မနက်စာစားခြင်း
Vol. 31 Ch. 451
စားပွဲပေါ်ရှိ အစားအစာများသည်တဖြည်းဖြည်းကုန်သွားလေသည်။
ထိုအချိန်တွင် မိသားစုလေးခုမှ အဖွဲ့ဝင်များသည် သခင်၏ ညွှန်ကြားချက်ကိုစောင့်နေသောအစေခံများကဲ့သို့ လင်းဖန်စီရောက်လာကြသည်။
လင်းဖန်ကသးတို့၏ပုံစံကိုတွေ့တော့ လန့်သွားပြီး “ဒီနေ့ငါ့ရည်းစား ကျူရီရှောင်နဲ့ ဒစ်စနေလန်ကိုသွားဖို့ရှိတယ်။ဒါကြောင့်ဒီနေ့မင်းတို့ငါ့နောက်ကိုလိုက်စရာမလိုဘူး’’
မိသားစုလေးခုကဘိုးဘေးများနှင့်အဖွဲ့ဝင်များက ‘’ဟုတ်ကဲ့ပါ” ဟုဆိုသည်။
လင်းဖန်က ခေါင်းညိတ်ပြပြီး ကျောက်တီကို “ဝမ်းကွဲ၊ မင်း ဒစ်စနေလန်ကိုလိုက်အုံးမလား”
ကျောက်တီက “ငါမလိုက်တော့ဘူး။စက်ရုံမှလုပ်စရာလေးရှိနေလို့ “
စောစောက သူမအစာကိုအမြန်စားရခြင်း၏တစ်စိတ်တစ်ပိုင်းက အစားအသောက်များကက အရမ်းအရသာရှိလို့ပင်ဖြစ်သာည်။
နောက်တချက်ကတော့ စက်ရုံမှာလုပ်းရာရှိလို့ပင်ဖြစ်သည်။
ကျောက်တီသည်ဒီအကြောင်းပြချက်နှစ်ခုမရှိရင်တောင်လိုက်မှာမဟုတ်ပေ။ဘာလို့ဆိုလင်းဖန်တို့ရိုပြတာကိုသူမလိုက်ပြီးမကြည့်ချင်လို့ပင်ဖြစ်သည်။
လင်းဖန်က “ကောင်းပြီ။”
ထို့ကြောင့် မိသားစုလေးခုသည် ကျောက်တီကို ပြန်ရန် Rolls-Royce(ကား)ကို စီစဉ်ပေးခဲ့သည်။
ထို့နောက် အခြား Koenigsegg ONE1(ကား)ကို လင်းဖန်အားစီစဉ်ပေးလိုက်သည်။
လင်းဖန်သည် စူပါပြိုင်ကားများကို စိတ်မဝင်စားပေ။
မဟုတ်ရင်ပန်းလုံဗီလာတွင် ရပ်ထားသည့် စူပါပြိုင်ကားများစွာကိုမစီးဘဲMercedes-Benz Big G(ကား) နှင့် Cullinan(ကား)တို့ကို တစ်ချိန်လုံး မောင်းနှင်နေမည်မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင်အဓိက မိသားစုလေးခုမှ Koenigsegg ONE1(ကား)ကို စီစဉ်ပေးခဲ့သည်။
လင်းဖန်သည် တစ်ဖက်လူတွေက သူ့အပေါ်အရမ်းကောင်းနေသောကြောင့်ငြင်းရမှာအားနာတာနဲ့လက်ခံလိုက်ခြင်းဖြစ်သည်။
“ဗွမ်း!”
လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းလိုက်ရာ မြင်းကောင်ရေ ၁၄၀၀ အားသည် ရုတ်တရက် ပေါက်ကွဲသွားကာ ကားတစ်ခုလုံးကျည်ဆံကဲ့သို့ရှေ့သို့ရွေ့လျားသွားလေသည်။
လင်းဖန်သည် ဂိုဘယ်အဆောက်အအုံသို့ရောက်ရန်သိပ်မကြာခဲ့ပေ။
ထိုအချိန်တွင်၊ကျူရီရှောင်သည်ဂိုဘယ်အဆောက်အဦးဝင်ပေါက်တွင်စောင့်နေပြီဖြစ်သည်။
လင်းဖန်သည် Krisek ONE1 ကားမောင်းလာသည်ကို သူမမြင်သောအခါကျူရီရှောင်၏မျက်နှာပေါ်တွင် အံ့သြထိတ်လန့်သွားသေညအမူအရာတစ်ခုပေါ်လာခဲ့သည်။
သို့သော်၊ ဂိုဘယ်အဆောက်အအုံတစ်ခုလုံးသည် လင်ဖန်ပိုင်သည်ဟု သူမလျင်မြန်စွာတွေးလိုက်ပြီးနောက်Krisek ONE1(ကား)ကိုပိုင်တာဘာမှမဟုတ်ဘူးဟုသူမတွေးလိုက်သည်။
ထို့နောက်ကျူရီရှောင်သည် လင်းဖန်ဘေးရှိကားထိုင်ခုံပေါ်တွင်ထိုင်လိုက်လေသည်။
“ဗွမ်း!”
