← Chapters

အခန်း (၁၁၈၁)

Vol. 80 Ch. 1181

အခန်း (၁၁၈၁)

Vol. 80 Ch. 1181

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ယခင်တုန်းကလည်း မိုးကြိုးအပြစ်ပေးမှုကို ခံယူ သို့ပေမဲ့ လက်ရှိအခြေအနေသည် အတော်ကွာခြားလျက်ရှိနေ၏။ ဤအရာသည် အပြစ်ပေးရန်မဟုတ်ပေ။ ကျိန်းသေပေါက်သတ်ဖြတ်ခြင်းပင်ဖြစ်တော့သည်။

ထို့ကြောင့် အချိန်ယူသည့်ဖြစ်စဉ်များကို မပြုလုပ်တော့ဘဲ တစ်ခါတည်း မဲနက်နေသည့် တိမ်လိပ်ကြီးဆီမှ မိုးကြိုးလှိုင်း ကြီးနှစ်ခုသည် အောက်ဆီသို့ ကျဆင်းလာခဲ့သည်။ ဤအရာသည် ရုတ်တရက်ဆန်လွန်းလှသည်သာမက အလွန်လည်း မြန်ဆန်လျက်ရှိနေတော့၏။

ပါဝင်သည်အားအင်အဆင့်သည် ယခင်မိုးကြိုးအပြစ်ပေးမှုထက် အလုံးစုံပိုမို၍ အားကောင်းလျက်ရှိနေတော့၏။ မြင်ကွင်းကို ကြည့်ရှုလိုက်သည်နှင့် ထိုအရာသည် နျူကလီးယားဗုံးကြီးပေါက်ကွဲသွားသည်နှင့်ပင် ဆင်တူ၍နေသည်။

“ငါ့မျက်လုံးတွေ …. အား”

စည်းအတားအဆီးအစီအရင်၏ အနီးအနားတွင် တည်ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ခဏတာ အမြင်အာရုံများ ပျောက်ကွယ်သွားခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးများသည် စူးရှသည့်နာကျင်မှုများကိုပင် ရရှိခဲ့ကြ၏။

ဝှစ် ဝှစ်

မိုးကြိုးအပြစ်ပေးမှုတည်နေရာအတွင်းမှာတော့ ကြမ်းတမ်းလွန်းလှသော မိုးကြိုးစွမ်းအင်များသည် တည်နေရာအနှံ့သို့ လှိုင်းထလျက်ရှိနေ၏။ ကံကောင်းစွာဖြင့် ဤစည်းအတားအဆီးအစီအရင်နေရာကြီးသည် အစောကြီးကတည်းက ကြိုတင်ကာ သတ်မှတ်ခဲ့ပြီးသားဖြစ်၏။ မဟုတ်ပါက ဂြိုဟ်တိုက်ပွဲ တည်နေရာကြီး တစ်ဝက်လောက်သည် ထိုကြောက်မက်ဖွယ်ရာကောင်းလှသည့် မိုးကြိုးစွမ်းအင်များနှင့် လွှမ်းခြုံခြင်းကို ခံရမှာသေချာသည်။

ထိုသို့ဆိုလျှင်တောင် ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူ တစ်သန်းကျော်တို့သည် ကြီးမားသည့် ခံစားမှုမျိုးကို ရရှိလိုက်ကြရ၏။ ဤအရာသည် အထက်နယ်မြေဆီမှ အပြစ်ပေးမှုပင်ဖြစ်တော့၏။ ကြည့်ရှုလိုက်သည်နှင့် တစ်ပြိုင်နက် အပြစ်ပေးမှုဟုပင် မခေါ်ဆိုဘဲ သတ်ဖြတ်ခြင်းဟုပင် ခေါ်ဆိုနိုင်သည့်အရာမျိုးဖြစ်နေတော့၏။

“သွားပြီ။ ပြီးသွားပြီပဲ။”

ကဲ့ကျင်းနန်သည် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်၏။ သူငယ်ချင်းကောင်းတစ်ယောက် ဆုံးရှုံးရခြင်း၏ နာကျင်မှုမျိုးသည် သူမ၏ မျက်နှာအထက်တွင် ထင်ပေါ်လာခဲ့တော့၏။ အလွန်အားကောင်းလွန်းလှသော အလင်းတန်းများသည် ဖြစ်တည်လျက်ရှိနေပြီး ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကျိန်းသေပေါက် ခုခံနိုင်လိမ့်မည်မဟုတ် ကြောင်း သူမကောင်းကောင်းနားလည်မိသည်။

“အင်း”

မိုရှန်ရှမ်းသည် ခေါင်းကိုခါရမ်းကာဖြင့် သက်ပြင်းချလိုက်မိ၏။ သူသည် ကျွင်းချောင်ရှောင်း၏ ငွေညှစ်ခြင်းကို အကြိမ် ပေါင်းများစွာ ခံခဲ့ရသူတစ်ယောက်ဖြစ်ပေသည်။ သို့ပေမဲ့ ၎င်းတို့သည် အတူတကွ အလုပ်တွဲ လုပ်ကိုင်ပြီး သည့်နောက်မှာတော့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကြောင့် ပိုက်ဆံများများကို ရှာဖွေနိုင်ခဲ့တော့၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်းတစ်ယောက် မိုးကြိုးအပြစ်ပေးမှုအောက်တွင် သေဆုံးခဲ့သည်ကို မြင်ရသည့်အချိန်မှာ တော့ သူသည် ဝမ်းနည်းသလို ခံစားနေမိသည်။

ဂိုဏ်းချုပ်ကျွင်း ..။

မိုရှန်ရှမ်းသည် တွေးလိုက်မိ၏။ ခင်ဗျားဒီနေ့လုပ်ခဲ့တဲ့လုပ်ရပ်တွေဟာ သမိုင်းမှတ်တမ်းမှာ တကယ့်ကို ရေးထိုးဖို့သင့်တဲ့ လုပ်ရပ်ကောင်းတွေပဲ။

တစ်ခြားသော ဂြိုဟ်အသီးသီးရှိ သိုင်းကျင့်ကြံသူများသည်လည်း ထိုသို့ တွေးမိလိုက်ကြ၏။ ကြက်သွေးရောင် ပင်လယ် ကုန်းမြေတိုက် နှင့် လင်းယွမ်ကုန်းမြေတိုက်ကဲ့သို့ ကျွင်းချောင်ရှောင်း ၏ အကြိမ်ပေါင်းများစွာ ငွေညှစ်ခြင်း ကို ခံခဲ့ရသည့် ဂြိုဟ်များပင်လျှင် ကျွင်းချောင်ရှောင်းအား အလွန်တရာ ချီးကျူးနေမိကြသည်။

၎င်းတို့မပြုလုပ်ရဲသည့်အရာများကို ပြုလုပ်နေသည့်လူတစ်ယောက်သည် ချီးကျူးမှုနှင့် ထိုက်တန်သည့်အရာပင် ဖြစ်တော့၏။ ဤတည်နေရာကို လာရောက်ပြီးသည့်နောက် ကုန်းရှန့်၏ ထပ်မံငွေညှစ်ခြင်းကို ခံရမည်ဆိုလျှင်တောင်မှ သူတို့သည် စိုးရွံ့နေလိမ့်မည်မဟုတ်ချေ။ တစ်ခါတည်းပင် ပိုက်ဆံထုတ်ကာ ပေးမိနေမှာ သေချာ၏။

…

ကျယ်ပြောလွန်းလှသော ကြယ်တာရာကောင်းကင်ပြင်၏ ထိပ်မှာတော့ သက်တန့်ရောင်စဉ်တောက်လျက်ရှိနေသော ပလ္လင်ကြီးတစ်ခုတည်ရှိနေသည်။ ထိုပုလ္လင်ကြီးအပေါ်တွင်တော့ ကျက်သရေရှိကာ လှပလွန်းလှသော အမျိုးသမီး တစ်ယောက်သည် အသာမှီကာ ထိုင်နေသည်။

