ချောင်းဆိုးခြင်း
Vol. 31 Ch. 452
လင်းဖန်တို့မနက်စာစားချိန်တွင်မှော်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်။
အေဒီကားများနှင့်ဂျစ်ကားများကို လေဆိပ်တွင် သပ်သပ်ရပ်ရပ် ရပ်ထားသည်။
အနက်ရောင် လူအုပ်ကြီးတစ်အုပ်သည် ကောင်းကင်ကို မော့ကြည့်နေကြသည်။
“ဗွမ်း!”
နောက်အခိုက်အတန့်တွင် ဇိမ်ခံလေကြောင်းလိုင်းကနေလေယာဉ်ပျံတစ်စင်းဆင်းသက်လာသည်။
မကြာခင်မှာပဲလေယာဉ်ပျံအတွင်းကနေဆံပင်ဖြူ အဘိုးအိုတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာပြီး လူတိုင်းကိုလှမ်းကြည့်လိုက်လေသည်။
ရှပ်အင်္ကျီဖြူဝတ်ထားသောအမျိုးသားက ဆောလျင်စွာ နှုတ်ဆက်ပြီး “မစ္စတာ မှော်မြို့ကနေကြိုဆိုပါတယ်” လို့ ဝမ်းသာအားရ ပြောလိုက်သည်။
ရီလုံသည်သူတို့ကိုကြည့်နေရင်းသည်သူ့မျက်နှာပေါ်တွင် လွမ်းဆွတ်သောအမူအရာတစ်ခု ပေါ်လာလေသည်။
ခဏအကြာတွင်၊ သူက “ရပါတယ်..အဲ့လောက်ကြီးမလိုပါဘူး..... ငါ့မှာကိုင်တွယ်ဖို့ အရေးကြီးတဲ့ အရာတွေ ရှိသေးတယ်ဒါကြောင့်လောလောဆယ်တော့ လူတိုင်းနဲ့အတူမရှိနိုင်တာခွင့်လွှတ်ပါ...”
“အဟွတ် အဟွတ် အဟွတ်!”
ရီလုံ၏ကျန်းမာရေးအခြေအနေသည်လုံးဝကောင်းမွန်ခြင်းမရှိပေ။
အခု လေယာဉ်ထပ်စီးလိုက်သောကြောင့်သူ၏ကျန်းမာရေးသည်ယခင်ကထက်ပိုဆိုးသွားလေသည်။
ခဏတာ ချောင်းဆိုးပြီးနောက် မိသားစုကြီးလေးခုမှ လူများကို လှမ်းကြည့်သည်။
“မစ္စတာလင်း ဘယ်မှာလဲ”
ဒါဟာ ရိုးရှင်းတဲ့ မေးခွန်းတစ်ခုသာဖြစ်သည်။
သို့သော် အဓိက မိသားစုလေးခုရှိ လူတိုင်းသည်ရီလုံ၏စကားကိုကြားတော့သိသိသာသာ စိတ်လှုပ်ရှားသွားကြသည်။
ရီလုံကို သူတို့တွေ့ခဲ့သည်။
ထို့အပြင် ရီလုံသည် သူ့တို့ကို စကားပြောတယ်....
ဝမ်မိသားစု၏ ဘိုးဘေးက “မစ္စတာလင်းက ရှန်ဂရီလာဟိုတယ်မှာ ရှိပါတယ်၊ အခု သူ့ကို တစ်နေရာကိုဖိတ်လိုက်ရမလား”
ရီလုံ က “မလိုဘူး၊ ငါကိုယ်တိုင်မစ္စတာလင်းကိုသွားတွေ့မယ်!”
စကားပြောပြီးနောက် သူသည်ရှေ့သို့လှေညက်လာကာအသင့်ပြင်ထားသောကားထဲကို တိုက်ရိုက်ဝင်ကာ အရှေ့သို့မောင်းသွားလေသည်။
မိသားစုကြီးလေးခုရှိ လူတိုင်းသည် မတွန့်ဆုတ်ဝံ့ကြဘဲ တယောက်ပြီးတယောက် ကားပေါ်တက်ကာ ရီလုံအနောက်သို့ အနီးကပ်လိုက်သွားကြသည်။
ရှပ်အင်္ကျီအဖြူဝတ်ထားသည့် အမျိုးသားနှင့် အခြားသူများသည် အဝေးသို့ ထွက်ခွာသွားသော ရီလုံကားကိုကြည့်ရင်း အတန်ကြာအောင် တွေးတောနေကြသည်။
မစ္စတာရီသည် အမှန်တကယ်ပင် မစ္စတာလင်းဆိုသောလူကို သူကိုယ်တိုင် သွားရောက်တွေ့ဆုံချင်သည်။
ဒါဆို မစ္စတာလင်းက ဘယ်သူလဲ။
သူ့ဘေးက လူလတ်ပိုင်းအရွယ်က “ခေါင်းဆောင်ကြီး၊ ငါတို့လည်း လိုက်စွားရမလား” လို့ မေးလိုက်သည်။
ရှပ်အင်္ကျီဖြူဝတ်ထားသည့် အမျိုးသားက ခေါင်းယမ်းပြီး “ရီလုံပြောခဲ့တာတွေက ငါတို့ကို မလိုက်စေချင်တာ သိသာထင်ရှားတယ်...ဒါကြောင့်သူ့နောက်ကိုမလိုက်နဲ့တော့...’’
“ဒါဆို...မစ္စတာလင်းဆိုတဲ့သူကို စုံစမ်းရမလား” လူလတ်ပိုင်းအရွယ်က ထပ်ပြောသည်။
ရှပ်အင်္ကျီဖြူဝတ်ထားသူက ခဏလောက်စဉ်းစားပြီး “ဒါကငါတို့ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်မှာကိုငါကြောက်တယ်။ဒါကြောင့်ပေကျင်းကိုပဲသတင်းပို့ရအောင်”
သူသည်ဒီစကားကို လုံးဝနောက်ပြောင်ပြီးပြောတာမဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် ရီလုံ အကြောင်းကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။
ရီလုံသည်ချင်ဟိုမန်ဂိုဏ်းရဲ့ခေါင်းဆောင်နီးပါးအာဏာရှိတဲ့လူဖြစ်သည်။
အဆင့်အတန်းဘယ်လောက်မြင့်လိုက်မလဲ။
အဲ့လိုအဆင့်အတန်းမြင့်တဲ့လူကသူကိုယ်တိုင်သွားတွေ့ရတဲ့မစ္စတာလင်းရဲ့ အနေအထားက ဘယ်လိုလဲ....။
ဒါကိုတွေးရင်းရှပ်အင်္ကျီဖြူဝတ်ထားသည့် အမျိုးသားကကျောချမ်းသွားလေသည်။
...
ရီလုံတို့အဖွဲ့သည်ခဏအကြာတွင် ရှန်ဂရီလာဟိုတယ်၏ ဧည့်ခန်းသို့ ရောက်သလာည်။
သို့သော်လည်း ရီလုံသည်လင်းဖန်တည်ရှိရာ သမ္မတအိမ်တော်သို့ တိုက်ရိုက်မသွားပါ။ အဲဒီအစား သူကအသက်ပြင်းပြင်းရှုရင်း”ရှောင်ဝမ်ငါတက်လာလို့ရမလားလို့ မစ္စတာလင်းကို ဖုန်းဆက်ပြီးမေးပေးပါ”
မိသားစုလေးစုရှိ လူတိုင်း အံ့ဩသွားကြသည်။
ရီလုံသည်မှော်မြို့ကိုလူကိုယ်တိုင်ရောက်လာပြီးလင်းဖန်ကိုတွေ့ တာကပင်သူတို့ကိုလွန်စွာအံ့အားသင့်စေသည်။
အခုလေးတင်ပဲ သူကိုယ်တိုင်က ရှန်ဂရီလာဟိုတယ်ကို လာသောအခါသူတို့ကို ထပ်ပြီး အံ့သြစေခဲ့ပြီးဖြစ်သည်။
အခု...လင်းဖန်ကိုသွားတွေ့ရင်တွေ့လို့ရတာတောင်ရီလုံသည်လင်းဖန်ရဲ့ခွင့်ပြုချက်ကိုတောင်းခံနေသေးသည်။
ဒါ…
လင်းဖန်သည် ရီလုံ၏စိတ်ထဲတွင် ဤမျှအရေးကြီးသောရာထူးကို သိမ်းပိုက်ထားသည်ဆိုတာကိုသူတို့ချက်ချင်းတွေးမိလိုက်ကြသည်။
ဒါကိုတွေးမိရင်းမိသားစုကြီး လေးစုရှိလူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထို့နောက်သူတို့သည် လွန်ခဲ့သည့်နှစ်ရက်က လင်းဖန်အား အနှောက်အယှက်ပေးတဲ့သူ ရှိမရှိကို သူတို့ စတင်စဉ်းစားကြတော့သည်။
မနေ့ကလင်းဖန်ကို စော်ကားခဲ့တဲ့ လီခိုင်ဂျန် အကြောင်းကို သူတျု့တွေးလိုက်မိကြသည်။
လီမိသားစုကိုပေးတဲ့အပစ်ဒဏ်ကမလုံလောက်သေးဘူးဟုသူတို့ခံစားလိုက်ရသည်။
ရီလုံ၏နောက်သို့လိုက်နေသော လူလတ်ပိုင်းအရွယ် ရီဖန် သည် ရီလုံ၏စကားကိုကြားသောအခါတွင် မနေနိုင်ပဲ“သခင်ကြီး.. ခင်ဗျာ…”
သို့သော်လည်း သူစကားမဆုံးခင် ရီလုံကသူကိုစူးရှသောမျက်လုံးတစ်စုံဖြင့် တစ်ချက်ကြည့်လိုက်သည်ကိုမြင်သောအခါရီဖန်သည်သူ့ပါးစပ်ကိုချက်ချင်းပိတ်လိုက်လေတော့သည်။
...
“ကလင် ကလင် ကလင်!”
ထိုအချိန်တွင်လင်းဖန် နှင့် ကျူရီရှောင် တို့သည် နှစ်ယောက်တစ်ကမ္ဘာပေါ်လုပ်နေချိန်တွင်လင်းဖန်၏ဖုန်းသည်အသံမြည်လာခဲ့သည်။
ခေါ်ဆိုမှုကို တစ်ချက်ကြည့်လိုက်တော့ ဝမ်မိသားစုဘိုးဘေးဆက်တာဆိုတာကိုသိလိုက်လေသည်။
လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ အဖြေခလုတ်ကို နှိပ်လိုက်သည်။
“မစ္စတာလင်း မင်္ဂလာပါ။” ဝမ်မိသားစု၏ ဘိုးဘေးက လေးလေးစားစား ပြောဆိုလိုက်သည်။
လင်းဖန်က “အင်း၊ မင်္ဂလာပါ”
ထို့နောက် လင်းဖန်က “မင်းဖုန်းခေါ်တာ..တစ်ခုခုပြောစရာရှိလို့လား။”
ဝမ်မိသားစုဘိုးဘေးက “ရီလုံ... က ရှန်ဂရီလာဟိုတယ် ရဲ့ ဧည့်ခန်းမှာ ရှိနေပါတယ်၊ သူ့ကမင်းစီတက်လာလို့ရမလားမေးပေးပါဆိုလို့ဖုန်းဆက်ပြီးမေးပေးတာပါ”
လင်းဖန်က အနည်းငယ်တွေးကာ “ကောင်းပြီ ဒါဆို တက်လာခဲ့လေ’’
ယမန်နေ့က မိသားစုလေးခုမှ အဖွဲ့ဝင်များသည် ရီလုံသည် အမေရိကန်မှ လာရဖွယ်ရှိကြောင်း လင်းဖန် အား ပြောကြားခဲ့သည်။
လင်းဖန်စီကတက်လာတဲ့စကားကိုကြားတော့ရီလုံသိလိုက်ရတဲ့အခါ သူ အရမ်းပျော်သွားလေသည်။သမ္မတအိမ်တော် တံခါးဝသို့ ရောက်ပြီးနောက်တံခါးဘဲလ်ကို မနှိပ်မီ သူ၏အဝတ်အစားများကို ဦးစွာ ပြင်ဆင်လိုက်သည်။ထို့နောက်ဘဲလ်ကိုနှိပ်လိုက်လေသည်။
