အခန်း (၁၁၈၆)
Vol. 80 Ch. 1186
လဝက်ခန့်ကြာပြီးသည့်နောက်မှာတော့ အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေ၏ အချိန်ကာလသည် ကုန်ဆုံး သွားခဲ့ပြီ ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်းမရှိဘဲနှင့် ထိုအထဲသို့ လျှောက်ဝင်သွားခဲ့တော့၏။
စည်းဖွင့်ခြင်းအဆောင်နှင့် လောကအဆောင်ကို ပြိုင်တူအသုံးပြုရသောကြောင့် ဖြစ်ပေါ်ခဲ့သော ဘေးထွက်ဆိုးကျိုး များသည် အချိန်အတော်ကြာမြင့်၏။ ထို့ကြောင့် သူသည် အထဲတွင် နေထိုင်ရင်း ထိုက်ကျွင်းဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို ပြန်လည်ကာ အာရုံစိုက်လေ့ကျင့်လျက်ရှိနေသည်။
ဤကဲ့သို့သော ဝိညာဉ်ကျင့်ကြံခြင်းနည်းစနစ်သည် အသိအမြင်အဆောင်ပေါ်တွင် မူတည်နေသောအရာမျိုးဖြစ်၏။ သို့ပေမဲ့ ထိပ်ဆုံးအဆင့်ထိ နားလည်ဖို့ဆိုလျှင်တော့ အချိန်အတော်ကြာ လိုအပ်နေပေသေး၏။
ဂိုဏ်းချုပ်သည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကာ အားမွေးလျက်ရှိနေသလို တပည့်များ သည်လည်း ပြင်းပြင်း ထန်ထန် ကြိုးစားလျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲဆီမှ ရရှိခဲ့သော အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ယွမ်သခင်လေးဆီသို့ ဖြန့်ဝေပေးခဲ့၏။ ထို့ကြောင့် ဂိုဏ်း၏ ကျင့်ကြံခြင်းအရင်းအမြစ်များသည် လုံလောက်သည် ထက်ပင် ပိုလျက်ရှိနေတော့၏။
ပြိုင်စံရှားဂိုဏ်း တပည့်များသည် တစ်ခြားသော ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများထက် ပိုမို၍ ကံကောင်းသည်ဟု ဆိုရမည်။ ထို့အပြင် ၎င်းတို့သည် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေရသည် မဟုတ်ပေ။ အဆင့်မြင့်သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနေရ၏။ ထို့ကြောင့် အမြန်ဆန်ဆုံးသော နှုန်းထားဖြင့် အဆင့်တက်လျက်ရှိနေကြသည်။
ဤနေရာတွင် ပြဿနာတစ်ခုရှိနေသည်မှာ မည်သည့်အချိန်တွင် ဒုတိယအဆင့် ဂိုဏ်းတစ်ခုဖြစ်လာမည်နည်း။ တကယ်တမ်းမှာတော့ ၎င်းတို့၏ မြန်ဆန်လှသည့် ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဒုတိယအဆင့်ဂိုဏ်းတစ်ခုအခြေအနေမျိုး သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ပေမဲ့ အသိအမှတ်ပြုမှုကို ရယူရန်တော့ လိုအပ်နေသေး၏။
အကြီးအကဲကျန်းနှင့် အကြီးအကဲကျိုးတို့ဆိုလျှင် ပြိုင်စံရှားဂိုဏ်းမှ အသိအမှတ်ပြုရန် ခေါ်ဆိုမည်ကိုပင် စိတ်မရှည်စွာ စောင့်မျှော်လျက်ရှိနေ၏။ ယခင်အချိန်ကဆိုလျှင် ယခုကဲ့သို့ အချိန်ကာလရောက်ပြီဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ဂိုဏ်းအသိအမှတ်ပြုမှုကို ပြုလုပ်ပေးရန် ခေါ်ဆိုလေ့ရှိနေကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဘာသတင်းမှ မကြားရချေ။ ထို့ကြောင့် ၎င်းတို့အားလုံးသည် နေမထိထိုင်မသာပင် ဖြစ်နေကြသည်။
တကယ်တမ်းအစစ်အမှန်တရားမှာတော့ ၎င်းတို့သည် မိန်းကလေးလျှို ချက်ပြုတ်သော အစားအစာများကို စားချင်နေကြခြင်းပင်ဖြစ်တော့၏။
……
ဆယ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲမှ လျှောက်ထွက်လာခဲ့တော့၏။
ဟူး ဟူး
၎င်း၏ ကျင့်ကြံခြင်းအဆင့်များ ပြန်လည်ရရှိပြီးသည့်နောက်မှာတော့ သူသည် တောင်၏ အနောက်ဘက်တွင် မတ်မတ် ရပ်လျက်ရှိ၏။ ဂိုဏ်းချုပ်တစ်ယောက်၏ ခန့်ညားလွန်းလှသောအော်ရာများသည် ထွက်ပေါ်လျက်ရှိနေသည်။
သူ …။
သူ့အား ကြည့်ရသည်မှာ ဂုဏ်သိက္ခာထည်ဝါလွန်းသည့် လူကြီးလူကောင်းတစ်ယောက်နှင့်ပင် ဆင်တူလာခဲ့၏။ အဆုံးမဲ့အရှက်မဲ့မှုဘွဲ့ထူးသည် ၎င်း၏ အော်ရာများအား ၂၀ ရာခိုင်နှုန်း တိုးစေခဲ့၏။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းအနေနှင့် မည်ကဲ့သို့သော အော်ရာမျိုးကို ထုတ်ဖော်၊ ထုတ်ဖော် ဤဘွဲ့ထူးကို ရရှိပြီးသည့်နောက်မှာ တော့ ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းဘောနပ်အဖြစ် ရရှိနေမှာဖြစ်၏။
သူ့အနေနှင့် အလွန်တရာလေးနက်သည့် သွင်ပြင်အမူအရာမျိုးကို ပြုလုပ်မည်ဆိုလျှင် ၂၀ ရာခိုင်နှုန်း ပိုမို၍ လေးနက် လာမည်ဖြစ်တော့သည်။ သူ့အနေနှင့် ပြောင်ချော်ချော်ပြုလုပ်နေမည်ဆိုလျှင် ၂၀ ရာခိုင်နှုန်း ပို၍ ပြောင်ချော်ချော် ဖြစ်နေမည်ဖြစ်သည်။
အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲတွင် သုံးနှစ်ကျော်ကြာအောင် ပြန်လည်အားမွေးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်များကို ပြန်လည်ရရှိခဲ့ရုံသာမက ထျန်းကျွင်းဝိညာဉ် သန့်စင်ခြင်း နည်းစနစ်ကိုလည်း ပိုမိုကောင်းမွန်စွာ နားလည်လာခဲ့၏။
ဤအရာမှာ အဓိကမဟုတ်သေးပေ။ အဓိကမှာ တစ်ချက်ထိုးသတ်ဖြတ်မှု၏ ဘေးထွက်ဆိုးကျိုးများ ကုန်ဆုံးသွားခဲ့ခြင်းပင်ဖြစ်၏။ ထို့ကြောင့် သူ၏ ဆံပင်များသည် ခါးဆီသို့ ပြန်လည် ရောက်ရှိနေသည်။ ထိုဆံပင်များ သည် လေထဲတွင်လွင့်၍ အလွန်တရာ ကြည့်ကောင်းနေတော့သည်။
သူ …. သူပြန်လာပြီဖြစ်သည်။
ရွှီ
အဓိကတောင်ထွတ်၏ အဓိကဟောခန်းအထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကြည့်ကောင်းလှစွာဖြင့် ထိုင်လျက်ရှိ ၏။ သူ၏ လှုပ်ရှားပြုမူပုံများအားလုံးသည် ဂိုဏ်းချုပ်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သော လှုပ်ရှားမှုပုံစံမျိုးနှင့်အတူ ကြည့်ကောင်းလွန်းလျက် ရှိနေတော့၏။
လီလိုရှု ၊ ကျန့်ရာနှင့် တစ်ခြားသောသူများအားလုံးသည် အံ့အားတသင့်ဖြင့် ရှိနေကြ၏။ အမြဲတမ်း ပြောင်နောက် နောက်နှင့်ရှိနေတတ်သော ဂိုဏ်းချုပ်သည် ရုတ်တရက် လေးနက်လျက်ရှိနေပြီး ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အလွန်တရာကြည့်ကောင်းလှသည့် ကိုယ်လက်လှုပ်ရှားမှုပုံစံမျိုးဖြင့် နေထိုင်လျက်ရှိနေတော့သည်။ ထိုအရာကို အသားကျရန် သူတို့သည် အလွန်တရာ ခက်ခဲနေသည်။
“အကြီးအကဲနင်”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “အခုတပည့်ဘယ်လောက်လောက်ရှိပြီလဲ။”
နင်တုရှင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။
“ဂိုဏ်းချုပ်။ ဂိုဏ်းထဲမှာ တပည့်အားလုံးပေါင်း ၆၈၃၀၀ ရှိပါတယ်။ နောက်လ တပည့်အသစ်ခေါ်ဆောင်မယ့် အခြေအနေက ရက်အနည်းငယ်ပဲ ကျန်တော့တယ်။ ဒီတော့ တပည့် ၇၀၀၀၀ ပြည့်အောင် လုပ်လို့ရနိုင်တယ်။”
“ပြဿနာမရှိပါဘူး။”
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် အတွေ့အကြုံရရှိပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် များပြားလှသော ပါရမီရှင်များသည် လစဉ်လတိုင်း ဆိုသလို ဂိုဏ်းဆီသို့ ဝင်ရောက်ခွင့်ရရန် ကြိုးစားနေကြ၏။
ကျွင်းချောင်ရှောင်းအနေနှင့် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးကို သွားရသည့်အချိန်တွင် ယွမ်သခင်လေးနှင့် တစ်ခြားသော အကြီးအကဲများအားလုံးသည် ဂိုဏ်းဝင်ခွင့်စာမေးပွဲအား ပိုမိုခက်ခဲရန် အခြေအနေတစ်ခုဆီသို့ တိုးမြှင့် ခဲ့၏။ ထို့ကြောင့် လစဉ်လတိုင်းတွင် ဂိုဏ်းထဲသို့ ဝင်ရောက်လာနိုင်သည့် တပည့်အရေအတွက်သည် အနည်းငယ် နည်းပါးလို့နေသည်။
သူတို့၏ ဂိုဏ်းချုပ်သည် တပည့်ကို လက်ခံသည့်အချိန်တွင် ပါရမီနှင့်အခြားအရာများကို ဂရုစိုက်တတ်သည့်သူ တစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့ တပည့်အရေအတွက် လိုအပ်နေသည့်အချိန်မျိုးတွင် ပွင့်ပွင့်လင်းလင်း နှင့် တပည့်ပေါင်းများစွာကို ခေါ်ယူနိုင်စွမ်းရှိနေတော့၏။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်းအား တတောက်တောက်ဖြင့် ခေါက်ကာ ပြောလိုက်သည်။ “ဟောခန်းသခင်ရီကို သတင်းပို့လိုက်။ ဂိုဏ်းရဲ့အဆင့်ကို အသိအမှတ်ပြုပေးဖို့ တစ်စုံတစ်ယောက်ကို လွှတ်ပေးပါအုံး လို့။”
“ကောင်းပြီ။”
လီလိုရှုသည် ချက်ချင်းပဲ မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များအားလုံးကို သတင်းပို့ခဲ့တော့၏။ ထိုသတင်းသည် ချက်ချင်းပဲ အင်ပါယာမြို့ဆီသို့ ရောက်ရှိသွားခဲ့ကြ၏။ အစောကြီးကတည်းက စောင့်မျှော်လျက်ရှိနေသော အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် ထိုသတင်းကို ရရှိသည့်အချိန်မှာတော့ အလွန်တရာ ပျော်ရွှင်သွားကြ၏။ ထို့ကြောင့် ၎င်းတို့သည် နောက်ဆုံးမှာတော့ ပြိုင်စံရှားဂိုဏ်းဆီသို့ သွားခွင့်ရပြီဖြစ်၏။
“ခင်ဗျားတို့နှစ်ယောက် ဒီမှာနေခဲ့။ ကျုပ်ကိုယ်တိုင်သွားမယ်။” ဟောခန်းသခင်ရီက ပြောလိုက်သည်။
“ဟမ်”
အကြီးအကဲကျိုးနှင့်အကြီးအကဲကျန်းတို့သည် ဆွံ့အသွားခဲ့ကြ၏။ ၎င်းတို့သည် အားပျက်စွာဖြင့် ထိုင်ခုံပေါ်တွင် ပစ်ထိုင်လိုက်မိကြတော့သည်။
…
နောက်တစ်ရက်မှာတော့ ရီထျန်းချန်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ဦးတည်ကာ ထွက်လာခဲ့၏။ ဂိုဏ်းအသိအမှတ်ပြု ဟောခန်း၏ ဟောခန်းသခင်ကိုယ်တိုင်ရောက်ရှိလာမည်ကို သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ဆင်းကာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကြိုဆိုတော့၏။
အာလာပ သလာပ စကားများ ပြောဆိုပြီးသည့်နောက်မှာတော့ သူက ပြောလိုက်သည်။ “ဟောခန်းသခင်ရီ … ဂိုဏ်းအသိအမှတ်ပြုဖို့ စပြီး လုပ်ကြရအောင်။”
“ဂိုဏ်းချုပ်ကျွင်း”
ရီထျန်းချန်သည် တီးတိုးပြောလိုက်၏။ “ကျုပ်အလျင်စလိုနဲ့ လာတာ ဘာမှမစားခဲ့ရသေးဘူး။”
“………”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။
ခင်ဗျား ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ ဂိုဏ်းအသိအမှတ်ပြုဖို့ကို ရောက်တာလား။ ဒါမှမဟုတ် ကျုပ်ဆီက အစားအစာတွေကို လာကုန်းဆင်းတာလား။
ထို့အပြင် တစ်ယောက်တည်းလာခဲ့ခြင်းလည်းမဟုတ်ပေ။ အင်ပါယာမြို့၏ မြို့တော်ဝန်နှင့် ကောင်းကင်ဘုံကျောင်းမှ ကျောင်းအုပ်ကြီးကလည်း ပါလာသေး၏။ ကြည့်ရသည်မှာ ထိုနှစ်ယောက်သည်လည်း အစားအစာများကို လာရောက် ကုန်းဆင်းခြင်းသာဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်ကျွင်းက ဒုတိယအဆင့် ဂိုဏ်းတစ်ခုအဖြစ် အသိအမှတ်ပြုပေးဖို့ ခေါ်တယ်လို့ ကျုပ်ကြားတယ်လေ။ ဒီတော့ ဒါက ဂုဏ်ပြုသင့်တဲ့ အရာမျိုးမဟုတ်လား။ ကျုပ်တို့နှစ်ယောက်က မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာပဲ။ တကယ်လို့ ဂိုဏ်းချုပ်ကျွင်း စိတ်မရှိဘူးဆိုလို့ရှိရင် နောက်ထပ်တူလေးတစ်စုံလောက်ထပ်ပေးပါအုံး။”
“…..…”
ကျွင်းချောင်ရှောင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်မိသည်။
သို့ပေမဲ့ ဖော်ရွေလှသည့်လူတစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် ထိုလူများအား ခေါ်၍ ကောင်းကောင်းမွန်မွန်နှင့် ဧည့်ခံကျွေးမွေးတော့၏။
………
“ဂိုဏ်းချုပ်ကျွင်း”
စားသောက်နေတုန်းမှာပဲ စစ်တုဟောင်ရွမ်က ပြောလိုက်သည်။ “ကျုပ်တို့ဘာလို့ ဒီကိုရောက်လာလဲဆိုတာ ခင်ဗျားသိလား။” ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွားမိ၏။
“ကုန်းလာဆင်းတာလား။”
“မဟုတ်ပါဘူး။”
စစ်တုဟောင်ရွမ်သည် သူ၏ တူကို အောက်သို့ချကာဖြင့် နှုတ်ခမ်းထောင့်တွင် ဝေ့တက်လျက်ရှိသော ဆီများအား လက်ကိုင်ပုဝါဖြင့် အသာသုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ လေးနက်စွာ ပြောလိုက်တော့သည်။ “အင်ပါယာတွေရဲ့ စစ်ပွဲပြီးကတည်းက ဒီကုန်းမြေတိုက်ကြီးက တစ်စစီဖြစ်သွားကြတယ်လေ။ ဒီတော့ အရှေ့တောင် ဘက် တည်နေရာထဲမှာ အဆင့် ၂ ဂိုဏ်းဆိုတာ ဘယ်တုန်းကမှ မပေါ်လာခဲ့ဘူး။”
“ဟုတ်လား။”
ဤအရာနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် တစ်ခါမှ သတိမပြုမိချေ။
မူချန်းဟုန်သည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ဂိုဏ်းက ဒုတိယအဆင့်အဖြစ် အသိအမှတ်ပြုခံရမယ်ဆိုရင် အရှေ့တောင်ရန်ကျူးမှာ ပထမဦးဆုံး ဖြစ်လိမ့်မယ်။ ဒီတော့ …”
စစ်တုဟောင်ရွမ်က ဝင်ပြောလိုက်သည်။ “ဒီတစ်ကြိမ်မှာ ကျုပ်တို့က အလကားထမင်းစားဖို့ ရောက်လာခဲ့တာမဟုတ်ဘူးလေ။ ခင်ဗျားတို့ဂိုဏ်းက ကြီးမားတဲ့ ကံကြမ္မာကြီးကို ဖန်တီးတာကို မျက်မြင်ကိုယ်တွေ့ မြင်ချင်လို့လာခဲ့တာပဲ။”
သူ့ကိုယ့်သူ အရှေ့တောင်ရန်ကျူး၊ ချင်းယန်နိုင်ငံသားတစ်ယောက်အဖြစ် အသိအမှတ်ပြုပြီးသားဖြစ်သော ကျွင်းချောင်ရှောင်းသည် ထိုနှစ်ယောက်ပြောသည့် စကားများကို ကြားရသည့်အချိန်မှာတော့ နှလုံးသားထဲတွင် ဂုဏ်ယူဝင့်ကြွားသည့် ခံစားချက်များပင် ရရှိလာခဲ့ကြ၏။
“ခင်ဗျားတို့နှစ်ယောက်”
သူသည် ခံစားချက်အပြည့် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည့်အချိန်မှာတော့ မူချန်းဟုန်နှင့်စစ်တုဟောင်ရွမ်တို့သည် ခေါင်းကိုငုံ့ကာဖြင့် အစားအစာများကို အမဲဖြတ် သလို စားသုံးနေသည်ကို မြင်လိုက်ရ၏။
“မိန်းကလေးလျှို ချက်ပြုတ်တဲ့အစားအစာတွေက တကယ့်ကို အရသာရှိတာပဲ။”
“ဂိုဏ်းချုပ်ကျွင်း နောက်ထပ် ထမင်းတစ်ပွဲလောက် ပေးပါအုံး။”
“……..…”
မြို့တော်ဝန်နှင့် ကျောင်းအုပ်ကြီးတို့သည် အစားအစာများကို အားရပါးရ စားသုံးနေကြောင်းကို မြင်ရသည့်အချိန်မှာ တော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုငုံ့ပြီးသည့်နောက်မှာတော့ စားပွဲပေါ်သို့ နဖူးတင်ထားလိုက်မိသည်။ သူ၏ ရင်ထဲမှာတော့ အော်ဟစ်လျက်ရှိနေ၏။ “သေချာပါတယ်။ ခင်ဗျားတို့က ဒီကို ကုန်းဆင်းဖို့ လာတာပဲ။”
……..
စားသောက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းအသိအမှတ်ပြုရမည့် အချိန်ဆီသို့ ရောက်ရှိလာခဲ့သည်။ ဒုတိယအဆင့် ဂိုဏ်းတစ်ခုဆီသို့ အဆင့်တိုးမြှင့်ရန်အတွက် လိုအပ်သည့် စမ်းသပ်ချက်များသည် ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ချေ။
အဘိုးကြီးတင်း၊ ကုန်းစွန်းဟောင်ဟိုင်၊ ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် တစ်ခြားသော သိုင်းနယ်မြေ၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် လိုအပ်ချက်များသည် ပြည့်မီသွားခဲ့ပြီဖြစ်၏။
“ဒါက ကြောက်ဖို့ကောင်းလွန်းတယ်။”
မူချန်းဟုန်နှင့် စစ်တုဟောင်ရွမ်တို့၏ နှလုံးသားများသည် တုန်ယင်လျက်ရှိနေ၏။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်းမှာမှ တရိပ်ရိပ်နှင့် တက်လာခဲ့သော ဂိုဏ်းတစ်ခုသည် ဤမျှများပြားသော သိုင်းနယ်မြေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ များတည်ရှိလို့နေသည်။
၎င်းတို့၏ မျက်စိနှင့် ကိုယ်တိုင်မြင်ရသည်သာ မဟုတ်ပါက ဤကဲ့သို့သော ကိစ္စကို သေအောင်ရိုက်နှက်၍ ယုံကြည်ခိုင်း မည်ဆိုလျှင်ပင် ယုံကြည်မိလိမ့်မည်မဟုတ်ချေ။ သူတို့အနေနှင့် ဤကဲ့သို့ များပြားလှသော စွမ်းအားမြင့်ကျင့်ကြံသူများ ကို မြင်ရသည့်အချိန်မှာတော့ နှလုံးသားထဲတွင် ကြိတ်ကာ တုန်လှုပ်လျက်ရှိမိနေ၏။
ဒင်
“လက်ခံသူသည် ဂိုဏ်းအဆင့်အား ဒုတိယအဆင့်ဂိုဏ်းအဆင့်သို့ အဆင့်မြှင့်တင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်အဖြစ် ဂိုဏ်းအောင်မြင်မှုအမှတ် ၂၀၀၀၀၊ ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ ရရှိသည်။”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀၀ / ၇၀၀၀၀”
ဒင်
“ဂိုဏ်းအောင်မြင်မှုအမှတ် ၂၀၀၁၀ / ၇၀၀၀၀”
သတိပေးသံများပြီးသွားသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရီထျန်းချန်ဆီမှ ကျောက်စိမ်းပြားအား လက်ခံ ရယူလိုက်တော့၏။ “အခုက စပြီးတော့ ပြိုင်စံရှားဂိုဏ်းမဟုတ်တော့ဘူး။ ပြိုင်စံရှားနတ်ဂိုဏ်းဖြစ်သွားပြီပဲ။ ဟားဟား ဟား ဟား”