“အင်း”

ဘေးနားတွင်ရှိနေသော ခါးကုန်းကုန်းနှင့် အဘိုးအိုသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ ဤကောင်လေးသည် အလွန် အားကောင်းလွန်းလှသော မိုးကြိုးအပြစ်ပေးမှုဒဏ်ကို ခံခဲ့ရ၏။ ထို့ကြောင့် ကျိန်းသေပေါက် သေဆုံးတော့မှာ သေချာ၏။

“ဧကရီလင်းရောင်”

အဝေးတစ်နေရာရှိ ကောင်းကင်ယံအထက်မှာတော့ ဆင်ရထားလုံးပေါ်တွင် ထိုင်လျက်ရှိနေသော ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ပြုံးကာပြောလိုက်မိ၏။ “ခင်ဗျားတို့ ကြယ်ကြွေကုန်းမြေတိုက်အတွက် သိုင်းကျင့်ကြံသူတစ်ယောက်ကို ကျုပ်အပြစ်ပေးတာ နည်းနည်း များသွားသေးလား။”

“……”

ဧကရီလင်းရောင်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။

“ဒီအတွက် ကျုပ်ကို အပြစ်တင်လို့မဖြစ်ဘူး။”

ရွှေရောင်ချပ်ဝတ်နှင့်လူသည် အကူအညီမဲ့စွာနှင့် မသက်သာဘဲ ပြုလုပ်ရသည့် ဟန်ပန်မျိုးကို ထုတ်ဖော်ပြသကာ ပြောလိုက်၏။ “စည်းမျဉ်းစည်းကမ်းတွေကို ခဏခဏ ချိုးဖောက်ခဲ့တာ ဒီကောင်လေးပဲလေ။ ဒီတော့ခင်ဗျားအနေနဲ့ သူ့ကို ပေါ့ပေါ့ လျော့လျော့ အပြစ်ပေးမှာကို နယ်မြေသခင်က စိတ်ပူမိတယ်လေ။ ဒါကြောင့် ဒီတစ်ခါအပြစ်ပေးဖို့ ကျုပ်ကို တာဝန်ယူခိုင်းခဲ့တာပဲ။”

“ကျင်းဟောင်”

ဧကရီလင်းရောင်က အေးစက်စက်ပြောလိုက်၏။ “ရှင်တို့ ကုန်းမြေတိုက်ကလူတွေ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ဝင်လာတဲ့အချိန်မှာ ကျွန်မကို အပြစ်မပေးစေဖို့ မျှော်လင့်ထားပုံပဲ။”

ကျွတ် ကျွတ် ကျွတ်

ရွှေရောင်ချပ်ဝတ်နှင့်လူက ပြောလိုက်သည်။ “အင်း။ ဖြစ်လာမှာ မဟုတ်ပါဘူး။”

“ဟမ်”

ရုတ်တရက်ဆိုသလိုပဲ သူ၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ သူသည် ခဏရပ်တန့်ကာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်၏။ စူးရှသောမျက်လုံးများသည် လေဟာနယ်ကို ဖြတ်သန်းကာဖြင့် မိုးကြိုးအပြစ်ပေးမှု ကျဆင်းနေသည့် တည်နေရာထဲသို့ ရောက်ရှိသွား၏။

ခါးကုန်းကုန်းနှင့်အဘိုးအို၏ အသွင်အပြင်သည်လည်း ပြောင်းလဲသွားခဲ့တော့၏။ သူသည် အသံကို ပို့လွှတ်လိုက်သည်။ “သခင်မ …. ဒီကောင်လေးမသေဘူး။။”

“ငါသိတယ်။”

ဧကရီလင်းရောင်သည် တည်ငြိမ်စွာဖြင့် ပြန်လည်တုန့်ပြန်လိုက်၏။ သို့ပေမဲ့ သူမ၏ နှလုံးသားထဲတွင်တော့ အံ့အား သင့်မှုများနှင့် ပြည့်နှက်လျက်ရှိနေတော့သည်။ အပြစ်ပေးမှုကို တာဝန်ယူထားရသော ကျင်းဟောင်သည် မိုးကြိုး အပြစ်ပေးမှုစွမ်းအင်များကို ၁၀၀ ရာခိုင်နှုန်းထုတ်ဖော်အသုံးပြုခဲ့ပြီးပြီဖြစ်၏။ သေမျိုးလောကတွင်ရှိနေသော မည်သည့် သက်ရှိမှသည် ထိုအားအင်အဆင့်ကို ခုခံနိုင်လိမ့်မည်မဟုတ်ချေ။

…

တိုက်ခိုက်ရေးတည်နေရာကို ပြန်လည်ကြည့်ရှုလိုက်မည်ဆိုလျှင် ကြမ်းတမ်းလှသော မိုးကြိုးဓာတ်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထိုအထဲတွင် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးသည် မတ်မတ်ရပ်ကာ တည်ရှိ နေ၏။

မျက်လုံးပြန်၍ ဖွင့်လာနိုင်ပြီဖြစ်ကြသော သိုင်းကျင့်ကြံသူများအားလုံးသည် တည်နေရာကြီးအား သေသေ ချာချာ ကြည့်ရှုလိုက်ကြသည်။ ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ မျက်နှာအမူအရာများသည် တဆတ်ဆတ် နှင့် တုန်ယင် သွားခဲ့သည်။

“ဂိုဏ်းချုပ်ကျွင်း …. သူ သူ အသက်ရှင်လျက်ရှိနေသေးတာပဲ။”

မိုရှန်ရှမ်းသည် အံ့အားသင့်ရလွန်းသောကြောင့် လက်များပင် တုန်ခါလျက်ရှိ၏။ ဤမျှကြောက်မက်ဖွယ်ရာကောင်းလှ သော မိုးကြိုးအပြစ်ပေးမှုကို ခံယူပြီးသည့်နောက်မှာ ကျိန်းသေပေါက် ပြာအဖြစ်သို့ ပြောင်းလဲသွားရမှာဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် လူသားတစ်ယောက်၏ ဟန်ပန်အမူအရာခန္ဓာကိုယ်မျိုးနှင့် ခပ်မတ်မတ် ရပ်လျက်ရှိနေသေး၏။ ယုံကြည်နိုင်ရန် အလွန်ခက်ခဲလှချေ၏။

“ဂိုဏ်းချုပ်ကျွင်း”

ကဲ့ကျင်းနန်သည်လည်း မည်သို့မှ မနေနိုင်တော့ဘဲ လှမ်းကာ အော်ဟစ်လိုက်သည်။ “သောက်ရမ်းကြမ်းတယ်။”

သူမ၏ စကားသည် သိုင်းကျင့်ကြံသူများ၏ နားထဲသို့ တိုးဝင်သွားခဲ့တော့၏။ ဤစကားလုံးသည် ရိုင်းစိုင်းလွန်းလှသည် ဆိုသော်လည်း သူတို့အားလုံးသည် မည်သို့မျှ မနေနိုင်တော့ဘဲ တစ်ယောက်ပြီး တစ်ယောက်ထကာ အော်မိလိုက်ကြ၏။

“ဂိုဏ်းချုပ်ကျွင်း …. သောက်ရမ်းကြမ်းတယ်။”

“ဂိုဏ်းချုပ်ကျွင်း …. သောက်ရမ်းကြမ်းတယ်။”

စွမ်းအားမြင့်သိုင်းကျင့်ကြံသူတစ်သန်းကျော်တို့သည် သောက်ရမ်းကြမ်းသည်ဟူသော စကားလုံးကို ပြိုင်တူရေရွတ် လျက်ရှိနေကြသည်။