“ ဝင်လာပါ။” လင်းဖန်က ပြောသည်။
ရီလုံသည်တံခါးကို တွန်းဖွင့်ပြီး ဖြည်းညှင်းစွာ ဝင်လာလေသည်။မိသားစုလေးခုမှ အဖွဲ့ဝင်များသည် အစေခံများကဲ့သို့ အပြင်တွင် ဆက်လက်စောင့်ဆိုင်းနေကြသည်။
ရီလုံသည်အခန်းထဲသို့ဝင်လာပြီးနောက် သူ့ရဲ့အကြည့်က လင်းဖန်နှင့် လင်းဖန်လက်ထဲရှိ နဂါးပုံသဏ္ဍာန်လက်စွပ်ကိုကြည့်လိုက်ရင်း သူအရမ်းစိတ်လှုပ်ရှားသွားလေသည်။
ထို့နောက် သူသည် ကိုးဆယ်ဒီဂရီတွင် ကွေးညွတ်ပြီး “ချင်ဟိုမန် ၏ အကြီးအကဲ၊ရီလုံက ဂိုဏ်းသခင်ကို အလေးပြုပါတယ်’’
မနေ့ကလင်းဖန်သည် ရီလုံသည်အဘိုးကြီးတစ်ယောက်ဖြစ်ကြောင်းကိုသိထားလေသည်ါ
သို့သော် ယခုတော့ သူ့ပုံစံကို အမှန်တကယ် မြင်လိုက်ရတော့ အံ့သြမိသေးသည်။
သိရန်…
လင်းဖန် သည် ဆေးဘုရင်၏ အတွေ့အကြုံရှိသည်။
တရုတ်ဆေးပညာသည် အနံ့ခံခြင်း၊ မေးခြင်း၊ ကြည့်ချင်းဖြင့်လူ့ခန္ဓာရှိအသက်..ရောဂါအားလုံးကိုသိနိုင်လေသည်။
ထို့ကြောင့်လင်းဖန်သည်ရီလုံရဲ့အသက်ဟာ နှစ်တစ်ရာကျော်နေပြီဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့ သိလေသည်။
ထိုသို့သော အဘိုးအိုတစ်ဦးသည် ကီလိုမီတာထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး မှော်မြို့တော်သို့ ညတွင်းချင်း အလျင်စလိုလာသည်မှာ ရှားပါးလှသည်။
ထို့အပြင်ရီလုံသည်အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါစသည်ဖြင့် ရောဂါများစွာကို ခံစားနေရကြောင်းကိုလဲသာမြင်လေသည်။
ရီလုံသည်လမ်းပေါ်တွင် မတော်တဆသေဆုံးသွားတောင် အံ့သြစရာရှိမှာမဟုတ်ပေ။
“အဟွတ် အဟွတ် အဟွတ်!”
ကျူရီရှောင်သည် အနားမှာနေရင်းထိတ်လန့်သွားပြီးသူမက “အဘိုး မင်းဘာဖြစ်နေတာလဲ၊ ဘာလို့ ချောင်းတွေအရမ်းဆိုးနေတာလဲ!”ဟုမေးလိုက်သည်။
ရီဖန် နဲ့ အပြင်မှာစောင့်နေတဲ့ မိသားစုကြီးလေးခုရှိလူများသည် ဒီအသံတွေကိုကြားတော့ အပြင်မှာမစောင့်နိုင်တော့ဘဲ တံခါးကိုတွန်းဖွင့်ပြီး အထဲကို ပြေးဝင်လာကြသည်။
သူသည်ချောင်းဆိုးတာရပ်သွားသည့်အခါတွင်သူ့ပါးစပ်ထောင့်ရှိသွေးတွေကို သုတ်လိုက်ပြီး “မင်းတို့ကို ဘယ်သူက ဝင်ခွင့်ပြုလို့လဲ” ဟု အော်ပြောလိုက်သည်။
“အဟွတ် အဟွတ် အဟွတ်!”
စကားပြောပြီးနောက် ချက်ချင်းချောင်းပြန်ဆိုးသွားလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး