← Chapters

နတ်ဘုရားအဆင့်ရှိအဆိပ်နကျယ်ကောင်

Vol. 55 Ch. 765

နတ်ဘုရားအဆင့်ရှိအဆိပ်နကျယ်ကောင်

Vol. 55 Ch. 765

ကြက်သွေးရောင်မီးလျှံဂြိုဟ်ရှိရက်စက်ကြမ်းကြုတ်သော သားရဲများအားလုံးက ချိပ်ပိတ်နယ်မြေများမှ လွတ်မြောက်လာစဉ် အမျိုးမျိုးသောအလင်းတန်းများက အရောင်စုံစွာ မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းလာသည်။ ကိုးကြိမ်တိုင်တိုင်လင်းလက်လာပြီးနောက် ၎င်းတို့က ကောင်းကင်နှင့် မြေကြီးကို ပြိုပျက်စေမည့် ကျယ်လောင်သောအသံကို ထုတ်လွှတ်လိုက်သည်။

ထိုအသံက လေထဲတွင် ပဲ့တင်ထပ်လာသောအခါ မီးလျှံဂြိုဟ်၏ မျက်နှာပြင်ပေါ်ရှိ ချိပ်တံဆိပ်များအားလုံး ကွဲအက်သွားသည်။ ကောင်းကင်နှင့်မြေကြီးကို ဇောက်ထိုးဖြစ်စေသည့်တုန်ခါမှုက ဂြိုဟ်ကို ဖျက်ဆီးပစ်နိုင်သည်။ ကျယ်လောင်သော ပေါက်ကွဲသံက လေထဲတွင် တဟုန်ထိုး မြည်လာသည်နှင့်အမျှ ထျန်းလင်းက အမည်မသိနည်းတစ်မျိုးကို အသုံးပြုခဲ့ပြီး နယ်မြေအားလုံး၏ အလယ်ဗဟိုတွင်ရှိသော မီးလျှံဂြိုဟ်ကို အက်ကွဲကြောင်းကြီးတစ်ခု ဖြတ်သွားစေခဲ့သည်။ ထိုအက်ကွဲမှုကြောင့် ဧရာမလျှိုမြောင်တစ်ခု ဖြစ်ပေါ်လာသည်။ ပေပေါင်း ရာနှင့်ချီ၍ ရှည်လျားပြီး နက်နဲလွန်းသဖြင့် အဆုံးကို မမြင်နိုင်ပေ။

မယုံကြည်နိုင်လောက်အောင် ထူထပ်သောမြေစွမ်းအားက လျှိုမြောင်၏နက်နဲရာမှ ထွက်ပေါ်လာသည်။ အဝါရင့်ရောင် မြူခိုးများက ကောင်းကင်ထက်ဝက်သို့ ချက်ချင်း ပြည့်သွားကာ လူတစ်ဦးက လက်ကို ဆန့်လိုက်လျှင်လက်ချောင်းများကို မမြင်နိုင်တော့သည့် အထိပင်။

အဝါရင့်ရောင်မြူခိုးများ ပျံ့နှံ့သွားစဉ်တွင် အလောတကြီး‌ဖြစ်နေသော ထျန်းလင်း၏အသံ ထွက်ပေါ်လာသည်။

“ချိပ်တံ ဆိပ် ကျိုး သွား ပြီ..အခု မြေကြီး ရဲ့ နက်နဲရာကို ချက်ချင်း သွားပြီး အောက်မှာစုဝေးရအောင်...”

မြူခိုးကြားထဲမှ နားအူမတက် စူးရှသောအသံများ ထွက်ပေါ်လာသည်။ ထိုအသံက အက်ကွဲ ကြောင်းထဲကို အရှိန်အဟုန်နှင့်သွားနေသောလူများ၏အသံပင်ဖြစ်သည်။

အဝါရင့်ရောင် မြူခိုးများက ကောင်းကင်ကို အရောင်ဆိုးစေခဲ့သည်။ မီးလျှံဂြိုဟ်ရှိမှုန်ဝါးနေသော ကောင်းကင်မှာ အဝါရောင်မျက်နှာရှိအဘိုးအိုတစ်ဦး၏ မျက်နှာနှင့်ဆင်တူ၏။

မြူခိုးများက စုမင်ဧ။်မြင်ကွင်းကို ပိတ်ဆို့ထားစဉ်တွင် သူ့နတ်ဘုရားအာရုံကို ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ထားလိုက်၏။ သူ့အမြင်အာရုံအတွင်းက အရာအားလုံးက မှုန်ဝါးနေသော်လည်း တခြားသူများက လျှိုမြောင်ထဲမှာ ရှိကြောင်း

ခံစားသိရှိနိုင်သည်။ သူကတော့ အပြင်မှာရှိနေဆဲပင်ဖြစ်၏။

ကြက်သွေးရောင်သားရဲက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် အဝေးကို စိုက်ကြည့်နေသည်။ သူ့စိတ်ထဲမှာ သက်တောင့်သက်သာဖြစ်နေပုံမရပေ။ သို့သော် ၎င်း၏ခန္ဓာကိုယ်က ကြီးမားလွန်းသဖြင့် စုမင်မှာ မြေကြီး၏နက်နဲရာသို့လိုက်ရန် ခက်ခဲသည်။

စုမင်က သားရဲကြီး၏ဧရာမဦးခေါင်းကို ပုတ်လိုက်ပြီးနောက် သူက အက်ကွဲ ကြောင်းထဲသို့ အရှိန်တင်နေသော အလင်းတန်းရှည်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကြိုးကြာငှက်က သူ့နောက်သို့ အနီးကပ်လိုက်လာသည်။ သားရဲကြီးက အပြင်မှာစောင့်နေရန်

မဆုံးဖြတ်ခင် ခဏလောက် တွန့်ဆုတ်နေခဲ့သည်။

ဤနေရာရှိမြေစွမ်းအားက ထူထဲပြီး စုမင်၏ခန္ဓာကိုယ်ကို မှုတ်ထုတ်လိုက်သောအခါ စုမင်က လေးလံသော ခံစားချက်ကို ခံစားခဲ့ရသည်။ သူ ဘယ်လိုမှမတတ်နိုင်ဘဲ အနည်းငယ် နှေးကွေးသွား၏။ သူက ရေထဲမှာ လှုပ်ရှားနေသကဲ့သို့ ခံစားရလေသည်။ သူတို့က အောက်သို့ရှိ လျှိုမြောင်ထဲသို့ တိုးဝင်သွားသောအခါ ကြိုးကြာငှက်က နှာခေါင်း ရှုံ့နေလေသည်။သူက မြေစွမ်းအားများကို ရှူရှိုက်လိုက်သောအခါတွင် ၎င်း၏စိတ်ထဲတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။

‘ကောင်းပြီလေ..ငါပဲ ဖြစ်ပြန်ပြီလား.. ဘာကြောင့် ဒီလောက် ရင်းနှီးတယ်လို့ခံစားနေရတာလဲ.. ပိုထူထပ်တဲ့မြေစွမ်းအားရှိတဲ့နေရာတစ်ခုမှာ အရင်က ရေချိုးဖူးသလို ခံစားရတယ်.. ငါရေချိုးနေတုန်း ငါ့ဘေးနားမှာ မိန်းမအနည်းငယ်တောင်ရှိနေတာကို ငါမှတ်မိသလိုပဲ....’

ကြိုးကြာငှက်က ပီတီဖြစ်စွာ ခေါင်းယမ်းလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် နတ္တိအနှစ်သာရနယ်မြေသို့ ရောက်ချိန်မှစ၍ သူ့စိတ်ထဲတွင် ရံဖန်ရံခါ သတိလစ်ခြင်း နှင့် ရင်းနှီးမှုလှိုင်းများ ပေါ်လာတတ်သည်။

စုမင်ဘေးနားတွင် အမှောင်ထုဝန်းရံထားပြီး အဆက်မပြတ် ရှေ့သို့အရှိန်တင် လေသည်။ လျှိုမြောင်က မယုံနိုင်လောက်အောင် နက်ရှိုင်းပြီး နတ်ဘုရားအာရုံကို ပေတစ်ထောင်အောက်သာဖြန့်ကျက်ရန် တားဆီးထားသည့်စွမ်းအားတစ်ခုပါရှိသည်။ သူ အောက်သို့ဆင်းသွားလေလေ.. မြေစွမ်းအားပိုထူထဲလေလေ ဖြစ်လာသည်။ ၎င်းက သူ့အတွက် အရှိန်မြှင့်ရန် ခက်ခဲစေပြီး သူ၏နတ်ဘုရားအာရုံဖြန့်ကျက်နိုင်သည့်ဧရိယာလည်း သေးငယ်လာ၏။

စုမင်၏ အမူအရာက ခက်ထန်နေသော်လည်း သူ့မျက်လုံးများတွင် သတိကြီးကြီးထားသည့် အမူအရာပေါ်နေလေသည်။ သူက မြန်မြန်ဆန်ဆန် ခရီးမသွားနိုင်သောလည်း အရှိန်အဟုန်နှင့် ရှေ့ဆက်နေလေ၏။ အမှန်မှာ သူရှေ့ရှိ ယဲ့ရှန်းထုံနှင့်စွန်းခွန်း၏တည်ရှိမှုကို ဝိုးတဝါးခံစားရလေသည်။ ဤမြေစွမ်းအားတွင်လည်း ဆက်လက် အရှိန်မြှင့်ရန် ၎င်းတို့အတွက် ခက်ခဲလေသည်။

ထျန်းလင်းနှင့် လုံလီတို့က စုမင်၏နတ်ဘုရားအာရုံအတွင်းတွင် ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့က အဝေးကြီးတွင် မနေသင့်ပေ။

ထိုအချိန်တွင် စုမင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ သူ့ခြေလှမ်းများ အလိုလို ရပ်တန့်သွားသည်။ သူ့အိတ်ထဲကို အမြန်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူက တုန်လှုပ်ခြင်ကို ခံစားလိုက်ရပြီး သူ၏သိုလှောင်အိတ်အတွင်းမှ တစ်စုံတစ်ခုနိုးထလာမည့် အရိပ်အယောင်များ ပြသနေသည်။

စုမင်က ခေတ္တ ထိတ်လန့်သွား၏။

သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုများ ချက်ချင်းပေါ်လာသော်လည်း သူ့အကြည့်များက ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။

“နောက်မှာ တစ်ခုခုဖြစ်လို့လား...တာအိုစု..”

စုမင်၏အမူအရာက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားပြီး ရုတ်တရတ် ရပ်တန့်သွားသောကြောင့် စွန်းခွန်းလည်း မလှုပ်ရှားတော့ဘဲ ရပ်သွားခဲ့သည်။ စုမင် သတိကြီးစွာနှင့် ပြန်ဖြေလိုက်သည်။

“ဘာမှမဟုတ်ဘူး.. ကျုပ်စိတ်ထဲမှာ အတွေးတစ်ခုက ရုတ်တရက် ပေါ်လာလို့ပါ..ကျုပ်တို့ မြူတွေအရမ်းထူထပ်တဲ့အောက်ဆုံးကိုရောက်ရင် လက်မတစ်ဝက်လောက်ရွေ့ဖို့တောင် ခက်လိမ့်မယ်”

စုမင်က ပြန်ပြောလိုက်သည်။

“အဲဒါမျိုး မဖြစ်လောက်ဘူး... ဒီနေရာက မြေစွမ်းအားက မြန်မြန်နဲ့တိုးထွက်လာတယ်...ဒါ့ကြောင့် ကျုပ်တို့ ရှေ့ဆက်သွားလေလေ စွမ်းအားတွေ လျော့နည်းလာမှာပဲ..”

စွန်းခွန်းက အနည်းငယ် နှေးကွေးလိုက်ပြီး စုမင် ကို စောင့်ဆိုင်းကာ အတူတူ ခရီးဆက်နိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်က မထင်မရှားဖြစ်သော်လည်း သူ့အသံက အရမ်းရှင်းလင်းသည်။

“ဒီလိုဖြစ်ပါ့စေလို့ မျှော်လင့်ပါတယ်”

ထို့နောက် သူတို့ မြေအောက်သို့ အရှိန်တင်ကြလေသည်။

သူ အောက်ဘက်သို့ ရွေ့သွားသောအခါ စွန်းခုန်း၏ အသံက အလွန်တိုးသွားပြီး သူတို့ နှစ်ဦးသာ ကြားနိုင်သော အသံဖြင့်

စုမင်ကို ပြောလိုက်သည်။

“တာအိုစု..ယဲ့ရှန်းထုံကို သတိထား..အဲ့ဒီလူက မင်းကို ရန်လိုနေတာ..သူက မင်းလို လောကမှော်ယာဉ်ပျံအရှင်သခင်ကျင့်ကြံသူတွေကို သိပ်မလိုလားဘူး..တကယ်တော့ သူက ဂြိုဟ်သားမျိုးနွယ်စုရဲ့စွမ်းအားကြီးကျင့်ကြံသူကြောင့် ဒီကို ရောက်လာတာ..သူက အဲ့ဒီကျင့်ကြံသူရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို စုပ်ယူပြီး မင်းနဲ့အဆင့်တူတူဖြစ်ချင်နေတာ...”

ဆိုင်ရှင်မျက်နှာနှင့်တူသော စွန်းခွန်း၏စကားက ငှက်မွှေးကဲ့သို့ စုမင် နားထဲသို့ရောက်သွားသည်။ မြူခိုးများကြားထဲရှိ သူ့မျက်နှာက အရင်လို ဖော်ရွေပြီးသူ့နှုတ်ခမ်းမှာ အပြုံးတစ်ခု ရှိနေဆဲပင်ဖြစ်သည်။

“ ခင်ဗျားရဲ့ကြင်နာတဲ့သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ် တာအိုစွန်း”

စုမင်က တည်ငြိမ်စွာပြောပြီး သူ့မျက်နှာက ပုံမှန်အတိုင်းပဲ တည်ငြိမ်နေသည်။

နှစ်ယောက်သား စကားစမြည်ပြောရင်း သူတို့ရှေ့မှ ပေါက်ကွဲသံတစ်ခုထွက်လာသည်။ တစ်စုံတစ်ခု ကွဲကြေသွားပုံရသည်။ စုမင်၏မျက်လုံးများက ကျဉ်းမြောင်းသွားသော်လည်း ထျန်းလင်း၏ အသံက အောက်ဘက်မှ ထွက်ပေါ်လာသည်။

“ဒါက ချောက်ရဲ့ အဆုံးပဲ..ရောင်းရင်းတွေ... ကျေးဇူးပြုပြီး နည်းနည်း အရှိန်လျှော့ပါ..”

ခဏအကြာတွင် စုမင်နှင့်စွန်းခွန်းက

ထိုနေရာသို့ရောက်ရှိလာပြီး သူတို့မျက်စိရှေ့မှ အရာအားလုံးက ချက်ချင်းရှင်းလင်းသွားခဲ့သည်။ မြေစွမ်းအားမှာ အက်ကွဲကြောင်း၏ နက်နဲရာနေရာမှ ပြင်းထန်စွာ တိုးထွက်လာသော်လည်း သူတို့၏ အမြင်အာရုံမှာ ပိုမိုရှင်းလင်းလာသည်။

ဤသည်မှာ ချောက်နက်ကြီးဟု ထင်ရသည့်အလျားလိုက်ရှိနေသောအက်ကွဲကြောင်းရှည်ကြီးဖြစ်၏။ ထို အက်ကြောင်းပေါ်တွင် အစက်ကြီးခုနစ်စက်ရှိပြီး၊ အဆုံးမရှိဟုထင်ရသော မြေစွမ်းအားက ဤနေရာခုနစ်ခုမှ လွင့်ထွက်နေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က အက်ကွဲကြောင်း၏အောက်ခြေကိုရောက်လာလေလေ သူတို့၏အမြင်အာရုံက ပိုပြီး ကြည်လင်လာလေဖြစ်၏။ မြေစွမ်းအားနှင့် တောက်ပနေသည့်နေရာခုနစ်ခုမှလွဲ၍ ၎င်းတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ထျန်းလင်း၏တစ်ကိုယ်လုံး ညှိုးနွမ်းသွားသော်လည်း နူးညံ့သောအလင်းအလွှာတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။ ၎င်းက သူ့အား ပုံရိပ်ယောင်ဟုထင်ရသော်လည်း တစ်ချိန်တည်းမှာပင် သူ၏အရှိန်အဝါက လွန်ခဲ့သော တစ်လကထက် ပိုမိုပြင်းထန်လာခဲ့သည်။

သူ၏နတ်ဘုရားအာရုံကို သူ၏ရုပ်ခန္ဓာဖြင့် နေရာပြောင်းလဲခြင်းအတွက် တားမြစ်ထားသောကျင့်စဉ်ကို အသက်သွင်းပြီးသားဖြစ်၏။

အဘိုးအိုလုံလီက မြေပြင်ပေါ်ရှိ ကျောက်တုံးဘေးနားမှာ ဆောင့်ကြောင့်ကလေးထိုင်နေသသည်။ ထိုနားမှာ အက်ကွဲကြောင်း အများကြီးရှိပြီး ပေါက်ကွဲသံများက ထိုနေရာကနေ ထွက်လာတာ ထင်ရှား၏။

ယဲ့ရှန်းထုံက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ သူ့အကြည့်က မြေစွမ်းအားပေါ်မှာ အများဆုံးဖြစ်ပြီး သူ့အတွေးများကို မည်သူမှ မသိနိုင်ပေ။

ထို့နောက် စုမင်နှင့်စွန်းခွန်းရောက်ရှိလာပြီး ယဲ့ရှန်းထုံနှင့်စုမင်၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ယဲ့ရှန်းထုံက သူတို့ကို လျစ်လျူမရှုမီ အေးစက်စက် ရယ်မောလိုက်သည်။ ထျန်းလင်းက စုမင်နှင့်

စွန်းခုန်း ကို ခေါင်းညိတ်ပြသည်။

“ငါထင်ထားတာထက် အများကြီး ပိုကောင်းတယ်..ဒီနေရာက မြေပြင်မှာရှိတဲ့ချိပ်တံဆိပ်ရဲ့ နက်နဲတဲ့ နေရာပဲ..အဲဒါကို တံခါးပေါက်အဖြစ် မှတ်ယူနိုင်တယ်..တာအိုလုံက အခုမှ ချိုးဖျက်ဖို့ ကြိုးစားနေပြီ.. ဒီနေရာက ကျောက်နံရံတွေက ကြွပ်ဆတ်နေပြီး တစ်ချက်ရိုက်ရုံနဲ့ ကွဲသွားပုံရတယ်.ဆိုလိုတာက..ကျုပ်တို့ နေရာမှန်ကို ရောက်နေပြီ..ဒါက ဂြိုဟ်သားမျိုးနွယ်စုဝင်ကို တံဆိပ်ခတ်ထားတဲ့နေရာအစွန်းပဲ..”

“ဥခွံလိုပါပဲ.. အပေါက်ခုနစ်ပေါက်က စိမ့်ထွက်လာတဲ့ မြေစွမ်းအားက နှစ်ပေါင်းများစွာ ချိပ်တံဆိပ်အတွင်းမှာ စုဝေးနေတဲ့ စွမ်းအားတွေပဲ...”

“ကျုပ်တို့ ဒီမှာ ခဏနားလို့ရတယ်..ကျုပ်တို့ရဲ့ကျင့်ကြံဆင့်တွေ အထွတ်ထိပ်ရောက်အောင်လုပ်ပြီး မြေစွမ်းအား လျော့နည်းလာတဲ့အချိန်ကိုစောင့်မယ်..တန်ခိုးကြီးကျင့်ကြံသူရဲ့ချိပ်ပိတ်နယ်မြေထဲကို ရောက်သွားတာနဲ့ အောင်မြင်ဖို့ အခွင့်အလမ်း ပိုရလိမ့်မယ်...”

ထျန်းလင်းက စကားပြောပြီးနောက် တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်လိုက်သည်။

ခါးကုန်းနေသောလုံလီကလည်း ထိုနေရာကို လေ့လာပြီးပုံရသည်။သူက သီးသီးသန့်သန့်နေတတ်သူဖြစ်သောကြောင့် လူအုပ်စုအဝေးမှာ ထိုင်လိုက်သည်။

စွန်းခွန်းက စုမင်ကို ဖော်ရွေစွာ ပြုံးပြသည်။ သူက ထိုနေရာကို လှည့်ပတ်ကြည့်ပြီး တစ်ထောင့်တစ်နေရာ၌ ထိုင်လိုက်၏။ ဤလူသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးတစ်ခုစီ ခြားနေကြသည်။ ချိပ်ပိတ်ထားသည့်နေရာနှင့်နီးကပ်လေလေ၊ တစ်ယောက်နှင့်တစ်ယောက် ပိုပို၍ ကွဲကွာလာလေလေဖြစ်၏။

စုမင်က ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ကျောက်နံရံအနီး ထောင့်တစ်နေရာတွင် ထိုင်ရန်ရွေးချယ်လိုက်သည်။ သူထိုင်ပြီးသည်နှင့် သူ့ အခြေတည်

ဝိညာဥ်ကို အပြင်သို့ လွှတ်လိုက်ပြီး သူ့အတွင်းရှိသိုလှောင်အိတ်နှင့် ပေါင်းစပ်ထားလိုက်သည်။

ထိုအချိန်တွင်… သူ၏သိုလှောင်အိတ်ထဲတွင် ကွဲကြေနေသော ကျောက်စိမ်းသေတ္တာတစ်ခု ရှိနေသည်။ ထိုကျောက်စိမ်းသေတ္တာမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသည်… သို့ပေမဲ့ ကွဲအက်နေသော အပိုင်းအစတစ်ခုပေါ်မှာ ကြက်သွေးရောင်အဆိပ်ရှိ နကျယ်တစ်ကောင် ရှိနေ၏

နကျယ်ကောင်၏ အတောင်များမှာ ပေါ့ပေါ့ပါးပါး ပျံနေ၏။ စုမင်၏အခြေတည်ဝိညာဉ်က ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာချိန်တွင် နကျယ်ကောင်က ခေါင်းကို လျင်မြန်စွာ မော့ကြည့်လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင်၎င်းက စုမင်၏ သိုလှောင်အိတ်ထဲသို့ ပျောက်သွားသည်။

ခဏအကြာတွင် အဆိပ်ရှိသော နကျယ်ကောင်ကြီး ပေါ်လာပြန်သည်။ ၎င်းက ကွဲအက်နေသော အပိုင်းအစပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည်။ စုမင်က သူ့အခြေတည်ဝိညာဉ်ကို ထိုအကောင်နား စေလွှတ်ချိန်တွင် ၎င်းက တဂျီဂျီမြည်သံကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ စုမင်၏အခြေတည်ဝိညာဉ်ကိုလက်ခံသော နူးညံ့သိမ်မွေ့သောအသံ ဖြစ်သည်။

‘နောက်ဆုံးတော့ နိုးထလာပြီပဲ..’’

စုမင်က သူ့နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုတွေကို ဖြေဖျောက်လိုက်သည်။နတ္ထိအနှစ်သာရနယ်မြေကို ရောက်ကတည်းက ဤကဲ့သို့စိတ်ခံစားမှုက သူ့ရင်ထဲမှာ ပေါ်လာခဲ၏။

အဆိပ်ရှိသောနကျယ်ကောင်က နတ်ဘုရားဝတ်ရည်ကို ပိုင်ဆိုင်ထားသည်။

လွန်ခဲ့သော နှစ်များက စုမင်မှာ ယင်ကိုးပါးလောကတွင်ရှိစဉ်က ၎င်းကို ရရှိခဲ့သည်။

အတိတ်က စုမင်မှာ နကျယ်ကောင် သူ့အလိုလိုနိုးထလာမည့်အချိန်ကို သိပ်မစောင့်ချင်ပေ။ နောက်ဆုံးတွင် သူစိတ်ရှည်ရှည်ထားကာ သူ၏ချိပ်တံဆိပ်ကို နကျယ်ကောင်တွင်ထားခဲ့ရန် ရွေးချယ်ခဲ့သည်။ဤသည်မှာ နကျယ်ကောင်ကို အိမ်မွေးသားရဲအဖြစ် ယူဆောင်ရန် နည်းလမ်းဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် နကျယ်ကောင်နိုးလာပြီးသည်နှင့် နတ်ဘုရားဝတ်ရည်ကို ပြီးပြည့်စုံသောပုံစံဖြင့်ရရှိနိုင်မည်ဖြစ်သည်။

