← Chapters

အခန်း (၁၁၈၄)

Vol. 80 Ch. 1184

အခန်း (၁၁၈၄)

Vol. 80 Ch. 1184

စုရှောင်မိုနှင့် ရှောင်ကျီတို့သည် ပင်ကိုယ် စွမ်းရည် ပြောင်းလဲခြင်းဆေးရည်ကို သောက်သုံးပြီးနောက် ၎င်းတို့၏ အဆင့်သည် သိုင်းအုပ်စိုးသူအဆင့်သို့ ရောက်ရှိ သွားခဲ့၏။

ပြောရမည် ဆိုလျှင် ပြိုင်စံရှား ဂိုဏ်းတွင် နတ်ဘုရား အဆင့် စိတ်ဝိညာဉ် အမြစ် ပိုင်ဆိုင်သည့်လူ ငါးဦး အထိ ရှိလာပြီ ဖြစ်သည်။

"နတ်ဘုရား အဆင့် အစီအရင် ပင်ကိုယ် စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် တစ်ပုလင်း ရှိသေးတာပဲ"

ကျွင်းချောင်ရှောင်းသည် ခဏလာက် စဉ်းစားပြီး နောက်မှာတော့ အကြီးအကဲကျန်းအား ပေးရန် ဆုံးဖြတ် လိုက်တော့၏။

သူသည် အစီအရင်အပေါ် နားလည်မှုနှုန်းနှင့် စီရင်နိုင်မှုနှုန်းမှာ တိုးတက်နှင့်ပြီးဖြစ်သည်။ ဆေးရည်ကို သောက်၍လည်း ထပ်မံ၍ မတိုးနိုင်တော့ချေ။ ထို့ကြောင့် အကြီးအကဲကျန်းကို ပေးလိုက်သည်မှာ အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။

"မင်း အဆင်ပြေမယ်ဆိုရင် ကျိုးဟုန်ကို နတ်ဘုရားအဆင့် ဓားပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို ပေးလို့ ရသေးတယ်” စနစ်က သတိပေးလိုက်၏။

"အဲတာ မဖြစ်ဘူး"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ဘာလို့လဲ ဆိုတော့ အဲတာကို ငါသုံးရအုံးမယ်"

သူ၏ ဓားတာအိုသည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသာ ဓားပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် မသောက်ခဲ့လျှင် ဤအဆင့်၌ တစ်နေလိမ့်မည်။ ထို့ကြောင့် သူသည် ချက်ချင်းပဲ ထုတ်ယူ၍ သောက်လိုက်၏။

"ပြီးတော့ လင်းယွမ် ခန်းမဆောင်ရဲ့ နတ်ဘုရား အဆင့် လက်နက်သန့်စင်ခြင်း ကျောက်တုံး"

ကျွင်းချောင်ရှောင်းသည် လက်ကို ခါရမ်းလိုက်ပြီး စိတ်ဝိညာဉ် ကျောက်တုံးနှင့် တူညီသော ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်၏။ နတ်ဘုရားအဆင့် လက်နက် သန့်စင်ခြင်းကျောက်တုံးကို တွေ့ပြီးသည့် နောက်မှာတော့ ပထမဆုံး သူ၏ စေနစ်က ပြောလိုက်သည်။ "ဒီကျောက်တုံးက လင်းယွမ် ခန်းမဆောင်က တပည့်တွေရဲ့ လက်နက်တွေကိုပဲ သန့်စင်ပေး နိုင်တယ် ထင်တယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဥပမာ လီချင်းယန်ရဲ့ မိုးကြိုးဓားလက်နက်နဲ့ ရှောင်ကျီရဲ့ တိမ်လှေတို့ လိုလား"

"အင်း …. ဖြစ်နိုင်တယ်" စနစ်က ပြောလိုက်သည်။

"ဒါဆို စမ်းကြည့်ရအောင်"

ကျွင်းချောင်ရှောင်းသည် တပည့် သုံးဦးကို ခေါ်ပြီး နတ်ဘုရား လက်နက်များကို ပြန်သိမ်းလိုက်၏။ သို့သော် သန့်စင်သည့် ကျောက်တုံးနှင့် ထိကပ်သည့် အခါ မည်သို့မျှ ပြောင်းလဲမှုကို မတွေ့ရချေ။

စနစ်သည် ပြောလိုက်၏။ "လက်ခံသူက စည်းဓားမော့ကြီးကို အဆင့်မြင့်သလို လုပ်နေတာကို ၊ ဒီဟာက ကျွမ်းကျင်သူနဲ့ သေချာ ပြကြည့်မှ ရမယ်ထင်တယ် ၊ဥပမာ အကြီးအကဲဖန်းလို လူမျိုးပေါ့..."

