← Chapters

အခန်း (၁၁၇၈)

Vol. 80 Ch. 1178

အခန်း (၁၁၇၈)

Vol. 80 Ch. 1178

အရင်တုန်းက အမွေအနှစ်တည်နေရာတွင် ကျွင်းချောင်ရှောင်းသည် များပြားလှသော သိုင်းကျင့်ကြံသူများ အားလုံးကို သတ်ဖြတ်ခဲ့သည်ဖြစ်ကြောင်း ၎င်းတို့သည် မျက်ဝါးထင်ထင် မြင်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အလွန် အားကောင်းလှပါသည်ဆိုသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်များ အားလုံးကို တစ်ယောက်တည်း ဦးတည်ကာ သတ်ဖြတ်လျက် ရှိနေတော့သည်။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်၏အထက် အမြင့်တွင်တော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ် တစ်ဒါဇင်ကျော်ခန့်နှင့် တိုက်ခိုက်လျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိနေသော အားကောင်းလွန်း လှသည့် စွမ်းအင်လှိုင်းများ အားလုံးသည် မဖျက်ဆီးနိုင်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင် အားလုံးသောသူများကို လွှမ်းခြုံလျက်ရှိနေ၏။

“သေစမ်း”

ဝှစ် ဝှစ် ဝှစ်

ဘုန်း

တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ကောင်၏ ခေါင်းဆောင်းသည် ကွဲကြေသွားခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်သည်လည်း တည်နေရာမှာတင် ပေါက်ကွဲထွက်သွားတော့၏။ ချပ်ဝတ်၏ အစိတ်အပိုင်းများ အားလုံးသည် လေဟာနယ်ထဲတွင် လွင့်စင်သွားသည်။

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ထိုအချင်းအရာကိုကြည့်၍ အံ့ချီးနပမ်း ဖြစ်နေကြတော့သည်။ လေးယောက်မြောက် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် ကျွင်းချောင်ရှောင်း၏ လက်ချက်နှင့် တစ်ခါတည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ထိပ်တန်း အဆင့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုအောက်တွင်တော့ အချိန်မရွေး သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိနေကြတော့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

အထက်နယ်မြေအနေနှင့် ကျွင်းချောင်ရှောင်းအား အပြစ်ပေးနိုင်ရန်အတွက် အလွန်များပြားလှသော လူအရေအတွက်နှင့်အတူ အားကောင်းလှသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို အဘယ်ကြောင့် စေလွှတ်လိုက် သည်ဖြစ်ကြောင်းကို သူတို့သည် ဤမြင်ကွင်းကို ကြည့်ရှု့ရင်း သိရှိနားလည်သွားခဲ့ကြတော့၏။ အနည်းငယ်သာ စေလွှတ်လိုက်မည်ဆိုပါက အကုန်လုံး သေဆုံးပြီးတော့ ချက်ချင်း ပြီးဆုံးသွားမှာ သေချာတော့သည်။

ဘုန်း

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ယံထက်ဆီမှ အောက်ဆီသို့ ဆင်းသက်လာခဲ့တော့၏။ သူ၏ ရင်ဘတ်ရှိ ချပ်ဝတ်ပေါ်တွင် များပြားလှသည့် ဓားချက်များ တည်ရှိလို့နေခဲ့၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်ပေါင်း များစွာတို့၏ တိုက်ခိုက်မှုအောက်တွင် သူသည်လည်း တော်တော်များများ ထိခိုက်ခဲ့ပြီဖြစ်၏။

သို့ပေမဲ့ ရှန်ဝမ် နတ်ဘုရားချပ်ဝတ်၏ ကာကွယ်ပေးမှုအောက်တွင်တော့ ဤကဲ့သို့သော တိုက်ခိုက်ခံရမှုများသည် ကိစ္စအကြီးကြီး တော့ မဟုတ်ချေ။ ဤအချင်းအရာကို ကြည့်ရှုမည်ဆိုလျှင် ကုန်းရှန့်သည် အလွန်တရာ အားကောင်းလှသည် ဆိုသော်လည်း ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးသမားတစ်ယောက် မဟုတ်သည်မှာတော့ သေချာသည်။

ဝှစ် ဝှစ် ….။

တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းကျော်တို့သည် ထပ်မံကာ ရှေ့သို့ တိုးလာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းဆီသို့ ဒီရေလှိုင်းအလား တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်ကာ တိုက်ခိုက်လျက် ရှိနေ၏။

“ဆိုးတာက တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေက အများကြီးပဲ။ ကြာရင် မောလို့ သေသွားနိုင်တယ်”

အားလုံးသောသူတို့သည် ထိုအချင်းအရာကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းအတွက်ပင် စိတ်ပူလာမိကြသည်။ တစ်စုံတစ်ယောက်၏ အားအင်အဆင့်ဆိုသည်မှာ အကန့်အသတ်ဖြင့် ရှိလို့နေခဲ့တော့သည်။ ရေရှည် ဤကဲ့သို့သာ တိုက်ခိုက်နေမည်ဆိုပါက ခံနိုင်လိမ့်မည် မဟုတ်ချေ။

ဘုန်း

ရုတ်တရက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်တည်လာသည်။

ဆွစ် ဆွစ် ဆွစ်

စွမ်းအင်လှိုင်းများသည် ရေလှိုင်းများကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံစေ၏။ အနှေးပြကွက်များနှင့် ပြန်လည် ကြည့်ရှုမည်ဆိုပါက ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တော်တော်များများအား နောက်ဘက်သို့ လွှင့်စင်အောင် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်တော့၏။ ကောင်းကင်ယံထက်တွင် အမဲရောင် အရိပ် များသည် လွင့်စင်လျက်ရှိနေ၏။

ဆွစ်

ရုတ်တရက် အနီရောင်နှင့် အစိမ်းရောင် အလင်းတန်းများသည် ထက်မြိလွန်းသော မြားများကဲ့သို့ပင် တည်နေရာ ကြီးတစ်ခုလုံးကို ထိုးခွင်းသွားတော့၏။ ပြီးသည့်နောက်မှာတော့ ပျံသန်းကာ ရောက်ရှိလာသည့် ကောင်းကင် အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင်၏ ဦးခေါင်းအား တည့်တည့် ထိမှန်ပြီးသည့်နောက်မှာတော့ နောက်ကိုလွင့်စင်စေသည်။ ၎င်းသည် ပေတစ်ထောင်အဝေးတွင် ရှိနေသော တောင်နှင့် သွားရောက်ကာ တိုက်မိပြီး သေဆုံးသွားတော့၏။

ရွှီး ရွှီး

ကျွင်းချောင်ရှောင်းသည် လှည့်ပတ်ကာ ပြေးလွှားပြီးသည့်နောက်မှာတော့ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ဆွဲကိုင်ကာ ကျောက်ခင်းလမ်းများအတိုင်း ပြေးလွှားလျက် ရှိနေ၏။ ကျောက်ခင်းပြားနှင့် နဂါးစိမ်းလခြမ်း ဓားမော့ကြီး ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာသော မီးပွားများသည် တည်နေရာအနှံ့ကို ပျံ့နှံ့စေသည်။

ဖောက် ဖောက် ဖောက် ဖောက် …..။

ဟူး ဟူး ……။

များပြားလွန်းသော ဓာတ်သဘာဝများသည် တိုက်ခိုက်ရေး တည်နေရာထဲတွင် ဖြစ်တည်နေ၏။

“သေစမ်း”

ဆွစ်

ကွမ်ယု၏ လက်နက်စိတ်ဝိညာဉ်ကို ထုတ်ဖော်ပြီးပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်တော့၏။ အလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို ဖြတ်သန်း သွားပြီးသည့်နောက် ၎င်း၏ရှေ့ဆီသို့ တိုးဝင်လာခဲ့သော မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးသည် နှစ်ပိုင်းပြတ်၍ သေဆုံးကုန်ပြန်၏။

ကုန်းရှန့်သည် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် အထူး လက်နက်များကို ထုတ်ဖော်ကာ တိုက်ခိုက်လျက် ရှိနေတော့သည်။ ထို့မှသာလျှင် သူသည် အားအင်အဆင့်ကို ချွေတာနိုင်မှာ ဖြစ်သည်။

ကုန်းရှန့်သည် မည်မျှ အားကောင်းသနည်း။ အလွန်အားကောင်းသည်ဟု ဆိုရမည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် အားအကောင်းဆုံးသော လူတစ်ယောက်ကို လက်ညှိုးထိုပြ ပါဆိုလျှင် သူ့ကိုသာ ထိုးပြရမည် ဖြစ်တော့၏။ သူ၏အထက်တွင် သိုင်းအင်ပါယာကိုးယောက် တည်ရှိနေပြီး အဘယ်ကြောင့် သူ့အား အားအကောင်းဆုံးအဖြစ် ရွေးချယ်၍ ပြောဆိုနေရသနည်းဆိုသော် သမိုင်း မှတ်တမ်းထဲတွင် ဓားနှင့်သိုင်းနယ်မြေ နှစ်ခုလုံးကို ကျင့်ကြံ၍ သိုင်းသူတော်စင် ပြည့်စုံသည့်အဆင့်ဆီသို့ ရောက်ရှိသွားသည့်လူဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။