လင်းဖန်သည် အရှိန်မြှင့်စက်ကိုထပ်မံနင်းကားအရှေ့သို့မောင်းသွားလေသည်။
“ဗွမ်း!”
Krisek ONE1(ကား)သည် သားရဲတစ်ကောင်၏အော်သံကဲ့သို့သူ၏အင်ဂျင်သံများသည်လမ်းမပေါ်တွင်ကျယ်လောင်စွာထွက်ပေါ်နေသည်။
သူတို့ဖြတ်သွားသည့်နေရာတိုင်းတွင်လူတိုင်းကလင်းဖန်မောင်းသောကားကိုကြည့်ပြီးနောက်အဆက်မပြတ်ချီးမွမ်းကြလေသည်။
“ဘယ်ကားကြီးလဲမိုက်လိုက်တာ....”
“ဒါ Krisek ONE1(ကား)လေ...”
“အိုဘုရားရေ!”
“အရမ်းမိုက်တာပဲ”
...
ကျူရီရှောင်သည် လူတိုင်း၏အမူအရာကိုမြင်တော့သူမ၏လှပသောမျက်နှာတွင်အပြုံးတစ်ခုပေါ်လာလေသည်။
မကြာခင်မှာပဲသူတို့ရှေ့တွင်ရဲတိုက်ကြီး တစ်ခုပေါ်လာလေသည်။
ဒါက ဒစ်စနေလန်ပင်ဖြစ်သည်။
ထိုအချိန်တွင် ဒစ်စနေလန်၏ ဝင်ပေါက်တွင် လူအုပ်ကြီးတစ်အုပ်ရှိလေသည်။
သို့သော် ဤလူများ အထဲသို့ မဝင်သေးပဲ အပြင်မှာပဲလမ်းလျှောက်ပြီးနေလေသည်။
“ဗွမ်း!”
လင်းဖန်နှင့် ကျူရီရှောင်တို့သည် သံသယ အရိပ်အယောင်များဖြင့် ရှေ့သို့ ဆက်လက် မောင်းနှင်လာခဲ့သည်။
ထိုအချိန်တွင် စနိုးဝှိုက်၊ လူပုလေးများ.... စသည်တို့ကို ၀တ်ဆင်ထားသော ဒစ်စနေလန် ဝန်ထမ်းအုပ်စုကြီးသည် လျင်မြန်စွာ ရောက်လာသည်။
သူတို့အားလုံးသည်ဘယ်၊ညာတစ်တန်းစီရပ်ပြီး “မစ္စတာလင်းနဲ့ မစ္စကျူကို ဒစ်စနေလန်ကနေကြိုဆိုပါတယ်” ဟု တညီတညွတ်တည်း ပြောလိုက်ကြသည်။
ထို့နောက် ချက်ချင်းပင် VIP သီးသန့်လမ်းကြောင်းကို ဖွင့်လှစ်လိုက်လေသည်။
ထို့ကြောင့် Krisek ONE1
(ကား)တွင်ထိုင်နေသော လင်းဖန်နှင့် ကျူရီရှောင် တို့သည် လူတိုင်း၏မျက်စိအောက်တွင် ဒစ်စနေလန်အထဲသို့မောင်းဝင်လာခဲ့သည်။
ဒစ်စနေလန်အထဲတွင်လူတစ်ယောက်မှ မရှိပေ။
ယနေ့တွင် ဒစ်စနေလန်တစ်ခုလုံးသည် လင်းဖန်တို့အတွက်သာ ဖွင့်လှစ်ထားသည်။
လင်းဖန်နဲ့ ကျူရီရှောင်တို့သည်တို့ဟာ ပျော်ရွှင်နေသောအမူအရာဖြင့်တိုက်ကားမောင်းလိုက်၊၅မီတာအမြင့်မှကြိုးဖြင့်ခုန်ချခြင်း......စသည်တို့ကို အတူတူ ကစားကြသည်။
ကျူရီရှောင်သည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဒေါ်လာဘီလီယံပေါင်းများစွာတန်သော စာချုပ်များကို ညှိနှိုင်းချုပ်ဆိုနိုင်ခဲ့သည်။
လူအများ၏အမြင်တွင် သူမသည်ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမ၏ပုံစံသည်ကလေးမလေးနှင့်သာတူနေလေသည်။
လင်းဖန်နှင့် ကျူရီရှောင်တို့သည် ဒစ်စနေလန် တွင် တစ်နေကုန် ကစားခဲ့ကြသည်။
ညမိုးချုပ်လာသောအခါတွင် သူတို့သည်အတူတူထိုင်ရင်း ကောင်းကင်ပေါ်ရှိမီးရှူးမီးပန်းများကိုကြည့်ရှုနေလိုက်ကြသည်။
ဒီအခိုက်အတန့်မှာပဲကျူရီရှောင်၏စိတ်ထဲတွင်လင်းဖန်အရင်ကလုပ်ပေးခဲ့တာတွေအားလုံးပြန်ပေါ်လာလေသည်။
ထိုနောက်တွင် ကျူရီရှောင်သူမသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသမီးဖြစ်ကြောင်း ခံစားလိုက်ရသည်။
ကျူရီရှောင်သည်လင်းဖန်ကိုကြည့်လေလေအရမ်းကြည့်ကောင်းလာသောကြောင့်မနေနိုင်ပဲနမ်းလိုက်လေသည်။
( ̄3)(ε ̄)
.......
