အခန်း (၁၁၈၉)
Vol. 80 Ch. 1189
“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့သခင် ဟုတ်လား”
ကျွင်းချောင်ရှောင်း၏ အရှက်မဲ့မှုသည် ခန့်မှန်း၍ မရနိုင်သည့် အခြေအနေထိသို့ပင် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ၎င်းတို့သည် စကြဝဠာထဲတွင် တည်ရှိနေသည် ဖြစ်သောကြောင့် ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများသည် သူပြောဆိုသည်ကို ကြားသိလိမ့်မည် မဟုတ်ချေ။
ဝေါ့
စနစ်သည် မည်သို့မှ မနေနိုင်ဘဲ ပျို့အန်သလိုပင် ဖြစ်သွားမိတော့၏။
ပြိုင်စံရှားဂိုဏ်းသည် ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရသည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်အဆင့်သာဖြစ်၏။ ထို့အပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သခင်ဆိုသည့်ဘွဲ့ထူးသည် အလွန်တရာ ကြီးမားလွန်းလှသည်။
ပထမဦးဆုံးအနေဖြင့် သိုင်းအင်ပါယာကိုးယောက်တို့ သဘောတူညီရဲ့လား ဆိုသည်ကို အရင်ဆုံး မေးမြန်းသင့်သည်။ ကံကောင်းစွာဖြင့် ထိုသူများသည် ဤနေရာတွင် မရှိခဲ့ပေ။ မဟုတ်ပါက ကျွင်းချောင်ရှောင်းအား ကုပ်မှဆွဲကိုင်ကာဖြင့် မျက်နှာအား စကြဝဠာစည်းအတားအဆီးနှင့် အပြန်အလှန် ပွတ်တိုက်နေမှာ သေချာ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့သခင် ဟုတ်လား”
အဘိုးအို၏ မျက်နှာပေါ်တွင် ကြောင်အအ အမူအရာမျိုး ပေါ်ပေါက်လာခဲ့၏။ သူ၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့၏။ သေမျိုးစကြဝဠာထဲတွင် တည်ရှိနေခဲ့သော ဤသေးငယ်လှသော အမှိုက်ကဲ့သို့ ဂြိုဟ်လေးတစ်ခုတွင် အဘယ်ကြောင့် သခင်ဟူသည့် ဘွဲ့ထူးနှင့် လူတစ်ယောက် တည်ရှိနေရသနည်း။ ဤအရာမှာ အမှန်ပင် ရယ်မောချင် စရာကောင်းလွန်းလှသည်။
“ကောင်လေး”
၎င်း၏ဘေးနားတွင်ရှိသော သက်လတ်ပိုင်းနှင့်လူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “စကြဝဠာ လူဆိုးကြီး ငါးယောက်ဆီကနေပြီးတော့ ဒီသင်္ဘောကို ခိုးထားတာလား”
ဤရှေးသင်္ဘောကို သူအစောကတည်းက သတိပြုမိပြီးပြီဖြစ်သည်။ အဆင့်နိမ့်ဂြိုဟ်တစ်ခုအနေဖြင့် ဤကဲ့သို့သော ရွက်သင်္ဘောမျိုး ရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဖြစ်နိုင်သည်မှာ တစ်ခုတည်းသာရှိ၏။ ဤအရာမှာ ခိုးယူလာခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဟမ်”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်ဟန် ဆောင်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားတို့က စကြဝဠာလူဆိုးကြီးငါးယောက်ကို သိတယ် ဟုတ်လား”
အဘိုးအို၏ မျက်လုံးများသည် ရုတ်တရက် စူးရှသွားခဲ့တော့၏။ တစ်ဖက်လူ ပြန်လည်ပြောဆိုလိုက်သည့် စကားလုံး နှင့် အမူအရာကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် စကြဝဠာလူဆိုးကြီးငါးယောက် ပျောက်ကွယ်သွားသည့် အကြောင်းအရာနှင့်ပတ်သက်၍ ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ပတ်သက်နေမည်ဟု သူသတ်မှတ်ခဲ့ပြီးပြီ ဖြစ်တော့၏။
“ကောင်လေး” သူ
သည် တီးတိုးပြောလိုက်တော့၏။ “စကြဝဠာလူဆိုးကြီးငါးယောက်ထဲက နှစ်ယောက်က အသတ်ခံလိုက်ရပြီ။ သုံးယောက်က ပျောက်သွားတယ်။ ဒါကို မင်းလုပ်ခဲ့တာလား”
“ဟင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာဖြင့် ပြောလိုက်သည်။ “ပြောရရင်တော့ ဇာတ်လမ်းရှည်ကြီးပဲ။ ကျုပ်ပြောတာကို ဖြည်းဖြည်းချင်းနားထောင်ပါ”
“ပေါက်ရတွေ မပြောနဲ့တော့”
သက်လတ်ပိုင်းလူသည် စိတ်တိုတတ်သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ဒေါသ တကြီးဖြင့် ပြောလိုက်မိသည်။ “မင်းလုပ်ခဲ့လား။ မလုပ်ခဲ့ဘူးလားပဲ ငါ့ကိုပြော”
“လုပ်ခဲ့ပါတယ်” ကျွင်းချောင်ရှောင်းသည် မငြင်းပယ်ခဲ့ချေ။
သက်လတ်ပိုင်းလူသည် ဒေါသထွက်နေရင်းမှပင် ရပ်တန့်သွားခဲ့ရ၏။ တစ်ဖက်လူသည် အကြောင်းပြချက် အမျိုးမျိုးကိုပြကာဖြင့် အပြင်းအထန် ငြင်းဆိုလိမ့်မည်ဟု သူထင်မှတ်ထားခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် လွယ်လွယ်ကူကူဖြင့် ဝန်ခံလျက်ရှိနေတော့၏။
သူသည် ဤကိစ္စကို စုံစမ်းစစ်ဆေးရန် တာဝန်အရ ရောက်ရှိလာခဲ့ ခြင်းပင်ဖြစ်သည်။ ဤနေရာသို့ ရောက်ရှိသည်ဆိုသည်နှင့် တရားခံအား တစ်ခါတည်း တွေ့ရှိခဲ့သည့်အပြင် တရားခံ ကလည်း တစ်ခါတည်း ဝန်ခံလျက်ရှိနေတော့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် အလွန်တရာ လွယ်ကူလွန်းလျက်ရှိနေသည်။
အဘိုးအိုသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ကောင်လေး… စကြဝဠာလူဆိုးကြီးငါးယောက်ဆိုတာက ကျုပ်တို့ ခံတပ်ရဲ့ ဒုတိယတန်းစားဧည့်သည်တွေဆိုတာကို မင်းသိရဲ့လား။ မင်း သူတို့ကို သတ်တယ်ဆိုတာ ငါတို့ကို ပြဿနာရှာတာနဲ့ တူတူပဲ”
“အဲတော့ ဘာဖြစ်လဲ” ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို မေးလိုက်သည်။
“ဟမ့်”
သက်လတ်ပိုင်းလူ၏ မျက်နှာသည် သုန်မှုန်သွားခဲ့တော့၏။ “ဘာက ကောင်းမွန်တယ်ဆိုတဲ့အရာကို မင်းသိတယ်ဆိုရင် ကျန်တဲ့သုံးယောက်ကို လွှတ်ပြီး ငါ့ကို မြန်မြန်ပေးတော့။ ပြီးတော့ မင်းရဲ့ မရီဒန်တွေ အကုန်လုံးကို ကိုယ်တိုင်စည်းခတ်လိုက်။ ပြီးတော့ စုံစမ်းစစ်ဆေးခံဖို့အတွက် ကြယ်ကောင်းကင်ခံတပ်ကို လိုက်ခဲ့”