ဤဖြစ်စဉ်ကြီးတစ်ခုလုံးသည် ကောင်းကင် နှင့် မြေကြီးတစ်ခုလုံးကို တုန်ခါစေခဲ့သည့် အရာပင်ဖြစ်တော့၏။ ကျွင်းချောင်ရှောင်းသည် သူ၏ ကျောရိုးကို ခပ်မတ်မတ်ရပ်ကာဖြင့် အားလုံး၏ ချီးကျူးမှုကို ခံယူလျက်ရှိနေ၏။

ဂျွတ် …။

သူ၏ ခြေထောက်အောက်တွင်ရှိနေသော မဲနက်လျက်ရှိနေသော မြေပြင်ကြီးတစ်ခုလုံးသည် ကွဲအက်လျက်ရှိနေပြီး ပင့်ကူမျှင်များကဲ့သို့ပင် ဆန့်ထွက်နေသည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ၏ ရင်ခွင်ထဲတွင်ရှိနေသော နှင်းဆီဧကရီအား အသာဖယ်ကာဖြင့် အေးစက်စက် အကြည့်ဖြင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။

“ဘာတွေအပြစ်ပေးမှုတွေ ရှိသေးလဲ။ ရှိသမျှ အကုန်ချလိုက်တော့။”

သူ၏ စူးရှလှသောအကြည့်သည် လေဟာနယ်ကို ဖြတ်သန်းပြီးသည့်နောက်မှာတော့ ရွှေရောင်ချပ်ဝတ်နှင့် လူတစ်ယောက်ဆီသို့ ရောက်ရှိနေသလိုပင်။ သူ၏ မျက်လုံးထဲတွင်ရှိနေသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်လျက်ရှိနေသည်။

“ဒီကောင်လေးကို ဆက်ပြီးတော့ အသက်ရှင်လျက်ထားလို့မဖြစ်ဘူး။” ရွှေရောင်ချပ်ဝတ်နှင့်လူသည် တွေးတောလိုက်မိတော့၏။

သူသည် လက်ကို ရမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ ဒုတိယမြောက် မိုးကြိုးအပြစ်ပေးမှုကို စတင်ကာ အသက်သွင်းလိုက်တော့သည်။

ဧကရီလင်းရောင်သည် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်တော့၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို တည်ထောင်ပြီးကတည်းက စည်းမျဉ်းစည်းကမ်းရှိတယ်။ မိုးကြိုးအပြစ်ပေးမှု ကနေ အသက်ရှင်ခဲ့တဲ့ သေမျိုး ကျင့်ကြံသူတွေအကုန်လုံးဟာ တစ်ခါ ထပ်မံ၍ အပြစ်ပေးခံရခြင်းက လွတ်မြောက်နိုင်တယ်။ ဒါကို မေ့သွားပြီလား။”

“…….”

ရွှေရောင်ချပ်ဝတ်နှင့်လူ၏ လက်သည် လေထဲမှာပင် ရပ်တန့်သွား၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်မိသည်။ “ခင်ဗျားသာ မပြောရင် ကျုပ် မေ့တော့မလို့ပဲ။”

ဧကရီလင်းရောင်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိသည်။ “မိုးကြိုးအပြစ်ပေးမှုက ဒီကောင်လေးကို ဘာမှ မလုပ်နိုင်ဘူးဆိုမှတော့ ပြုလုပ်ခဲ့တဲ့ အပြစ်ဒဏ်တွေအကုန်လုံးက ပျောက်ကွယ်သွားပြီလေ။ ဒီတော့ ရှင်ပြန်ပြီးတော့ နယ်မြေသခင်ကို သတင်းပို့လိုက်တော့။”

“ကောင်းပြီ။”