ပန်းပဲခန်းမထဲ မှာတော့ ဖန်းရီကျိသည် လက်နက် သန့်စင်ခြင်း ကျောက်တုံးကို သေချာ ကြည့်ရှု နေ၏။ သူသည် သေချာ လေ့လာပြီးသည့်နောက်မှာတော့ စိတ်လှုပ်ရှားစွာ ထအော်လိုက်မိသည်။ "ဒါက နတ်ဘုရား အဆင့် ကျောက်တုံးပဲ"

"ဒါဆို ဒီလက်နက် တွေကို အဆင့်မြင့် ပေးနိုင်မလား" ကျွင်းချောင်ရှောင်းသည် မေးလိုက်သည်။

ဖန်းရီကျိသည် ခနလောက် တိတ်ဆိတ်ပြီး နောက်မှာတော့ ပြောလိုက်၏။ "ပြဿနာ မရှိဘူး"

သူသည် ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိပြီး နောက်မှာတော့ လက်နက်များအား ဝိညာဉ် ထည့်သွင်းခြင်း အလုပ်ကို ပြုလုပ်ခဲ့၏။ ထို့ကြောင့် လက်နက် တော်တော်များများကို အတွေ့အကြုံယူပြီး ဖြစ်နေသည်။ ထို့ကြောင့် အဆင့်မြင့် လက်နက်သန့်စင်ခြင်းကို သူစမ်းကြည့်ချင်မိသည်။

ကျွင်းချောင်ရှောင်းသည် ဖန်းရီကျိအား အလုံးစုံ လွှဲခဲ့ပြီးနောက် စာကြည့်တိုက် ဆီသို့ ပြန်လာခဲ့တော့၏။ သူသည် ဝယ်ယူနိုင်မည့် ပစ္စည်းများကို ကြည့်ရှု လိုက်သည့် အခါမှာတော့ နံပါတ်ငါးတွင် သက်တန့်ရောင်စဉ် ကျမ်းအား တွေ့လိုက်ရ၏။

ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ "ငါ ဒါကို ဝယ်လိုက်ရင် ကံဆိုးတဲ့သူ တစ်ယောက် ပေါ်လာအုံးမှာပေါ့"

သူသည် ဤ အကျွင်းအကျန်ကျမ်းကို ဝယ်လိုက်သည်နှင့် အခြား နေရာတွင် ကံဆိုးသူ နောက်တစ်ယောက် ပေါ်လာမည် ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် စနစ်သည် ထိုသူဆီမှ သွားခိုးမှာ ဖြစ်သောကြောင့်ပင်။

ကျွင်းချောင်ရှောင်းသည် ငွေညစ်ခြင်း အလုပ်ကို ပြုလုပ်နေသော်လည်း အခြားသူ၏ ပစ္စည်းကို ခိုးယူသည်မှာတော့ အနည်းငယ် မသက်မသာ ဖြစ်မိ၏။

စနစ်က ပြောလိုက်သည်။ "နတ်ဘုရားအဆင့်၊ မြေအဆင့် သိုင်းကျမ်းတွေက ရေစက်တွေ ပါတဲ့ လူတွေပဲ ရတာလေ၊ ဘယ်က ရတယ်ဆိုတာကို ဘယ်သူက စိတ်ဝင်စားလို့လဲ။ လက်ထဲရောက်ဖို့ အဓိက မဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် မျက်လုံးများပင် ချာချာလည် သွားခဲ့၏။

"လက်ခံသူက ဂိုဏ်းစုဆောင်းမှတ်တွေကို သုံးပြီး ဝယ်ရတာ အကျင့် ပါနေပြီ မဟုတ်လား။ ဝယ်သာ ဝယ်လိုက်ပါတော့" စနစ်က ထပ်မံ တိုက်တွန်းလိုက်သည်။

"သူတော်စင် သက်တန့်ရောင်က ဒါတွေကို ဖန်တီး ခဲ့တာလေ။ ပြောရရင် သူတို့လည်း အခြားနေရာကနေ ရခဲ့တာ ပဲ"

"ဒါဆိုလည်း ဝယ်မယ်ကွာ"

အရည်အသွေး ပြည့်မီလှသည့် အရောင်းသမား စနစ်၏ ကောင်းမွန်သည့် မြူစွယ်မှု အောက်မှာတော့ သူသည် ကျဆုံးသွားခဲ့ရ၏။ ထို့ကြောင့် ချက်ချင်းပင် ဝယ်ယူလိုက်တော့သည်။

"ဒင် …. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းအား အသုံးပြုခဲ့၏။

"ဒင် …. သက်တန့်ရောင်စဉ်ကျမ်း အစိတ်အပိုင်းငါးသည် ကြယ်ကောင်းကင် ခံတပ်ထဲတွင် စည်းခံခြင်း ခံထားရ၏။ သိုလှောင်လက်စွပ် အတွင်း ရွှေ့ပြောင်း၍ မရနိုင်ပါ ။ ဝယ်ယူမှု ကျဆုံးသည်။

"ဒင် … ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀ / ၇၀၀၀၀၀"

ကျွင်းချောင်ရှောင်းသည် တုန်ယင်သွားခဲ့၏။ သူသည် စနစ်ဆီမှ မရေမတွက် နိုင်သော ပစ္စည်းများအား ဝယ်ယူ ခဲ့၏။ သို့ပေမဲ့ ဝယ်ယူမှု ကျဆုံးခြင်းကို ပထမဆုံး မြင်ရခြင်းပသ်။

"ချီးတဲ့မှ"

သူသည် ဒေါသတကြီး ပြောလိုက်၏။ "ဝယ်ယူမှု ကျဆုံးတယ်ဆိုရင် ဘာလို့ ငါ့ဆီက ဂိုဏ်းစုဆောင်းမှတ်တွေကို ဖြတ်သွားရတာလဲ"

စနစ်က ပြောလိုက်၏။ "လက်ခံသူ အနေနဲ့ ဝယ်ယူမယ် ဆိုရင် ငွေကို အရင်ပေးရမယ်လေ ။ တစ်ခုခုဖြစ်ရင်တော့ ပြန်မရတော့ဘူးပေါ့။ ဒါက ရောင်းချသူရဲ့ အပြစ်မဟုတ်ဘူးလေ။ ရန်သူမျိုးငါပါးဘေး ဆိုတာ ပေါ့သေးသေးမှ မဟုတ်တာ"

"အမြတ်ကြီး စားတာ၊ ဒါက တစ်ကယ်ကို အမြတ်ကြီး စားတာပဲ"

စနစ်သည် နှစ်သိမ့်လိုက်သည်။ "စည်းခတ်ထားတဲ့ နေရာကို ပြောထားပြီးကြီလေ၊ ဒီတော့ လက်ခံသူ အနေနဲ့ သွားပြီး ရှာလို့ရတယ်"

ဤ စကားလုံးသည် ကုန်းရှန့်အား ပို၍ပင် စိတ်ဓာတ် ကျစေ၏။ စနစ်ပင်လျှင် ယူ၍ မရအောင် စည်းခတ်ထားသော ပစ္စည်းကို သူ့အား သွား၍ ခိုးခိုင်းနေသည်ပင် မဟုတ်ပါလား။

"နေအုံး ….. ကြယ်ကောင်းကင် ခံတပ် ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် မေးလိုက်၏။ သူသည် ချက်ချင်းပဲ စိတ်တည်ငြိမ်သွားခဲ့၏။ "ဒါက ဟို ခေါင်းတုံးနဲ့လူ ပြောတဲ့ နေရာမဟုတ်လား..."

……….

အဆုံးမဲ့ စကြဝဠာကြီး ထဲတွင် နက်မှောင်နေသော တည်နေရာကြီး တစ်ခုသည် လွင့်မျောလျက် ရှိ၏။ ထိုအထဲသို့ ဝင်ရောက်သွားပါက ရဲတိုက်ပုံစံ အဆောက်အအုံးတစ်ခု တည်ရှိနေကြောင်း မြင်ရမှာ ဖြစ်သည်။

ထိုအဆောက်အအုံသည် အလွန် အားကောင်းလှသော အော်ရာများ ထုတ်လွှတ်နေသောကြောင့် ငရဲခန်း နှင့်ပင် ဆင်တူနေ၏။ ဤအရာသည် ကြယ်ကောင်းကင် ခံတပ်ပင် ဖြစ်၏။

ကျွင်းချောင်ရှောင်း တစ်ယောက် စနစ်ဆီမှ ဝယ်ယူလိုက်ချိန်တွင် ခံတပ်အတွင်းရှိ သက်တန့်ရောင်စဉ် ကျမ်းမှာ တုန်ခါသွားခဲ့ပြီး ပျောက်ကွယ်သွားတော့မည့်ပုံစံ ဖြစ်လာခဲ့၏။ထိုအချိန်တွင် လျှင်မြန်လှသော အရိပ်တစ်ခု ပျံသန်းသွားပြီး လက်စည်း သင်္ကေတများအား ထုတ်ဖော်လိုက်သည်။

ကောင်းကင်တွင် အလွန် အားကောင်းလှသော စွမ်းအင်များ ဖြစ်တည်လာပြီး သက်တန့် ရောင်စဉ် ကျမ်းအား ဖိနှိပ်တော့၏။ သက်တန့် ရောင်စဉ် ကျမ်းသည် တုန်ခါနေရာမှ ရပ်သွားခဲ့၏။

အရာအားလုံး မှာလည်း ပုံမှန် ဖြစ်သွားခဲ့သည်။ဘေးတွင်တော့ ရိုးရှင်းလှသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသော လူသည် ပြောလိုက်သည်။ "တစ်စုံတစ်ဦးက တည်နေရာ စွမ်းအင်ကို သုံးပြီးတော့ ငါဖန်တီးထားတဲ့ စည်းကိုးခု အစီအရင်ထဲက အရာကို ခိုးယူချင်နေတာပဲ"

ထိုအချိန်တွင် အတားအဆီးအစီအရင် နောက်တစ်ခုသည် ပေါ်လာခဲ့၏။ ထိုအပေါ်မှာတော့ ရှုပ်ထွေးလှသည့် သင်္ကေတများ ပေါ်ပေါက်လာ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် အဆင့်မြင့် အစီအရင်မှန်း သိသာ၏။

ကျွင်းချောင်ရှောင်းသည် စနစ်ဆီမှ သက်တန့် ရောင်စဉ် ကျမ်းကို ဝယ်လိုက်သည့် အခါတိုင်း ဟယ်ဝူတီ ၊နှင်းဆီဧကရီနှင့် သြူ့ဆီသို့ ရောက်ရှိလာခဲ့၏။ ဤ တစ်ကြိမ်မှာတော့ တားဆီးခြင်းကို ခံခဲ့ရသည်။

ခိုးယူသည်မှာလည်း အချိန်အခါကြည့်ဖို့ လိုအပ်သည်။ ဟဲဝူတီသည် ကျွမ်ကျင်သူများ လိုက်တိုက်ခိုက် နေသောကြောင့် လွှတ်ပစ်ရန် ကြံစည် ခဲ့၏။ ထို့အချိန်၌ ခိုးယူခံခဲ့ရ၏။

ဖြူမဲ ညီနောင်မှာတော့ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်ပြီး ဘေးတွင် ချထားခဲ့၏။ ထို့ကြောင့် ခိုးယူ ခံခဲ့ရသည်။

နှင်းဆီဧကရီမှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သိမ်းဆည်းထားသောကြောင့် အလွန်လုံခြုံသည် ထင်ထားခဲ့၏။ ထို့ကြောင့် ခိုးယူခံခဲ့ရ၏။

သို့သော် ဤှတစ်ကြိမ်တွင် ခိုးယူရာ၌ ပစ္စည်းအား စည်းခတ်ထားသော အစီအရင်နှင့် ကြုံခဲ့ရပြီး အစီအရင် ပိုင်ရှင်ကလည်း သတိပြုမိသွားသောကြောင့် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထို့ကြောင့် စနစ်သည် ခိုးယူနိုင်သည် ဆိုလျှင် တောင်မှ ပိုင်ရှင်မသိသည့် အခါမျိုးတွင်သာ ဖြစ်ပေလိမ့်မည်။

ရွှီ … ရွှီ …..

အစီအရင် အပေါ်မှာတော့ အစင်းကြောင်းများ ဖြစ်ပေါ်လာပြီး ပို၍ အားကောင်းလာခဲ့တော့၏။ မျက်နှာဖုံးနှင့် လူသည် သူ၏ အလုပ်ကို ပြီးပြတ်အောင် လုပ်ပြီး အဓိကဟောခန်း ဆီသို့ ပြန်လာခဲ့၏။

ထိုအချိန်တွင် ချပ်ဝတ်တန်ဆာ အပြည့် ဝတ်ဆင်ထားသော လူတစ်ယောက်သည် ပြေးလာသည်။

"သခင် … ဒုတိယတန်စားဧည့်သည် လူဆိုးကြီး ငါးဦးရဲ့ သတင်းကို ရရှိခဲ့တယ်။ သုံးယောက်က သေဆုံးပြီး နှစ်ယောက်က ပျောက်နေတယ်"

"ဟမ်" မျက်နှာဖုံးနှင့် လူသည် အံ့အားသင့် သွား၏

ချပ်ဝတ်တန်ဆာနှင့် လူက ထပ်မံကာ ပြောလိုက်သည်။ "ကျုပ်တို့ရဲ့ စုံစမ်းမှု အရ သူတို့ ပျောက်သွားတာ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ အပြင်ဘက်နားမှာပါ"

"ဒါဆို လူလွှတ်ပြီး စုံစမ်း ခိုင်းလိုက်လေ"

“ကောင်းပါပြီ"

All Chapters