အထူးတာဝန်ကို ပြည့်စုံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဓားနှင့်သိုင်းသူတော်စင် ပြည့်စုံခြင်းအဆင့်ဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်တော့၏။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သမိုင်းမှတ်တမ်းတွင် မှတ်တမ်းတင် ရေးထိုးထားရမည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးအဖြစ် ဖြစ်တည်သွားခဲ့၏။

ဆွစ် ဆွစ် ဆွစ် …..။

အားကောင်းလွန်းလှသော ဓားမော့အော်ရာများသည် တည်နေရာကို ဖြတ်သန်းပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ထောင်ကျော်တို့သည် ထက်ပိုင်းပြတ်ကုန်သည်။ ၎င်းတို့သည် အဆင့်မြင့်ချပ်ဝတ်များကို ဝတ်ဆင် ထားကြသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်း၏ အားအင်အရှေ့တွင်တော့ မြက်ပင်များကဲ့သို့ပင်။

ဆွစ် ဆွစ် …။

ကျွင်းချောင်ရှောင်းသည် ရပ်တန့်မနေချေ။ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ရောက်ရှိလာမည့် အချိန်ကာကို အခွင့်အရေးယူကာဖြင့် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ခပ်ကြမ်းကြမ်း ဝှေ့ယမ်းကာဖြင့် ဝင်ရောက် လာခဲ့ကြသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို သတ်ဖြတ်လျက်ရှိနေသည်။

တိုက်ခိုက်ရေး စိတ်ဝိညာဉ် နောက်ထပ်တစ်သောင်းလောက်ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဓားမော့ထဲသို့ ထည့်သွင်းကာဖြင့် အကြီးအကျယ် ခုတ်ပိုင်းလိုက်တော့သည်။ နဂါးစိမ်း လခြမ်းဓားမော့ကြီးသည် မြေပြင်တည်နေရာပေါ် ကျဆင်းသွားပြီးသည့်နောက် ဗုံးပေါက်သကဲ့သို့ပင် ကြီးမားသည့် ပေါက်ကွဲမှု အရှိန်အဟုန်ကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ဘုန်း …။

နဂါးစိမ်းလခြမ်းဓားမော့ကြီး လေထဲသို့ ဝှေ့ယမ်းလိုက်သည့်အသံသည် နဂါးတစ်ကောင် အော်ဟစ်နေသည့် အသံကဲ့သို့ပင် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏စိတ်ကို ပျက်ပြားစေခဲ့တော့၏။

ကြည့်ရှုနေကြသည့်လူများ အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိနေသည်။ လက်နက်ကို ဤကဲ့သို့ ပစ်လွှတ်ကာ တိုက်ခိုက်တတ်သည့် အပြုအမူမျိုးသည် ရှားပါးလွန်းလှသည်။ သို့ပေမဲ့ ကုန်းရှန့်သည် ဤကဲ့သို့ ထုတ်ဖော်တိုက်ခိုက်လျက် ရှိနေပြီး တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည်လည်း တဘုန်းဘုန်းနှင့် သေဆုံးလျက်ရှိနေသည်။

လေတိုးသံများသည် တဝီဝီနှင့် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဖုန်များသည်လည်း တည်နေရာအနှံ့သို့ လွင့်စင်လျက် ရှိနေ၏။ အဝေးတစ်နေရာ၏ မြေပြင်ထဲတွင် ကြိးမားလှသည့် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်တည်နေပြီး ချိုင့်ဝှမ်းကြီးထဲတွင် ချင်းချင်းနီရဲလျက်ရှိသော သွေးများသည် စီးဆင်းလျက် ရှိနေ၏။

နဂါးစိမ်းလခြမ်းဓားမော့ကြီး သည် မြေပြင်ပေါ်တွင် စိုက်ဝင်လျက် ရှိနေပြီး ဤဓားမော့ကြီးဆီမှ အားကောင်းလွန်း လှသော သမာဓိစွမ်းအင်များ ထွက်ပေါ်လျက်ရှိနေသည်ကို အားလုံးက မျက်ဝါးထင်ထင် မြင်နေကြရသည်။