ထို့နောက်သူမတို့သည်ဟိုတယ်သို့သွားကာ၁၈နှစ်အောက်မဖတ်သင့်သောအပြုအမူများလုပ်ကြလေတော့သည်။
.......
နောက်တစ်နေ့ မနက်ခင်း။
တောက်ပသော နေရောင်ခြည်သည် ကန့်လန့်ကာများကိုဖြတ်သွားကာ ပြတင်းပေါက်များပေါ်သို့ ဖြည်းညှင်းစွာ ကျသွားလေသည်။
ခဏအကြာတွင် လင်းဖန်သည် မျက်လုံးများပွင့်လာသည်။
ထိုအခါသူသည်ကုတင်ကြီးပေါ်မှာတစ်ယောက်တည်းရှိနေတာကိုသိလိုက်သည်။
ထို့နောက်လင်းဖန်သည် ကုတင်ပေါ်မှထကာ အပြင်သို့ ထွက်လာခဲ့သည်။
ကျူရီရှောင်သည် မနေ့ညက တစ်ညလုံး ပင်ပန်းခဲ့သည်။
သို့သော် နံနက်စောစောမှာပဲသူမသည် ကွန်ပြူတာကိုဖွင့်ကာသူမအလုပ်ကိုသူမလုပ်နေလေသည်။
လင်းဖန်သည် သူမ၏ လေးနက်သောအသွင်အပြင်ကိုချစ်ခင်နှစ်သက်မှုအပြည့်ရှိသောမျက်လုံးဖြင့်ကြည့်နေလိုက်သည်။
ထို့နောက် သူသည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာကာကျူရီရှောင်ကိုအနောက်မှ ပွေ့ဖက်လိုက်သည်။
ထိုအခါမှကျူရီရှောင်က “မင်း ဘယ်တုန်းက နိုးနေတာလဲ။”
“အခုပဲနိုးတာ။” ဟုလင်းဖန်က ပြောသည်။
ခဏနားပြီးနောက် လင်းဖန်က “မင်း အရမ်းပင်ပန်းနေလား”(အလုပ်လုပ်ရတာကိုပြောပါနော်ဂေါင်ကြီးတို့)
ကျူရီရှောင်က “ငါအရမ်းပင်ပန်းရင်တောင်ငါ့ရဲ့ ပရောဂျက်တွေ ဆက်ပြီး တိုးတက်လာတာကို မြင်တော့ပင်ပန်းတာတွေချက်ချင်းပျောက်သွားသလိုခံစားရတယ်”
ဒီလိုပြောလိုက်တဲ့အခါ သူမရဲ့ လှပတဲ့မျက်လုံးတွေကတောက်ပလို့နေသည်။
လင်းဖန်သည် ကျူရီရှောင်၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်ရင်းပြုံးနေလိုက်သည်။
“ဒင်ဒေါင်!”
ထိုအချိန်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
“မနက်စာရပါပြီ”
လင်းဖန်သည် ထိုစကားကိုကြားသောအခါ တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
စားပွဲထိုးတစ်ယောက်သည် တွန်းလှည်းကိုတွန်းလာကာ စားပွဲပေါ်သို့ နံနက်စာများယူဆောင်လာပေးသည်။
ထို့နောက် ရိုသေစွာပြောလိုက်သည်။ ‘’အရသာရှိရှိသုံးဆောင်ပါ’’။
ထို့နောက်လင်းဖန်နှင့် ကျူရီရှောင်တို့သည် အတူတူထိုင်ကာ တီတီတာတာပြောရင်းအစားအစာကိုပျော်ရွှင်စွာစတင်စားကြတော့သည်။
......
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး