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။တစ်ချိန်တည်းတွင် သူ့ရှေ့မှ အပြာရောင်ကျောက်တုံး အများအပြားက အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအားများတိုးဝင်လာသည်။ ထိုအချိန်တွင် သူက ဂူအထက်ရှိ အလင်းတန်းရှည်လေးခုကို လှမ်းမြင်လိုက်ရသည်။
ရှည်လျားအလင်းတန်းတစ်ခုစီတွင် လူတစ်ယောက်ရှိသည်။ ထိုလူများထဲမှ တစ်ယောက်က စုမင်နှင့်ရင်းနှီးသောထျန်းလင်းပင်ဖြစ်၏။ ကျန်သုံးယောက်က သူ့အတွက် သူစိမ်းသက်သက်ဖြစ်နေပြီး
သူတို့အားလုံးက လောကမှော်ယာဉ်ပျံအရှင်သခင်အဆင့်ကျင့်ကြံသူများပင်ဖြစ်သည်။
စုမင်က သူ့လက်ကို လှုပ်ယမ်းလိုက်သော်
သူ့ရှေ့ရှိ အပြာရောင်ကျောက်တုံးအမှုန့်များက ချက်ချင်း ပြန့်ကျဲသွားလေသည်။ သူ့ ခြေတစ်လှမ်းလှမ်းပြီး ဂူထဲမှ ထွက်လာသည်။ သူ့ဆံပင်များက လေထဲတွင် ပျံဝဲနေပြီး ကြယ်တာရာဝတ်ရုံမှဖန်ဆင်းထားသည့် အဖြူရောင် ၀တ်ရုံမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်နေသည်။
စုမင်က မြင့်မြတ်သော ကြယ်တာရာဝတ်ရုံကို လုံးလုံးလျားလျား မထိန်းချုပ်နိုင်သော်လည်း ၎င်း၏ခံစစ်စွမ်းအားက မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းသည်။ ၎င်းကို မည်ကဲ့သို့ ဖျက်ဆီးရန် ကြိုးစားနေပါစေ၊ ခဏအကြာတွင် လုံးဝ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်များက သူ မိန်လန်ကို တိုက်ခဲ့စဉ်က မည်သူမျှ ဤ၀တ်ရုံကို မတွေ့ခဲ့ရပေ။ မိန်လန်မှာ ကြယ်တာရာဝတ်ရုံ၏ စွမ်းအားက စုမင်၏စွမ်းအားဖြစ်သည်ဟု ထင်မှတ်ခဲ့ဖူးသည်။
စုမင်နှင့်အတူ ထိပ်ပြောင် ကြိုးကြာငှက်အသွင်ပြောင်းထားသောခွေးကြီးက ဂူထဲမှ ပြေးထွက်လာသည်။ သူက စုမင်ဘေးမှာ ရပ်နေရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ၎င်း၏မျက်နှာတွင် အထင်အမြင်သေးသောအမူအရာရှိနေ၏။
ကြက်သွေးရောင်သားရဲကြီးက တောင်ခြေရင်းကနေ ကောင်းကင်ကို အေးစက်စွာ မော့ကြည့်နေ၏။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြောင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော်လည်း တောင်ကုန်းငယ်လေးတစ်ခုလို ဖြစ်နေသည်။
မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းမှ ရှည်လျားသောအလင်းတန်းလေးခုက နီးကပ်လာ၏ ဦးဆောင်သူမှာ ထျန်းလင်း ဖြစ်သည်။ သူက စုမင်ကို ချက်ချင်းတွေ့လိုက်ရပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု လင်းလက်လာသည်။
“ရောင်းရင်းစု..ဒီမှာ စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်..မင်းဒီလိုလက်ခံပေးလို့ ကျုပ်တို့ ဂုဏ်ယူပါတယ်...”
သူက စုမင်ကို ပြုံးပြလိုက်ရင်း
စုမင်ရှေ့မှာ ချက်ချင်းပေါ်လာသည်။ သူ့နောက်မှ ရှည်လျားသောအလင်းတန်းသုံးခုက တခဏအတွင်း နီးကပ်လာ၏။ သူတို့တောင်ပေါ်သို့ တစ်ချိန်တည်း ဆင်းသက်ကြသောအခါ တန်ခိုးကြီးသော နတ်ဘုရားအာရုံလှိုင်းသုံးခုက စုမင်ကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် စစ်ဆေးလိုက်သည်။
ဤနတ်ဘုရားအာရုသုံးခုတွင် သတ်ဖြတ်လိုစိတ်မပါပေ။ သို့သော်လည်း သူတို့၏ရည်ရွယ်ချက်များကိုဖုံးကွယ်ပြီး စုမင်ကို စစ်ဆေးခြင်းအားဖြင့် မည်မျှပိုင်စိုးပိုင်နင်းဖြစ်ကြောင်း ထင်ရှားလေသည်။
“ဒါက မင်းပြောဖူးတဲ့ တာအိုစုလား.. သူက မဟာမြေကြီးကျင့်ကြံသူသာသာပဲ.. ခုနက မင်း စောစောကပြောခဲ့တဲ့ အစီအစဉ်အတွက် ကျုပ် ဘာမျှော်လင့်ချက်မှ မထားတော့ဘူး...”
သုံးယောက်အုပ်စုတွင် လူလတ်ပိုင်းအရွယ်လူတစ်ဦး၊ အဘိုးကြီးတစ်ဦးနှင့် ပျမ်းမျှလူ၏အရပ်တစ်ဝက်ခန့်ရှိသော လူပုလေးတို့ ပါဝင်သည်။
အဘိုးအိုက အညိုရောင်ဆံပင်နှင့် ကလေးမျက်နှာရှိသည်။ သူက နည်းနည်းခါးကုန်းနေလေသည်။ သူ၏မျက်လုံးများက တောက်ပြောင်ခြင်းမရှိပဲ မှုန်မှိုင်းနေသည်။ မည်သူမဆို သူ့မျက်လုံးကို အနီးကပ်ကြည့်လျှင် သူ၏ညာဘက်မျက်အိမ်က ဒေါင်လိုက်အနေအထားဖြစ်နေကြောင်း တွေ့ရလိမ့်မည်။
သူက ထိုနေရာတွင် ခက်ထန်သောအမူအရာဖြင့် ရပ်နေသည်။ သူ့နှလုံးသားထဲတွင် မည်သို့သော ခံစားချက်မျိုးရှိသည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် စုမင်ကို စစ်ဆေးသောနတ်ဘုရားအာရုံကြောင့် အေးစက်သောလေထုကို ဖြစ်ပေါ်စေသည်။
လူလတ်ပိုင်းအရွယ်တွင် ပုံမှန်အသွင်အပြင်ရှိသည်။ သူ့အရေပြားက ပုံမှန်ထက် အနည်းငယ်ပိုမည်းနေပြီး သူ့နှုတ်ခမ်းဘယ်ဘက်ထောင့်မှ မျက်နှာတစ်ဖက်သို့ ကန့်လန့်ဖြတ်သွားသောအမာရွတ်တစ်ခုရှိသည်။ အဝါရောင်သွား ကြောင့် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလောက်အောင်ထိတ်လန့်ဖွယ် တည်ရှိနေမှုကို ထင်ရှားစေသည်။ သူက နတ္ထိအနှစ်သာရနယ်မြေရှိ အခြားလူများကဲ့သို့ မဟုတ်ဘဲ မယုံနိုင်လောက်အောင် ထွားသည်။ သူ မားမားမတ်မတ်ရပ်နေတော့ စုမင်က နံရံကို မျက်နှာမူနေသလိုမျိုး ခံစားလာရ၏။
သူမှာ ဘာအမွှေးအမျှင်မှ မရှိပေ၊ မျက်ခုံးမွှေးတောင် မရှိပေ။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက အဝတ်အစားမရှိ၍ သူ့ရင်ဘတ်အတွင်း၌ ကြီးထွားနေသောသံကြိုးတစ်ခုလည်း ရှိနေသည်။
ယခင်ကလည်း သူထိုစကားများကို ပြောခဲ့ဖူးသည်။