“စုံစမ်းစစ်ဆေးခံရမယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်၏။ “ကျုပ်ကို အပြစ်သား တစ်ယောက်လို လာပြီးဆက်ဆံနေတာလား”
“ကြယ်ကောင်းကင်ခံတပ်ရဲ့ ဥပဒေအရဆိုရင် ဒုတိယတန်းစားဧည့်သည်တွေကို ထိခိုက်နာကျင်အောင် လုပ်တယ် ဆိုတာ ခွင့်လွှတ်ပေးလို့မရတဲ့ အပြစ်တစ်ခုပဲလေ” သက်လတ်ပိုင်းလူသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဟား ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည် သဘောကျလွန်းသဖြင့် အားရပါးရ ရယ်မောလိုက်မိ၏။
ရုတ်တရက် သူ၏မျက်လုံးများသည် အေးစက်၍ စူးရှသွားခဲ့တော့သည်။ “အပြင်လောကမှာရှိတဲ့ နည်းဥပဒေတွေ၊ စည်းကမ်းတွေနဲ့ ကျုပ်ကိုလာပြီးတော့ ထိန်းချုပ်လို့ မရဘူး။ အခြားတစ်ဖက်ကြည့်မယ်ဆိုရင် ခင်ဗျားတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ကြယ်ကြွေကုန်းမြေတိုက်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပဲ လိုက်နာရမယ်။ ဒါကို နားလည်ရဲ့လား”
သူသည် အလွန်တရာဒေါသထွက်လျက်ရှိနေတော့၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင်လည်း သူသည် အထက် နယ်မြေ၏ အပြစ်ပေးမှုကို ခံခဲ့ရ၏။ ထို့ကြောင့် စိတ်ထဲတွင် မကျေနပ်နိုင်သလိုပင် ဖြစ်မိနေခဲ့၏။ ထို့အပြင် ဘယ်ကမှန်းမသိသည့် ကြယ်ကောင်းကင်ခံတပ်ဆိုသည့်နေရာမှ လူတစ်ယောက်သည် သူ့အား အပြစ်သား တစ်ယောက်လို အပြစ်ပေးမည်ဟု လာရောက်ပြောဆိုလျက် ရှိနေတော့သည်။ ၎င်းတို့ကို ၎င်းတို့ စကြဝဠာ၏ ရဲဝန်ထမ်းတစ်ယောက်ဟုပင် ထင်မှတ်နေသည်လား မသိချေ။
“ဖြူမဲညီနောင်”
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ “ကြယ်ကြွေကုန်းမြေ တိုက်ကြီးဆီကို ခွင့်ပြုချက်မရှိဘဲ ရောက်လာတဲ့လူတွေအကုန်လုံးကို ဖမ်းလိုက်တော့။ ပြီးရင် စုံစမ်းစစ်ဆေးဖို့ အတွက် ဂိုဏ်းဆီကို ခေါ်ခဲ့ကြ”
“နားလည်ပါပြီ”
ဝှစ် ဝှစ်
အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိနေသော ဖြူမဲညီနောင်တို့သည့် ပျံသန်းထွက်ခွာလာခဲ့ကြ၏။ တစ်ယောက် သည် ရွက်သင်္ဘောကြီး၏ ရှေ့တွင် ရပ်လျက်ရှိပြီး အခြားတစ်ယောက်မှာတော့ ရွက်သင်္ဘောကြီး၏ အနောက်တွင် ရပ်လျက်ရှိ၏။ ၎င်းတို့သည် ခေါင်းကို အသာငုံ့ကာဖြင့် ပြုံးလိုက်တော့၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်ကို ကြည့်လိုက် သည်နှင့်တပြိုင်နက် အဆင့်မြင့် တိုက်ခိုက်ရေးသမားဖြစ်ကြောင်း သိသာလွန်းလှ၏။
အဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့၏ မျက်နှာအမူအရာများသည် ချက်ချင်းပဲ ပြောင်းလဲသွားတော့သည်။ ရုတ်တရက် ပေါ်ပေါက်လာခဲ့သော ဖြူမဲညီနောင်တို့သည် အလွန်တရာ အားကောင်းလွန်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ထို့ကြောင့် ၎င်းတို့သည် အနည်းငယ်ဆွံ့အသွားခဲ့သည်။
“ကောင်လေး”
အဘိုးအိုသည် သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ တည်ငြိမ်စွာ ပြောလိုက်တော့သည်။ “မင်း တကယ်ပဲ ငါတို့ ကြယ်ကောင်းကင်ခံတပ်ကြီးကို ပြဿနာရှာရဲတာလား”
“ရှာတော့ကော ဘာဖြစ်လို့လဲ”
“ကျုပ်တို့ ကြယ်ကောင်းကင်ခံတပ်ဆိုတာက သေမျိုးစကြဝဠာတစ်ခုလုံးအနှံ့ ကျော်ကြားတဲ့အရာတစ်ခုပဲလေ။ ထိပ်တန်းဂြိုဟ်တွေဆိုရင်တောင် ကျုပ်တို့လာတာ မြင်တာနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြတယ်။ မင်းတို့လို သေးငယ်လှတဲ့ ကြယ်ကြွေကုန်းမြေတိုက်လေးက ကျုပ်တို့ကို ပြဿနာရှာရဲတယ်ဆိုတာ အသက်ရှင်ရတာ ပင်ပန်း နေလို့ပဲ ဖြစ်လိမ့်မယ်”
အဘိုးအို ထိုသို့ပြောပြီးသည်နှင့်တပြိုင်နက် ကျွင်းချောင်ရှောင်း၏ တစ်ချက်ထိုးသတ်ဖြတ်မှုစွမ်းရည် ငါးဆယ် ရာခိုင်နှုန်း အားဖြည့်သလို ဖြစ်သွားခဲ့တော့သည်။
အလွန်မောက်မာလှသည့်အရာပင် ဖြစ်တော့သည်။ ဟုတ်ပေသည်။ ၎င်းသည် ဝံ့ကြွားမောက်မာစွာဖြင့် ပြောဆိုနေသည်ဆိုသော်လည်း အခြေခံအားဖြင့် သူပြောနေသည်မှာလည်း အမှန်ပင် ဖြစ်တော့သည်။ ကြယ်ကောင်းကင်ခံတပ်ဆိုသည်မှာ သေမျိုးစကြဝဠာထဲတွင် စွမ်းအား မြင့်လှသော ခံတပ်တစ်ခုပင် ဖြစ်၏။
ကြယ်ကောင်းကင်ခံတပ်နှင့် ပြဿနာတက်မည်ထက် သေမင်းနှင့် ပြဿနာတက်ရခြင်းကိုသာ အားလုံးက လိုချင်ကြ၏။ ဤအရာသည် ကြယ်ကောင်းကင်ခံတပ် မည်မျှစွမ်းအားကြီးကြောင်း ဖော်ညွှန်းပြနေခြင်း ဖြစ်သလို ငရဲပြည်သည် ကြောက်မက်ဖွယ်ကောင်းလှသည်ဆိုသော်လည်း ကြယ်ကောင်းကင်ခံတပ်သည် ထို့ထက် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည့်အရာတစ်ခု ဖြစ်မှန်းလည်း သိသာထင်ရှားနေတော့သည်။
ထိုကဲ့သို့ ပြောဆိုလိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဒေါသများ မီးတောက်သွားခဲ့ တော့သည်။ “ကျုပ်က ပြဿာနာရှာချင်တယ်ဆိုတော့ ခင်ဗျားတို့ ဘာလုပ်နိုင်မှာမို့လို့လဲ”
ရွှီး ရွှီး ….။
ဖြူမဲညီနောင်တို့သည် ရှေ့သို့လှမ်းတက်လာခဲ့တော့၏။ အလွန်အားကောင်းလှသော အော်ရာများသည် ထွက်ပေါ် လာပြီးသည့်နောက်မှာတော့ စကြဝဠာတည်နေရာကြီးတစ်ခုလုံးကိုပင် တုန်ခါလာစေခဲ့တော့၏။
“လာ လာခဲ့စမ်း။ မင်းတို့ကို ဘယ်သူက ကြောက်မှာလဲ”
အဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ခပ်ချောချောလူထက် ပိုမိုကာ အားကောင်းလွန်းလှ၏။
သို့ပေမဲ့ ခဏအကြာမှာတော့ ၎င်းတို့သည် ဆောင့်ကြောင့်ထိုင်ပြီးသည့်နောက် ဦးခေါင်းနှင့် မျက်နှာသာ ကာကွယ်ရင်း နေနေရတော့သည်။
ဖောင်း ဖောင်း
ဖောင်း ဖောင်း ဖောင်း
..................
ဘုတ် ဘုတ်
မကြာမီမှာပဲ ကြယ်ကောင်းကင်ခံတပ်ဆီမှ စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်တို့သည် ကုန်းပတ်ပေါ်သို့ ပြုတ်ကျ လာခဲ့ကြ၏။ ၎င်းတို့၏ မျက်နှာတစ်ခုလုံးသည် ရိုက်နှက်ခံရသောကြောင့် ဖူးယောင်ကိုင်းလျက်ရှိ၏။ ပါးစပ်ထဲမှ လည်း အမြှုပ်များ ထွက်ပေါ်လျက် ရှိနေတော့သည်။
၎င်းတို့သည် ကြယ်နှင်ဘုရင်ထက် ပိုမိုကာ အားကောင်းလှ သည်ဆိုသော်လည်း အနည်းငယ် အားကောင်းလှခြင်းသာ ဖြစ်၏။ ဖြူမဲညီနောင်တို့နှင့် ရင်ဆိုင်နေသည့် နေရာမှာတော့ ၎င်းတို့သည် ကျိန်းသေပေါက် မခုခံနိုင်အြချက်အလက်အားဖြင့် ကြယ်ကောင်းကင်ခံတပ်သည် အဓိကအားဖြင့် စုံစမ်းစစ်ဆေးရန် လာခဲ့ကြခြင်းသာ ဖြစ်တော့၏။ မဟုတ်ပါက ဤကဲ့သို့ လူနှစ်ယောက်တည်းကိုငာ စေလွှတ်လိုက်မည် မဟုတ်ပေ။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းသည် ထိုသူများ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာဖြင့် ပြောလိုက်တော့သည်။ “ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ခင်ဗျားတို့အားအင်အဆင့်လေးနဲ့များ လာပြီးတော့ ပြဿနာ ရှာရဲသေးတယ်ပေါ့။ ဒီတော့ ခင်ဗျားတို့ ကြယ်ကောင်းကင်ခံတပ်က ဒီလောက်ကြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြင်းထန်နေတာလား”
ဒဏ်ရာများ ရရှိထားသောကြောင့် အဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့သည် မည်သည့်စကားကိုမှ မဆိုနိုင်ကြချေ။
“သူတို့ကို ခေါ်သွားတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အချုပ်ထဲမှာသာ ဖမ်းချုပ်ထားတော့”
ရွှီး ရွှီး
ဖြူမဲညီနောင်တို့သည် တစ်ယောက်စီ လှမ်းဆွဲကာဖြင့် မရီဒန်များကို အရင်ဆုံး စည်းခတ်လိုက်တော့၏။ ပြီးသည့် နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အချုပ်ထောင်ထဲသို့ ပစ်ထည့်လိုက်တော့၏။
................