ဟူး ဟူး ဟူး ….။

ကောင်းကင်ယံထက်မှာတော့ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ဒါဇင်ကျော်တို့သည် ရှေ့ဆီသို့ ထပ်မံတိုးလာကြ၏။ ၎င်းတို့သည် ခံစားချက်နှင့် အသိအမြင်များ မရှိကြချေ။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်သည် သူတို့၏ မျက်လုံးထဲတွင်ရှိနေသော ကျွင်းချောင်ရှောင်းအား သတ်ဖြတ်ရန်သာ ဖြစ်၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း ……။

ကြမ်းတမ်းလွန်းလှသော တိုက်ပွဲကြီးသည် ထပ်မံကာ ဖြစ်တည်လာခဲ့၏။ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် များပြားလွန်းလှသောကြောင့် ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အောက်စည်းအနေ အထားသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ သူသည် အကောင်းဆုံးကြိုးစား၍ တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်သည် ဆိုသော်လည်း တစ်ဖက်လူများ၏ တိုက်ခိုက်မှုသည်လည်း သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။ သူသည် ဘုန်း ဟူသော အသံနှင့်အတူ မြေပေါ်သို့ ပြုတ်ကျသွားသည်။

“ဓားမော့စည်းကို ဖြေလိုက်တော့”

စနစ်က ပြောလိုက်သည်။ “မဟုတ်ရင် မင်းမောပြီး သေသွားလိမ့်မယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းမာလွန်းလှ၏။ အဆင့်ချိုးဖြတ်မှုနှင့်အတူ နှင်းဆီဧကရီ၏ ထောက်ပံ့မှုကိုပါ ရရှိထားသည် ဖြစ်သောကြောင့် သူ၏ အားအင်အဆင့်သည် မျှော်မှန်းထားသည်ထက်ပင် ပိုမိုကာ အားအင် မြင့်တက်လျက် ရှိ၏။

သို့ပေမဲ့ ရင်ဆိုင်နေရသည့် ရန်သူများသည် အလွန်တရာ များပြားလွန်းသောကြောင့် သူ့အနေနှင့် ပုံမှန်အတိုင်း တိုက်ခိုက်ရန်ဆိုသည်မှာ ခက်ခဲလာခဲ့သည်။

ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်တို့၏ တိုက်ခိုက်မှုအောက်၌ ရောက်ရှိနေသည် ဆိုလျှင် တောင်မှ သူသည် တခြားသောအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်၏။ ခက်ခဲလှသည်ဆိုသော်လည်း သူသည် အလွန်အမင်း ကြိုးစားကာဖြင့် သူ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်သး၏။

ဟူး ဟူး ….။

ထိုအချိန်မှာပဲ တစ်ဒါဇင်ကျော်ခန့်ရှိသော စွမ်းအင်လှိုင်းများသည် ကောင်းကင်ယံအထက်တွင် ဖြစ်တည်လာပြီး သည့်နောက်မှာတော့ သူ၏ရှေ့ဆီသို့ ကျဆင်းလာသည်။ ထိုစွမ်းအင်လှိုင်းများသည် ဖျက်ဆီးဖောက်ထွင်း၍ မရနိုင်သည့် ပိုက်ကွန်များကဲ့သို့ပင် ကျွင်းချောင်ရှောင်းအာ ဖမ်းချုပ်ခြင်းကို ပြုမူသည်။

ပြည့်စုံသည့်အဆင့် သိုင်းကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနိုင်သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များဆီမှ စွမ်းအင်လှိုင်းများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်မှာ သေချာ၏။ တည်နေရာ၏ လေဟာနယ်တစ်ခုလုံးသည် ပြိုလဲလျက် ရှိနေပြီး လောကကြီးတစ်ခုလုံးသည်ပင်လျှင် အရောင်အဆင်း ကင်းမဲ့ကုန်၏။

ကြည့်ရှုနေကြသည့်လူများ အားလုံး၏ နှလုံးသားများ အားလုံးသည် တုန်ခါနေကြသည်။ ၎င်းတို့သည် ထိတ်လန့် လွန်းသောကြောင့် မျက်နှာများပင် ဖြူလျော်လျက်ရှိသည်။

ဖောက် ….။

ကျွင်းချောင်ရှောင်းသည် ၎င်း၏ခြေထောက်များကို ကားလိုက်ပြီးသည့်နောက် အားကောင်းလွန်းလှသော ဓားစွမ်းအင်များသည် ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။

“လောကကြီးမှာ ဘယ်သူကမှ ငါ့ကို ဘာမှလုပ်လို့ မရဘူး”

ဟူး ဟူး ဟူး ….။

တောင်များ၊ မြစ်များပင်လျှင် တုန်ခါသွားစေခဲ့၏။ အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများ အားလုံးသည် သူ၏ ရှေ့တွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ခိုင်မာလွန်းလှသော အတားအဆီးတစ်ခုသည် သူ၏ရှေ့၌ ဖြစ်ပေါ် လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ တိုက်ခိုက်မှုကို အကောင်းဆုံးအနေဖြင့် ကြိုဆိုတော့၏။

“ရူးနေတာလား”

စနစ်က အော်လိုက်သည်။ “မင်း ရူးနေပြီ”

လက်ခံသူသည် စည်းဓားမော့ကြီးကို ထုတ်ဖော်ကာ အသုံးပြုနိုင်စွမ်းရှိ၏။ သို့ပေမဲ့ သူ၏ ကိုယ်ပိုင်အားအင်ကို အသုံးပြုကာ ခုခံလျက် ရှိနေသည်။ ၎င်း၏ ဦးခေါင်းသည် မြည်းကန် ခံထားရသည်မှာ ဖြစ်ပေလိမ့်မည်။

ဟူး ဟူး

များပြားလွန်းလှသော စွမ်းအင်လှိုင်းများသည် ကောင်းကင်ယံထက်ဆီမှ ကျဆင်းလာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အရှေ့တွင်ရှိနေသော အကာအကွယ်အစီအရင်ကို တိုက်ရိုက်ပင် ထိမှန်တော့၏။ ထိုအချိန် မှာတော့ ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွား၏။ လေတိုးသံနှင့် စွမ်းအင်လှိုင်းများ၏ လှုပ်ရှားသံကိုပင် မကြားရချေ။

အားလုံးသော ကြည့်ရှုနေကြသူများသည် အသက်ကိုပင် မရှူရဲဘဲ စူးစိုက်ကြည့်နေကြ၏။ လက်ရှိအခြေအနေမှာ တော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ များပြားလွန်းလှသော စွမ်းအင်လှိုင်းများ၏ ကျွင်းချောင်ရှောင်း၏ ခံစစ် အကာအကွယ်အတားအဆီး အစီအရင်ဆီသို့ ကျဆင်းလာသည်ကို သူတို့သည် ဆွံ့အစွာဖြင့် ကြည့်ရှုလျက် ရှိနေ၏။

ဘုန်း

စွမ်းအင်လှိုင်းနှစ်ခုသည် ထိပ်တိုက် တွေ့ဆုံပြီးသည့်နောက် လေထုထဲတွင် ပျောက်ကွယ်သွားသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

စည်းတည်နေရာကြီး တစ်ခုလုံးတွင် ကြမ်းတမ်းလှသော လှိုင်းများအဖြစ် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တည်နေရာကြီးတစ်ခုလုံးသည်ပင် ပြိုလဲလုမတတ် ဖြစ်နေ၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ အခြေအနေတစ်ခုလုံးသည် ပြန်လည်ကာ ငြိမ်သက်သွားခဲ့တော့၏။ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ စုပေါင်းတိုက်ခိုက်လိုက်သော စွမ်းအင်လှိုင်းများသည် ပျောက်ကွယ်သွားခဲ့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း ဖန်တီးထားသော အကာအကွယ်အစီအရင်မှာတော့ တည်နေရာတွင် မြဲမြဲရပ်လျက် ရှိနေသေး၏။

“သူ ခုခံနိုင်ခဲ့တယ်”

“သူတကယ်ပဲ ခုခံနိုင်ခဲ့တာပဲ”

ဝေါ့

ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ယောက်၏ သွေးအန်သည့်အသံ ထွက်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် အမှတ်မထင် ခေါင်းကိုလှည့်ကြည့်လိုက်သည့်အချိန်မှာတော့ နှင်းဆီဧကရီသည် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွား ခဲ့သည်ဖြစ်ကြောင်းကို မြင်လိုက်ရ၏။ သူမသည် အနောက်ဘက်သို့ ယိုင်တိုင်တိုင်ဖြင့် ဆုတ်ခွာသွားပြီးသည့်နောက် မှာတော့ အားပြတ်စွာဖြင့် ပြောလိုက်သည်။ “ယောက်ျား... ကျွန်မ ရှင့်ကို မကူညီနိုင်တော့ဘူး”

All Chapters