နှစ်များစွာကြာပြီးနောက်၊ နောက်ဆုံး ဤနေ့တွင် နိုးထလာသည်။၎င်းကို သူ့အခြေတည်ဝိညာဉ်ဖြင့် ထိလိုက်ချိန်တွင် သူ့နှလုံးသားတွင် စိုးရိမ်စိတ်များ တဖွားဖွားပေါ်လာသည်။ နကျယ်ကောင်က အစွမ်းထက်လွန်းသည်။ နတ်ဘုရားဝတ်ရည်ကို ရရှိနိုင်သောကြောင့် သာမန်သားရဲမဟုတ်ကြောင်း သေချာသည်။

ဤကဲ့သို့သော အဆိပ်ပြင်းနကျယ် ကောင်များက ဤလောကတွင် မျိုးသုဉ်းသွားခဲ့ပြီဖြစ်သောကြောင့် ၎င်း၏မျိုးဆက်များကို မတွေ့နိုင်တော့ပေ။ အကယ်၍ ၎င်းကို ကြက်သွေးရောင်ကျောက်တုံးထဲမှယ ချိပ်မပိတ်ထားခဲ့လျှင် အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

‘ဒီအဆိပ်ပြင်းတဲ့နကျယ်ကောင်နဲ့ ဒီနေရာလေးမှာ ကောင်းချီးရရှိဖို့ ငါ့ရဲ့ အခွင့်အလမ်းက နည်းနည်း တိုးလာလိမ့်မယ်’

စုမင်၏ အမူအရာမှာ မပြောင်းလဲဘဲ ရှိနေဧ။်။ သူ့အခြေတည်ဝိညာဉ်ကို ပြန်ယူလိုက်သောအခါ သူ့မျက်လုံးထဲတွင် စူးရှသောမြင်ကွင်း ရုတ်တရက် ပေါ်လာသည်။ ယဲ့ရှန်းထုံက အနီးကပ်ဆုံး အပေါက်ဆီသို့ ခြေလှမ်းများစွာ လှမ်းနေသည်ကို သူမြင်လိုက်ရသည်။ ထိုနေရာရှိမြေစွမ်းအားက အခြားနေရာအားလုံးနှင့် နှိုင်းယှဉ်ပါက ပိုမိုလျင်မြန်စွာ ရွေ့လျားနေသည်။ ထိုစွမ်းအားက ပေသုံးဆယ်အကွာမှ ယဲ့ရှန်းထုံဧ။်ခန္ဓာကိုယ်ကို ဖြတ်သွားလေသည်။ သူ တင်ပျဉ်ခွေထိုင်လိုက်သည်နှင့် နဖူးပေါ်မှ ချွေးများထွက်နေသည်။ သူက ကျင့်ကြံရာတွင် မြေစွမ်းအားကို ဖိအားအဖြစ် အသုံးပြုနေ၏။

ထျန်းလင်း၏ မျက်လုံးများ တောက်ပလာသည်။

“ကောင်းပြီ.. တာအိုယဲ့ စိတ်ကူးကောင်းလိုက်တာ.. ကျုပ်ရဲ့ ခန္ဓာကိုယ်တွေကို လေ့ကျင့်ဖို့ မြေစွမ်းအားကို ဖိအားအဖြစ် အသုံးပြုမယ်ဆိုရင်.. တံဆိပ်ခတ်ထားတဲ့ ပတ်ဝန်းကျင်နဲ့ ပိုပြီး မြန်မြန်ဆန်ဆန် လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မှာပဲ..”

All Chapters