အသားမျှင်တွေ....
Vol. 55 Ch. 766
“လက်ရှိမှာ ကျုပ်ရဲ့နတ်ဘုရားအာရုံကို ခန္ဓာကိုယ်ပုံစံမျိုး နေရာပြောင်းထားတယ်..ဒါ့ကြောင့် တံဆိပ်ခတ်ထားတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် မြေစွမ်းအားနဲ့ကျင့်ကြံဖို့ မလိုအပ်ဘူး..ဒါပေမဲ့ ခင်ဗျားတို့ စိတ်ဝင်စားရင် စမ်းကြည့်လေ...”
ထျန်းလင်းက လုံလီ၊ စွန်းခွန်း၊ စုမင်တို့နှင့်
စကားပြောနေစဉ် ယဲ့ရှန်းထုံ၏ကျင့်စဉ်ကို
ကြည့်လိုက်သည်။
“ကောင်းပါတယ်..ကျုပ်ခန္ဓာကိုယ်သေးသေးလေးက မြေစွမ်းအားရဲ့ဒါဏ်ကို မခံနိုင်ဘူး..ကျုပ်တော့ ဒီအခွင့်အရေးကို လက်လွှတ်ခံလိုက်ပြီ...”
စွန်းခွန်းက ဟက်ဟက်ပက်ပက် ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။
ထိုအချိန်တွင် ခါးကုန်းနေသောလုံလီက မတ်တပ်ထရပ်ကာ စကားတစ်ခွန်းမှ မပြောဘဲ မြေစွမ်းအားထွက်နေသည့် အခြားနေရာဆီသို့ လျှောက်သွားသည်။ သူက အပေါက်နှင့် ပေငါးဆယ်အကွာသို့
ရောက်သော် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ ရှေ့ဆက်တိုးမနေတော့ဘဲ ငြိမ်သက်စွာ ထိုင်လိုက်သည်။
စုမင်က ယဲ့ရှန်းထုံနှင့် လုံလီကို မကြည့်မီ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။ ဤကမ်းလှမ်းချက်ကြောင့် သူ ကျော်မတက်ဘဲ သူ့မူလနေရာ၌ ထိုင်နေခဲ့သည်။
အချိန်များကုန်ဆုံးပြီး မျက်စိတစ်မှိတ်အတွင်းမှာ လတစ်ဝက်ကြာသွားလေသည်။ ထိုအချိန်တွင် ထို
နေရာရှိ လူအများစုမှာ မြေစွမ်းအားလျော့နည်းလာမည့်အချိန်ကို စောင့်ရင်း တရားထိုင်နေကြဆဲဖြစ်သည်။ လွန်ခဲ့သည့်ငါးရက်က နေရာခုနှစ်ခုမှ ပျံ့နှံ့ထွက်လာသော မြေစွမ်းအားအရှိန်အဝါက လွန်ခဲ့သော တစ်လခွဲခန့်ကကဲ့သို့ ပြင်းထန်ခြင်းမရှိတော့ပေ။ ယနေ့တွင် မြေစွမ်းအားအတွင်းရှိ တည်ငြိမ်မှုကို ရှင်းရှင်းလင်းလင်း ခံစားနိုင်မည်ဖြစ်သည်။
တကယ်တော့ ယဲ့ရှန်းထုံမှာ မြေစွမ်းအားထွက်လာသောအပေါက်ငယ်လေးနှင့်ဆယ်ပေအောက်သာ ကွာဝေးတော့သည်။ လုံလီက ပေခုနစ်ဆယ်မှ ရှစ်ဆယ်အကွာတွင် နေရန် ရွေးချယ်ခဲ့သည်။
တွင်းများမှထွက်သော မြေစွမ်းအားအရှိန်အဝါက အားနည်းသွားသည်ကို
ထျန်းလင်း မြင်သောအခါ သူ့မျက်လုံးများက တောက်ပလာခဲ့သည်။ စွန်းခွန်း၏ အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။ အားလုံးက မြေစွမ်းအားအရှိန်အဝါ မထွက်တော့မည့်အချိန်ကို
စောင့်ဆိုင်းနေကြသည်။ အချိန်တန်ပြီးဖြစ်သောကြောင့် သူတို့က ချိပ်တံဆိပ်၏အပြင်ဘက်ကို ချိုးဖောက်ပြီး အတွင်းသို့ ဝင်ရောက်ကြမည်ဖြစ်၏။
အဘိုးအိုလုံလီက ချိပ်တံဆိပ်အတွင်းရှိဆုလာဒ်များကို တွေးတောရင်း သူ့မျက်လုံးက အရောင်တလက်လက်ဖြစ်လာသည်။
ဘေးနားရှိ စုမင်က အသက်ပြင်းပြင်းရှူကာ တွင်းခုနစ်တွင်းကို အာရုံစူးစိုက်စွာ ကြည့်လိုက်သည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ ခြောက်နာရီကြာပြီးနောက် တွင်းခုနစ်တွင်းမှ မြေစွမ်းအားအရှိန်အဝါများ ထွက်ပေါ်လာသည်ကို မတွေ့ရတော့ပေ။ ယဲ့ရှန်းထုံက မျက်လုံးဖွင့်လိုက်သည်။ သူက တစ်ခုခုပြောတော့မည့်ဟန်ဖြင့် ပါးစပ်ဟလိုက်ပြီး သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ထိုစဉ် လုံလီက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ ထျန်းလင်းလည်း ချက်ချင်း ထရပ်လိုက်သည်။ ထို နေရာခုနှစ်ခုမှ မြေစွမ်းအားအရှ်ိန်အဝါများ ပျောက်ကွယ်သွားပြီး အနီရောင်အမျှင်
ကြီးခုနှစ်ခု တိုးထွက်လာသည်။ ထိုအမျှင်များက လူတစ်ယောက်၏လက်မောင်းနီးနီးရှိပြီး အနီးကပ်ဆုံးဖြစ်သော ယဲ့ရှန်းထုံ၏ညာလက်မောင်းကို ချက်ချင်း ချည်နှောင်လိုက်သည်။ သူ့လက်မောင်းကို ချည်နှောင်ခံရသည့်နေရာတွင် အသားကိုလှိုက်စားသော လက္ခဏာများ ချက်ချင်းပေါ်လာသည် ။
လုံလီမှာ ဒုတိယ အနီးဆုံးလူဖြစ်၏။ သူ့မျက်ခုံးအလယ်ကို အရှိန်ပြင်းပြင်းဖြင့် ရိုက်ခတ်ရန်လာ အနီရောင်အမျှင်ကို တွေ့လိုက်ရသည်။ ထိုစဉ် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အသံက လေထုထဲသို့ လှိုင်းအလွှာတစ်ခုအဖြစ် ပျံ့လွင့်သွားသည်။သူလည်း လျင်မြန်စွာ နောက်ပြန်ဆုတ်သွား၏။ ထိုနောက် ထိုအမျှင်များက သူ့အပေါ်သို့ လျင်မြန်စွာ တိုးဝင်လာကာ အသံလှိုင်းလွှာများကို ရိုက်ခတ်သွားလေသည်။
“ဒါကဘာကြီးလဲ...”
ထျန်းလင်းက သူ့နတ်ဘုရားအာရုံကို နေရာပြောင်းလဲလိုက်ပြီးနောက် အဖွဲ့ထဲတွင် အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သူ့၏နတ်ဘုရားအာရုံဖြန့်ကျက်မှုက အကြီးမားဆုံးဖြစ်၏။ သို့သော် ယခင်က သူ့နတ်ဘုရားအာရုံတွင် ဤအနီရောင်အမျှင်များကို မတွေ့ခဲ့ပေ။
လောကမှော်ယာဉ်ပျံအရှင်သခင်နယ်ပယ်ထက် အားမနည်းသောတည်ရှိမှုက ထိုအမျှင်များမှ ထွက်ပေါ်လာ၏။ လူအုပ်စုမှာ စတင်လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ နောက်ထပ်အမျှင်နှစ်ခုက ၎င်းတို့၏ပစ်မှတ်များကို တွေ့ရှိသည်။ တစ်ခုက ထျန်းလင်းဆီ ဦးတည်သွားပြီး နောက်တစ်ခုက လုံလီကို ချည်နှောင်လိုက်သည်။
ရှင်းနေသည်မှာ ၎င်းတို့၏အာရုံထဲတွင်ထျန်းလင်းနှင့် အဘိုးအိုလုံလီက လူအုပ်စုတွင် အခြိမ်းခြောက်နိုင်ဆုံးစွမ်းအားရှိသူများဖြစ်သည်။
ယဲ့ရှန်းထုံကို ချည်နှောင်ထားသောကြိုးမျှင်အပြင် အခြားကြိုးမျှင်နှစ်ခုက စွန်းခွန်းနှင့် စုမင်ဆီသို့ ဦးတည်သွားလေသည်။
လူလေးယောက်က ချက်ချင်းပင် လူစုကွဲသွားကာ ကြိုးမျှင်များကို ရှောင်ကာ ထွက်ပြေးရန်ကြိုးစားနေလေ၏။
ထိပ်ပြောင်ကြိုးကြာငှက်က ဘေးဘက်သို့ လဲကျသွားပြီး မြေကြီးပေါ်တွင် မလှုပ်မယှက် ဖြစ်နေသည့် ကျောက်တုံးကြီးအဖြစ် ပြောင်းသွား၏။
စုမင်က ချက်ချင်းပြန်ဆုတ်သွားပြီး အဝေးသို့ လျင်မြန်စွာထွက်ခွာသွားသောအလင်းတန်းရှည်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် သူ့နောက်ကွယ်ရှိအနီရောင်ကြိုးမျှင်က သူ့ပင်မနေရာနှင့်ဆက်နွယ်လျှက်ရှိရင်း စုမင်နောက်သို့ လိုက်လာခဲ့၏။ ၎င်းက
မယုံနိုင်လောက်အောင် မြန်ဆန်လွန်းပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စုမင်နှင့်ပေသုံးဆယ်အောက်သာကွာဝေး တော့သည်။ အမျှင်များက ဆက်လက် လိုက်နေသဖြင့်သူတို့လူအုပ်စုကွဲသွားလေသည်။ အများစုမှာ အခြားသူများကို ကြည့်ရန် အချိန်မရဘဲ သူတို့ဘာသာ ရုန်းကန်းနေရသသည်။
အနီရောင်အမျှင်ကြီးက စုမင်နှင့် နီးကပ်လာ၏။ သို့သော် စုမင်၏နတ်ဘုရားအာရုံက ထိုအမျှင်ကို အာရုံမခံနိုင်သေးပေ။ ထိုအချိန်တွင် အနီရောင်အမျှင်က လေထဲသို့ အရှိန်အဟုန်ဖြင့် ဖြတ်သွားသဖြင့် စူးရှသော ဝီစီသံက သူ့နားထဲသို့ တိုးဝင်လာသည်။
ထိုအချိန်တွင် စုမင်က လျင်မြန်စွာ လှည့်ကြည့်ကာ သူ့ညာလက်ကို မြှောက်လိုက်သည်။ထိုစဥ် ပါးလွှားလေထုထဲရှိလူသတ်ဓားက သူ့လက်ထဲတွင် ပေါ်လာသည်။သူက ဝင်လာသောကြိုးမျှင်ကို ဓါးဖြင့်ပိုင်းဖြတ်လိုက်သည်။ သူက ပို၍သတိကြီးကြီးထားကာ နောက်တစ်ကြိမ် နောက်ဆုတ်သွားခဲ့သည်။
နှစ်ပိုင်းပြတ်သွားသောအမျှင်က စုမင်ကို လိုက်ဖမ်းနေသည့်လွတ်လပ်သောအမျှင်နှစ်ခုအဖြစ် ကွဲထွက်သွား၏။
အမျှင်များ နီးကပ်လာသည်ကို မြင်သောအခါ စုမင်၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာ၏။ သူ့ကိုတိုက်ခိုက်နေသည့်အခြားအရာများလည်း ရှိသည်။ သို့သော် သူ့စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာပြီး သူ့သိုလှောင်အိတ်ကို ညာလက်ဖြင့် ခပ်မြန်မြန် ပွတ်သပ်လိုက်သည်။ထိုနေရာမှ အနီရောင် အလင်းတန်းတစ်ခု ချက်ချင်းထွက်လာသည်။
အနီရောင်အလင်းတန်း၏အရှိန်မှာ မယုံနိုင်လောက်အောင်ထိတ်လန့်ဖွယ်ရာပင်ဖြစ်၏။ ၎င်းက ပျံထွက်သွားသောခဏမှာ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် အမျှင်တစ်ချောင်း၏ဘေးနားတွင် ရှိနေလေပြီ။ အနီရောင်အလင်းတန်းက နိုးထလာသော အဆိပ်ရှိသော နကျယ်ကောင်ဖြစ်၏။ ၎င်းက အပ်နှင့်တူသော အဆိပ်ဆူးကို အသုံးပြုခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင်အမျှင်က လျှင်မြန်စွာ ညိုနွမ်းပြီး ပြာအဖြစ် ပြောင်းသွားခဲ့သည်။
ထို့နောက် နကျယ်ကောင်က စုမင်ဘေးနားရှိ ဒုတိယကြိုးမျှင်နားတွင် ပေါ်လာသည်။ ဒုတိယ အနီရောင်ကြိုးမျှင်က နကျယ်ကောင်၏ ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်းတောင် မမြင်လိုက်ရပေ။၎င်းက အနီရောင်အလင်းတန်းဖျော့ဖျော့လေးသာမြင်ရပြီး အဆိပ်သင့်သွားသည် ။
အရာအားလုံးသည် တခဏအတွင်း ပြီးဆုံးသွားသည်ဟု ဆိုနိုင်သည်။ ထို့နောက် အဆိပ်ရှိသော နကျယ်ကောင်သည် စုမင်၏ပခုံးဆီသို့ ရွေ့သွားသည်။ သူက နကျယ်ကောင်ကို တစ်ချက်ကြည့်ရန် ခေါင်းကိုလှည့်ကြည့်သော် ထိတ်လန့်တုန်လှုပ်သွားလေ၏။ သူက အသက်ပြင်းပြင်းရှူပြီး ညာလက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ထိုနကျယ် ကောင်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။၎င်းက ချက်ချင်းခေါင်းကိုမော့ပြီး စုမင်၏အင်ကျီလက်ထဲသို့ မဝင်ခင် နူးညံ့သောအသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
၎င်းက စုမင်၏လက်မောင်းများကို သဘောကျပုံရပြီး အထဲပြန်ဝင်ရန် ငြင်းဆန်နေပုံရသည်။
စုမင်၏ မျက်လုံးများ တောက်ပလာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယခုပင် လူစုကွဲသွားသည့် နေရာဆီသို့ လျှောက်သွားသည်။ ခဏအကြာတွင် ထိုနေရာသို့ ပြန်ရောက်သောအခါ ထျန်းလင်း၏ခန္ဓာကိုယ်က အနီရောင်အလင်းတန်းဖြင့် ဖုံးလွှမ်းထားသည် သူမြင်လိုက်ရသည်။ ပုံရိပ်ယောင်သစ်ပင်ကြီးတစ်ပင်က ထျန်းလင်းရှေ့တွင် ထွက်ပေါ်လာသည်။ အကိုင်းအခက်များက နေရာအနှံ့ ပြန့်ကားသွား၏။ ယခုအခါ အနီရောင်အမျှင်က တစ်ဒါဇင်လောက်ရှိလာပြီး ၎င်းတို့၏အရောင်က ပို၍ မှိုင်းပျလာသည်။
မနီးမဝေးတွင်ရှိသော လုံလီ၏မျက်ခုံးနှစ်ခုတွင် စိန်ပုံသဏ္ဍာန်ရှိ ကြေးခွံသုံးခုပေါ်လာသည်။ သူ့ညာလက်တွင် ဘူးသီးပုံစံ အလုံးတစ်လုံးရှိပြီး သူ့ရှေ့ရှိ ပုံရိပ်ယောင်နှစ်ခုက အနီရောင်အမျှင်များကို ဆန့်ကျင်တိုက်ခိုက်နေလေ၏။
ယဲ့ရှန်းထုံ၏ဒေါသတကြီး ဟောက်သံများသည် လေထဲတွင် တဟုန်ထိုး မြည်ဟီးသွားသည် ။ သူ၏ညာလက်မောင်းက မည်းသွားသည့်အထိ ပျက်စီးသွားခဲ့သည်။ အနီရောင်အမျှင်အများစုက ကျိုးနေသောလက်မောင်းအတွင်းသို့ တွားသွားဝင်ရောက်ခဲ့သည်။ ယဲ့ရှန်းထုံ၏ကိုယ်ပေါ်တွင် ရှည်လျားသောအမျှင်တစ်ခု ထွက်ပေါ်လာပြီး ထူးထူးဆန်းဆန်းပုံစံဖြင့် တွန့်လိမ်နေသည်။
စုမင် ပြန်ရောက်လာချိန်တွင် ထျန်းလင်း၏နောက်ရှိ ပုံရိပ်ယောင်သစ်ပင်ကြီးပေါ်တွင် ရှေးမျက်နှာတစ်ခု ပေါ်လာသည်။ ထိုမျက်နှာက ပါးစပ်ကိုဖွင့်ကာ အသံတိတ် ဟိန်းဟောက်ဟန်ပြုလိုက်သည်။ တစ်ဒါဇင်လောက်ရှ်ိသောအမျှင်များက တုန်လှုပ်ခြောက်ခြားကာ လေထဲ၌ အေးခဲရပ်တန့်သွားသည်။ ထိုအချိန်တွင် ထျန်းလင်းက ရှေ့သို့ ရွေ့သွားပြီး အမျှင်များအားလုံးကို သူ့နတ်ဘုရားအာရုံဖြင့် ဖုံးလွှမ်းလိုက်သည်။ ထို့နောက် ၎င်းတို့က မှုန်မှိုင်းသွားပြီး မြေပြင်ပေါ်သို့ တုံးခနဲ လဲကျသွားသည်။
ထျန်းလင်း၏မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်။သူက သူတို့ဆီသို့ လျှောက်လာနေသော စုမင်ကို ကြည့်ရင်း အံဩမင်သက်နေသောအရိပ်အယောင်ပေါ်လာသည်။ ထို့နောက် သူက လေးနက်သောပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
အဘိုးအိုလုံလီ၏စိန်ပုံသဏ္ဍာန် ကြေးခွံသုံးခုက လျင်မြန်စွာ လည်ပတ်နေပြဦး သူ့လက်ထဲမှာ ဘူးသီးကို ကိုင်ထားလေသ ည်။ သူ့ကိုယ်မှ နောက်ထပ်အနက်ရောင်ပုံရိပ်နှစ်ခုက အမျှင်နှစ်ခုကို ထိုးဖောက်ရန် ပြေးထွက်လာ၏။ လေထဲတွင် ပေါက်ကွဲသံများ တဟုန်ထိုး မြည်လာကာ
အမျှင်နှစ်ခုက ချက်ချင်း ပျောက်ကွယ်သွားလေသည်။ အနက်ရောင်ပုံရိပ်လေးခုက နောက်ပြန်ဆုတ်သွားပြီး ဘူးသီးပုံစံဗူးဆီကို ပြန်လာခဲ့သည်။ လုံလီ၏မျက်နှာက သုန်မှုန်နေသော်လည်း စုမင်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
စုမင်၏နောက်ကို လိုက်နေသောအနီရောင်အမျှင်ကို သူ တွေ့ခဲ့ရသော်လည်း စုမင်က ခြစ်ရာတစ်ခုမှ မရှိဘဲ ပြန်လာခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် စုမင်က သူ့မျက်လုံးထဲမှာ တန်ဖိုးမြှင့်တက်လာပြီး စုမင်ကို ချစ်ခင်ရင်းနှီးစွာ ပြုံးပြလိုက်သည်။ ထိုအရာက အသိအမှတ်ပြုမှုပုံစံတစ်ခုဖြစ်ပြီး စုမင်က သူတို့နှင့် တန်းတူညီတူအဆင့်ရှိကြောင်း အသိမှတ်ပြုခဲ့သည်။
ထျန်းလင်းက ယဲ့ရှန်းထုံ၏မျက်နှာတွင် သွေးကြောများထောင်းထလာသည်ကို မမြင်သော် ကူညီပေးမည့်ဟန်ပြင်လိုက်သည်။
“ရောင်းရင်းတို့..တာအိုယဲ့ကို ကူညီကြပါစို့”
“မလိုဘူး..ကျုပ်ဘာသာလုပ်နိုင်တယ်”
ယဲ့ရှန်းထုံက ကျယ်လောင်စွာအော်လိုက်သည်။ လူတိုင်းက မိမိတို့၏ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ကြသည်။ ယခင်က သူ နှိမ်ခဲ့ဖူးသော စုမင်၏မျက်နှာက တည်တည်မြဲတည်ငြိမ်နေပြီး ရင်ထဲတွင် အေးစက်သော တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် သူ့ ဘယ်ဘက်လက်ကို မြှောက်ပြီး သူ့ရင်ဘတ်ကို ထုရိုက်လိုက်သည်။
အဝါရောင်အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ချက်ချင်းဖုံးလွှမ်းသွားသည်။ သူ့ပတ်ဝန်းကျင်မှာ တစ်ပေလောက်ထူသော ဖုန်မှုန်ပုံကြီး ဖြစ်ပေါ်လာသည်။ အလင်းတန်းများ လင်းလက်လာသည်နှင့်အမျှ ဖုန်အလွှာများ တစ်ခုနှင့်တစ်ခု ထပ်ထပ်ကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာမြင့်သောလူပုံရိပ်ကြီးနှင့် ကျောက်တုံးကြီးများအဖြစ် ပေါ်လာသည်။
ထိုပုံရိပ်က ဘယ်လက်ကို မြှောက်ကာ ရင်ဘတ်ကို ခုနစ်ကြိမ်ဆက်တိုက် ရိုက်သည်။၎င်းက သူ့ကိုယ်သူ ရိုက်လိုက်တိုင်း အက်ကွဲကြောင်းများပေါ်လာပြီး ခဏအကြာတွင် ယဲ့ရှန်းထုံဧ။်လူပုံရိပ်နှင့်ကျောက်တုံးများ ပေါက်ကွဲသံနှင့်အတူ ပြိုကျသွားသည်။ ထိုစဉ် အနီရောင်အမျှင်များက ဖုန့်မှုန်ပုံရိပ်ကြီးအတွင်း၌ ပိတ်မိနေလေသည်။
ပိတ်မိနေသော အနီရောင်အမျှင်ကို စိုက်ကြည့်ရင်း ယဲ့ရှန်းထုံ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားကာ အေးစက်သော အသံကို ထုတ်လွှတ်လိုက်သည်။
“အဲ့ထဲက တစ်မျှင်ကို အရှင်လတ်လတ်လိုချင်လို့... မဟုတ်ရင် ကျုပ် ဖျက်ဆီးလိုက်တာ ကြာပြီ”
သူပြောပြီးသည်နှင့် တပြိုင်နက် နီရဲနေသောအမျှင်က တုန်လှုပ်သွားပြီး ဘေးဘက်သို့လဲကျသွားကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းက ယဲ့ရှန်းထုံ၏အမူအရာသည် မိုးကြိုးများကဲ့သို့ ချက်ချင်းမှောင်မိုက်သွားစေသည်။
ထိုအချိန်တွင် အဝေးမှ လေချွန်သံ ထွက်ပေါ်လာသည်။ လူတိုင်း၏မျက်စိရှေ့တွင်စွန်းခွန်းက အနည်းငယ်ဖျော့ တော့သောမျက်နှာဖြင့် ခေါင်းငုံ့ထားသည်။ သူ့လက်ထဲမှာ ပွင့်လင်းမြင်သာသော ပုလင်းတစ်လုံးကို ကိုင်ထားပြီး အထဲမှာ အနီရောင် အမျှင်တစ်ခုပါလေသည်။ ၎င်း၏အရောင်မှာ တောက်ပနေပြီး အလျင်စလို ရုန်းထွက်လိုသောကြောင့် ပုလင်းနံရံများဆီသို့ တိုးဝင်နေသည်။
“နောက်ဆုံးတော့ အရှင်လတ်လတ် ဖမ်းမမိသေးခင်မှာ ကျုပ် အများကြီး ကြိုးစားခဲ့ရတယ်.. အားလုံးပဲ စောင့်ခဲ့ရတာ တောင်းပန်ပါတယ်”
ထျန်းလင်းက ပုလင်းထဲရှိအနီရောင်အမျှင်ကို ကြည့်လိုက်ရင်း မေးလိုက်သည်။
“ဒါက ဘာတွေလဲ”
“အသားမျှင်တွေ...”
ထျန်းလင်းဧ။်မေးခွန်းကို ဖြေကြားပေးသူမှာ စွန်းခုန်းဖြစ်သည်။
“ဒါက အသက်စွမ်းအားပါရှိတဲ့ အသားမျှင်တွေပဲ..ဂြိုလ်သားမျိုးနွယ်ရဲ့ တန်ခိုးကြီးကျင့်ကြံသူက နှစ်ပေါင်းများစွာ တံဆိပ်ခတ်ခံရတယ်..ပြီးတော့ အပြင်ကိုဖြန့်ကျက်ထားတဲ့ သူ့ရဲ့နတ်ဘုရားအာရုံကို ဒီအသားမျှင်တွေက စုပ်ယူပစ်ခဲ့တယ်... ဒီအသားတွေက တော်တော် အရသာရှိမှာပဲ...”
စွန်းခုန်းက ပြုံးပြီး ပုလင်းကို သိမ်းလိုက်သည်။