လူလတ်ပိုင်းအရွယ်အမျိုးသား၏ နံဘေးမှာ ရပ်နေသောလူပုလေးဧ။်မျက်နှာမှာ အပြုံးတစ်ခု ရှိနေ၏။ သူက မယုံနိုင်လောက်အောင် ဖော်ရွေပုံရပြီး သူ့လက်နှင့် ခြေဖဝါးသေးသေးလေးက သူ့ကို အန္တရာယ် လုံးဝကင်းပုံပေါက်စေသည်။ သူ့ဆံပင်ကို ကျစ်ဆံမြီး ကျစ်ထားလေသည်။ ထိုအချိန်တွင် သူ့လက်များကို အင်္ကျီလက်များထဲတွင် ဝှက်ထားသည်။ ဤအရာက သူ့ကို နတ္ထိအနှစ်သာရနယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် ထင်ရှားစေ၏။
ထျန်းလင်းက သက်လတ်ပိုင်းအရွယ် အမျိုးသားပြောသော စကားများကို မျက်မှောင်ကြုတ်လိုက်ပြီး စုမင်ကို တောင်းပန်သောအမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက လှည့်ကြည့်လိုက်ပြီး ထိုလူနှင့် စုမင်ကြားတွင် ရပ်လိုက်သည်။ ဒေါသတကြီးပြုံးကာ လူလတ်ပိုင်းကို လှမ်းကြည့်လိုက်သည်။
“တာအိုယဲ့.. မင်းဘာလို့ဒီလိုပြောတာလဲ..ကျုပ် လမ်းမှာ တာအိုရောင်းရင်းစုအကြောင်း အသေးစိတ်ပြောထားပြီးသားလေ..ကျုပ်တို့အတွက်အရေးကြီးတဲ့အရာတစ်ခုကို အတူတူရချင်တယ်ဆိုရင် ငြင်းခုံမနေသင့်ဘူး”
“ဟမ့်”
လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်သောအသံတစ်ခုထုတ်လွှတ်ပြီသ စုမင်ကို စိတ်မ၀င်စားတော့ဘဲ ထျန်းလင်း၏ အမြင်ကို သဘောတူခဲ့သည်။
“တာအိုရောင်းရင်းစု..ကျုပ်မိတ်ဆွေတွေကို မိတ်ဆက်ပေးခွင့်ပြုပါ..ဒါက ကောင်းကင်းဘီးဂြိုဟ် တာအိုလုံလီပါ..အစ်ကိုလုံမှာ အံ့သြစရာကောင်းတဲ့ စွမ်းအားရှိပြီး ကျင့်စဉ်များစွာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ်..သူ့မှာ မယုံနိုင်လောက်အောင် ကြီးကျယ်တဲ့အရည်အချင်းတွေလည်းရှိတယ်...”
ထျန်းလင်း စကားပြောနေစဉ် လူသုံးယောက်ထဲက အဖိုးအိုက စုမင်ဆီကို အကြည့်လွှဲလိုက်သည်။ သူက စကားမပြောဘဲ ခေါင်းညိတ်ပြရုံသာ လုပ်ခဲ့သည်။
စုမင်က အဘိုးအိုကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ညာဘက်မျက်လုံးမှာ စုမင်က မယုံနိုင်လောက်အောင် အန္တရာယ်များသည်ဟု ခံစားခဲ့ရသည်။
“ဒါဟာ ..ငြိမ်းချမ်းတဲ့မြေကမ္ဘာဂြိုဟ်ကတာအိုယဲ့ရှန်းထုံပါ...တာအိုယဲ့ရဲ့တစ်ကိုယ်လုံးမှာ ထူးခြားတဲ့စွမ်းအားရှိပြီး ကျင့်ကြံဆင့်မြင့်မားတယ်..သူက မဟာမြေကြီးအနှစ်သာရ စွမ်းအားကို နားလည်ပြီး သူက မြေကြီးရဲ့နက်နဲရာမှာ ရှိနေရင် ပိုကြီးတဲ့စွမ်းအားကို ထုတ်လွှတ်ပေးနိုင်တယ်...တစ်ခါကဆို သူက စစ်မှန်တဲ့ လောကရဲ့အစောင့်တပ်ကို တွန်းလှန်ခဲ့ပြီး ရှင်သန်နိုင်ခဲ့တယ် သူ့ ဒဏ်ရာတွေက ပြန်လည်ကောင်းမွန်လာပြီး အခုဆို သူ့ရဲ့ကျင့်ကြံဆင့်က ပိုလို့တောင် တိုးလာခဲ့တယ်...”
ထျန်းလင်း စကားပြောနေစဉ်တွင် မျက်ခုံးမပါသောလူလတ်ပိုင်းအရွယ်လူထွားကြီးက စုမင် မနှစ်မြို့ဖွယ် ပြုံးပြလိုက်သည်။ သူသည် ရူးသွပ်သောလူတစ်ယောက်နှင့်တူ၏။ သို့သော် အမှန်မှာ စုမင်နှင့်တွေ့ဆုံစဉ်က သူပြောခဲ့သည့်စကားအတွက် သူ့ကိုယ်ပိုင်အကြောင်းပြချက်ရှိနေသည်။
“ နောက်ဆုံးလူကတော့..အမှောင်စိုးမိုးဂြိုဟ်က စွန်းခွန်းပါ..တာအိုစွန်းက မှော်အစီအရင်တွေနဲ့ပတ်သတ်ရင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တယ်..ရတနာအိုးကြီးလို့လဲ ခေါ်ကြတယ်.သူ့တစ်ကိုယ်လုံးမှာ အဆိပ်တွေနဲ့ ပြည့်နေပြီး အဲဒီ အဆိပ်ပြင်းတဲ့ကျင့်စဉ်နဲ့တိုက်ခိုက်တာကြောင့် နေရာအနှံ့နာမည် ကျော်ကြားစေခဲ့တယ်...”
ထျန်းလင်း ပြောပြီးသည်နှင့်၊ ဈေးဆိုင်ရှင်နှင့်တူသောလူပုလေးက စုမင်အား ဂါဝရပြုဟန်လုပ်ကာ ရယ်မောလိုက်လေသည်။
“အစ်ကိုထျန်း.. မင်းငါ့ကို အရမ်းချီးကျူးလွန်းနေပြီ..ရောင်းရင်းစု.. သူ့စကားတွေကို နားမထောင်နဲ့... ငါက အဲ့လောက်လည်း နာမည်မကြီးပါဘူး..ကျုပ်အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် နတ္ထိအနှစ်သာရနယ်မြေမှာ ကျင်လည်နေရတာ...”
“လူတိုင်းက လိမ္မာပါးနပ်တဲ့အတွက် ငါ့ကို ဒီနာမည်ပေးခဲ့တာ.. ဒါကို အတည်လို့မှတ်မယူပါနဲ့..
စွန်းခွန်းက ရယ်မောရင်း ခေါင်းကို ခါယမ်းလိုကက်သည်။ လုံးဝ အန္တရာယ်ကင်းသော သူ့အမူအရာကြောင့် လူအများက သူ့ကို အထင်ကြီးရန် အလွန်လွယ်ကူသည်။
“လမ်းမှာ မင်းတို့သုံးယောက်ကို ရောင်းရင်းစုအကြောင်း မိတ်ဆက်ပေးပြီးပြီ..ရောင်းရင်းစုမှာ ထူးကဲတဲ့ စွမ်းအားတွေ ရှိတယ်.. သူ့မှာ ကြီးကျယ်ခမ်းနားတဲ့စွမ်းအားနဲ့ လောကဥပဒေဿတွေပါဝင်တဲ့ စွမ်းရည်တွေ ရှိတယ်..ကျုပ်တောင်မှ သူ့ကိုတောင် အရမ်းအထင်ကြီးလေးစားမိတယ်...”
ထျန်းလင်းက လူသုံးယောက်ကို ကြည့်လိုက်သည်။ သူစကားပြောသောအခါ စုမင်က အေးစက်စွာ ခေါင်းညိတ်သည်။
လူသုံးယောက်က နတ်ဘုရားအာရုံနှင့် သူ့ကို စစ်ဆေးတာ သို့မဟုတ်..ယဲ့ရှန်းထုံက သူ့ကိုရန်စတာပဲဖြစ်ဖြစ်၊ စုမင်၏ အမူအရာက ဘယ်တော့မှ မပြောင်းလဲပေ။ ထိုအချိန်တွင် သူ့မျက်နှာက အေးစက်ခက်ထန်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ပေ။
သူ၏တည်ငြိမ်မှုကြောင့် ယဲ့ရှန်းထုံ၏မျကမျက်လုံးများက သိသာစွာ အရောင်လက်လာသည်။ လူပုလေး စွန်းခွန်းပင်လျှင် စုမင်ကို ခပ်ကြာကြာ ပြုံးပြပြီး ကြည့်နေလေသည်။ ခါးကုန်းသောအဘိုးကြီးသာ မလှုပ် မယှက်ဖြစ်နေလေသည်။
ထျန်းလင်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး စကားပြောလိုက်သည်။
“ကောင်းပြီ..ငါတို့ အားလုံး ဒီကို ရောက်နေကြပြီ..စစ်မှန်တဲ့လောကရဲ့ အစောင့်တပ်တွေ ကင်းလှည့်ဖို့ ခြောက်နှစ်ကျန်သေးတယ်.. ငါတို့ အမြန်လုပ်ရမယ်”
“တာအိုမိန်လန်ကို ဘာလို့ မတွေ့ရတာလဲ”
စွန်းခုန်းက အပြုံးမပျက်ဘဲ မေးသည်။
“ တာအိုမိန်လန်ရဲ့ ရည်မှန်းချက်တွေက ငါတို့နဲ့ မတူဘူး..သူမ လာမှာ မဟုတ်ဘူး
..”
ထျန်းလင်းက ခေါင်းယမ်းလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။ သူက စုမင်ကို ကြည့်ရင်း သူ့အမူအရာက ပို၍လေးနက်လာသည်။
“ရောင်းရင်းစု..မီးလျှံဂြိုဟ်မှာရှိတဲ့သားရဲတွေကို ချိပ်တံဆိပ်ကနေ လွှတ်ပေးဖို့ အချိန်ဘယ်လောက်လိုလဲ...”
“တစ်လ”
စုမင်က အေးဆေးစွာဖြေလိုက်သည်။
“ကောင်းပြီ တစ်လလောက်ကြာပြီးတဲ့နောက် မင်းဟာ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေအားလုံးကို လွှတ်ပေးလိုက်ပြီဆိုတာနဲ့..ဂြိုလ်သားမျိုးနွယ်စုရဲ့အင်အားကြီးကျင့်ကြံသူက ထပ်ပြီး စုပ်ယူခံရမှာမဟုတ်တော့ဘူး.. အဲ့ဒီအချိန်ကျရင် မင်းတို့သုံးယောက်က ငါပြောခဲ့တဲ့ နည်းလမ်းနဲ့ ကူညီပေးပါ..ကျုပ် ချိပ်တံဆိပ်ရဲ့ လွတ်တဲ့နေရာကိုဝင်သွားပြီး မြေကြီးရဲ့နက်နဲရာကိုသွားမယ်...”
“တာအိုစု..တာအိုစွန်း..မင်းတို့ရဲ့မှော်အစီအရင်စွမ်းရည်တွေကိုသုံးပြီး ကျုပ်တို့ မြေကြီးရဲ့နက်နဲရာကို ပိုပြီးသွားနိုင်အောင် ကူညီပေးပါ..အဲ့ဒီအချိန်ကျရင် တာအိုယဲ့က သူ့ရဲ့ခွန်အားနဲ့ ကျုပ်တို့အတွက်လမ်းဖွင့်ပေးလိမ့်မယ်.. တာအိုလုံ..ခင်ဗျားရဲ့နတ်ဘုရားအာရုံက ကျုပ်တို့ထက်ပိုကောင်းတယ်..ဒါ့ကြောင့် ကျုပ်တို့ကိုလမ်းပြပေးပါ..ကျုပ်ကတော့ ဒီအစီအစဉ်ကို ဆွဲတဲ့သူမလို့ ကျုပ်ရဲ့နတ်ဘုရားအာရုံကို ကျုပ်ရဲ့ခန္ဓာကိုယ်နဲ့ နေရာလဲလိုက်မယ်...ကျုပ်ရဲ့နတ်ဘုရားအာရုံနဲ့ တာအိုလုံကို ကူညီပြီး လမ်းပြမယ်...ပြီးတော့ တာအိုယဲ့ကို လမ်းဖွင့်ပေးတဲ့နေရာကူညီမယ်..ပြီးတော့ တာအိုစုနဲ့တာအိုစွန်း ချိပ်တံဆိပ်ရဲ့ကြံခိုင်မှုတွေကို ချိုးဖျက်တဲ့နေရာမှာ ကူပေးမယ်...”
သူ စကားပြောပြီးနောက် လူသုံးယောက်၏ အမူအရာ ပြောင်းသွားသည်။ ခက်ထန်နေသောအဘိုးကြီးလုံလီပင်
သူ့စကားကြောင့် သိသိသာသာ ရင်ထဲထိသွားသည်။
“မင်းရဲ့နတ်ဘုရားအာရုံကို မင်းရဲ့ခန္ဓာကိုယ်နဲ့နေရာပြောင်းလိုက်တာက မင်းရဲ့နတ်ဘုရားအာရုံနေရာမှာ ခန္ဓာကိုယ်နဲ့အစားထိုးလိုက်တာပဲ..တာအိုထျန်း..ဒီတားမြစ်ထားတဲ့ကျင့်စဉ်ရဲ့ အကျိုးဆက်တွေကို မင်းသိလား..”
လုံလီက ဒေါသပါအသံဖြင့် ပထမအကြိမ်ပြောပြီး မေးလိုက်သည်။
“ဟုတ်တယ်..နည်းနည်းလေးမှားသွားရင်တော့ ကျုပ်ရဲ့ရုပ်ခန္ဓာက ညှိုးနွမ်းပြီး နတ်ဘုရားအာရုံကကြာကြာအသက်မရှင်နိုင်တော့ဘူး..သေချာပေါက် သေသွားလိမ့်မယ်...ဒါပေမဲ့ ဒီနည်းကသာ ကျုပ်တို့ရဲ့ အောင်မြင်နိုင်ခြေကို တိုးမြင့်နိုင်မယ်..ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့်ကို အဆပေါင်းများစွာ တိုးမြှင့်ရမယ် ဒါမှမဟုတ်ရင် ကျုပ်တို့အားလုံး မြေကြီးရဲ့နက်နဲရာကို သွားဖို့ ခဲယဉ်းလိမ့်မယ်..ကျုပ်တို့ရဲ့အောင်မြင်မှုအတွက် ကြီးမားတဲ့အဖိုးအခကို ပေးဆပ်ရလိမ့်မယ်..ကျေးဇူးပြုပြီး ရန်သာမဖြစ်ကြနဲ့..ဒါမှမဟုတ်ရင် ကျုပ်တို့သဘောထားကွဲလွဲသွားလိမ့်မယ်...”
ထျန်းလင်း၏အသံက ချက်ချင်းပင် အေးစက်ပြီး ဟိန်းသွားသည်။ သူက နူးညံ့သိမ်မွေ့သူဖြစ်ကြောင်း အခြားသူများကို အမြဲခံစားရ စေသည်။ ထို့ကြောင့် ဤရုတ်တရက်အေးတိအေးစက်သောအသံနှင့်သူ့နတ်ဘုရားအာရုံကို နေရာပြောင်းမည်ဟုသောဆုံးဖြတ်ချက်က ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်စေခဲ့သည်။
“တာအိုစု.. ကျုပ် မင်းအတွက် အရာအားလုံးကို ထားခဲ့မယ်..”
ထျန်းလင်းက အသက်ပြင်းပြင်းရှူပြီး စုမင်ကို အရိုအသေပြုဟန်လုပ်ကာ ဦးညွှတ်လိုက်သည်။
စုမင်က ထျန်းလင်းကိုကြည့်ကာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူ့၏လှည့်ကွက်ထဲသို့ရောက်ခဲ့သောထျန်းလင်းကို သတိရမိသည်။ အချိန်အတော်ကြာတော့ သူက လက်သီးကို လက်ဖဝါးနှင့် ပတ်ပြီး ထျန်းလင်းဘက်ကို ဂါဝရပြုလိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် ကောင်းကင်သို့ အရှိန်တင်လိုက်သည်။ သားရဲကြီးကဟောက်သံနှင့်အတူ မြေပြင်မှထလိုက်ပြီး ထိပ်ပြောင်ကြိုးကြာငှက်ကြီးက သူ့နောက်မှ ဟောင်သံနှင့်အတူ လိုက်ပါလာခဲ့သည်။
သုံးရက်အကြာတွင် ကြက်သွေးရောင်မီးလျှံဂြိုဟ်က ပေါက်ကွဲသံနှင့်အတူ တုန်လှုပ်သွားသည်။ ဂြိုလ်သားမျိုးနွယ်မှ ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်ကို ချိပ်တံဆိပ်ခတ်ထားသည့်နေရာမှ ထိတ်လန့်တုန်လှုပ်ဖွယ်ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ကျားတစ်ကောင်နှင့်တူပြီး နောက်ဆုံးတွင် ၎င်း၏ချိပ်ပိတ်နယ်မြေမှ အမြန်ထွက်လာနိုင်ခဲ့သည်။ ထို့ပြင် ၎င်း၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
ခုနစ်ရက်ကြာပြီးနောက် မီးလျှံဂြိုဟ်တစ်ခုလုံးတွင် ဟိန်းဟောက်သံများ ဆက်လက်ထွက်ပေါ်လာသည်။ နေထိုင်သူများက ‘နတ်ဘုရားများ’ ဟု သိကြ
သည့်ဂြိုလ်သားမျိုးနွယ်များမှ ရက်စက်ကြမ်းကြုတ်သော သားရဲများက ၎င်းတို့၏ချိပ်ပိတ်နယ်မြေများမှ ပြေးထွက်လာကြပြီး ၎င်းတို့၏ အရေအတွက်မှာ လျော့မသွားပေ။ သားရဲ၏ဟိန်းဟောက်သံများက လောကတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ကျင့်ကြံသူများအား ထိတ်လန့်စေခဲ့သည်။
လဝက်ကြာပြီးနောက် မီးလျှံဂြိုဟ်တွင် အံ့ဩစရာ အပြောင်းအလဲတစ်ခု ရှိလာခဲ့သည်။ စုမင်က ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ထက်ဝက်ကျော်ကို လွှတ်ပေးခဲ့သည်။ ကောင်းကင်နှင့်မြေကြီးက မှောင်မိုက်နေပြီး ဟိန်းဟောက်သံများကထပ်ခါထပ်ခါ တုန်ခါသွားစေခဲ့သည်။ အရှေ့ဘက်ဒေသရှိ တောင်ပေါ်ရှိ ကျောက်အိမ်ကြီးအတွင်းတွင် အဘွားအို ရှိနေခဲ့သည်။ သူမမျက်နှာမှာ ခံစားချက်မျိုးစုံ လွင့်ပျံနေပြီး သူ့အိမ်ထဲမှာ ငြိမ်သက်စွာ ထိုင်နေလေသည်။
နောက်တစ်လအကြာတွင် မီးလျှံဂြိုဟ်ရှိ ဂြိုလ်သားမျိုးနွယ်စုများမှ ရက်စက်ကြမ်းကြုတ်သော သားရဲများအားလုံးက ကောင်းကင်သို့ ပြိုင်တူဟိန်းဟောက်လိုက်ကြသည်။ ချိပ်ပိတ်နယ်မြေများမှ ပြေးထွက်လာသော ရက်စက်ကြမ်းကြုတ်သော သားရဲအားလုံးနီးပါးထံမှ ထွက်ပေါ်လာသော အသံတစ်ခုမှာ ၎င်းတို့၏လွတ်လပ်မှုကို ဖော်ညွှန်းနေလေသည်။
လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းခန့်က မင်နက်ရောင်ဂြိုဟ်တွင် အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည် ။ ယခုအခါ နတ္ထိအနှစ်သာရနယ်မြေမှာ ၎င်း၏ဒုတိယမြောက် ပြင်းထန်သောပြောင်းလဲမှုကို လက်လွှဲရယူတော့မည် ။ ၎င်းကို…ကြက်သွေးရောင်မီးလျှံဂြိုဟ် ၏ပြောင်းလဲမှုဟု လူသိများမည်ဖြစ်၏။