ရွှေရောင်ချပ်ဝတ်နှင့်လူသည် ဆင်ရထားအား အသာလှည့်ကာဖြင့် ပျံသန်းထွက်ခွာသွား၏။ သို့ပေမဲ့ သူသည် မထွက်ခွာခင်မှာ ပြောလိုက်၏။ “ဧကရီလင်းရောင် …. နယ်မြေသခင်က ခင်ဗျားကို အမြဲတမ်း စောင့်ကြည့်နေတယ်နော်။ ဒီတော့ ကြောင်တောင်တောင် အလုပ်တွေမလုပ်ပါနဲ့။”

“နယ်မြေသခင်က ကျွန်မတစ်ယောက်ထဲကိုပဲ စောင့်ကြည့်နေပြီး ရှင့်ကိုတော့ စောင့်မကြည့်ဘူးလို့ တွေးနေတာလား။”

တိမ်များဖုံးလွှမ်းလျက်ရှိနေကြောင်း ဤအမျိုးသမီး၏ မျက်နှာအသွင်အပြင်ကို မြင်ရရန် အလွန်တရာခက်ခဲနေ၏။

“ဟား ဟား ဟား ဟား”

ရွှေရောင်ချပ်ဝတ်နှင့်လူက ရယ်မောလိုက်သည်။ “ကျုပ်က ဥပဒေကို လိုက်နာတဲ့လူတစ်ယောက်လေ။ နယ်မြေသခင်က ဘာကိစ္စ ကျုပ်ကို သတိထားကြည့်နေရမှာလဲ။”

ပြီးသည့်နောက်မှာ သူ၏ အသံသည် တဖြည်းဖြည်းတိုးသွားခဲ့တော့၏။ “လူတစ်ချို့ ဒါမှမဟုတ်ရင် တစ်ချို့သော လူတစ်စုက နောက်ကွယ်ကနေ တစ်စုံတစ်ခု ပြုလုပ်မယ်ဆိုရင် ဘယ်သူမှ မသိဘူးလို့ ထင်မှတ်နေကြတယ် မဟုတ်လား။ ကဲ ….သွားမယ်။ သွားမယ်။”

ဝှစ်

ဆင်ရထားကြီးသည် အလင်းတန်းကဲ့သို့ ပြောင်းလဲကာဖြင့် တည်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဧကရီလင်းရောင် သည် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက်မှာတော့ ခါးကုန်းကုန်းအဘိုးအိုနှင့်အတူ ထွက်ခွာသွားခဲ့ တော့၏။

…

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများ၏ လွှမ်းခြုံခြင်းကို ခံနေရသော ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများ ပျောက်ကွယ်သွားသည်ကို အာရုံခံလိုက်မိ၏။ ထို့ကြောင့် ခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်မိသည်။ “ခင်ဗျား ဆက်ပြီး ဖက်ထားအုံးမှာလား။”

“မဟုတ်ဘူး။”

နှင်းဆီဧကရီသည် သူမ၏ ရင်ဘတ်ကို အသာဖိကာဖြင့် မျက်လုံးကို မှိတ်ထားမိ၏။ “ခနလောက် ဒီလိုလေးနေချင်လို့။”

“…….”

ကျွင်းချောင်ရှောင်းသည် သူမအား အသာတွန်းဖယ်လိုက်၏။ သူ၏ မျက်နှာသည် မဲမှောင်လျက်ရှိနေသည်။ သူသည် လက်ကို မြှောက်ကာဖြင့် လှံနှင့်နဂါးစိမ်းလခြမ်းဓားမော့ကြီးအား ပြန်လည်ဆင့်ခေါ်လိုက်တော့သည်။

ရုတ်တရက်ဆိုသလိုပဲ သူတို့အား ပိတ်ပင်ထားလျက်ရှိသော စည်းအတားအဆီးကြီးသည် ပျောက်ကွယ်သွားခဲ့၏။

အထက်နယ်မြေ၏ အပြစ်ပေးမှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် အသက်ရှင်လျက်ရှိနေ သေး၏။ ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများ၏ မျက်လုံးအောက်တွင်တော့ သူသည် ခပ်မတ်မတ်ရပ်လျက် ရှိနေနိုင်လေသည်။

All Chapters