ကျွီ
တံခါးပိတ်သွားပြီးသည့်နောက် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် ထပ်မံကာ မှောင်မဲသွားတော့သည်။
“ချီးတဲ့မှပဲ။ ချီးတဲ့မှပဲ”
စည်းခတ်ခံထားသော အဘိုးအိုသည် ဒေါသထွက်လျက်ရှိနေတော့၏။ စုံစမ်းစစ်ဆေးမှုသည် အလွန်ကောင်းမွန်လှသည့်အရာတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု သူထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ အဆုံးသတ် မှာတော့ စကြဝဠာလူဆိုးကြီး ငါးယောက်တို့အား ပြဿနာရှာသည့်လူကို သိရှိခဲ့သည်ဆိုသော်လည်း သူသည် အကျဉ်းသားတစ်ယောက်အဖြစ် ဖြစ်လာခဲ့ရ၏။
“ခင်ဗျားတို့နှစ်ယောက်”
ရုတ်တရက် အသံတစ်ခုသည် သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့တော့သည်။ သတ်လတ်ပိုင်းလူသည် ကြိုးစားကာ ခေါင်းကို အသာလှည့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ ပြုံးရွှင်နေသည့် မျက်နှာနှင့် လူတစ်ယောက်ကို မြင်လိုက်ရတော့သည်။ “ကျုပ်က ကျိုးဒူဒူပါပဲ။ ပြိုင်စံရှားဂိုဏ်းရဲ့ တန်းစီးပေါ့ဗျာ။ ခင်ဗျားတို့အနေနဲ့ တစ်စုံတစ်ခု အကြံဉာဏ်တောင်းခံချင်စရာများ ရှိသေးလား”
ခေါင်းတုံးနှင့် တခြားသောလူဆိုးကြီးသုံးယောက်တို့သည် မြေအဆင့်အခန်းထဲတွင် ချုပ်နှောင်ခြင်းခံထားရ သည်ဖြစ်သောကြောင့် အိပ်ရာအပိုများ မရှိကြချေ။ ထို့ကြောင့် ကြယ်ကောင်းကင်ခံတပ်မှ လူနှစ်ယောက်တို့သည် ကောင်းကင်အခန်းထဲတွင် လာရောက်ကာ ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။
ထိုအရာသည် ကျိုးဒူဒူအား အလွန်ပင် ပျော်ရွှင်စေခဲ့၏။ ယခုနောက်ပိုင်းတွင် အကျဉ်းသားများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြသည် ဆိုသော်လည်း သူ၏ အကျဉ်းထောင်ထဲသို့ လူတစ်ယောက်မှ ရောက်မလာခဲ့ကြချေ။ နှစ်ယောက်တည်းသာလျှင် ပျင်းရိနေခဲ့ကြ၏။ ထို့အပြင် တိုင်လုသည် သူ့အား စကားပြောဆိုလေ့ရှိသည့် လူတစ်ယောက်လည်း မဟုတ်ချေ။
“ခင်ဗျားတို့က ဘယ်ပြည်နယ်၊ ဘယ်နိုင်ငံ၊ ဘယ်မြို့ကနေ လာတဲ့လူတွေလဲ”
“...........”
“ကျုပ်ရဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ခင်ဗျားတို့ကို မကြာခင် လာပြီး ညှိနှိုင်းလိမ့်မယ်။ ဒီတော့ အနှိပ်စက်မခံချင်ဘူးဆိုရင် အညံ့ခံစရာရှိတာ အညံ့ခံလိုက်တာ ကောင်းလိမ့်မယ်”
“...........”
“ဟိုထောင့်မှာ ရှိနေတဲ့လူ ဆိုရင် အရမ်းခေါင်းမာတယ်လေ။ အခုအထိ အချုပ်ခံထားရတာပဲ။ သူ့အနေနဲ့ ဘဝ တစ်ခုလုံး ထောင်ထဲက ထွက်ရမယ့်ပုံတောင် မရှိဘူး။ ဟုတ်တယ်။ ပြီးတော့ ကျုပ်လည်း ရှိသေးတယ်။ ကျုပ်ကတော့ ဂိုဏ်းချုပ်ကျွင်းအယောင်ဆောင်ခဲ့တာလေ။ အပြင်မှာ လူတွေကို ဂိုဏ်းချုပ်ကျွင်းအယောင်ဆောင် ပြီးတော့ လှည့်လည်လိမ်ညာခဲ့တယ်။ ဒါကြောင့် ဖမ်းချုပ်ခံထားရတာပဲ။ အင်း... ဒါက ကြာတော့ ကြာခဲ့ပါပြီလေ။ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာတောင် ကျုပ် မေ့နေခဲ့ပြီ”