အခန်း (၁၁၈၃)
Vol. 80 Ch. 1183
ဂိုဏ်စုဆောင်းမှတ် တစ်သိန်းကို အသုံးပြုပြီး နောက်မှာတော့ ဘွဲ့ထူး ဆိုသည့် အရာကို ဝယ်ယူခဲ့၏။ဝယ်ယူ ပြီးနောက် ကျွင်ချောင်ရှောင်းသည် ဆွံ့အလျက် ရှိ၏။
အဘယ့်ကြောင့် ဆိုသော် သတ်မှတ် ပေးထားသည့် ဘွဲ့ထူး ဆိုသည့် အရာများသည် ကြောင်တောင်တောင် နိုင်လွန်းလှသည်။
"အရှက်မဲ့ လိုက်တာ"
"ဒါပေမဲ့ ဒါကမှ လက်ခံသူနဲ့ လိုက်ဖက်တာလေ" စနစ်က ပြောလိုက်၏။
"တော်စမ်း" ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ချာချာ လည်သွားခဲ့သည်။
ပြီးသည့်နောက် မှာတော့ သူသည် မျက်နှာလှ နဂါးပျံ ဆိုသည့် အရာအား နှိပ်၍ ကြည့်ရှု လိုက်၏။ မိတ်ဆက်သည် မျက်နှာပြင် ပေါ်တွင် ပေါ်လာ ခဲ့၏။
"ဘွဲ့ထူး- မျက်နှာလှ နဂါးပျံ
အကျိုးသက်ရောက်မှု - လှုပ်ရှားမှုကို တိုးမြင့်စေသည်။နှစ်ဆယ် ရာခိုင်နှုန်း သွားလာနိုင်မှု၊ လှုပ်ရှားနိုင်မှု တိုးတက်သည်။
အခြေအနေ-ဝယ်ယူသင့်သည်။
"ဒါ ငါနဲ့ အရမ်းလိုက်ဖက်မှာပဲ"
"ဘာကြောင့်လဲ"
"ဘာ့ကြောင့်လဲ ဆိုတော့ လိုက်ဖက်မှာ မို့လို့ပေါ့"
"ဒီဘွဲ့ထူးက အသုံးပြုသူရဲ့ လုပ်ဆောင်နိုင်မှုကို နှစ်ဆယ်ရာခိုင်နှုန်း တိုးပေးနိုင်တယ်။ ဒါပေမဲ့ သိပ်တော့ အကျိုးသက်ရောက်မှု မရှိဘူး"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် မိတ်ဆက်၏ အောက်ညာဘက်ထောင့်တွင် အထေိုအရာကို နှိပ်၍ ကြည့်ရှု လိုက်ချိန်မှာတော့ နာမည်များ အသီးသီး ပေါ်လာခဲ့၏။ နာမည်များသည် လီချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ စသည်ဖြင့် ဖြစ်သည်။
"နားလည်ပြီ"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ဒီ ဘွဲ့ထူးဆိုတာ တပည့်တွေ အတွက် သုံးရတာပဲ ။ စုရှောင်မိုနဲ့ လီဖေးတို့က အမြန်နှုန်းမှာ ကျော်ကြားတယ်၊ ဒီတော့ မျက်နှာလှ နဂါးပျံက သူတို့နဲ့ လိုက်ဖက်မယ်"
တွေးပြီးနောက် သူသည် စုရှောင်မို ဆိုသည့် နံမည်အား ရွေးချယ်လိုက်သည်။
"ဒင် …. စုရှောင်မိုသည် မျက်နှာလှ နဂါးပျံ ဆိုသည့် ဘွဲ့ထူးအား ရရှိခဲ့၏။”
စမ်းသပ်မှု မျှော်စင်၏ ဒုတိယထပ်တွင် လေ့ကျင့်နေသော စုရှောင်မို မှာတော့ သူ၏ ခေါင်းထဲတွင် မျက်နှာလှ နဂါးပျံ ဆိုသည့် စကားလုံး ပေါ်ပေါက်လာ တော့၏။ ပြီးသည့်နောက် မျက်စိ တစ်မှိတ်အတွင်း ကွယ်ပျောက် သွားခဲ့တော့၏။ သူသတိပြုမိလိုက် သည်မှာ သူ၏ အမြန်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့၏။ သူသည် အံ့အား သင့်စွာ ပြောလိုက်သည်။ "ငါ ဘာတွေဖြစ်နေတာလဲ..."
……..
သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ အတွင်းမှာတော့ ရီရှင်းချန် သည် ဂုဏ်ယူစွာ မတ်တပ်ရပ်နေ၏။ သိုင်းအုပ်စိုးသူ နှင့်နှိုင်းယှဉ်၍ ရသော သားရဲပေါင်း တစ်ထောင်တို့သည် သူအား ဝန်းရံ ထားခဲ့၏။
ဤ တစ်ကြိမ်မှာတော့ သူသည် သာမန် လုပ်ဆောင်နိုင်မှု ပုံစံအား လာရောက် စိန်ခေါ်နေခြင်း ဖြစ်သည်။
"သွေးဆာလောင်မှု ဆိုတာက အသုံးပြုသူရဲ့ တိုက်ခိုက်ရေး အားအင်ကို နှစ်ဆယ် ရာခိုင်နှုန်း တိုးစေတာပဲ။ ဒါက ရီရှင်းချန် နဲ့ အရမ်းကို လိုက်ဖက် မှာပဲ။ သူ့ကို ပေးလိုက်မယ်"
……….
စာကြည့်ခန်း ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် နာမည် တစ်ခုအား ထပ်မံ ရွေးချယ်လိုက်၏။ တောထဲတွင် ရောက်ရှိနေသော ရီရှင်းချန်မှာတော့ သူ၏ ခေါင်းထဲတွင် နာမည် တစ်ခု ပေါ်လာပြီး ပြန်လည် ပျောက်ကွယ် သွားခဲ့၏။ သူ၏ ခွန်အား များသည်လည်း ပို၍ အားကောင်းလာခဲ့၏။
"ထူးဆန်းလိုက်တာ"
အားညိုသည် ကြောင်အသွားခဲ့သည်။ "ငါဘာလို့ အားအင် အဆင့်တွေ တိုးလာ တာလဲ"
ဝေါင်း ဝေါင်း
သိုင်းအုပ်စိုးသူနှင့် နှိုင်းယှဉ်၍ ရသော သားရဲပေါင်း တစ်ထောင်ကျော် တို့သည် ရှေ့သို့ တိုးလာခဲ့ ကျတော့၏။ စိတ်ဝိညာဉ်စွမ်းအင် နှစ်ဆယ် ရာခိုင်နှုန်း တိုးလာပြီးနောက် ရီရှင်းချန်သည် မစဉ်းစား တော့ပဲ ရူးရူးမူးမူး တိုက်ခိုက်တော့၏။
တစ်နာရီခန့် ကြာပြီး သည့်နောက် တည်နေရာ ထဲတွင် ရှိနေသော စိတ်ဝိညာဉ် သားရဲများသည် သေဆုံးကုန် ကြတော့၏။ ရီရှင်းချန်သည် သားရဲများအား နောက်ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ "အမှိုက်တွေ"
……..
ဘုံကိုးဆင့် နယ်မြေအတွင်းမှာတော့ လီချင်းယန်သည် သူ၏ မိုးကြိုးဓားကို ကိုင်ကာလေ့ကျင့်လျက် ရှိ၏။ သူ၏ ခေါင်းအတွင်း မှာတော့ အဓိပ္ပာယ် လမ်းစဉ် ဟူ၍ ပေါ်ပေါက် လာခဲ့၏။
ပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင် နှင့် အမြန်နှုန်းသည် ငါးရာခိုင်နှုန်း တိုးလာခဲ့၏။ ဤ ကဲသို့ ရုတ်တရက် တိုးတက်လာမှုကို ခံစားမိပြီး နောက်မှာတော့ သူသည် ရုတ်တရက် ပြောလိုက်မိသည်။ "ဘာတွေ ဖြစ်ကုန်တာလဲ"
ဘွဲ့ထူးခန်းမဆောင် အတွင်းမှာတော့ များပြားလှသည့် ဘွဲ့ထူးများ တည်ရှိနေ၏။ ဥပမာ အားဖြင့် လုံကျိရန်၏ လှံအစွမ်းကို တိုးမြင့်ပေးနိုင်သော ဘွဲ့ထူးလည်း တည်ရှိနေသည်။
လုံကျိရန်သည် အဘယ့်ကြောင့် လှံအစွမ်းကို အဓိက ထား၍ ကျင့်ကြံရသည် ဆိုသော် လုံဟူသည့် စကားသည် နဂါးဟူသည့် အဓိပ္ပာယ်ရဖြစ်၏။ လှံကို နဂါးလို လေ့ကျင့်ချင်သောကြောင့် ဖြစ်၏။
"ဒင် ….. ရှောင်ကျီသည် အကာအကွယ် ဆရာဟူသော ဘွဲ့ထူးအား ရရှိခဲ့၏။”
"ဒင် ….လုချင်းချင်းသည် အလုံးစုံ ဟူသော ဘွဲ့အား ရရှိခဲ့၏။”
"ဒင်! တင်းရှင်းဝမ်သည် ..."
ဘွဲ့ထူးခန်းမ အတွင်းမှာတော့ များပြားလှသော ဘွဲ့ထူးများ တည်ရှိနေ၏။ ဝင်ရောက်ကြည့်သည့် အခါမှာတော့ အသုံးပြုသူ၏ အစွမ်းကို တိုးမြင့် ပေးနိုင်သော အရာများပင် ဖြစ်နေ၏။
"လက်ခံသူ… မင်း အလုံးစုံ အရှက်မဲ့မှု ဆိုတာကို နှိပ်ကြည့် သင့်တယ်" စနစ်က အကြံပြု လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ခနလောက် စဉ်းစား ပြီးနောက် နှိပ်ကြည့် လိုက်၏။
"ဘွဲ့ထူး- အလုံးစုံ အရှက်မဲ့မှု
အကျိုးသက်ရောက်မှု- အသုံးပြုသူ၏ ကိုယ်အမူအရာနှင့် ချောမောမှုသည် နှစ်ဆယ် ရာခိုင်နှုန်း တိုးတက်သွားမည်။
အခြေအနေ- လုံလောက်သည့် အရှက်မဲ့မှု ရှိမှ ဖြစ်ပေလိမ့်မည်။"
စနစ်သည် ရှင်းပြ လိုက်၏။ "လုံလောက်တဲ့ အရှက်မဲ့မှုက ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးမှာ မင်းတစ်ယောက်တည်းပဲ ရှိတယ် ။ ဒီတော့ ဘွဲ့ထူးက မင်းတစ်ယောက်တည်း နဲ့ပဲ သင့်တော်တယ်။ တစ်ကယ်ကို မင်းအတွက် သီးသန့်ပြုလုပ်ထားတဲ့အရာ တစ်ခုလိုပဲ"
"ငါက အရမ်း အရှက်မဲ့တာလား"
“တော်ရုံအရှက်မဲ့ရုံ မကဘူး။ ပက်ပက်စက်စက်ကို အရှက်မဲ့တာ"
"တော်စမ်း၊ တော်စမ်း"
ကျွင်းချောင်ရှောင်းသည် ခနလောက် အော်ဟစ်ပြီးနောက် ဇဝေဇဝါဖြင့် ပြောလိုက်၏။ "ဘယ်လို လုပ်ပြီးတော့ အရှက်မှုက ချောမောမှုနဲ့ ကိုယ်အမှုအရာကို တိုးလာစေတာလဲ"
"ငါက ဘယ်လိုလုပ် သိမှာလဲ"
စနစ်က ပြောလိုက်၏။ "စမ်းကြည့် လိုက်ပါလား ။ ဘာပဲပြောပြော မင်းနဖူးမှာ ပေါ်လာမှာမှ မဟုတ်တာ"
"ဒါတော့ ဟုတ်တယ်"
"ဒင် …. လက်ခံသူသည် အဆုံးမဲ့ အရှက်မဲ့မှု ဟူသော ဘွဲ့ထူးကို ရရှိခဲ့၏။
အချက်ပေးသံ ကြားပြီးနောက် သူ၏ လက်တွင် အဆုံးမဲ့ အရှက်မဲ့မှု ဟူသော စာသား ပေါ်လာခဲ့၏။ ပြီးနောက် လက်ကောက်ဝတ်၊ ခါးနှင့် သူ၏ နဖူးတို့တွင် အဆုံးမဲ့ အရှက်မဲ့မှုဟုသော စာသား ပေါ်ပေါက်လာခဲ့တော့သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများသည် ဘွဲ့ထူးကို လက်ခံ ရရှိချိန်တွင် သူတို့၏ စိတ်အတွင်း၌သာ ပေါ်ပေါက်လာပြီး ပြန်ပျောက် သွားခဲ့ကြ၏။
ကျွင်းချောင်ရှောင်းမှာတော့ တစ်မူထူးစွာဖြင့် သူ၏ တစ်ကိုယ်လုံးတွင် အဆုံးမဲ့ အရှက်မဲ့မှု ဟူသော စာသား ပေါ်ပေါက် လာခဲ့သည်။
"ချီးတဲ့မှ …."
ကျွင်းချောင်ရှောင်းသည် မနေနိုင်ပဲ ပြောလိုက်မိ၏။ "မင်းက တကယ်ကို ဒုက္ခပေးတာပဲ"
"ဟားဟားဟား" စနစ်သည် မနေနိုင်တော့ဘဲ ရယ်လိုက်မိ၏။
ကျွင်းချောင်ရှောင်သည် ဘွဲ့ထူးကို ဖျက်သိမ်းရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ သူ၏ လက်နှင့် ခန္တာကိုယ်ပေါ်တွင် ရှိနေသော စာသားများသည် ပျောက်ကွယ် သွားခဲ့ပြီး သူ၏ ချောမောမှုသည်လည်း ပို၍ တိုးတက်လာခဲ့၏။
ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်ပြီးနောက် သူသည် အမြဲတမ်း ပြောင်တိပြောင်စပ်သာ နေပြီး အမြဲတမ်း ဂနာမငြိမ်သည့် ကလေးဆိုးလေး တစ်ယောက်လို ဖြစ်ခဲ့၏။ နောက်ပိုင်း လေးလေးနက်နက်နှင့် နေထိုင်ခဲ့သော်လည်း သူ၏ မျက်နှာပေါ်တွင် ကလေးစိတ် မပျောက်သေးသည့် အမူအရာမှာ တည်ရှိနေသေးသည်။
အဆုံးမဲ့ အရှက်မဲ့မှု ဟူသော ဘွဲ့ထူးကို ရရှိပြီးနောက် ထိုအရာ အားလုံးသည် ပျောက်ကွယ် သွားပြီး ခန့်ညား၍ လေးစားဖွယ် ကောင်းသော အသွင်အပြင်သည် ပေါ်ပေါက်လာခဲ့တော့၏။ နှစ်ဆယ်ရာခိုင်နှုန်း တိုးတက်မှု ဆိုသည်မှာ ဟာသ တစ်ခု မဟုတ်ချေ။
"ချီးတဲ့မှ"
မှန်ရှေ့တွင် ရပ်လျက် သူ၏ ပြောင်းလဲသွားသော မျက်နှာကို ကြည့်ရှု၍ ပြောလိုက်၏။ "ဒါက တကယ်ကြီး ဟုတ်နေတာပဲ
"ဟား ဟား ဟား … ငါ ရယ်ချင်တယ်” စနစ်သည် အရွှန်းဖောက်လျက်ရှိသည်။
“မဖြစ်ဘူး မဖြစ်ဘူး ။ ဒီဘွဲ့ထူးက ငါနဲ့ မလိုက်ဘူး။ ဒါကို ပြန်ဖယ်မှ ဖြစ်မယ်"
သူသည် ဘွဲ့ထူး ခန်းမဆောင်ကို ဖွင့်ပြီး နာမည်များကို အသာ နှိပ်ကြည့်လိုက်၏။ ပြီးသည့်နောက် ဘွဲ့ထူးများကို ပြောင်းလဲရန်မှာ အချိန် တစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ပြီး ပြောင်းလဲမည် ဆိုပါက ထပ်တိုး ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း ကျသင့်မည် ဖြစ်ကြောင်း မြင်လိုက်ရတော့၏
ဘုတ် ….
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ပင် လဲကျ သွားခဲ့၏။ သောက်ကျိုနည်းလေစွ။
ဘာပဲဖြစ်ဖြစ် လီချင်းယန်၊ရှောင်ကျီနှင့် အခြားသူများ အားလုံးသည် ဘွဲ့ထူးများ ရရှိပြီးနောက် အတိုင်းအတာ တစ်ခုအထိ တိုးတက် သွားခဲ့သည်။ ထို့ကြောင့် ဂိုဏ်း၏ စွမ်းရည်မှာလည်း တိုးတက်သွားခဲ့သည်ဟု ဆိုရပေမည်။ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းသည် အလကား မဟုတ်ခဲ့ချေ။
“ဟင်း……..”
စာကြည့်ခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်သည် ထိုင်၍ အတွေးနက်စွာဖြင့် မျက်မှောင် ကုတ်လျက် ရှိ၏။ သူ၏ တပည့်များသည် စွမ်းအင်များ တိုးတက်သွားခဲ့၏။ သူမှာတော့ မျက်နှာတစ်ခုသာ ပြောင်းလဲသွားခဲ့၏၊ သောက်ကျိုးနည်းလှချေသည်။
"လက်ခံသူ … မမေ့နဲ့အုံး"
စနစ်က သတိပေးလိုက်၏။ "နတ်ဘုရား အဆင့်ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်တွေ အများကြီး ကျန်သေးတယ်"
"အင်း ဟုတ်တယ်"
သတိပေးမှုကို ကြားပြီးနောက် ကျွင်းချောင်ရှောင်းသည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်များကို မည်ကဲ့သို့ မျှပေးရမည်ကို စတင်ကာ စဉ်းစားတော့သည်။
"ငါ စုရှောင်မို၊ ရှောင်ကျီနဲ့ ရီရှင်းချန် တို့ကို ပေးရမယ်"
သူ၏ တတိယ တပည့်သည် အခြားနိုင်ငံသို့ သွား၍ သူလျို ပြုလုပ် ပေးပြီး ကျင့်ကြံခြင်းအရာ၌ နှောင့်နှေးခဲ့ရ၏။ ထို့ကြောင့် အခြားသူများအား အမီလိုက်နိုင်ရန် ထောက်ပံ့ပေးမှ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူသည် စုရှောင်မိုအား ပင်ကိုယ် စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို ပေးလိုက်၏။ ရှောင်ကျီနှင့် ရီရှင်းချန်တို့မှာတော့ တစ်ယောက်သည် ကာကွယ်သူ ဖြစ်ပြီး နောက်တစ်ယောက်မှာ တိုက်ခိုက်သူ ဖြစ်၏။
သူတို့နှစ်ယောက် အဆင့် မြင့်မား လာခြင်းသည် ဂိုဏ်း၏ ကောင်းချီးပင် ဖြစ်၏။ တစ်ရက်တည်းမှာပဲ သူသည် ကျန်နှစ်ယောက်အား ခေါ်ယူ၍ ပေးလိုက်သည်။
"ကျေးဇူးပါ … ဂိုဏ်းချုပ်"
စုရှောင်မိုနှင့် ရှောင်ကျီသည် သူ့အား ကျေးဇူးတင် စကား ဆိုခဲ့၏။
ရီရှင်းချန်မှာတော့ ဆေးရည်ကို ရရှိပြီးနောက် သူ၏ အိမ်ဆောင်ဆီသို့ အမြန် ပြေးတော့၏။ ပြီးနောက် တံခါးကို ပိတ်ကာ အသက်ကို ပြင်းပြင်းရှု လိုက်သည်။
သူသည် များပြားလှသော ဆေးရည်များကို သောက်သုံးခဲ့ဖူးသည် ဖြစ်၏။ ထို့ကြောင့် အကျိုးသက်ရောက်မှု ကိုလည်း ကောင်းကောင်း သိ၏။ ဂိုဏ်းချုပ်ပေးသော ဆေးရည်ကို သောက်သုံးရန် ညအင်ပါယာသည် လက်တစ်ခုလုံး တုန်ယင်လျက် ရှိ၏။
ယခင်ဘဝ တုန်းကလည်း သူသည် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် အမြစ်ကို ပိုင်ဆိုင်ခဲ့ ဖူး၏။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ဤမျှ စိတ်လှုပ်ရှား နေရသနည်း။
အဘယ့်ကြောင့် ဆိုသော် သူသည် ပြန်လည်မွေးဖွား လာပြီးနောက် စိတ်ဝိညာဉ်ကို နတ်ဘုရား အဆင့် စိတ်ဝိညာဉ်အမြစ်သို့ ရောက်ရှိရန် နှစ်ပေါင်း တစ်ရာခန့် ကြာမည်ဟု တွေးထားခဲ့၏။ ထိုသို့ ဆိုလျှင်တောင် ထိုက်ရွှမ် ကျမ်းစာကို အားကိုးရန် လိုအပ်သေး၏။
ပြိုင်စံရှား ဂိုဏ်းသို့ ရောက်ပြီး နှစ်အနည်းအငယ် ကြာချိန်မှာပဲ နတ်ဘုရား အဆင့် စိတ်ဝိညာဉ် အမြစ်ကို ရရှိခဲ့၏။ ဤ အမြန်နှုန်းသည် သူတွေးထားတာ ထက်ပင် မြန်ဆန် နေခဲ့သည်။
နတ်ဘုရားအဆင့် စိတ်ဝိညာဉ် အမြစ်ကို ပိုင်ဆိုင်ပြီးနောက် လောကရှိ ဓာတ်သဘာဝများကို နားလည်နိုင်မှုနှုန်း တိုးတက်လာခဲ့၏။ ထို့ကြောင့် သိုင်းအင်ပါယာသို့ရောက်ရှိရန်နှင့် လေဟာနယ်ကို ချိုးဖောက်ပြီး အထက်နယ်မြေသို့ တက်လှမ်းရန်မှာ ဤအရာသည် အခြေခံပင် ဖြစ်ပေလိမ့်မည်။
ဂွပ် …..။
ရီရှင်းချန်သည် ပုလင်းကို ဖွင့်ပြီး တစ်ခါတည်း သောက်လိုက်၏။ သူ၏ စိတ်ဝိညာဉ် အမြစ်သည် နတ်ဘုရား အဆင့်သို့ ထိုးတက်သွားခဲ့၏။
ရီရှင်းချန်သည် ပြတင်းပေါက်ကို ဖွင့်ပြီး ကောင်းကင်ကြီးဆီသို့ မော့ကြည့်ကာ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ကြုံးဝါးလိုက်သည်။ "လင်းရောင် ….. မင်းရဲ့ နေ့ကောင်းနေ့မြတ်တွေက မကြာခင် ပြီးဆုံးတော့မယ်"