← Chapters

အခန်း (၁၁၇၇)

Vol. 80 Ch. 1177

အခန်း (၁၁၇၇)

Vol. 80 Ch. 1177

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆိုသည်မှာ အထက်နယ်မြေက ဖန်တီးထားခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများသည် လည်း အထက်နယ်မြေမှ ချမှတ်ထားခဲ့ခြင်းပင်ဖြစ်သည်။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး ဤနေရာတွင် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ၎င်းတို့အားလုံးသည် ချီးကျူးခံရမည့် အသုံးဝင်သော အရုပ်လေးများထက် မပိုလှချေ။

မည်သူမှသည် ထိုအချင်းအရာနှင့်ပတ်သက်၍ စောဒက မတတ်ရဲကြချေ။ ဤနေရာတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် မပျော်မရွှင်နှင့် သဘောမတွေ့ကြသည်ဆိုလျှင်တောင်မှ ကြိတ်ကာ ခံရမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အထက်နယ်မြေဆိုသည်မှာ ၎င်းတို့အတွက် ကောင်းကင်ဘုံပင် ဖြစ်တော့၏။

အထက်နယ်မြေကို ငြင်းဆန် ပုန်ကန်ခြင်းဆိုသည်မှာ ကောင်းကင်ကို ငြင်းဆန်ပုန်ကန်ခြင်းနှင့်ပင် ဆင်တူသည်။ ကောင်းကင်ဘုံကို ဆန့်ကျင်ချင်သည် ဆိုလျှင်တောင်မှ နှိပ်စက်ရိုက်နှက်သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ရမှာဖြစ်သည်။ ထို့ကြောင့် မည်သူမှသည် အားအင်ကုန်ခမ်းမှုကို အကျိုးမဲ့ ဖန်တီး ကာဖြင့် ကောင်းကင်ကြီးကို ငြင်းဆန်ရန် စိတ်ကူးမရှိကြချေ။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ချပ်ဝတ်ကြီးကို ဝတ်ဆင်ကာ လှံတစ်စင်းကို ကိုင်ဆောင်၍ အလွန်တရာမောက်မာလှသည့် ဟန်ပင်ဖြင့် အထက်နယ်မြေကို စိန်ခေါ်လျက် ရှိနေသည်။

ဤအချင်းအရာ သည် ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများကို ကြီးမားစွာ ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ထို့အပြင် အလွန် အားကောင်းလှသည့် ချီးကျူးမှုများလည်း ၎င်းတို့၏ ရင်ထဲတွင် ဖြစ်တည်လာခဲ့၏။

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေကို ငြင်းဆန်ပုန်ကန်နေသည်သာမက ကောင်းကင်ကိုပင် ပုန်ကန်ရန် အဆင့်သင့် ဖြစ်နေတော့သည်။ ဂြိုဟ်တိုက်ပွဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် အဘယ်မျှ မချီးကျူးဘဲ နေနိုင်ရဲမည်နည်း။

“ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားက ကျုပ်တို့ မလုပ်ရဲတဲ့ အရာတွေ အားလုံးကို ပြုလုပ်ခဲ့တဲ့လူပဲ။ တကယ့်ကို ယောက်ျား စစ်စစ် တစ်ယောက်ပဲ။ ကျုပ်တို့ ခင်ဗျားကို ချီးကျူးနေမယ်။ အားပေးနေမယ်”

“အပြစ် မဟုတ်ဘူး ဟုတ်လား”

အထက်နယ်မြေမှ အသံတစ်ခုက ထွက်ပေါ်လာခဲ့တော့သည်။ “အခုအချိန်ထိ မင်းက အပြစ်ဆိုတာကို နားမလည်သေးတဲ့ပုံပဲ”

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကိုရှုံ့ကာဖြင့် ပြောလိုက်၏။ “အထက်နယ်မြေက ဒီနေရာမှာ ကစားဖို့အတွက် ကစားကွင်းတစ်ခုကို ဖန်တီးပေးထားခဲ့တယ်လေ။ ခင်ဗျားတို့က ကိုယ့်ရဲ့ စိတ်ပျော်ပါးမှုအတွက် သေမျိုးတွေ အကုန်လုံးကို တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်စေချင်တာပဲ မဟုတ်လား။ ကျုပ်က ဒီကို ရောက်လာပြီးတော့ ခင်ဗျားတို့ ဖြစ်စေချင်တဲ့အတိုင်း ပြုလုပ်ခဲ့ပြီလေ။ ဒါကို အပြစ်တစ်ခုလို ထင်မှတ်နေကြသေးတာလား”

“ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာတာက ပြစ်မှုတွေထဲက တစ်ခုပဲလေ။ ပြီးတော့ သတ်ဖြတ်ခြင်းကုန်းမြေထဲမှာ သေချင်ယောင်ဆောင်တာကလည်း ဒုတိယအကြိမ်မြောက် ပြစ်မှုပဲ၊ ကျယ်ပြောကုန်းမြေတိုက်ကြီးရဲ့ ခံတပ်ကို ဖျက်ဆီးပစ်တာလဲ တတိယအပြစ်ပဲ”

ပြစ်မှု၏ စာရင်းများကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သဘောမတူညီစွာဖြင့် ပြောလိုက်၏။ “စည်းမျဉ်းတွေကို ချမှတ်ခဲ့တာ ခင်ဗျားတို့ အထက်နယ်မြေကလေ။ ပြီးတော့မှ အခြေအမြစ်မရှိတဲ့ ပြစ်မှုစာရင်းတွေ လျှောက်ပြောပြီးတော့ လွယ်လွယ်ကူကူနဲ့ ခေါင်းစဉ်တပ်လို့ရမယ် ထင်နေတာလား”

“ခေါင်းမာလိုက်တာ”

အထက်နယ်မြေ၏ လေသံသည် အနည်းငယ် ဒေါသထွက်၍ လာခဲ့တော့၏။ သေမျိုး လောက၏ ပုရွက်ဆိတ်လေးတစ်ကောင်သည် အလွန်တရာမောက်မာ၍ ပုန်ကန်တတ်သည့်စိတ်များနှင့် ပြည့်နှက်လျက်ရှိနေတော့သည်။

“လိုရင်းကိုပြောမယ်”

ကျွင်းချောင်ရှောင်းသည် လှံကြီးကို အသာမြှောက်ကာဖြင့် တလိပ်လိပ်ဖြစ်တည်လျက် ရှိနေသော အမဲရောင်တိမ်ကြီးဆီသို့ညွှန်ကာ မောက်မာစွာဖြင့် ပြောလိုက်တော့သည်။ “ခင်ဗျား အပြစ်ပေးချင်တယ် ဆိုရင်လည်း လုပ်လိုက်လေ”

ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကိုလည်း ပိတ်ဆို့ထားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိဘူးဆိုမှတော့ သူ့အနေနှင့် သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်နှင့်အညီ အကြောက်အလန့်ကင်းကင်းနှင့် တိုက်ခိုက်ရပေလိမ့်မည်။

“ယောက်ျား”

နှင်းဆီဧကရီသည် အသံပို့လွှတ်လိုက်တော့၏။ “ကျွန်မ ရှင့်ကို ကူညီမယ်”

ကျွင်းချောင်ရှောင်းသည် သူမကို ဂရုမပြုချေ။ အေးစက်စက်ဖြင့် ၎င်း၏ ခေါင်းကို မော့ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို အပြစ်ပေးလို့ရတယ်။ အပြစ်ပေးချင်ရင် ကျုပ် ကျွင်းချောင်ရှောင်းကိုပဲ ပေးတော့။ အပြစ်ကင်းတဲ့ လူတွေကို ပါဝင်ပတ်သက်ဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူးမို့လား”

“အထက်နယ်မြေက ဆုလာဘ်နဲ့ အပြစ်ပေးမှုကို မျှမျှတတနဲ့ ပြုလုပ်တယ်”

အသံရှင်က ထပ်၍ ပြောလိုက်တော့ သည်။ “ဒီကိစ္စမှာ မဆိုင်တဲ့လူတွေအကုန်လုံးက ဒီနေရာကနေ ချက်ချင်း ထွက်ခွာသွားတော့”

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို လှည့်ကြည့်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ဒီမှာ မနေနဲ့တော့။ သွားတော့”

အတိတ်တုန်းကသာဆိုလျှင် စနစ်သည် သူ့အား ကျိန်းသေပေါက် ဆူဆဲနေပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ စနစ်သည် လက်ခံသူ၏ သဘောထားနှင့်ပတ်သက်၍ သဘောတူညီလျက် ရှိနေ၏။ ဤမိန်းကလေးသည် ဤနေရာတွင် ရှိနေသည်ဆိုပါက ကျိန်းသေပေါက် အန္တရာယ် များပေလိမ့်မည်။

“ကျွန်မ မထွက်သွားဘူး”

နှင်းဆီဧကရီ၏ မျက်လုံးသည် တည်ကြည်ခိုင်မာလျက် ရှိနေတော့၏။ “ကျွန်မ ဒီမှာနေပြီး တော့ ရှင့်ကို ကူညီမယ်”

တည်နေရာအနှံ့ဆီသို့ လှည့်လည်ကာ တိုက်ခိုက်ခဲ့သည် အမျိုးသမီးသည် အဘယ်ကြောင့် အန္တရာယ်ရှိသည်ကို မသိရှိဘဲ နေမည်နည်း။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေ ဖြစ်လာပြီဆိုမှတော့ သူမသည် နေကိုနေထိုင်ရမည် ဖြစ်တော့၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် သူမ၏ ယောက်ျားဖြစ်ပြီး သူမသည် ကျွင်းချောင်ရှောင်း၏ မိန်းမ ဖြစ်သောကြောင့်ပင်။

“တော်စမ်း။ သွားတော့”

“မသွားဘူး။ ယောက်ျားနဲ့ မိန်းမဆိုတာက တစ်ကိုင်းတည်းနားတဲ့ ငှက်တွေလိုပဲ။ သစ်ကိုင်းကျိုးကျပြီးဆိုမှတော့ နှစ်ယောက်စလုံးက ခံရမှာပဲ”

နှင်းဆီဧကရီသည် အရှေ့ဆီသို့ ခြေတစ်လှမ်းတိုးပြီးသည့်နောက် ကျွင်းချောင်ရှောင်း ကို လှမ်း၍ ဖက်လိုက်သည်။ ပြီးနောက် သူ၏နားသို့ ကပ်ကာဖြင့် တီးတိုးပြောလိုက်တော့သည်။ “အတူတူ သေကြရအောင်”

ဆွစ် ….

“.........”

ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ သိုင်းကျင့်ကြံသူများ အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင် သွားခဲ့တော့၏။ ဤကဲ့သို့ လေးနက်ပြီး အန္တရာယ်များလှသည့်အချိန်တွင် ဤလင်မယားသည် ၎င်းတို့၏ ချစ်ခြင်း မေတ္တာကို အကြီးအကျယ် ထုတ်ဖော်ပြသလျက်ရှိနေတော့၏။ ဤနေရာတွင် တခြားမည်သူမှ မရှိတော့ သကဲ့သို့ပင်။

ထိုအချိန်မှာတော့ အားလုံး၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့ကြတော့၏။ ကျွင်းချောင်ရှောင်း၏ အနောက်တွင် ရှိနေသော နှင်းဆီဧကရီသည် တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး ကြည်လင်သွားပြီးသည့်နောက်မှာတော့ အစိမ်းရောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့တော့၏။

သူမသည် သူနှင့်အတူပေါင်းစပ်တော့မည်ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်းက ကောင်းကောင်းသိ၏။ ထို့ကြောင့် သူ၏စိတ်ကို ထိန်းချုပ်ပြီးသည့်နောက်မှာတော့ ခုခံတားဆီးထားရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူမလုပ်နိုင်ခဲ့ချေ။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသော အားအင်များသည် ပိုမို၍ တိုးပွားလာသလို ခံစားလိုက်ရ၏။ ပြီးသည့်နောက်မှာတော့ သူသည် အစိမ်းရောင်လူကြီးအဖြစ် ပြောင်းလဲ သွား၏။ ကျွင်းချောင်ရှောင်းသည် ထပ်မံကာ လူစိမ်းကြီး ဖြစ်သွားပြန်တော့၏။ သို့ပေမဲ့ ဆံပင်များသည်တော့ အစိမ်းရောင် မဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဆံပင်မရှိသောကြောင့်ပင်။

ဝှစ် ဝှစ် …။

အစောကြီးကတည်းက အားကောင်းလျက်ရှိသော ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့် ပူးပေါင်းလိုက်ပြီး သည့်နောက်မှာတော့ ပိုမိုကာ အားကောင်းလာခဲ့တော့၏။ လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ဟွာကုန်းရှန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ မဲနက်နေသည့် ပတ်ဝန်းကျင်ထဲတွင် ၎င်းသည် ကောင်းကင်ပေါ်တွင် ရှိနေသော ကြယ်များထက် တောက်ပနေသည့်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

“ဘာ့ကြောင့်လဲ။ ငါတင်းခံထားတဲ့အရာကို ဘာလို့ပေါင်းစပ်နိုင်ရတာလဲ”

နှင်းဆီဧကရီက ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျွန်မတို့က လင်မယားတွေမလို့လေ။ ဝိညာဉ်မျိုးနွယ်တွေရဲ့ နတ်ဘုရားစွမ်းရည် အသိအမှတ်ပြုခြင်းကို ခံရပြီးပြီ။ ဒီတော့ ကျွန်မအနေနဲ့သာ စိတ်ပါမယ်ဆိုရင် ရှင်နဲ့ အချိန်မရွေး ပေါင်းစပ်ခွင့်ရှိတယ်”

“...........”

ဤအရာမှာ ကျိုးကြောင်းဆီလျော်လွန်းလှသည်။

“ဒီနေရာက ထွက်ခွာဖို့ မဖြစ်နိုင်ဘူးဆိုမှတော့ အပြစ်ပေးမှုကို အတူတူ လက်ခံလိုက်ကြတော့” အထက်နယ်မြေမှ အသံသည် ထွက်ပေါ်လာခဲ့၏။

ဝှစ် ဝှစ် ဝှစ်

အမဲရောင်တိမ်များကြားထဲမှ ဝိညာဉ်ကဲ့သို့သော အလင်းတန်းများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အောက်ဖက်တွင် ရှိနေသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်သိန်းကျော်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ပေါင်းစပ် သွားသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက် ….။

စက်များလည်ပတ်သည့်အသံသည် ထွက်ပေါ်လာခဲ့တော့၏။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ဖြည်းညှင်းစွာဖြင့် ဦးခေါင်းကို မော့လိုက်၏။ ၎င်းတို့၏ ဟောင်းလောင်းပေါက် ဖြစ်နေသော မျက်လုံးများသည် အလင်းရောင်များနှင့် တောက်ပလာခဲ့တော့သည်။

ဤတိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် တစ်ကောင်တည်းဆိုပါက မည်သည့် ခံစားချက်များကိုမှ ဖြစ်ပေါ်စေနိုင်မည့်လူမျိုး မဟုတ်ချေ။ သို့ပေမဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်သိန်းကျော်တို့ သံပြိုင်ဆိုသလို လှုပ်ရှားလိုက်သည့်အချိန်မှာတော့ မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသွားခဲ့၏။

ဝှစ် ဝှစ်

ကြမ်းတမ်းလွန်းလှသော လေလှိုင်းများသည် ထွက်ပေါ်လာခဲ့တော့၏။ တည်နေရာတစ်ခုလုံးသည်ပင်လျှင် ယိမ်းခါ လျက်ရှိနေသည်။ စည်း၏ အပြင်ဘက်တွင် ကြည့်ရှုနေကြသော မိုရှန်ရှမ်းနှင့် တခြားသောသူများ အားလုံးသည် ထိုစွမ်းအင်လှိုင်းများ မသက်ရောက်ကြချေ။

သို့ပေမဲ့ တစ်ချက်ကြည့်လိုက်သည် ဆိုသည်နှင့် အလွန် အားကောင်း လှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာပတ်လည်တစ်ခုလုံးတွင် ပြည့်နှက်လျက်ရှိနေသည်ဖြစ်ကြောင်းကို သူတို့ ခံစားသိမြင်နိုင်ကြသည်။ ကျွင်းချောင်ရှောင်း၏ တည်နေရာတွင် သူတို့သာ ရှိနေမည်ဆိုပါက ကြောက်ရွံ့လွန်း သောကြောင့် သေးများပင် ထွက်ချနေမှာ သေချာ၏။

“ကျွင်းချောင်ရှောင်း... မင်းက အထက်နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးကို ဖျက်ဆီးခဲ့တယ်။ ဒီနေ့ အပြစ်ပေးမှုက သေမျိုးလောက က လူတွေအကုန်လုံးကို သတိပေးခြင်းပဲ”

အထက်နယ်မြေ၏ အသံသည် ထွက်ပေါ် လာခဲ့၏။ ထိုအသံတွင် ပါဝင်လျက်ရှိနေသော အရှိန်အဝါများသည် ရှိရှိနေသမျှသောလူများ အားလုံးကို ဖိအားများ သက်ရောက်စေခဲ့သည်။

ဝှစ် ဝှစ် ….။

ထိုအချိန်မှာတော့ အသက်ဝင်လာသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် အမိန့်ကို လက်ခံရရှိလိုက်သလိုပဲ ၎င်းတို့၏ တံစဉ်များကို မြှောက်ကာ ကျွင်းချောင်ရှောင်းအား ခုတ်ပိုင်းလိုက်ကြ၏။ အထက်ဆီမှ အောက်သို့ ငုံ့၍ ကြည့်လိုက်မည်ဆိုလျှင် များပြားလွန်းလှသော ဒီရေလှိုင်းများသည် ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာသကဲ့သို့ပင်။

ဘုန်း ဘုန်း ဘုန်း ဘုန်း ….။

ရှန်ဝမ် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သော ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီ၏ အထောက်အပံ့ကို ရရှိပြီးသည့်နောက် လှံကြီးကို ကိုင်မြှောက်ကာဖြင့် တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။ လှံ၏ထိပ်တွင် စိတ်ဝိညာဉ် စွမ်းအင်လှိုင်းများသည် တလက်လက်နှင့် တောက်ပလျက် ရှိနေပြီး ဝင်ရောက်လာခဲ့ကြသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအား သတ်ဖြတ်ထိုးနှက်ခြင်းကို ပြုလုပ်တော့သည်။ အစိမ်းရောင် အလင်းတန်းများသည် ကြီးမားလှသည့် နဂါးစိမ်းကြီးတစ်ကောင်ကဲ့သို့ ၎င်းအား လွှမ်းခြုံလျက် ရှိနေတော့၏။

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဘယ်သူကမှ ကျုပ်ကို အပြစ်ပေးဖို့အတွက် အခွင့်အရေး မရှိဘူး။ အထက်နယ်မြေမပြောနဲ့ ကောင်းကင်ဘုံဆိုရင်တောင်မှ မရဘူး”

ဝှစ် ဝှစ်

အားကောင်းလွန်းလှသော အစိမ်းရောင်လှိုင်းကြီးသည် ကောင်းကင်ယံထက်ဆီသို့ လွှင့်စင်သွားပြီးသည့်နောက် မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ရာကျော်တို့အားလုံးသည် သေဆုံးကုန်ကြတော့၏။

ဝှစ်

ရုတ်တရက် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ယောက်သည် ဘေးတစ်ဖက်ဆီမှ ရောက်ရှိလာ၏။ ၎င်းသည် တံစဉ်ကြီးကို ဝှေ့ယမ်းရန် ပြင်လိုက်သည့်အချိန်မှတော့ အားကောင်းလွန်းလှသော လှံ၏အော်ရာများသည် ထိုကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ရင်ဝတည့်တည့်ကို စိုက်ဝင်လာခဲ့တော့၏။ ပြီးနောက် ပေါက်ကွဲထွက်သွားတော့သည်။

“ဒါက” မိုရှန်ရှမ်းနှင့် တခြားသောသူများသည် မျက်လုံးအပြူးသား ဖြစ်သွားတော့၏။ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် ဤကဲ့သိုပင် ချက်ချင်းသတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ဂိုဏ်းချုပ်ကျွင်း၏ အားအင် အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းချေ၏။

ဘုန်း ဘုန်း

အားလုံးထိတ်လန့်တုန်လှုပ်နေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် လေပေါ်သို့ ခုန်၍ တက်လိုက်တော့၏။ များပြား လှသော လှံအလင်းများသည် တည်နေရာတစ်ခုလုံးတွင် ပေါ်ပေါက်လာပြီးသည့်နောက် သူ့အား ဝိုင်းရံလျက် ရှိနေသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်အားလုံးအား သတ်ဖြတ်တော့သည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်ထောင်ကျော်တို့သည် မြေတည်နေရာတွင် လဲကျကာ သေဆုံးကုန်ကြသည်။

ရွှီး ရွှီး …။

အမဲရောင်နှင့် မြေအဆင့်တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် သူ၏ လှံထိပ်တွင် တစ်ကောင်ပြီးတစ်ကောင် သေဆုံးလျက်ရှိနေ၏။

ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ ဆိုလျှင်တောင် သူနှင့် မနှိုင်းယှဉ်နိုင်ချေ။ သူ့အနားသို့ ကပ်လာသည်နှင့်တပြိုင်နက် ထိုသူများ အားလုံးသည် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်သည်။

ကျွင်းချောင်ရှောင်းသည် လှံကြီးကို ကိုင်ကာဖြင့် စိတ်လိုလက်ရ အလုံးစုံ သတ်ဖြတ်မှုမျိုးကို ပြုမူဆောင်ရွက်လျက် ရှိနေတော့၏။

ဘုန်း ဘုန်း ဘုန်း

အချိန်တိုတွင်းမှာပဲ မြေပေါ်တွင် ရေတွက်လို့မရအောင် များပြားသော ချပ်ဝတ်များ ကျဆင်းလာခဲ့တော့သည်။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်သောင်းကျော်တို့သည် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

“မွန်းစတားပဲ။ ဒီကောင်က လူသားတောင် မဟုတ်တော့ဘူး”

“ကြောက်ဖို့ကောင်းတယ်”

အပြင်းအထန် တိုက်ခိုက်ကာ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို သတ်ဖြတ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အားလုံးသောသူများသည် ထိတ်လန့်ခြောက်ခြားလျက် ရှိနေကြတော့၏။

All Chapters